Chapters

အခန်း (၂၂၇)

Vol. 14 Ch. 227

အခန်း (၂၂၇)

Vol. 14 Ch. 227

အဆောက်အအုံများသည် ကြီးမားပြီး အလွန်ဆွဲဆောင်မှုရှိသည်။

ဘတ်စကားသည် ထိုလမ်းတစ်ခုသို့ ရောက်သောအခါ အဆောက်အဦးတစ်ခုတွင် စကားလုံးနှစ်လုံးကို ရုတ်တရက်တွေ့လိုက်ရသည်။

“ထန်ဂိုဏ်း!”

ထန်ဂိုဏ်း? ဒါက ထန်ဂိုဏ်းရဲ့ ဌာနချုပ်လား....

ထိုအရာကို လန်ရွမ်းယု တစ်ယောက်တည်း မဟုတ် လူတိုင်းနီးပါးတွေ့လိုက်ရကာ ကြည့်နေကြသည်။

“ဟုတ်တယ်...အဲ့ဒါက ထန်ဂိုဏ်း။ ထန်ဂိုဏ်းဌာနချုပ်ပဲ”

ချန်းလိန် စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ရှီလိုင်ခဲ့အကယ်ဒမီသည် ကမ္ဘာပေါ်တွင် ထိပ်ဆုံးအကယ်ဒမီဟု ဆိုပါက ထန်ဂိုဏ်း သည် ကမ္ဘာပေါ်တွင် ထိပ်ဆုံးဂိုဏ်းဖြစ်သည်။

ပို၍အရေးကြီးသည်မှာ ထိုထိပ်ဆုံးအကယ်ဒမီနှင့် ထိပ်ဆုံးဂိုဏ်းသည် ပုံစံအမျိုးမျိုးဖြင့် အပြန်အလှန်ဆက်နွယ်နေသည်။

ဖက်ဒရယ်အစိုးရပင် သူတို့ကို မစော်ကားရဲပေ...

သူတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အကယ်ဒမီနှင့်ဂိုဏ်းဖြစ်လေသည်။

မည်သည့်နိုင်ငံရေးတွင်လည်း မပါဝင်ခဲ့ကြပေ။ သီးခြားနေခဲ့ပြီး ကြားနေခဲ့သည်။ စစ်နတ်ဘုရားခန်းမနှင့် ဝိညာဉ်စေတီတော်တို့သည်သာ ထိုနှစ်ခုကိုရင်ဘောင်တန်းနိုင်လေသည်။

သူတို့ လိုရာခရီးကို ရောက်ပြီဖြစ်သည်။

ရှီလိုင်ခဲ့အကယ်ဒမီ သည်ရှေးဟောင်းအဆောက်အဦများဖြင့်ပြည့်နှက်နေသောနေရာတစ်ခုဖြစ်သည်။

ထိုအချိန်တွင် ကားခေါင်းခန်းတွင်ထိုင်နေသော လင်းရီရီသည် မတ်တပ်ထရပ်လိုက်သည်။

“ကောင်းကင်ဝိညာဥ်ဂြိုလ်က ကျောင်းသားများနှင့် ဆရာ... ဆရာမများ၊ ရှီလိုင်ခဲ့အကယ်ဒမီကို မကြာမီ ရောက်ရှိပါတော့မယ်။ နောက်ပိုင်းမှာတော့ အားလုံးပဲ အကယ်ဒမီဧည့်ရိပ်သာမှာ အနားယူနိင်ပါတယ်။ ပထမစမ်းသပ်မှုကို မနက်ဖြန်နံနက်မှာ စတင်ပါမယ်။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်မှာဖစ်ပီး ကျောင်းသား တစ်ဦးစီရဲ့ ဝိညာဉ်ရေးရာစွမ်းအားအပါအဝင် အရာအားလုံး အသေးစိတ်စစ်ဆေးမှာဖြစ်ပါတယ်....ဒါကြောင့် ကျေးဇူးပြုပြီး ကောင်းကောင်းအနားယူပြီး မနက်ဖြန်မှာ အကောင်းဆုံးတွေချပြနိုင်အောင် ပြင်ဆင်ထားကြပါ”

ဘတ်စ်ကားသည် ဂိတ်ပေါက်အတွင်းသို့ ဝင်သွားပြီးနောက် ရှီလိုင်ခဲ့အကယ်ဒမီ၏ ကိုယ်ပိုင်သီးသန့်တည်းခိုဆောင်ဖြစ်သည့် အထပ်မြင့်အဆောက်အအုံတစ်ခုစီသို့ခေါ်သွားခဲ့သည်။

ထို့ထက် ပိုအရေးကြီးသည်မှာ အကယ်ဒမီသို့ ဝင်ရောက်ပြီးနောက် လန်ရွမ်းယုသည် ဤနေရာတွင် အသက်စွမ်းအင်များ ပြင်ပထက် ပိုမိုကြွယ်ဝကြောင်း ရှင်းရှင်းလင်းလင်း သိခဲ့သည်။ နေရာထိုင်ခင်းများကို စနစ်တကျ ပြင်ဆင်ပြီး အခန်းတွေကို ခွဲဝေပေးလေသည်။

နှစ်ယောက်တစ်ခန်းဖြစ်လေသည်။ လန်ရွမ်းယုသည် ကျီဟုန်ဘင်းနှင့်အတူနေရပြီ....လျိုဖိန်နှင့် ချန်းလိန်ကတစ်ခန်းနေရလေသည်။

“အားလုံးပဲ စောစောအိပ်ကြပါ”

“ဒီတည်းခိုဆောင်ရဲ့ စားသောက်ဆိုင်မှာလည်း အကယ်ဒမီက အစားအသောက်တွေပြင်ဆင်ထားပေးပါတယ်..”

ထိုသို့ပြောပြီးနောက် သူမ ထွက်သွားခဲ့သည်။

အခန်းထဲတွင်....

“ဆရာ..ကျနော်တို့ ပင်လယ်နတ်ဘုရားရေကန် ကို သွားကြည့်လို့ရလား?”

ကျီဟုန်ဘင်း ခေါင်းယမ်းလိုက်သည်။

“မရဘူး၊ ရှီလိုင်ခဲ့အကယ်ဒမီရဲ့ခွင့်ပြုချက်မရှိဘဲ ပင်လယ်နတ်ဘုရားရေကန်ကို သွားဖို့နေနေသာသာ ဒီတည်းခိုဆောင်ကနေတောင် ထွက်သွားလို့မရဘူး။ ရှီလိုင်ခဲ့အကယ်ဒမီက ကျောင်းသားတွေပဲ ထိုနေရာကို သွားခွင့်ရှိတယ်။”

Endend…..