အခန်း (၂၃၃)
Vol. 14 Ch. 233
ရှီလိုင်ခဲ့အကယ်ဒမီက တကယ်စိတ်ဝင်စားစရာကောင်းခဲ့သည်။
န သတ္တုတံခါးများ ပွင့်လာပြီး လန်ရွမ်းယု ထွက်သွားလေသည်။ နောက်စက်မှာအဆင်သင့်စောင့်နေခဲ့သည်။
ထိုကိရိယာတွင် ထိုင်ခုံတစ်ခုရှိနေသဖြင့် ရွမ်းယု ထိုင်လိုက်သည်။ ခေါင်းစွပ်တစ်ခုက သူ့ခေါင်းပေါ်သို့ ကျလာခဲ့သည်။
အသံတစ်ခုက
“ အမည် လန်ရွမ်းယု... ဝိညာဉ်ရေးရာစွမ်းအား အမှတ်... 571.... ထုတ်နိုင်သော ဝိညာဉ်ရေးရာ စွမ်းအား...အမှတ် 612..... “
ထို့နောက် တတိယစက်ထဲသို့ဝင်လိုက်ရသည်။
ထို့နောက် စကြီးမှာစတင်လည်လာတော့သည်။
အရှိန်နှင့် ဟန်ချက်စမ်းသပ်မှု....
ရွမ်းယုသည် ကမ္ဘာကြီးတစ်ခုလုံး အရှိန်ပြင်းစွာ လှည့်ပတ်နေသလို ခံစားလိုက်ရသည်။ သိပ်အဆင်မပြေပေ...
ဤအခိုက်အတန့်တွင် လန်ရွမ်းယုသည် ဆရာရင် အား အလွန်ကျေးဇူးတင်မိသွားသည်။
အာကာသယာဉ်မောင်စဥ်က ဤကဲ့သို့ကြုံဖူးလေသည်။
လင်းရီရီသည် တတိယစက်အပြင်ဘက်တွင် စောင့်နေသည်။ ချန်းလိန်နှင့် လျိုဖိန်တို့ကတော့အန်နေပြီဖြစ်သည်။
“သူ့ရဲ့ ဟန်ချက်ထိန်းတဲ စိတ်က အရမ်းကောင်းတယ်။ တစ်မိနစ်ရှိပြီ။ ပထမအကြိမ်မှာ တစ်မိနစ်ကြာဖို့က မလွယ်ဘူး။ မဆိုးဘူး။”
နှစ်မိနစ်၊ သုံးမိနစ်
လင်းရီရီ ခလုတ် နှိပ်လိုက်ပြီး စက်ကို ရပ်လိုက်သည်။
လန်ရွမ်းယုသည် စက်ထဲမှ ထွက်လာခဲ့သည်။ သူ့မျက်နှာက အနည်းငယ် ဖြူဖျော့နေသော်လည်း ထိုမျှသာ ဖြစ်သည်။
လင်းရီရီက သူ့ကို အန်ဖို့အတွက် ပုံးတစ်ပုံးပေးပြီး
“ဒါ လိုလား”
လန်ရွမ်းယု ခေါင်းယမ်းလိုက်သည်။
“မလိုပါဘူး ကျေးဇူးတင်ပါတယ်”
လင်းရီရီ ပြုံးလိုက်သည်။
“မင်းရဲ့ ဟန်ချက်က မဆိုးဘူး။ ကျန်တဲ့ စာမေးပွဲတွေကို အောင်ရင် အကယ်ဒမီက မင်းကို ဒီထက်ကိုပိုမြင့်တဲ့ စာမေးပွဲကို ဖြေခိုင်းပီး အထူးအမှတ်ပေးနိုင်တယ်။”
လန်ရွမ်းယု ပြုံးလိုက်ကာ
“ကျေးဇူးတင်ပါတယ် ဆရာမ... ကျွန်တော် ကြိုးစားပါ့မယ်။”
“ငါက ဆရာမဟုတ်ဘူး”
“ငါက ဒီတစ်ကြိမ် စာမေးပွဲအတွက်ကြီးကြပ်ရတဲ့သူတစ်ဦးပဲ။ တခြားဘာမှ မရှိဘူးဆိုရင်တော့ စတုတ္ထစက်ကိုသွားမယ်။”
“ဟုတ်”
စတုတ္ထစက်တွင်.....
“မင်းခွန်အားရှိသမျှနဲ့ တိုက်ခိုက်ပါ၊ မင်းရဲ့ခွန်အားသပ်သပ်နဲ့ တစ်ကြိမ်...မင်းရဲ့ တိုက်ခိုက်ရေး စွမ်းရည်အားလုံးနဲ့ တစ်ကြိမ် တိုက်ခိုက်ပါ” အသံက ပဲ့တင်ထပ်သည်။
ခွန်အားသပ်သပ် ဆိုသည်မှာ ဝိညာဥ်စွမ်းအား ကို အသုံးပြုခွင့် မပြုဟု ဆိုလိုခြင်း ဖြစ်သည်။ သို့သော် ယင်းတွင် သွေးသားစွမ်းအားများ ပါဝင်လား......
အနည်းငယ် ငြိမ်သက်သွားပြီးနောက် လန်ရွမ်းယု သည် သူ၏ သွေးသား စွမ်းအားကို အသုံးမပြုရန် ဆုံးဖြတ်ခဲ့သည်။ ဒုတိယအချီမှာတော့ သူ့ရဲ့ စွမ်းရည်အားလုံးကိုသုံးမည်ဖြစ်သည်။
လန်ရွမ်းယု သည် အသက်ပြင်းပြင်းရှူလိုက်သည်။
ထို့နောက် ရှေ့မှစက်ကြီးအား
“ဗွမ်း”
ဘာကြေညာချက်မှမပြပေ...
ထို့နောက်
“ဒုတိယအကျော့အတွက် ပြင်ဆင်ပါ။”
အသံတစ်ခုထွက်လာလေသည်။
Endemd….