Chapters

အခန်း (၂၃၀)

Vol. 14 Ch. 230

အခန်း (၂၃၀)

Vol. 14 Ch. 230

ထိုအခိုက်အတန့်တွင် အရာအားလုံးပုံမှန်ပြန်ဖြစ်ပုံရပြီး လန်ရွမ်းယု ၏အငွေ့အသက်သည်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ကျီဟုန်ဘင်း၏စိုးရိမ်မှုများသည်လည်း နောက်ဆုံးတွင် အနည်းငယ် ပြေလျော့သွားနိုင်သည်။ သူ့တပည့်သည် သွေးသားဗီဇပြောင်းလဲခြင်းပြီးမြောက်ခဲ့သည်ကို သူအတည်ပြုနိုင်သည်။

ဖြစ်စဉ်တစ်ခုလုံးသည် မိနစ်အနည်းငယ်မျှသာ ကြာသော်လည်း သူ့ကိုတကယ် ရင်ခုန်စေခဲ့သည်။

ကောင်းတာလား........ ဆိုးတာလား......

ကောင်းတဲ့ဗီဇပြောင်းခြင်းလား...... ဆိုးတဲ့ဟာလား.....

ဤအခိုက်အတန့်တွင် လန်ရွမ်းယု ၏လက်များတွင် အပြောင်းအလဲများ စတင်ပေါ်လာသည်။ ပထမဆုံး ပြောင်းလဲမှုမှာ သူ့လက်သည်းများစတင်ပြောင်းလာခဲ့သည်။ ညာလက်များသည် ရွှေရောင်ပြောင်းသွားခဲ့သည်။ ထို့နောက် သူ၏လက်သည်းများ လျင်မြန်စွာကြီးထွားလာသည်။ အဲဒီနောက်မှာတော့ ဘယ်လက်မှာလည်း လက်သည်းများရှည်လာခဲ့သည်။ ထို့နောက် အကြေးခွံများ ပေါ်လာခဲ့သည်။ သူ၏ ဘယ်ဘက်လက်တွင် ပေါ်လာသော အကြေးခွံများသည် ဘဲဥသဏ္ဍာန်ဖြစ်ပြီ....ညာလက်ရှိအကြေးခွံများသည် ရစိန်ပုံသဏ္ဍာန် အကြေးခွံများဖြစ်သည်။

ရွှေနဂါးလက်သည်းနှင့် ငွေနဂါးလက်သည်းတစ်စုံဖြစ်သည်။

တံတောင်ဆစ်အထိ ကြေးခွံများဖုံးသွားသည်။

တေကြေးခွံတွေ!

ဒါတွေက ဘာအမျိုးအစားတွေလဲ။

နဂါးဟိန်းသံတွေကြားရတော့ နဂါးကြေးခွံလား...

ဒါပေမဲ့ နဂါးကြေးခွံက နှစ်မျိုးတောင်....

လန်ရွမ်းယု၏နဂါးလက်သည်းများသည်အရောင်တူမနေခဲ့ပေ.....

ပုံစံမှန်လည်းကွဲနေလေသည်။

သူသည် မရေမတွက်နိုင်သော ကျောင်းသားများကို သင်ကြားပေးခဲ့သော်လည်း လန်ရွမ်းယုနှင့်ပထမဆုံးအကြိမ်ကူရာမဲ့နေလေသည်။

ထို့နောက် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

လန်ရွမ်းယု ၏ ခေါင်းထဲတွင် စကားလုံးတစ်လုံး ပေါ်လာသည်....နိုးထလာပြီ....

သူ့ခန္ဓာကိုယ်မှာစတင် “နိုးထလာ” သလိုပဲ...

မျက်လုံးနှစ်လုံးကိုဖွင့်ပြီးကြည့်လိုက်သည်။ ကျီဟုန်ဘင်း ရပ်ကြည့်နေဆဲဖြစ်သည်။

“ဆရာကျီ”

“မင်းဘယ်လိုနေလဲ? မင်းရဲ့ သွေးသားပြောင်းသွားတာလား”

ကျီဟုန်ဘင်း သူ့လက်နှစ်ဖက်ကို ရွမ်းယုပခုံးပေါ်သို့တင်ကာ ရွမ်းယုခန္ဓာကိုယ်တွင်းပြောင်းလဲမှုများကိုစစ်ဆေးလိုက်သည်။

ထိုအချိန်တွင် ရွမ်းယုလက်ပေါ်ရှိ ကြေးခွံများ ပျောက်ကွယ်သွားပြီဖြစ်သည်။

ကျီဟုန်ဘင်းက

“မင်းရဲ့ခန္ဓာကိုယ်မှာ အခုလေးတင်မြင်ခဲ့ရတဲ့ အပြောင်းအလဲတွေကို ငါပြောပြမယ် မင်းစဉ်းစားကြည့်ဦး”

သူမြင်ခဲ့ရတဲ့ အပြောင်းအလဲများကို လန်ရွမ်းယုအား ပြောပြလိုက်သည်။

လန်ရွမ်းယူ နားထောင်ရင်း အံသြနေသည်။

လက်နှစ်ဖက်စလုံးကနေ ကြေးခွံတွေပေါ်လာတာလား....

ယခင်က တိုက်ပွဲတစ်ခုတွင်လည်းထိုသို့ ဖြစ်ခဲ့ဖူးသည်၊ သို့သော် ၎င်းသည် သူ၏လက်တွင်ရစ်ပတ်ထားသော ငွေပြာမြက်နွယ်များတွင်ပေါ်လာခြင်းဖြစ်သည်။

ဒီတစ်ခါတော့ မတူတော့ပေ....

Endend…..