← Chapters

အခန်း (၂၃၁+၂၃၂)

Vol. 14 Ch. 231+232

အခန်း (၂၃၁+၂၃၂)

Vol. 14 Ch. 231+232

“ဆရာ ကျီ...ကျွန်တော် ထပ်ကြိုးစားချင်တယ်”

“မင်းစမ်းကြည့်လို့ရပေမယ့် သတိထားလုပ်ပါ”

“ဟုတ်ကဲ့”

လန်ရွမ်းယု နောက်တစ်ကြိမ် တရားထိုင်ကာ ငြိမ်သက်သွားခဲ့သည်။

များပြားလှသော အသက်စွမ်းအင်များသည် သူ့ကိုယ်ထဲသို့ စိမ့်ဝင်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ထိုစွမ်းအားများကိုစုပ်ယူလိုက်သည်။ သို့သော် လန်ရွမ်းယု သည် ယခင်ကနှင့် မတူသည်ကို သိလိုက်ရသည်။ အသက်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသောအခါ၊ ၎င်းသည် သူ၏ ရွှေငွေစွမ်းအားများစီကိုမသွားတော့ပဲ.... သူ၏ ခြေလက်နှင့် အရိုးများအားလုံးသို့ စီးဆင်းသွားခဲ့သည်။

ရွှေနှင့်ငွေစွမ်းအားများ လည်ပတ်နေသော အရှိန်သည် တိုးလာသော်လည်း ပထမတစ်ခေါက်ကလောက်မပြင်းထန်တော့ပေ။

ထို့နောက်......

ညအချိန်.....

“ထမင်းသွားစားကြမယ်”

ကျီဟုန်ဘင်း ပြောလိုက်သည် ။

လန်ရွမ်းယု ထပ်မံစမ်းခဲ့သော်လည်း မထူးခဲ့ပေ။

လန်ရွမ်းယုတို့ စားသောက်ခန်းမထဲသို့ဝင်သွားခဲ့သည်။

“ရွမ်းယု မင်း အရပ်ပိုရှည်လာသလိုပဲ”

ကျီဟုန်ဘင်းကပြောင်းလဲသွားသော ရွမ်းယု၏အရပ်ကိုသတိထားမိသွားခဲ့သည်။

လန်ရွမ်းယုခေါင်းငုံ့ပြီး ကျောင်းဝတ်စုံကို ကြည့်လိုက်သည် ။ သူနှင့်မတော်တော့သလိုပင်....

ဘောင်းဘီမှာလည်းတိုနေပုံရသည်။ ဒီလို အချိန်တိုလေးအတွင်းမှာ သူ ဘယ်လို အရပ်ရှည်သီားတာလဲ....

“ဆရာ....လျိုဖိန် နဲ့ ချန်းလိန်ကို ခေါ်ရမလား” လန်ရွမ်းယု မေးလိုက်သည်။

“ထမင်းစားပြီးရင် လေ့ကျင့်ဖို့ အခန်းထဲပြန်ဝင်ရတယ်။ ရှီလိုင်ခဲ့ မှာ တစ်စက္ကန့်တောင်အချိန်ဖြုန်းလို့မရဘူး ”

“ဆရာ၊ ကျွန်တော် စားစရာသွားယူလိုက်ဦးမယ်”

“သွား”

လန်ရွမ်းယုသည် သူ၏အစာစားချင်စိတိများသိသိသာသာနည်းသွားသည်ကိုသတိထားမိလိုက်သည်။ သို့သော် ထမင်း ခြောက်ပန်းကန် စားခဲ့သေးသည်။

“မင်းရဲ့ ပုံမှန်နေ့တွေနဲ့ ယှဉ်ရင် ဒီနေ့ မင်းစားတာ နည်းနေသလားလို့။ ဒါပေမဲ့ စိတ်မပူနဲ့။ အဲ့တာက မင်း အသက်စွမ်းအင်တွေအများကြီးစုပ်ယူလိုက်လို့ထင်တယ်..... ပန်းကန်ခြောက်ပန်းကန်ကလည်း ရိုးရိုးသားသားပြောရရင်နည်းတော့မနည်းပါဘူး”

ကျီဟုန်ဘင်းရယ်ချင်ပေမယ့်လည်း မရီခဲ့ပေ။

ထမင်းစားပြီးနောက် လန်ရွမ်းယု သည် တုံချင်းရုံ ရှာဖွေရန် စဉ်းစားခဲ့သော်လည်း မရှာဖြစ်ခဲ့ပေ။

နောက်တစ်နေ့မနက်စောစော....

လူတိုင်း ခန်းမတစ်ခုထဲ တွင် စုဝေးနေကြသည်။

ရှေ့ဆုံးမှရပ်နေသူမှာ လင်းရီရီဖြစ်သည်။

“စမ်းသပ်မှုကိုစမယ်.... လူတိုင်းကို ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုစလုပ်မယ်.. ဒါပေမယ့် လူတိုင်း စိတ်မပူပါနဲ့။ ခုစမ်းသပ်မှုကသိပ်မခက်ပါဘူး..... ဒါက မင်းတို့အားလုံးအတွက် အခွင့်အရေးတစ်ခုပဲ”

“ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ကျပါ”

လင်းရီရီက ပြုံးပြီး ပြောလိုက်သည်။

ကျီဟုန်ဘင်း က လန်ရွမ်းယု ရဲ့ ပခုံးကို ပုတ်ပြီး

“မင်းမှာရှိသမျှကိုထုတ်ပြခဲ့....ရှီလိုင်ခဲ့အကယ်ဒမီက မင်းကို အရမ်းထူးခြားလွန်းတဲ့အတွက် စွန့်လွှတ်မှာမဟုတ်ဘူး၊ ဒါပေမယ့် မင်းအကုန်ထုတ်မပြရင် မင်းထွက်သွားရလိမ့်မယ်”

လန်ရွမ်းယုက ကျီဟုန်ဘင်း ကို ကြည့်ပြီး ခေါင်းညိတ်ပြသည်။

“ဟုတ်....ကျွန်တော်နားလည်ပါတယ်”

လန်ရွမ်းယု၏ ဝိညာဥ်စွမ်းအား သည် အားနည်းသည်ဟု ယူဆသော်လည်း သူ၏ သိုင်းဝိဥာဉ်သည် ထူးခြားပြီး အမွှာသိုင်းဝိညာဥ်လည်းဖြစ် သည်။

ခန်းမထဲတွင်....

“အားလုံးပဲ အေးအေးဆေးဆေး အနားယူပါ။ ငါခေါ်တဲ့လူက အခု ငါ့နောက်ကို လိုက်ခဲ့ပါ”

“အချိန်ကုန်သက်သာဖို့အတွက်၊ စမ်းသပ်မှုတွေကို အုပ်စုသုံးစုခွဲမယ်.... ငါခေါ်တဲ့သူတွေက ငါ့နောက်ကို လိုက်ခဲ့ပါ။ လန်ရွမ်းယု.....ချန်းလိန်....လျိုဖိန် …”

လင်းရီရီ ပထမဆုံးခေါ်သည်မှာ လန်ရွမ်းယုတို့အဖွဲ့ပင် ဖြစ်သည်။

“မင်းတို့ရဲ့ ကာယစစ်ဆေးမှုမှာ ပထမဆုံး သွေးစစ်ရမယ်။ လူတိုင်းရဲ့သွေး ၁၀ မီလီလီတာကို ထုတ်ယူရမှာဖြစ်တယ်...မများပါဘူး စိတ်မပူပါနဲ့။”

ကျောင်းသားများတန်းစီနေရသည်။ ရှေ့တွင်ကောင်တာများရှိပြီး....ဆရာဝန်များရှိလေသည်။

“ကောင်းပြီ၊ ကောင်းပြီ။ မြန်မြန်စလိုက်ကြရအောင်”

ဆရာဝန်များမှခေါင်းဆောင်ဖြစ်ဟန်တူသူကပြောလိုက်သည်။

ထိုစကားကြောင့် လင်းရီရီက

“ဒါက ဒေါက်တာကျန်းချန်ယုပဲ။ ရှီလိုင်ခဲ့အကယ်ဒမီကဘွဲ့ရတစ်ဦးပဲ... သူက လူတိုင်းရဲ့သွေးနမူနာကိုယူလိမ့်မယ်။”

ကျန်းချန်ယုသည် ပထမဆုံကျောင်းသားကို လှမ်းခေါ်လိုက်သည်။

ထုံးစံအတိုင်းပင် ထိုကျောင်းသာမှာလန်ရွမ်းယုပင်...

လန်ရွမ်းယု သည် ကျန်းချန်ယု ရှေ့မှာ ထိုင်ပြီး ဘယ်လက်ကို ဆန့်ထုတ်လိုက်သည်။

“နာမည်.. ကျောင်း...”

“ လန်ရွမ်းယု.... ကောင်းကင်ဝိညာဥ်ဂြိုလ်...ကောင်းကင်ဝိညာဥ် အကယ်ဒမီ”

သူ၏အသေးစိတ်အချက်အလက်များကို စစ်ဆေးပြီးနောက် ကျန်းချန်ယုသည် တစ်ခါသုံး အပ်တစ်ချောင်းကိုယူ၍ လန်ရွမ်းယု ၏ဘယ်ဘက်လက်ကို ကျွမ်းကျင်စွာထိုးလိုက်သည်။

ဘယ်လက်ကို ရွေးရခြင်းအကြောင်းရင်းမှာ လန်ရွမ်းယု၏ ညာလက်ရှ အရေပြားသည် အလွန်မာကျောပြီး အပ်ထိုးသွင်းလိုက်သောအခါ အပ်ကျိုးသွားသောကြောင့်ဖြစ်သည်။

သူမသည် သွေး ၁၀ မီလီလီတာ ထုတ်ယူသည်။ “ပြီးပြီ”

“ကျေးဇူးတင်ပါတယ် ဆရာမ”

လန်ရွမ်းယု သူမကို ယဉ်ကျေးစွာ ကျေးဇူးတင်စကားဆိုခဲ့သည်။

သွေးသားပြောင်းလဲပြီးနောက် လန်ရွမ်းယူ ၏အမူအရာသည် ယခင်ကကဲ့သို့ နူးညံ့သိမ်မွေ့ခြင်းမရှိတော့ဘဲ အနည်းငယ်ပို၍ ယောက်ျားဆန်လာခဲ့သည်။

ကျန်းချန်ယူသည် စမ်းသပ်ပြွန်တွင် ရွမ်းယု၏ အမည်ကို ရေးမှတ်ရန်ပြင်လိုက်သောအခါ ချက်ခြင်း အံ့သြသင့်သွားခဲ့သည်။ လန်ရွမ်းယု၏ သွေးများသည် အသက်ရှင်နေသကဲ့သို့ဖြစ်နေ လည့်ပတ်နေခဲ့သည်။

ထို့နောက် သူမသည် စမ်းသပ်ပြွန်ကို ကောင်းစွာသိမ်းဆည်းလိုက်သည်။ ရှီလိုင်ခဲ့အကယ်ဒမီ တွင် ပါရမီရှင်မရှားပေ။ သူမသည် အံ့အားသင့်ဖွယ်ရာ ပါရမီရှင်များစွာကို မြင်ဖူးခဲ့သည်။

သွေးထုတ်ပြီးနောက် လင်းရီရီသည် ရွမ်းယုတို့အဖွဲ့ကို နောက်တစ်ခန်းသို့ ခေါ်သွားခဲ့သည်။

ကိရိယာအချို့ရှိပြီး အမျိုးမျိုးသော တိုင်းတာမှုများအတွက်ဖြစ်စည်။ ဥပမာအားဖြင့်၊ အရပ်၊ ကိုယ်အလေးချိန် စသည်ဖြင့်....

“ဒီမှာ...ဝိညာဥ်စွမ်းအား၊ ဝိညာဉ်ရေးရာ စွမ်းအား၊ ခွန်အားနဲ့ အမြန်နှုန်းအတွက် စမ်းသပ်မှုတွေ လုပ်မယ်။ ကျေးဇူးပြု၍ ပြင်ဆင်ထားပါ”

လင်းရီရီက ရှင်းပြသည်။

ဝိညာဥ်စွမ်းအားစမ်းသပ်မှု…

လန်ရွမ်းယု အကူအညီမဲ့သွားသလိူ ခံစားခဲ့ရသည်။ သူ့ရဲ့ ဝိညာဉ်စွမ်းအားက တကယ်ပဲ...

လန်ရွမ်းယုသညိ ပထမစက်ထဲသို့ လျှောက်သွားခဲ့သည်။

အထဲမှာ အသံတစ်ခု ထွက်လာသည်။

“မင်းရဲ့ ဝိညာဉ်စွမ်းအားကိုထုတ်ပါ။”

“စ!”

လန်ရွမ်းယုသည် သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားကိုဖွင့်ထုတ်လိုက်လေသည်။

“ပြီးပါပြီ”

“အမည် လန်ရွမ်းယု၊ အသက်- ၁၁ နှစ်။

အခြေခံဝိညာဥ်စွမ်းအား အဆင့် 23..

အမွှာသိုင်းဝိညာဥ်....ဝိညာဉ်စွမ်းအားအစစ် အဆင့် 29....”

ထိုစကားကို ကြားလိုက်ရသောအခါ လန်ရွမ်းယု အံ့သြသွားခဲ့သည်။

တကယ့် ဝိညာဉ်စွမ်းအားက ဘာလဲ...

သူ၏ဝိညာဉ်စွမ်းအားအဆင့်သည် အဆင့် 23 တွင်သာရှိသော်လည်း၊ သူထုတ်လွှတ်နိုင်သည့် တကယ့်စွမ်းအားသည် အဆင့် 29 ဝိညာဉ်မာစတာနှင့် ညီမျှသည်ဟု ဆိုလိုတာလား။

‘နေပါဦး... အဆင့် ၂၃.... ငါ့ဝိညာဉ်စွမ်းအားက အဆင့် ၂၃ မှာရှိနေပြီလား.... အသက်စွမ်းအင်ကို စုပ်ယူခြင်းကနေ ငါ့ရဲ့ သွေးသားဗီဇပြောင်းလဲပြီးနောက်မှာ ငါ့ဝိညာဉ်စွမ်းအားအဆင့်တက်သွားတာလား။’

Endend…..

All Chapters