အခန်း (၂၃၅)
Vol. 14 Ch. 235
ကျန်းချန်ယု စမ်းသပ်ပြွန်ကို ကျောင်းအုပ်ထံ ယူဆောင်လာခဲ့သည်။
ကျောင်းအုပ်သညခ စမ်းသပ်ပြွန်ပေါ်တွင် ရေးထားသော အမည်ကို ကြည့်ရှုလိုက်သည်။
“ကောင်းကင်ဝိညာဥ်အကယ်ဒမီ...လန်ရွမ်းယု”
“ဒီကျောင်းသားက ကောင်းကင်ဝိညာဥ်ဂြိုလ် က လာတာ”
“ပီးတော့ ပဏာမစမ်းသပ်မှု နှစ်ကျော့စလုံးမှာ ပထမနေရာကို ရခဲ့တယ်။ သူ့ရဲ့ ဝိညာဥ်စွမ်းအား က အဆင့် 20 လောက်ပဲရှိသေးတယ်... ဒါပေမဲ့ သူ ဒီအဆင့်ကို ရောက်အောင် လုပ်နိုင်ခဲ့တယ်...
သူ့ရဲ့သိူင်းဝိညာဥ်ကထူးခြားနိုင်တယ် “
ကျန်းချန်ယုကဖြည့်စွပ်ပြောလိုက်သည်။
ကျောင်းအုပ် ခေါင်းညိတ်ပြပြီး စမ်းသပ်ပြွန်ပေါ်ရှိအဖုံးကိုဖွင့်ပြီး သွေးတစ်စက်ကိုထုတ်လိုက်သည်။
ထူးဆန်းသည်မှာ သွေးစက်မှာ လေထဲတွင် ရပ်တန့်သွားသည်။ သူမသည် သူမ၏လက်ညိုးဖြင့် သွေးစက်ကို ထိလိုက်သည်။
သွေးသည် သာမန်သွေးများ နှင့် လုံးဝမတူပေ။ ကျောင်းအုပ်၏လက်သည် ဓာတ်လိုက်ခံရသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားးသည်။ း
ကျောင်းအုပ်၏ မျက်နှာပေါ်ရှိ အပြုံးသည် လုံးဝပျောက်ကွယ်သွားပြီး တုန်လှုပ်ချောက်ချားမှုများဖြင့် အစားထိုးသွားသည်။
ဒီသွေးတစ်စက်က သူမကို အံ့အားသင့်စေခဲ့သည်။ ဒါက ဘယ်လိုဖြစ်တာလဲ...
သွေးသားဖိနှိပ်မှုလား......
သူမရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ...
ဒါတောင်ဖိနှပ်ခံလိုကိရသည်။
ကျောင်းအုပ်၏ မျက်နှာတွင် မသေချာမရေရာမှု အရိပ်အယောင်များ ပေါ်လာသည်။
ထို့နောက် သွေးစက်ထဲမှ နဂါးနှစ်ကောင်၏ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
တစ်ခုမှာအင်အားကြီးပြီး နောက်တစ်ခုမှာ ကြည်လင်ပြီး ငြိမ့်ညောင်းသည်။ ကျောင်းအုပ် သည် တစ်ခုခုကို ခံစားမိလိက်ပုံရပြီး သူမ၏အမူအရာမှာ အနည်းငယ်လေးနက်နေသွားသည်။ တစ်ခုခုကိုကြောက်နေသလိုပင်......
ထို့နောက်
“လန်ရွမ်းယု နဲ့ပတ်သက်တဲ့ အရာအားလုံးကို ငါ့ဆီ ယူလာခဲ့။ သူ့ကို အနီးကပ်စောင့်ကြည့်ထားပြီးတော့ ငါကိုသတင်းအဆက်မပြတ်ပို့။ သူ့အဖွဲ့ကို ဘယ်သူက တာဝန်ယူတာလဲ”
ကျန်းချန်ယု က “ ဂျူနီယာ လင်းရီရီပါ”
ကျောင်းအုပ်က
“လင်းရီရီကို ခုကိစ္စပြောထားလိုက်... ဒီကလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။”
ကျောင်းအုပ်၏မျက်နှာတွင် အပြုံးတစ်ခုပြန်ပေါ်လာသည်။ သူမ၏အကြည့်များသည်လည်း အနည်းငယ်ထူးဆန်းလာသည်။
တိုးတိုးလေး
“ဒါက တကယ်ပဲ နတ်ဘုရားအဆင့်ရှိတဲ့ သွေးသားလား။ ဒါပေမယ့် ဘယ်လိုဖြစ်နိုင်မှာလဲ။ တစ်ခုခုတော့စိတ်ဝင်စားဖိူ့ကောင်းနေပြီ....”
လန်ရွမ်းယုတို့သည် ထိုအချိန်တွင် တောင်ကြီးတစ်ခုပေါ်သို့တက်နေရလေသည်။ဝိညာဥ်စွမ်းအားများအပိတ်ခံထားရသောကြောင့် ကိူယ့်ကိူယ်ကိုသာ အားကိုးနိုင်လေသည်။
လန်ရွမ်းယု သည် အခြေအနေမဟန်တော့သော လျိုဖိန်နှင့်ချန်းလိန်တို့ လက်တစ်ဖက်ဖြင့်ဆွဲကာ တက်သွားခဲ့သည်။
“ရွမ်းယု... တစ်ခါတလေ မင်းက လူသားတစ်ယောက်ဟုတ်ရဲ့လားလို့တောင် သံသယဖြစ်မိတယ်။ မင်းရဲ့ခံနိုင်ရည်ကတော့ တကယ် အံ့မခန်းပါပဲ။ ”
ချန်းလိန် ပြုံးကာပြောလိုက်သည်။
လန်ရွမ်းယု က
“မင်းမှာ စကားပြောဖို့ ခွန်အားရှိသေး ရင်အဲ့အားတွေကို မင်းခြေထောက်ထဲထည့်လိုက်.... “
Endemd……