အခန်း (၂၃၄)
Vol. 14 Ch. 234
လန်ရွမ်းယု ရွှေရောင်ငွေပြာမြက်ကိုထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ သွေးသားစွမ်းအားများ ထွက်ပေါ်လာခဲ့သည်။ ငွေပြာမြက်နွယ်များကသူ၏ညာဘက်ကိုရစ်ပတ်သွားသည်။ သူ့အရေပြားပေါ်တွင် ရွှေအကြေးခွံများ ပေါ်လာပြီး လက်ဖဝါးနဲ့ လက်ဖျံတစ်ခုလုံးကို ဖုံးအုပ်ထားသည်။
ရွှေနဂါးကောင်းကင်ကိုတုန်လှုပ်စေခြင်း.....
ရွှေနဂါးဦးခေါင်းတစ်ခု ရွမ်းယု၏ညာလက်သီးတွင်ပေါ်လာခဲ့သည်။
ထို့နောက်
“ဗွမ်း......”
ရှေ့မှ စက်ကိုထိုးထည့်လိုက်သည်။
အကြောင်းတစ်ခုခုကြောင့် လန်ရွမ်းယုသည် ရွှေနဂါးကောင်းကင်ဘုံကိုတုန်လှုပ်စေခြင်းသည် သူ့အတွက် အလွန်သင့်လျော်သည်ဟု အမြဲခံစားခဲ့ရသော်လည်း ဤတိုက်ကွက်ကို ယနေ့မှ အသားကျသွားခဲ့သည်။ နဂါးကြေးခွံများနှင့်ပင်သက်ဆိုင်နေနိုင်လေသည်။
ဤတစ်ကြိမ်တွင်လည်း ဘာမှ မကြေညာခဲ့ပေ။ တံခါးပွင့်လာသည်။
စက်ထဲမှ ရွမ်းယုထွက်လာခဲ့သည်။
“ငါတို့ မိနစ် ၃၀ အနားယူမယ်။ မိနစ် 30 အကြာမှာတော့ ဒုတိယအကျော့ကို ယှဉ်ပြိုင်ရမယ်။ ဒုတိယအချီမှာ အဓိကထားကမှာတော့ မင်းတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ပဲ။ အဲ့ကျရင် မင်းတို့ရဲ့ဝိညာဥ်စွမ်းအားကို တံဆိပ်ခတ်ထားလိမ့်မယ်။ စမ်းသပ်မှုမှာ မင်းတို့ကမင်းတို့ရဲ့ ကိုယ်ပိုင် ခွန်အားကိုသာ အားကိုးနိုင်တယ်။ ”
“တကယ်ကြီးလား?”
ချန်းလိန် ချက်ချင်း မျက်မှောင်ကုတ်လိုက်သည်။
ငိုချင်သွားပြီ!
ရုပ်ပိုင်းဆိုင်ရာခွန်အားတွင် သူသည်ဖြစ်ပြီး ဝိညာဥ်စွမ်းအားကိုပင် ချိတ်ပိတ်ခံရမည်ဖြစ် သည်။ သူသည် အဝလွန်သည်ဟု မယူဆရသော်လည်း အနည်းငယ်တော့ဝနေသေး သည်။
“အဆင်ပြေပါတယ်၊ ငါရှိတယ်”
လန်ရွမ်းယုက ချန်းလိန်ရဲ့ပခုံးကို ပုတ်လိုက်သည်။
ချန်းလိန်
“မလုပ်ပါနဲ့! ငါ မင်းကို ဆွဲချလို့မဖစ်ဘူး”
လန်ရွမ်းယုက
“ငါ့ကို ဟင်းပဲချက်ကျွေးပါ....အဲ့တာဆိုရတယ်”
ချန်းလိန် ရယ်လိုက်သည်။ “
“ပြဿနာမရှိဘူး.... ငါ ချက်ကျွေးမယ်”
…………….
ရှီလိုင်ခဲ့ အကယ်ဒမီ...
ပင်မသင်ကြားရေးနေရာ...
ဤသည်မှာ ရှီလိုင်ခဲ့အကယ်ဒမီ၏ အပြင်စည်း ဗဟိုနေရာဖြစ်ပြီး အပြင်စည်းကျောင်းအုပ်နှင့် လက်ထောက်အနည်းငယ်သာရှိသည်။
“ဂြိုလ်တုဓာတ်ပုံအရ ရှီလိုင်ခဲ့ မြို့တစ်ခုလုံးရဲ့ အသက်စွမ်းအင်က 120% အထိ တိုးလာပါတယ်။ ဂြိုလ်တစ်ခုလုံး အသက်စွမ်းအင်ကလည်း 5% တိုးလာတယ်။ အဲ့ဒါကို အသက်သစ်ပင်အကြီးအကဲကအတည်ပြုပေးထားပါတယ်.... ဒါဟာ ကောင်းမွန်တဲ့ ဖြစ်စဉ်တစ်ခုလို့လည်း သူပြောတယ် .... လူတိုင်းကို စိတ်မပူဖို့ အကြံပေးထားပါတယ်။”
ပြောဆိုနေသူမှာ သာမန်လူလတ်ပိုင်း အရွယ်အမျိုးသားတစ်ဦးဖြစ်သည်။
ထိုလူပြောသမျှကိုနားထောင်နေသူမှာ
အသက် 20 လောက်သာရှိပုံရသော အမျိုးသမီးတစ်ဦးဖြစ်သည်။
“ကောင်းပြီး... ဒါဆိုလူတိုင်း နားကြတော့... အသက်စွမ်းအင်တွေတိုးလာတာကြောင့် ကျောင်းသားသစ်တွေ ထပ်မံစုဆောင်းနိုင်တယ် အနာဂတ်မှာ ကျောင်းသားဦးရေ တိုးလာနိုင်တယ်။ တစ်နှစ်ကို လူ 30 က နည်းလွန်းတယ်လို့ ငါလည်း ခံစားရတယ်။ ”
“ဟုတ်ကဲ့ ကျောင်းအုပ်...”
“ကျောင်းအုပ်”
ထိုအချိန်တွင် အပြင်ဘက်မှ လူတစ်ယောက်ဝင်လာသည်။
ကျန်းချန်ယုပင်ဖြစ်သည်။
ကျောင်းအုပ်က ပြုံးပြီး
“ချန်ယု .... ဘာတွေထူးလို့လဲ?”
ကျန်းချန်ယု၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုရှိနေခဲ့သည်။
“ ကျောင်းအုပ်... အခုပဲ သွေးစစ်နေတုန်း... ထူးခြားတဲ့သွေးနမူနာတစ်ခုကို ရှာတွေ့ခဲ့တယ်။ သွေးထဲမှ သွေးသားနှစ်ခုကွဲနေတယ်...ကျောင်းအုပ်တစ်ချက်ကြည့်ပေးပါဦး”
“ဟင်?”
ကျောင်းအုပ် အံ့သြတဲ့အမူအရာနဲ့ ချက်ချင်းထရပ်လိုက်သည်။
“ကောင်းပြီ၊ ငါ့ကို အဲဒီကို ခေါ်သွား။ ဒီနှစ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ မွန်းစတားတစ်ကောင်ရှိတယ်ထင်တယ်”
ကျန်းချန်ယုက
“ဟုတ်တယ်၊ သူ့သွေးက ပုံမှန်ထက်လည်း နည်းနည်းတော့ ကွာခြားတယ်လို့ ခံစားရတယ်။ အခုတော့ အတည်မပြုနိုင်သေးဘူး။ သို့သော် အခြေအနေက အရမ်းထူးခြားနေတယ်။”
“သွားကြည့်ရအောင်”
………….
ဓာတ်ခွဲခန်းကြီးတစ်ခုအထဲတွင်......
သုတေသီများနှင့် သိပ္ပံပညာရှင် တစ်ရာကျော်သည် ၎င်းတို့၏ အလုပ်များနှင့် အလုပ်ရှုပ်နေကြသည်။
သီးသန့်အခန်းတစ်ခုထဲတွင်......
Endend……