အခန်း (၂၁၇+၂၁၈+၂၁၉)
Vol. 14 Ch. 217+218+219
ထိုသို့ပြောနေစဥ်တွင်
သူတို့ရှေ့မလှမ်းမကမ်း၌ အပင်ကြီးတစ်ပင်ပေါ်လာလေသည်။ သစ်ပင်တစ်ပင်ဖြစ်သော်လည်း ကြောက်မက်ဖွယ်မျက်နာတစ်ခုရှိနေခဲ့သည်။ နွယ်ခြေထောက်များဖြင့်တစ်နေရာမှတစ်နေရာ သွားနေလေသည်။ သစ်ပင်ကြီးသည် မီတာ 100 ကျော်အထိကြီးမားလေသည်။
နှစ်တစ်သောင်း.... သစ်ပင်နတ်ဆိုးသားရဲ....
လန်ရွမ်းယု ပင်းထျန်းလိန်အနားတွင် ယှဉ်ရပ်လိုက်သည်။
“အားလုံး ရပ်...သစ်ပင်နတ်ဆိုးက တိုက်ခိုက်ဖို့ပြင်နေပြီ..... ”
လန်ရွမ်းယု ပြောလိုက်သည်။ ထို့နောက် ငွေပြာမြက်နွယ်များဖြင့် တစ်ဖွဲ့လုံးကိုစွမ်းအားမြှင့်ပေးလိုက်လေသည်။
ပင်းထျန်းလိန် သည် တုံ့ဆိုင်းရန် အချိန်မရှိဟု နားလည်လိုက်သည်။ ဝိညာဉ်ကွင်းလေးကွင်း တန်းထုတ်လိုက်သည်။
တတိယဝိညာဥ်ကွင်း....
တတိယဝိဉာဉ်စွမ်းရည်......
လျှပ်စီး အလင်းတန်း.......
ခရမ်းရောင်လျှပ်စီးကြောင်းသည် နှစ် 10,000 သစ်ပင်နတ်ဆိုးဆီသို့ တန်းတန်းမတ်မတ်ရောက်ရှိသွားခဲ့သည်။
“ဗွမ်း......”
လျှပ်စီးကြောင်းသည် သစ်ပင်နတ်ဆိုးကိုထိမှန်သွားခဲ့သည်။
ထို့နောက် ပင်းထျန်းလိန်၏ စတုတ္ထဝိညာဥ်ကွင်းထွက်လာကာ လန်ရွမိးယုကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သော စတုတ္ထမြောက်ဝိညာဥ်စွမ်းရည်......လျှပ်စီးနတ်ဘုရားလက်သီး......
ပင်ထျန်းလိန် လျှင်မြန်သောအရှိန်ဖြင့် သစ်ပင်နတ်ဆိုးကိုထပ်မံထိုးလိုက်လေသည်။
“ဗွမ်း......”
ချန်းလိန်သည်လည်း သူ၏ ဒုတိယ ဝိညာဥ်စွမ်းရည်......
မြနတ်ဆိုးငှက်ကိုဆင့်ခေါ်ခဲ့သည်။
အစားအသောက်ကောင်းမှာ သဘာဝအားဖြင့် အနှစ် 10,000 သစ်ပင်နတ်ဆိုးဖြစ်သည်။ ၎င်းသည် အနှစ် 10,000 ဝိညာဉ်သားရဲဖြစ်သည်။
၎င်းသည် နှစ် 100 ဝိညာဉ်သားရဲတစ်ကောင်သာဖြစ်သော်လည်း နှစ် 10,000 ဝိညာဉ်သားရဲနှင့် ရင်ဆိုင်ရသောအခါ တုံ့ဆိုင်းခြင်းမရှိပေ။
လန်ရွမ်းယု စွန့်စားလိုသော အကြောင်းရင်းမှာ မြနတ်ဆိုးငှက် ကြောင့်လည်းဖြစ်သည်။
လင်းတုံဟွေ့ကလည်း မီးလုံးများဖြင့် ဆက်တိုက်ပစ်နေလေသည်။
လန်ရွမ်းယုကအားလုံးကိုအဆင့်မြှင့်တင်ပေးထားလေသည်။
ထို့နောက် ချန်းလိန်၏ပထမဝိညာဥ်စွမ်းရည်ဖြင့်...
သွယ်လျတဲ့ ခြေသလုံးလေးသည် ဆင့်ခေါ်တံခါးမှထွက်လာလေသည်။
ထိုအချိန်တွင် မြနတ်ဆိုးငှက်သည် နှစ် 10000 သစ်ပင်နတ်ဆိုး၏ မျက်လုံးများထိုးဖောက်ဖျက်စီးလိုက်လေသည်။
သစ်ပင်နတ်ဆိုး၏မျက်လုံးများတွင် နီညိုရောင်အရည်များ စိမ့်ထွက်လာသည်။ မြနတ်ဆိုးငှက် ကြောင့် ဒဏ်ရာရသွားသည်မှာ ထင်ရှားသည်။
လင်းတုံဟွေ့ကလည်း သူရဲ့ဒုတိယစွမ်းရည်...
ဧရာမနေလုံးကြီးကိုထုတ်ကာ သစ်ပင်နတ်ဆိုးကိုပစ်လိုက်လေသည်။
ဗွမ်း.....!
“အချိန်ရောက်ကျပြီ....ချင်းရုံ”
လန်ရွမ်းယု သည် ငွေပြာမြက်နွယ်နှစ်ဖြင့် ချင်းဂူရုံ ကို ရစ်ပတ်လိုက်သည်။
ချင်းဂူရုံထံမှ အေးစက်သောအငွေ့အသက်များပေါ်လာကာ ထိုနေရာရှိအပူချိန်များပင်ကျဆင်းသွားလေသည်။
ယခင်က လန်ရွမ်းယုနှင့် ချင်းဂူရုံတို့သည် ဤပေါင်းစပ်စွမ်းရည်ဖြင့် အမှောင်နတ်ဆိုးကျားကိုအနိုင်ယူခဲ့ဖူးသည်။
ယခု သစ်ပင်နတ်ဆိုးကို အေးခဲရိုက်ရန်မှာ
ပြသနာမဟုတ်ပေ။
ထို့နောက် ချင်းရုံထံမှာ အေးစက်သောစွမ်းအားလှိုင်းတစ်ခုထွက်လာလေသည်။ ထိုတစ်ချိန်ထဲတွင်ပင် နှစ် 10000 သက်တမ်းရှိ သစ်ပင်နတ်ဆိုးကြီး ၏ ကြီးမားသောခန္ဓာကိုယ်မှာချက်ချင်းအေးခဲသွားသည်။
ထိုနောက် ချင်းရုံသည်လန်ရွမ်းယု၏ရင်ခွင်ထဲသို့လဲကျသွားခဲ့သည်။ သူမ အားကုန်သွားပြီဖြစ်သည်။
“အချိန်ကျပြီ။ အကုန် တိုက်ခိုက်ကြတော့!”
လန်ရွမ်းယု အော်ဟစ်လိုက်သည်။
ထို့နောကိတိုက်ခိုက်မှုများဆူညံသွားလေတော့သည်။
“ဗွမ်း....ဗွမ်း.... ဗွမ်.....!”
သုံးမိနှစ်အကြာတွင်အရာအားလုံးပြီးဆူံးသွားခဲ့သည်။
အဖွဲ့အားလုံး၏မျက်နှာတွင် ကျေနပ်အပြုံးများပြည့်နေခဲ့သည်။ သစ်ပင်နတ်ဆိုး၏စွမ်းအားများ တစ်ဖွဲ့လုံးထံသို့စီးဝင်နေလေသည်။
ထိုအချိန်တွင် ရွမ်းယု၏ ရင်ဘက်ထဲတွင်မှုန်ဝါးဝါးအရာတစ်ခုပေါ်လာလေသည်။ ရွှေမျောက်တစ်ကောင်ပင်ဖြစ်သည်။ ရွမ်းယုထံသို့ဝင်လာသောစွမ်းအားများကိုထိုမျောက်လေးကစုပ်ယူနေခဲ့သည်။
“တီ....တီ...”
ကျောင်းသားများ ပြန်ထွက်လာကြသည်။
ထိုအခါ ဝန်ထမ်းများရောက်လာကာ
“ဒီကလေးတွေ... တကယ့်ကို ရက်စက်တာပဲ....နှစ်သောင်းသားရဲကိုတောင်ရအောင်သတ်သွားတယ်..... သူတို့မှာ အလားအလာကောင်းတွေ ရှိတာပဲ”
ဝိညာဥ်တက်ပလက်ဖောင်းတွင် မမြင်ရသော အန္တရာယ်များ ရှိနေတတ်သည်။ သို့သော် နှစ် 10,000 ဝိညာဉ်သားရဲကို သတ်ပစ်ခဲ့သော ကလေးများကို ကိုယ်တိုင်တွေ့မြင်လိုက်ရသောအခါ ဝန်ထမ်းများ အလွန် ထိတ်လန့်သွားခဲ့သည်။
ပင်းထျန်းလိန်သည် လန်ရွမ်းယာဆီသို့ လျှောက်လာပြီး သူ့လက်ကို ဆန့်ထုတ်လိုက်ကာ
“ဒီပူးပေါင်းဆောင်ရွက်မှုကအရမ်းအဆင်ပြေခဲ့ပါတယ်။ ဝိညာဉ်ကုန်းမြေဂြိုလ်မှာ ဆက်ပူးပေါင်းကြမယ်”
လန်ရွမ်းယု ပြုံးပြီး ပင်ထျန်းလိန် ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
“ကောင်းပြီ!”
ထိုအချိန်တွင် ဝန်ထမ်းတစ်ယောက်က
“လာခဲ့ကျကလေးတွေ ..... ငါ မင်းတို့ကိုပေးစရာရှိတယ်။ ဒီဟာကို ခြောက်လအတွင်းတော့ မင်းတို့သုံးမပြုနိုင်ဘူး။ ဒါပေမယ့် ခြောက်လကျော်သွားရင်တော့ မင်းတို့သုံးနိုင်တယ်”
ထို့နောက်ကတ်ပြားလေးခြောက်ခုအားထုတ်ပေးလေသည်။
“ဦးလေး.... ဒါက ဘာအတွက်လဲ”
ဝန်ထမ်းက ပြုံးလိုက်ကာ
“စည်းမျဉ်းတွေအရ....မူလတန်းအဆင့် ဝိညာဉ်တက်ပလက်ဖောင်းမှာ နှစ်၁၀၀၀ဝိညာဥ်သားရဲအထိပဲ မင်းတို့ရင်ဆိုင်ရမှာ....အခုကမင်းတို့နှစ်တစ်သောင်းဝိညာဥ်သားရဲနဲ့တွေ့ခဲ့ရတယ်... ဒါက ငါတို့ရဲ့နည်းပညာအခက်အခဲကြောင်ပြဲ... . ဒီတော့ ဒါတွေက မင်းတို့အတွက် လျော်ကြေးပဲ။ မင်းတို့ ဝိညာဉ်ကြွပလပ်ဖောင်းကို ထပ်ဝင်ခွင့်ရှိတယ်..... ဒီကတ်တွေကိုသိမ်းထားလိုက်ကြပါ”
Endend……