← Chapters

အခန်း (၂၂၈+၂၂၉)

Vol. 14 Ch. 228+229

အခန်း (၂၂၈+၂၂၉)

Vol. 14 Ch. 228+229

“ပင်လယ်နတ်ဘုရားရေကန်က ရှီလိုင်ခဲ့အကယ်ဒမီအတွက် အရမ်းအရေးကြီးတယ်။

ပင်လယ်နတ်ဘုရားရေကန်တစ်ဝိုက်ကအဆောက်အဦးတွေက ရှီလိုင်ခဲ့အကယ်ဒမီရဲ့မဟာမိတ်တွေရဲ့ အဆောက်အအုံတွေပဲ... ဝိညာဉ်စေတီတော်တောင် အချိန်အတော်ကြာပြောပြီးမှ ရေကန်ဘေးမှာ မြေကွက်ငယ်တစ်ခုပဲ ရခဲ့တယ်”

“အဲ့ဒီနေရာက အံ့သြစရာကောင်းတယ်ထင်တယ်....အဲ့ဒီကန်မှာ အသက်စွမ်းအင်တွေ အရမ်းများတယ်။”

လန်ရွမ်းယု ပြောလိုက်သည်။

ကျီဟုန်ဘင်းက ရုတ်တရက် အခန်းတံခါးကိုပိတ်ပြီး

“အဲ့ဒီအကြောင်း မင်းကို ငါပြောစရာ ရှိတယ်။ မိခင်ဂြိုလ် ကို ရောက်လာတဲ့အခါ မင်းခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ခံစားရလား “

ကျိဟုန်ဘင်း မေးလိုက်သည် ။

လန်ရွမ်းယု ခေါင်းညိတ်ပြီး

“အင်း...အဲဒီ့အသက်စွမ်းအားတွေကို အဆက်မပြတ်စုပ်ယူနေမိ သလိုပါပဲ၊ အရမ်းသက်တောင့်သက်သာရှိတယ်။ အရင်ကထက် အများကြီးပိုမြန်အောင်ကျင့်ကြံနေရသလိုပဲ”

ကျီဟုန်ဘင်းဝမ်းသာသွားသည် ။

“မင်းမှာ အသက်စွမ်းအားတွေနဲ့ ဆက်နွယ်မှုရှိတယ်ထင်တယ်..... ဒါ့အပြင် အသက်စွမ်းအင်ကို စုပ်ယူနိုင်ခြင်းက မင်းဝိညာဉ်စွမ်းအားကို အားကောင်းစေနိုင်တယ်... အဲ့တာကြောင့် အချိန်မဖြုန်းဘဲ အခုပဲ တရားထိုင်လိုက်။ရသမျှအကုန်သာစုပ်....... “

လန်ရွမ်းယုသည် ဆရာ့စကားကို နားထောင်ပြီးလျင်မြန်စွာ ခေါင်းညိတ်ကာ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တရားထိုင်ရန် ကြိုးစားလိုက်သည်။

လန်ရွမ်းယုသည် ဝိညာဥ်စွမ်းအားများကိုပုံမှန်အတိုင်းလည်ပတ်စီးဆင်းစေကာပတ်ဝန်းကျင်ရှိပသက်စွမ်းအားများကိုစတင်စုပ်ယူလိုက်လေသည်။

သူ၏ ဝိညာဉ်ရေးရာလောကတွင် အစိမ်းရောင်အလင်းအစက်ငယ်များစွာကို ယောင်ဝါးဝါးမြင်လိုက်ရသည်။ ထိုအစိမ်းရောင်အလင်းများသည် သူ၏ရွှေနှင့်ငွေစွမ်းအားထဲသို့ချောမွေ့စွာ ဝင်ရောက်သွားခဲ့သည်။

ထိုအခါ သူ၏ဝိညာဥ်စွမ်းအား လည်ပတ်မှု အရှိန်မှာ တိုးလာခဲ့သည်။

ကောင်းကင်နှင့်မြေကြီးကြားရှိ စွမ်းအင်များကို စုပ်ယူခြင်းဖြင့် ဝိညာဉ်စွမ်းအားများ ကြီးထွားလာတတ်သည်။ ဤနေရာတွင် အသက်စွမ်းအင် အလွန်ကြွယ်ဝပြီး ကောင်းကင်နှင့်မြေကြီးကြားရှိ စွမ်းအင်များကို စုပ်ယူရန် အကောင်းဆုံးဖြစ်သည်။ ကောင်းကင်ဝိညာဥ်ဂြိုလ်တွင်ကျင့်ကြံစဥ်ကကနှင့် နှိုင်းယှဉ်ပါက ဤနေရာတွင် သူ၏ကျင့်ကြံမှူသည် လုံးဝခြားနားကြောင်း လန်ရွမ်းယု ချက်ချင်း ခံစားလိုက်ရသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် သူ၏ ဝိညာဥ်စွမ်းအားအနည်းငယ်တိုးလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားရသည်။

သူသည် ကောင်းကင်ဝိညာဥ်ဂြိုလ် တွင်မရှိပဲ ဝိညာဥ်ကုန်းမြေဂြိုလ်တွင် ကျင့်ကြံခဲ့ပါက ဤအဆင့်တွင်သာ ရှိလိမ့်မည်မဟုတ်ဟု အလိုလိုတွေးလိုက်မိသည်။ သူသည် သူ၏ စတုတ္ထဝိညာဥ်ကွင်းကိုပင်ရ ရှိနေနိုင်သည် ။

“အာရုံစိုက်ပါ၊ မင်းစိတ်တွေကို မပျံ့လွင့်ပါစေနဲ့။”

ကျီဟုန်ဘင်း၏အသံသည် သူ၏ဝိညာဉ်ရေးရာလောကတွင် တိုက်ရိုက်ပဲ့တင်ထပ်သွားသည်။

ကျီဟုန်ဘင်းသည် ရွမ်းယုခန္ဓာကိုယ်အတွင်း ရှိပြောင်းလဲမှုများကို ဆက်လက်စစ်ဆေးနေခဲ့သည်။

ကျီဟုန်ဘင်းသည် အခန်းထဲသို့အသက်စွမ်းအင်များ ဝင်လာသည်ကို ခံစားလိုက်ရသည်။ ပင်လယ်နတ်ဘုရားရေကန်အနားတွင်သာရရှိနိုင်သောအတိုင်းအတာနှင့် နီးကပ်နေပြီဖြစ်သည်။

လန်ရွမ်းယုသည် အသက်စွမ်းအားများကိုအဆက်မပြတ်စုပ်ယူနေခဲ့သည်။

မည်မျှပင်ကြာသွားသည်မသိ လန်ရွမ်းယု၏အရိုးများမှ ရုတ်တရက် အသံများထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှလည်း ရွှေရောင်နှင့် ငွေရောင်အလင်းများ ပေါ်လာလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ဘယ်ဘက်လက်ကို ငွေရောင်နွယ်များဖြင့် ဖုံးအုပ်ထားပြီး ညာဘက်လက်ကို ရွှေရောင်နွယ်များဖြင့် ဖုံးအုပ်ထားသည်။ လန်ရွမ်းယု၏ခန္ဓာကိုယ်မှထုတ်လွှတ်သောသွေးသားအငွေ့အသက်များသည်လည်းအဆက်မပြတ်ပြောင်းလဲနေသည်။

ကျီဟုန်ဘင်း မျက်မှောင်ကြုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် လန်ရွမ်းယု တွင် မည်သည့်သွေးသားရှိသည်ကိုသူမသိသောကြောင့်ဖြစ်သည်။

ရွမ်းယု၏ အရိုးများသွေးကြောမှာရုတ်တရက်ကြီးထွားလာလေသည်။ ရှင်းလင်းစွာပြောရပါက လန်ရွမ်းယုပိုအရပ်ရှည်လာခဲ့သည်။

လန်ရွမ်းယု ချွေးများစိမ့်ထွက်နေပြီး သူ့ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်ခါလာသည်။ သူ့ရင်ဘတ်ပေါ်တွင် ရွှေရောင် နှင့်ငွေရောင် သွေးကြောများ ပိုမိုရှင်းလင်းစွာပေါ်လာပြီး အလယ်ဗဟိုသို့ တဖြည်းဖြည်းရွေ့လျားလာခဲ့သည်။

လန်ရွမ်းယုတစ်ကိုယ်လုံးနာကျင်နေသော်လည်း အသံမထွက်နိုင်ပေ။

မျက်နာတွင်နာကျင်မှုအရိပ်အယောင်များပေါ်လာခဲ့သည်။

ထိုအခါ ကျီဟုန်ဘင်း အလွန်ပင် စိုးရိမ်သွားခဲ့သည်။

ငါဘာလုပ်ရမလဲ? ငါဘာလုပ်သင့်လဲ?

ယခုအချိန်တွင် သူဝင်ရောက်စွက်ဖက်လိုက်ပါက လန်ရွမ်းယု၏တိုးတက်နေမှုများထိခိုက်သွားနိုင်သည်။ ထို့ပြင်လန်ရွမ်းယု၏သွေးသားကိုသးမသိပေ။ ထို့ကြောင့် သူမဝင်ရဲဖြစ်နေလေသည်။

ထိုအချိန်တွင် လန်ရွမ်းယုကိုယ်ပေါ်တွင် သက်တံ့ရောင်အလင်းများ ပေါ်လာခဲ့သည်။

ထိုအချိန်တွင် အရာအားလုံး ငြိမ်သက်သွားကာ နဂါးဟိန်းသံတစ်ခုကို ကျီဟုန်ဘင်းကြားလိုက်သည်ဟု ထင်လိုက်သည်။

Endemd…..

All Chapters