Chapters

အခန်း (၂၃၈)

Vol. 14 Ch. 238

အခန်း (၂၃၈)

Vol. 14 Ch. 238

လန်မိန်ချင်းက ချန်းလိန်ကို တစ်ချက်ကြည့်လိုက်သည်။ သို့သော် သူမရဲ့ အပြုံးကတော့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ချန်းလိန်လည်း မျက်နာပူသွားကာ ဘာမှဆက်မပြောတော့ပေ။

လန်ရွမ်းယုသည် ချင်းဂူရုံတို့၏တတိယမြှောက်အသင်းဖော်ကိုရှာနေမိသည်။ ထိုအရာကိုသတိထားမိသော လန်မိန်ချင်းက

“ရှာတာ ရပ်လိုက်တော့.. ငါတို့အဖွဲ့မှာ တတိယအဖွဲ့ဝင်မရှိဘူး.... ငါတို့နှစ်ယောက်ပဲရှိတယ်။ ငါတို့နှစ်ယောက်ကလုံလောက်ပြီ”

နှစ်ယောက်တစ်ဖွဲ့လား?

ချန်းလိန် အံ့သြသွားသည်။

“အစ်မ၊ တကယ်ပဲ မင်းတို့နှစ်ယောက်တည်းပဲလား..... “

“ငါ့ကိုအမလို့မခေါ်နဲ့”

လန်မိန်ချင်းဒေါသတကြီး အော်ဟစ်လိုက်သည်။

“ငါတို့နှစ်ယောက်ကြားမှာ ဘယ်သူက အသက်ကြီးမှန်းတောင်မသိပဲနဲ့......အဖွဲ့မှာ ငါတို့နှစ်ယောက်တည်းဆိုတာကဘာဖြစ်လို့လဲ....ငါတို့ အကယ်ဒမီမှာ ငါတို့နှစ်ယောက်လုံးကို နှင်းရေခဲနတ်ဘုရားမတွေလို့ ခေါ်တယ်။ ချင်းရုံက ရေခဲ၊ ငါက နှင်း။ နောင်ကျရင် မင်းလည်း ငါ့ကို

မမနတ်ဘုရားလို့ခေါ်နိုင်တယ်။ ဒီနတ်ဘုရားမက မင်းကို ကာကွယ်ပေးမယ်။”

“မမနတ်ဘုရားမ?”

လန်ရွမ်းယုသည် ချင်းရုံကိုကြည့်ကာပြုံးရင်ခေါ်လိုက်သည်။

တုံချင်းရုံက “နင် ဘာလို့ငါ့ကို အဲ့လိုခေါ်နေတာလဲ...သူ့ကိုခေါ်ရမှာ”

လန်ရွမ်းယု ချောင်းဟန်လိုက်ပြီး

“ငါတို့ အပြင်ထွက်တော့မယ်”

လင်းရီရီက သူတို့ကိုစောင့်နေပြီဖြစ်သည်။

ထို့နောက် သူတို့၏ယာဉ်ပေါ်သို့ တက်ခဲ့ကြသည်။

တုံချင်းရုံတို့သည်လည်း သူတို့၏ယာဥ်ပေါ်သို့တက်သွားခဲ့ကြသည်။

ဘတ်စ်ကားပေါ်တက်ပြီးချင်းမှာပဲ ချန်းလိန် က မထိန်းနိုင်တော့ဘဲ လန်ရွမ်းယုကို

“ရွမ်းယု... အစ်မ မိန်ချင်းက အရမ်းလှတာပဲ။ ပြီးတော့ သူ့မှာ တခြားဘယ်သူမှာမှ မရှိတဲ့ အကျင့်စရိုက်လည်းရှိတယ်။”

လန်ရွမ်းယုက သူ့ကို အံ့အားသင့်စွာကြည့်ကာ

“မင်းဘာကိုဆိုလိုချင်တာလဲ”

ချန်းလိန် က

“ဘာမှမဟုတ်ဘူး! ငါနဲ့သူ့ကြားမှာ ကံကြမ္မာတစ်ခုရှိတယ်ဆိုတာပဲ ငါခံစားရလို့ပါ။”

လျိုဖိန် ကထိုအခါ

“အဲ့ဒီ ကိစ္စတွေကိုစဉ်းစားဖို့ မင်းမှာအချိန်ရှိသေးတာလား။ ရှီလိုင်ခဲ့ကိုအရင်ဝင်အောင်လုပ်ပါဦး.... လန်မိန်ချင်းက တုံချင်းရုံထက်တောင် ပိုကြောက်စရာကောင်းလောက်တယ်။ သူတို့က နှစ်ယောက်ထဲပဲရှိတဲ့အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ဖို့ သတ္တိရှိတယ်... အဲ့တာက သူတို့ ဘယ်လောက် သန်မာတယ် ဆိုတာ အကြမ်းဖျင်း ခန့်မှန်းနိုင်တာပဲ”

ချန်းလိန် ရယ်လိုက်သည်။

“သူတို့က အစွမ်းထက်တာပဲ! သူ ငါ့ကို ကာကွယ်ပေးနိုင်တယ်! ရွမ်းယု ငါတို့အတူတူဖြေရရင် အစ်မမိန်ချင်းကိုလည်း ခေါ်လို့ရမလား”

လန်ရွမ်းယု က အနည်းငယ် ကူကယ်ရာမဲ့ဖြင့် ပြန်ဖြေလိုက်သည်။

“လျိုဖိန်ပြောတာ မှန်တယ်၊ ငါတို့ဝင်ခွင့်စာမေးပွဲကိုဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို မင်းအရင်ဆုံးစဉ်းစားဖို့လိုတယ်.... မင်းရဲ့အချိန်ကိုအကျိုးရှိရှိအသုံးချလိုက်ပါ။ဖွန်ကြောင်မနေနဲ့ “

ဝိညာဥ်ဘတ်စ်ကားသည် သတ်မှတ်နေရာသို့ရောက်သွားသောအခါ ရပ်သွားခဲ့သည်။

ဧရာမကွင်းကြီးတစ်ခုဖြစ်လေသည်။ အလယ်တွင်ရုပ်ထုကြီးများရှိနေလေသည်။

ရှီလိုင်ခဲ့တည်းခိုဆောင် နှင့် နှိုင်းယှဉ်ပါက ဤနေရာတွင် အသက်စွမ်းအင် ပိုပ အားကောင်းနေပါသည်။ ရုပ်ထု ၁၀ ခုကျော်ရှိပြီး အလယ်တွင် ထင်ရှားကျော်ကြားသော ရွှေရုပ်တုကြီးတစ်ခု ရှိပြီး တစ်ကိုယ်လုံး ရွှေသံချပ်ကာ ၀တ်ဆင်ထားကာ ဧရာမရွှေတောင်ပံတစ်စုံလည်းပါရှိလေသည်။ ထိုရုပ်တုရဲ့သမိုင်းကြောင်းကို လန်ရွမ်းယု ချက်ချင်းသိလိုက်သည်။ ယခင်က သူဝယ်ခဲ့သော ရွှေလနဂါးသံစဥ် ထန်ဝူလင်း အရုပ်နှင့်အတူတူပင်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက ဝိညာဉ်မာစတာလောကကြီးနှင့်လူသားမျိုးနွယ်ကိုကယ်တင်ခဲ့သော ဒဏ္ဍာရီလာလူပုဂ္ဂိုလ်ပင်ဖြစ်သည်။

ထိုအချိန်တွင် ရှီလိုင်ခဲ့အကယ်ဒမီ သည် ပျက်စီးလုနီးပါးဖြစ်ပြီး ထိုလူက ပြန်တည်ထောင်ခဲ့သည်။ ထို့နောက် ပင်လယ်နတ်ဘုရားထန်စန်း၏ရုပ်ထုလည်းရှိသည်။ ရွှေခရင်းခွကိုကိုင်ဆောင်ထားလေသည်။

Endenx…….