← Chapters

ဝေလငါးဘုရင်။ တုနှိုင်းမရသော နတ်ဘုရားရဲစွမ်းသတ္တိ။ (၆)

Vol. 13 Ch. 194

ဝေလငါးဘုရင်။ တုနှိုင်းမရသော နတ်ဘုရားရဲစွမ်းသတ္တိ။ (၆)

Vol. 13 Ch. 194

နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့သော စစ်ခုန်းယုံပင် ယခုအချိန်တွင် ရုတ်တရက်ပေါ်လာသည်....

“မင်း…”

မုန့်စန်းသည် စူးချန်ခုန်းကို စိုက်ကြည့်ရန် ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး သူ့မျက်နှာက အံ့အားသင့်နေ၏။ သူ တစ်ခုခုပြောရန် ပါးစပ်ကို ဟလိုက်သော်လည်း စူးချန်ခုန်း၏ လက်ကြီးများက ဆန့်ထွက်လာပြီး သူ့ခေါင်းကို ဆုပ်ကိုင်ကာ အတင်းလိမ်ချိုးလိုက်သည်။

"ဂျွတ်!"

အရိုးကွဲသံများ ပဲ့တင်ထပ်များကြားတွင် သူ့စကားများ ရုတ်ခြည်း ရပ်တန့်သွားသည်။ မုန့်စန်း၏ ဦးခေါင်းသည် သုံးရာ့ခြောက်ဆယ်ဒီဂရီ အပြည့် လှည့်သွားကာ လည်ပင်းလိမ်သွားသည်။

"ဘုတ်!"

မုန့်စန်းသည် သူ့မျက်နှာတွင် အံ့သြထိတ်လန့်မှုများဖြင့် ငြိမ်ကျသွားကာ ကြမ်းပြင်ပေါ်သို့ တအိအိ လဲကျသွားကာ မျက်လုံးများ ပြူးထွက်ပြီး အသက်မဲ့သွားလေ၏။

"လန်းဆန်းသွားတာပဲ!"

စူးချန်ခုန်းအချိန်အကြာကြီး ဆုပ်ကိုင်ထားခဲ့တဲ့ အရာက နောက်ဆုံးတော့ လွတ်မြောက်သွားပြီး သူ့အတွေးတွေ ရှင်းသွားကာ သူ့တစ်ကိုယ်လုံး ပြေလျော့သွားသည် ။

'စစ်ခုန်းယုံ' ကို အရှုံးပေးလိုက်သည့် မုန့်စန်း၏ မျက်နှာပေါ်မှ သက်သာရာရသွားသော အမူအရာကို စူးချန်ခုန်း စိတ်တိုသွားစေခဲ့သည်။ မုန့်စန်းကို ကျေကျေနပ်နပ်ကြီး မသေစေချင်တာကြောင့် သူ့ကို သတ်ခဲ့တဲ့သူက စစ်ခုန်းယုံမဟုတ်ကြောင်း သူသိအောင် တမင်တကာ တိုးတိုးလေး ပြောခဲ့သည်။

သူသည် ဧရာမဝေလငါးဂိုဏ်းမှ ထွက်ခွာရန် အတင်းအကြပ် ခိုင်းစေခြင်း ခံခဲ့ရသော အဂ္ဂိရတ်ပညာရှင်ငယ်လေး စူးချန်ခုန်း ဖြစ်သည်။

အမှန်တရားကို သိလိုက်ရသော မုန့်စန်း၏မျက်နှာမှ အံ့ဩမှုနှင့် မယုံကြည်နိုင်မှုတို့က စူးချန်ခုန်းအား တော်တော်လေး ကျေနပ်စေ၏။ ၎င်းသည် သူ၏ ခါးသီးသော ခံစားချက်များ ထွက်ပေါက်ရာရသွားသလို ခံစားရသည်။

"ဆရာကြီးကုန်း၊ အခု အေးအေးဆေးဆေး အနားယူနိုင်ပါပြီ" လို့ စူးချန်ခုန်းက သူ့ကိုယ်သူ တိတ်တဆိတ် ပြောလိုက်သည်။ မုန့်စန်းကွယ်လွန်ပြီးနောက် နာကျည်းချက်များ အားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။

မုန့်စန်းကိုသတ်ပြီးနောက် စူးချန်ခုန်း၏ခံစားချက်များ ရောထွေးနေသော်လည်း အပေါ်ယံတွင်မူ သူသည် ယခင်အတိုင်း ငြိမ်သက်နေခဲ့သည်။ စကားတစ်ခွန်းမှ မပြောဘဲ လှည့်ပြန်ကာ ဝေလငါးအရိုးထိုင်ခုံပေါ်သို့ ပြန်တက်ပြီး မုန့်စန်းကို သတ်လိုက်ခြင်းက သူ့အတွက် သာမန်ကိစ္စတစ်ခုဖြစ်ဟန်ဖြင့် ပျင်းတိပျင်းရွဲ ထိုင်ချလိုက်းသည်။

"စန်းတိက... တကယ့် နဂါးတစ်ကောင်ပဲ! မုန့်စန်းတောင် သူ့လက်နဲ့ အသတ်ခံလိုက်ရတယ်!"

စစ်ခုန်းဟွမ်၏ မျက်လုံးလှလှလေးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေလျက်။ ဤလူငယ်လေးက အံ့ဩစရာများကို ဖန်တီးနိုင်ပြီး အံ့အားသင့်စရာများကို အမြဲပြုလုပ်နိုင်သည်။

စစ်ခုန်းဝမ်လည်း ဒီအဖြစ်အပျက်ကြောင့် ထိတ်လန့်သွားပေမယ့် သူ အမြန်ပြန်ကောင်းလာပြီး အော်ပြောလိုက်သည်။ "သစ္စာဖောက် မုန့်စန်းကို ကွပ်မျက်လိုက်ပြီ။ မင်းတို့အားလုံး ဘာကိုစောင့်နေတာလဲ။"

"ငယ်သားများ ဂိုဏ်းခေါင်းဆောင်ကို ဂါရဝပြုပါတယ်။"

ခန်းမခေါင်းဆောင်လေးယောက်နှင့် ဒုခန်းမခေါင်းဆောင် နှစ်ဆယ်ကျော်တို့သည် အိပ်မက်မှ နိုးထလာသကဲ့သို့ ပြန်လည် ကောင်းမွန်လာကာ တုန်လှုပ် စိတ်လှုပ်ရှားစွာဖြင့် အားလုံး စုပေါင်းပြီ ဂါရဝပြုလိုက်ကြသည်။

ဧရာမ ဝေလငါးဂိုဏ်း၏ *ပင်လယ်နတ်ဘုရားအပ်ဖြစ်သော စစ်ခုန်းယုံသည် အမှန်တကယ် တည်ရှိနေကြောင်းနှင့် ဂိုဏ်းအတွင်း ရှုပ်ထွေးနေသော အခြေအနေသည် ယခု တည်ငြိမ်သွားပြီဖြစ်ကြောင်း စိတ်လှုပ်ရှားစွာ ခံစားလိုက်ရသည်။

(*ပင်လယ်နတ်ဘုရားအပ်က ဝူခုန်းကားထဲက ဝူခုန်းသွားယူခဲ့တဲ့ ပင်လယ်နတ်ဘုရားအပ်ပါပဲ)

မုန့်စန်းကို ဂိုဏ်းခေါင်းဆောင်အဖြစ် ထောက်ခံပေးခဲ့တဲ့ သူတွေက စစ်ခုန်းယုံက သူတို့ကို တာဝန်ခံခိုင်းမှာကို စိုးရိမ်နေကြသည်။

စူးချန်ခုန်းသည် ဤလူများ ဘာတွေးနေသည်ကို သဘာဝကျကျ သိပါ၏။ သူက သာမန်ကာလျှံကာ ပြောလိုက်သည်။ "ငါ့ရဲ့ သဘောထားက အဲ့လောက် မသေးသိမ်ပါဘူးကွာ။ ငါ တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံပြီး အချိန်အကြာကြီး ပျောက်နေခဲ့တော့ မင်းတို့တွေ တစ်မျိုးတွေးမှာက ပုံမှန်ပါပဲ။ မင်းတို့ ဧရာမ ဝေလငါးဂိုဏ်းကို သစ္စာစောင့်သိနေသရွေ့ အတိတ်ကိစ္စတွေမှာ ငါအရေးစိုက်နေမှာ မဟုတ်ဘူး။"

"ဂိုဏ်းခေါင်းဆောင်က ဉာဏ်ပညာကြီးမားလှပါတယ်။!" ဒါကိုကြားတော့ ခန်းမခေါင်းဆောင်နဲ့ တခြားသူတွေက သက်ပြင်းချပြီး သူ့ကို တစ်ယောက်ပြီး တစ်ယောက် ချီးမွမ်းလိုက်ကြသည်။

"ကောင်းပြီ၊ ငါနည်းနည်းပင်ပန်းနေပြီ။ လောလောဆယ်တော့ လူအိုကြီးက ဒုဂိုဏ်းခေါင်းဆောင်တာဝန်ကို ထမ်းဆောင်လိမ့်မယ်။ တစ်ခုခုရှိရင် သူနဲ့အရင်ပြော။ ပြီးရင် ငါ့ကို သတင်းပို့။"

စူးချန်ခုန်းက မတ်တပ်ထရပ်ပြီး လူတိုင်းကို ထိုသို့ ပြောလိုက်သည်။

ဤ 'ဂိုဏ်းခေါင်းဆောင်' သည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသောအခါ ခန်းမခေါင်းဆောင်များက မရေမတွက်နိုင်သော ပြဿနာများ တင်ပြရန် ရှိနေမည်မှာ သေချာသည်ဟု တွေးကြည့်နိုင်ပါသည်။ စူးချန်ခုန်းက သူတို့စကားတွေကို တစ်ခုပြီးတစ်ခု နားထောင်ပြီး ဧရာမဝေလငါးဂိုဏ်းရဲ့ အရေးကိစ္စတွေကို မဖြေရှင်းချင်ပါ။

ထို့ကြောင့် သူသည် ဧရာမဝေလငါးဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်ဟောင်း စစ်ခုန်းဝမ်ကို ဒုဂိုဏ်းခေါင်းဆောင်အဖြစ် ယာယီတာဝန်ယူရန် ခန့်အပ်ခဲ့သည်။ မည်သည့်ကိစ္စမဆို သူ့ထံသို့ သွားနိုင်သည်။

မုန့်စန်းသေဆုံးပြီးနောက် သူ့ကိုယ်ပိုင် 'ဂိုဏ်းခေါင်းဆောင်' ဟူသော ဂုဏ်သတင်းဖြင့် သူ့ဆန္ဒကို ခန်းမခေါင်းဆောင်များ ဆန့်ကျင်မှာကို စိုးရိမ်စရာ မလိုပေ။

“ဟုတ်ကဲ့!” များပြားလှသော ခန်းမခေါင်းဆောင်များသည် အံ့အားသင့်သွားလေ၏။ အမှန်တကယ်ပင် သူ့ထံတင်ပြရန် ကိစ္စများစွာရှိသော်လည်း သူတို့သဘောတူ ခေါင်းညိတ်ရုံသာ။

"ကြည့်ရတာ မုန့်စန်းကြောင့်ဖြစ်တဲ့ပုံရတယ်... တစ်ခါက မုန့်စန်းနဲ့ ဂိုဏ်းခေါင်းဆောင်တို့က ညီအစ်ကိုကောင်းတွေပဲ။ ဂိုဏ်းခေါင်းဆောင်က တကယ် သံယောဇဉ်တွယ်လွန်းတယ်။"

လူအုပ်ကြီးက မုန့်စန်း၏အလောင်းကိုမြင်ပြီး တိတ်တဆိတ် ပူဆွေးကြသည်။

မုန့်စန်းကို စစ်ခုန်းယုံ ရာထူးတိုးပေးခဲ့သော်လည်း သူ့ကို သစ္စာဖောက်ခဲ့သည်။ ယခုတွင် တစ်ချိန်က သူ့ညီဖြစ်ခဲ့ဖူးသူကို သူ့လက်ဖြင့် သတ်လိုက်ပြီးနောက် ဂိုဏ်းခေါင်းဆောင်၏ စိတ်ထဲတွင် ဝမ်းနည်းပူဆွေးမှုနေမည်မှာ သေချာပါသည်။ ထို့ကြောင့် သူဆက်မနေချင်တော့ပေ။ သူက အမှန်တကယ် သံယောဇဉ်ကြီးပြီး ဆက်ဆံရေးဟောင်းအပေါ် ခင်တွယ်နေသည်။

စူးချန်ခုန်းက ဒီလူတွေ တွေးနေတာတွေကို သိရင် သေချာပေါက် မျက်လုံးလိမ့်မိမှာပင်။မုန်စန်းကို ကိုယ်တိုင်သတ်ပြီးနောက် ဝမ်းနည်းဖို့နေနေသာသာ ရယ်ချင်တာကိုတောင် ထိန်းထားနေရသည်။

စူးချန်ခုန်းက ထလာပြီး စစ်ခုန်းဟွမ်က သူ့နောက်က လိုက်ကာ ကျွီယိခန်းမထဲကနေ ထွက်လာကြသည်။

"မုန့်စန်းက ဂိုဏ်းခေါင်းဆောင်ကို သစ္စာဖောက်လိုက်တာ။ ဧရာမ ဝေလငါးဂိုဏ်းကို သစ္စာဖောက်လိုက်တာပဲ။ ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင်က တခြားသူတွေကို သတိပေးတဲ့အနေနဲ့ သတ်ပစ်လိုက်တယ်။"

ယနေ့ဖြစ်ရပ်များသည် ဧရာမဝေလငါးဂိုဏ်းကို တုန်လှုပ်စေခဲ့သည်မှာ သေချာပါသည်။

စစ်ခုန်းယုံသည် တံခါးပိတ်ကျင့်ကြံမှ လွတ်မြောက်လာပြီး သစ္စာဖောက် ဒုဂိုဏ်းခေါင်းဆောင် မုန့်စန်းကို သတ်လိုက်ခြင်းဖြင့် ချက်ချင်းပင် ကြီးကြီးမားမား လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကာ လူတိုင်းကို စိတ်ကျေနပ်စေခဲ့သည်။

“အရင်တုန်းက ဝေလငါးဂိုဏ်းကြီး ပြန်ရောက်လာပြီ” စစ်ခုန်းယုံ၏ ခေါင်းဆောင်မှုအောက်တွင်ရှိသော နေ့ရက်များကိုမျှော်လင့်သော တပည့်များစွာသည် စစ်ခုန်းယုံနှင့်အတူ ဧရာမဝေလငါးဂိုဏ်းရှိ မကြာခင်တွင် မငြိမ်မသက်မှုများကိုအမြန်ဖြေရှင်းပြီး လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာနိုင်သည်ကိုသိ၍ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသည်။

အစိုးရိမ်ဆုံးနဲ့ အထိခိုက်ဆုံးကတော့ မုန့်စန်းကို သစ္စာစောင့်သိသူတွေပဲ ဖြစ်သည်။

“ဒုဂိုဏ်းခေါင်းဆောင်… သေပြီတဲ့လား။ ဂိုဏ်းခေါင်းဆောင်က သတ်လိုက်တာလား။”

ဆေးသန့်စင်ခန်းတွင် အဂ္ဂိရတ်ပညာရှင် ၀တ်လုံကို ၀တ်ဆင်ထားသော လျိုကန်းသည် ဤသတင်းကို ကြားပြီးနောက် ကောင်းကင်ကြီး ပြိုကျသွားသလို ခံစားလိုက်ရသည်။

မူလက လျိုကန်းသည် ယနေ့နောက်ပိုင်းတွင် မုန့်စန်းင အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်နိုင်ပြီး မုန့်စန်းကို သစ္စာစောင့်သိသူများသည် သူနှင့်အတူ မြင့်တက်လာမည်ဟု တွေးထင်ခဲ့သည်။ ဒါပေမယ့် အဲဒီအစား သူတို့ဟာ ဒီဆိုးရွားတဲ့သတင်းကို ကြားခဲ့ရသည်။

"လျိုကန်း၊ ငါတို့နဲ့ လိုက်ခဲ့။ ကောင်းကောင်း ပူးပေါင်းပြီး မုန့်စန်းရဲ့ ရန်သူတွေနဲ့ ပေါင်းစည်းပြီး တပည့်တွေကို သတ်ဖြတ်ခဲ့တဲ့ ပြစ်မှုတွေကို ဖော်ထုတ်လိုက်ပါ။ ဒါဆိုရင် မင်းကို ပြစ်ဒဏ် ပေါ့ပေါ့ပါးပါး ပေးဖို့ အခွင့်အရေး ရနိုင်မယ်။"

မကြာမီ ဆေးသန့်စင်ခန်းတံခါးပွင့်လာပြီး ဧရာမဝေလငါးဂိုဏ်း၏ သန်မာသော သိုင်းပညာရှင် အများအပြားသည် တံခါးဝတွင် အေးစက်သောလေသံဖြင့် ပြောဆိုနေကြသည်။

“ဟုတ်ကဲ့…” လျိုကန်း၏ နှုတ်ခမ်းများက နာခံစွာ လိုက်နာရင်း ခါးသီးသော အပြုံးဖြင့် တွန့်ချိူးသွားလေ၏။ မုန့်စန်း၏ အရင်းနှီးဆုံး လူယုံတစ်ဦးအနေဖြင့် သူ အလွယ်တကူ ရုန်းမထွက်နိုင်တော့မှာ သေချာသည်။

ဤသည်မှာ ဘက်လိုက်ခြင်း၏ ရလဒ်ဖြစ်သည်။ စွမ်းကြီးသူများကို တွယ်ကပ်ပြီး အကျိုးရနေသူများသည် အလှည့်အပြောင်းရောက်လာသောအခါ အကျိုးဆက်များကို ခံစားကြရမည်ဖြစ်သည်။ မည်သူ့ကိုမျှ အပြစ်ဖွဲ့၍မရပေ။

All Chapters