← Chapters

အခန်း (၂၃၆+၂၃၇)

Vol. 14 Ch. 236+237

အခန်း (၂၃၆+၂၃၇)

Vol. 14 Ch. 236+237

ထိုတစ်နာရီအတွင်း တောင်ထိပ်သို့ ရောက်ရှိသွားသူမှာငါးဦးသာ ရှိသည်။ သုံးဦးမှာ လန်ရွမ်းယု...လျိူဖိန်နှင့်ချန်းလိန်တို့ဖြစ်သည်။

ထိုအချိန်တွင် ရွှေရောင် နှင့်ငွေရောင်ရှိသေယ သေးငယ်သောသွေးကြောနှစ်ခုသည် ရွမ်းယုအင်္ကျီအောက်တွင် ပေါ်လာခဲ့သည်။ ရွမ်းယု၏ ခန္ဓာကိုယ် ရုတ်တရက် ပူလာပြီး ပင်ပန်းနွမ်းနယ်မှုများ ချက်ခြင်းပျောက်သွားခဲ့သည်။။

ဘာဖြစ်သွားတာလဲ?

ရုတ်တရက်အားပြန်ပြည့်သွားသောကြောင့်ရွမ်းယုအံ့သြသွားခဲ့သည်။

ထိုနေ့တစ်နေကုန်စမ်းသပ်မှုများပြည့်နေလေသည်။

“ဆရာမ လင်း... ငါတို့တေဲရလဒ်တွေ သိလို့ကနိုင်မလား”

စက်အပြင်ဘက်တွင်ရပ်နေသောရွမ်းယုသည် လင်းရီရီ အားမေးလိုက်သည်။

ရွမ်းယုကိုကြည့်ရင်း လင်းရီရီ ၏အမူအရာမှာ အလွန်ထူးဆန်းနေသည်။ အကယ်ဒမီ၏ခေါင်းဆောင်များသည် အဆင့် 20 သာရှိသော သူ့ရှေ့ရှိ ကလေးကို အလေးထားစောင့်ရမည်ဖြစ်ကြောင်းနှင့် သူ့ကို အာရုံစိုက်ရမည်ဟူသော အကြောင်းကြားစာကို သူမ ရရှိခဲ့သည်။ အကြောင်းပြချက်မပေးထားသော်လည်း ရွမ်းယုတွင် အခြားသူများထက် သာလွန်သော အမှတ်များ ရှိနေကြောင်း သူမ သိထားသည်။

“ရလဒ်တွေကို ငါ မင်းတို့ကိုပြောလို့မရဘူး... စာမေးပွဲတွေကရမှတ်အားလုံးကိ စုစည်းပြီး အဆုံးမှာ သိလိမ့်မယ်။ ”

လန်ရွမ်းယုက

“ဒါဆို နောက်ပိုင်း စာမေးပွဲတွေက ဘာတွေလဲဆိုတာ ငါတို့ကို ပြောပြနိုင်မလား”

လင်းရီရီ က

“စာမေးပွဲကို အဓိကအားဖြင့် အဖွဲ့လိုက်နဲ့ တစ်ဦးချင်း စမ်းသပ်မှုအဖြစ် ခွဲထားတယ်။ တစ်ဦးချင်းစမ်းသပ်မှုတွေက မင်းတို့မှာရှိတဲ့အရာအားလုံးကိုပြသဖို့ အကောင်းဆုံးအခွင့်အရေးပဲ။ အသင်းလိုက်စမ်းသပ်မှုအတွက်ကတော့ မင်းတို့အသင်းရဲ စွမ်းရည်တွေကိုပြသဖို့အချိန်ပဲ “

“ကျေးဇူးတင်ပါတယ် ဆရာမ လင်း”

ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုအပြီးတွင် လင်းရီရီသည် ၎င်းတို့အား တည်းခိုဆောင်သို့ ပြန်ခေါ်သွားခဲ့သည်။

ပြန်ရောက်သောအခါ လျိုဖိန် နှင့် ချန်းလိန် တို့သည် သူတို့၏အခန်းသို့ ပြန်သွားကျပြီး

ရွမ်းယုကလည်း သူ့အခန်းသို့ပြန်သွားခဲ့သည်။

ကျီဟုန်ဘင်းက သူ့အား စောင့်နေခဲ့သည်။

“စာမေးပွဲက ဘယ်လိုလဲ”

လန်ရွမ်းယုက ဖြစ်စဉ်တစ်ခုလုံးကို ပြန်ပြောပြလိုက်သည်။

ကျီဟုန်ဘင်း ခေါင်းညိတ်လိုက်သည်။

“အရင်ကနဲ့ ယှဉ်ရင် အများကြီးပိုအဆင်ပြေလာတယ်... မနက်ဖြန်မှာ အသင်းလိုက်စာမေးပွဲတွေ ဖြေရလိမ့်မယ်။”

“ဆရာကျီ... ကျွန်တော့်ရဲ့ သွေးသားပြောင်းလဲပြီးတဲ့ နောက်မှာ ကျွန်တော့်ခန္ဓာကိုယ်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ရှိပုံရတယ်။ နေ့လည်ခင်းကတည်းက အဲ့တာတွေကို စမ်းသပ်ဖို့ တွေးနေမိတာ။ ဒါဆို နောက်ပိုင်း စာမေးပွဲတွေအတွက်ပိုအဆင်ပြေလာမလားလို့.... ကျွန်တော့်ကိုကူညီပေးလို့ရမလား?”

ကျီဟုန်ဘင်း ခေါင်းညိတ်လိုက်သည်။

“ရတယ်။ မင်းဒီလိုလုပ်လိမ့်မယ်လို့လည်း ငါမျှော်လင့်ထားခဲ့တယ်။ ဒီမှာပဲ လေ့ကျင့်မယ်။ မင်းတိုက်ခိုက်... ငါကာကွယ်မယ်။”

“ဟုတ်”

လန်ရွမ်းယု နှင့် ကျီဟုန်ဘင်း တို့သည် ညဥ့်နက်သည်အထိ လေ့ကျင့်ခဲ့ကြလေ သည်။

နောက်နေ့နံနက်စောစောတွင်ရှီလိုင်ခဲ့အကယ်ဒမီ မှ အကြောင်းကြားစာရောက်လာသည်။

နေ့လယ်ပိုင်းတွင် အဖွဲ့လိုက်စာမေးပွဲကျင်းပမည်ဖြစ်သည်။

ဂြိုလ်အသီးသီးမှ အဖွဲ့ပေါင်း 100 ရှိပြီး စုစုပေါင်း လူ 300 အထိရှိလေသည်။

“လန်ရွမ်းယူ!”

ခန်းမအတွင်းတွင် လန်ရွမ်းယုသည် နောက်ဆုံးတွင် သူတွေ့လိုသောလူကို တွေ့ခဲ့ရသည်။

တုံချင်းရုံသည် ခါတိုင်းကဲ့သို့ ရင်သပ်ရှုမောဖွယ် လှပနေလေသည်။

“ဘယ်တုန်းက ရောက်နေတာလဲ” လန်ရွမ်းယု ပြုံးပြီး မေးလိုက်သည်။

“မနေ့ကပဲ”

လန်ရွမ်းယုသည် ချင်ရုံကိုသေချာကြည့်နေလေသည်။

“မင်းမျက်လုံးတွေက ဘာကိုကြည့်နေတာလဲ”

ချင်ရုံအော်လိုက်သည်။

လန်ရွမ်းယု ရှက်သွားသည်။

“မနေ့က စာမေးပွဲ ဘယ်လိုလဲ “

“ကောင်းပါတယ်..... ဒါပေမယ့် ငါတို့ နောက်ထပ် ဘာစမ်းသပ်မယ်ဆိုတာ ဘယ်သူမှ မသိဘူး”

ထိုအချိန်တွင်

“ချင်းရုံ ဒါ မင်းရဲ့ရည်းစားလား”

အသံလာရာသို့ လန်ရွမ်းယုံကြည့်လိုက်တော့

တုံချင်းရုံ နှင့် အသက်အရွယ်တူညီသော နှင်းကဲ့သို့ဆံပင်ဖြူများရှိသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

သူမသည် ပိန်ပိန်သွယ်သွယ်ရှိပြီး တုံချင်းရုံ ထက်ပင် အရပ်ရှည်လေသည်။ သူမ၏အေးစက်နေသော အပြာရောင်မျက်လုံးများသည် အံ့သြမှုနှင့် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

သူမ၏စကားကြောင့် တုံချင်းရုံ ၏ မျက်နှာသည် နီမြန်းလာသည်။

“အစ်မ ချင်း၊ ကျေးဇူးပြုပြီး အဲ့လို မပြောပါနဲ့။ ဘယ်ကရည်းစားလဲ။ သူက သူငယ်ချင်းပါပဲ”

အမချင်းဆိုသူက “မင်းက ငါ့ကိုအရူးလို့ထင်တေတာလား ကျောင်းတစ်ကျောင်းလုံးရှေ့မှာ မင်းလက်မောင်းကိုကိုင်...ပီးတော့နမ်းတယ် ပြီးတော့ သူနဲ့တောင် အတူတူ ပြေးသွားတယ်ဆိုတာ အကုန်သိတယ်။ ငါတို့က ညီအစ်မတွေမလား...လာလိမ်မနေနဲ့....လန်ရွမ်းယု ဟုတ်တယ်မလား။ မင်း ငါ့ကို အနိုင်မယူနိုင်ရင် ငါ့သွေးသောက်ညီမ ချင်းရုံ ကိုထိဖို့မစဉ်းစားနဲ့။”

လန်ရွမ်းယု သည် သူမ၏စကားကြောင့် ထိတ်လန့်သွားပြီး တုံချင်းရုံ၏မျက်နှာသည်လည်း ပို၍ပင်နီရဲလာသည်။

“အစ်မ ချင်း...တော်ပြီ...”

အမချင်းဆိုသူက လန်ရွမ်းယုကိုကြည်ကာ

“ငါ့နာမည်က လန်မိန်ချင်းပါ။ ငါက ချင်းရုံ နဲ့ ညီအစ်မကောင်းတွေ ဖြစ်သလို သူမရဲ့ အသင်းဖော်လည်း ဖြစ်တယ်။ စိတ်မပူပါနဲ့၊ အဖွဲ့လိုက်ပြိုင်ပွဲမှာ အကူအညီလိုရင် ချင်းရုံ နဲ့ အတူ မင်းကို ကူညီပေးပါ့မယ်။”

လန်ရွမ်းယုသည် သူမထံမှ အေးစက်သောစွမ်းအားများကို ခံစားမိလိုက်သည်။

“မင်္ဂလာပါ အမတို့၊ ငါက ချန်းလိန်...ရွမ်းယု ရဲ့ အသင်းဖော်ပါ”

လန်ရွမ်းယု၏နံဘေးတွင် တစ်ချိန်လုံးရှိနေသည့် ချန်းလိန်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လန်မိန်ချင်းအား ပြုံးကာပြောလိုက်သည်။

Endend…..

All Chapters