အခန်း (၂၂၆)
Vol. 14 Ch. 226
ကျောင်းသားများသာမက ဆရာများပင် ကြည့်လိုက်ကြသည်။ တိမ်တွေကြားအထိရောက်နေသော တိုင်လုံးကြီးတစ်ခုကို စတင်တွေ့လိုက်ရသည်။ ထိုကောင်းကင်တိုင်ကြီး၏ခြေရင်း၌ ဧရာမအပြာရောင်အိုင်ကြီးတစ်ခုရှိလေသည်။
ထိုရေကန်ပတ်လည်တွင်အဆောက်အဦးများရှိလေသည်။ ထိုအရာကတော့ ရှီလိုင်ခဲ့အကယ်ဒမီပင်ဖြစ်လေသည်။ အလယ်ရှိကြီးမားသောရေကန်ကြီးသည် ပင်လယ်နတ်ဘုရားရေကန်ပင်ဖြစ်လေသည်။ ပင်လယ်နတ်ဘုရားထန်စန်းကိုအစွဲပြုကပေးထားခြင်းဖြစ်လေသည်။ အလယ်တွင်တွေ့ရသော ထိုသစ်ပင်ကြီးမှာ ဝိညာဥ်ကုန်းမြေဂြိုလ်၏ သက်ရှိရင်းမြစ်ဟု ဆိုထားသည့် ထာဝရသစ်ပင်ပင်ဖြစ်သည်။
ကျီဟုန်ဘင်း အပြင်ဘက် ရှုခင်းကို ကြည့်ရင်း သူ့လက်သီးများကို တင်းတင်းဆုပ်ကိုင်မိသည်။
‘ပြန်ရောက်ပြီ... နောက်ဆုံးတော့ ပြန်ရောက် ပြီ!’
“ရှီလိုင်ခဲ့... အဲ့ဒါက ရှီလိုင်ခဲ့အကယ်ဒမီပဲ။ အဲဒါက အရမ်းလှတာပဲ!”
လန်ရွမ်းယုလည်း ကြည့်လိုက်သည်။ ကောင်းကင်မှ လှမ်းမြင်နေရသော ရှီလိုင်ခဲ့အကယ်ဒမီသည် အလွန်ကြီးမားပြီး အပြာရောင်ရေကန်ကြီးသည် ရင်သပ်ရှုမောဖွယ်ကောင်းသည်။ ပိုထူးခြားသည်မှာ မြင့်မားလှသော ထာဝရသစ်ပင်ပင်ဖြစ်သည်။
ထာဝရသစ်ပင်ကို မြင်လိုက်ရသောအခါ လန်ရွမ်းယု၏ မျက်လုံးများတွင် ရင်းနှီးသော ခံစားချက်များ ရုတ်တရက် ပေါ်လာသည်။ ထို့နောက်အသက်စွမ်းအားများ သူ့ကိုယ်ထဲသို့ဝင်လာကာအပူများထွက်လာသည်။
သူ့ဘေးတွင် ထိုင်နေသော ပင်းထျန်းလိန် နှင့် ချန်းလိန်တို့ပင် သူ့ခန္ဓာကိုယ်မှ အပူများ ထွက်လာသည်ကို ခံစားရသည်။
“ရွမ်းယု မင်းအဆင်ပြေရဲ့လား?”
ချန်းလိန် တိုးတိုးလေးမေးလိုက်သည်။
လန်ရွမ်းယု ခေါင်းညိတ်ပြလိုက်သည်။
ဝိညာဉ်ကုန်းမြေကိုရောက်ကတည်းက သူ့ဝိညာဥ်စွမ်းအားမှာသိသိသာသာတိုးလာနေလေသည်။
“ ရှီလိုင်ခဲ့မြို့ မှ ကြိုဆိုပါတယ်။ အခုရောက်နေတာကတော့ ရှီလိုင်ခဲ့အကယ်ဒမီ တည်ရှိရာ ရှီလိုင်ခဲ့မြို့ဖြစ်ပြီး... မြို့အရှေ့ဘက်မှာ ဝိညာဥ်စေတီတော်ရဲ့ဌာနချုပ်တည်ရှိပါတယ်”
လေယာဥ်ကွင်းမှဆင်းသောအခါ ရှီလိုင်ခဲ့အကယ်ဒမီမှ ဘတ်စ်ကားတစ်စင်းစောင့်နေလေသည်။ကား တံခါးပွင့်လာကာ လူတစ်ယောက်ထွက်လာခဲ့သည်။ ထိုလူကတော့ ရွမ်းယုတို့ရင်းနှီးသော လင်းရီရီပင် ဖြစ်သည်။
လင်းရီရီ လည်း သူ့ကိုမြင်ပြီး ချိုသာစွာပြုံးပြသည်။
“အားလုံးကို ရှီလိုင်ခဲ့အကယ်ဒမီက ကြိုဆိုတယ်။ ကျေးဇူးပြုပြီး ငါနဲ့အတူ ဘတ်စ်ကားပေါ်တက်ကျပါ။ “
ဘတ်စ်ကားသည် ခရီးသည် ၅၀ တပြိုင်နက် စီးနင်းနိုင်သည်။
သို့သော် ယခုစုစုပေါင်း ကျောင်းသား အယောက် ၃၀ ရှိပြီး ဆရာများ အပါအဝင် လူပေါင်း ၄၀ ပင် မပြည့်သောကြောင့် ဘတ်စ်ကားတွင် ထိုင်ခုံများပိုနေသည်။
လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းခန့်က မူလရှီလိုင်ခဲ့အကယ်ဒမီသည် တစ်ကြိမ် ဖျက်ဆီးခံခဲ့ရပြီး လက်ရှိ ရှီလိုင်ခဲ့အကယ်ဒမီကို ပြန်လည်တည်ဆောက်ခဲ့သည်ဟု ဆိုကျသည်။ ဖြစ်ပျက်ခဲ့သည်များကို အတိအကျမှတ်တမ်းများ မရှိပေ...
Endend…..