အခန်း (၂၂၃)
Vol. 14 Ch. 223
ကောင်းကင်ဝိညာဥ်ဂြိုလ်....
လန်ရွမ်းယု၏နေအိမ်.....
“ကျွန်မတို့သားလေးက မိခင်ဂြိုလ်ကိုသွားပြီ...ဒီလို တစ်နေ့နေ့မှာ ငါ့သားက ရှီလိုင့်အကယ်ဒမီမှာ ဝင်ခွင့်ဖြေနိုင်လိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး။”
နန်ချိန်ပြောလိုက်သည်။
လန်ရှောင်း က
“သူသာ အဲဒီနေရာကိုဝင်နိုင်ရင်...သူ့အနာဂတ်ကအရမ်းတောက်ပသွားမှာပဲ”
“ ငါတို့သားရဲ့လျှို့ဝှက်ချက်ကို သူတို့ ဖော်ထုတ်နိုင်မယ်လို့ မင်းထင်လား။ အဲဒါက ရှီလိုင်ခဲ့အကယ်ဒမီလေ!”
လန်ရှောင်း ခေါင်းခါလိုက်ပြီး
“အဲ့လိုဆိုရင်တောင် သူတို့က ဘယ်လုပ်နိုင်မှာလဲ။ ငါတို့သားက ဘာအမှားမှမလုပ်ထားဘူး။ ဝိညာဉ်သားရဲတွေနဲ့လူတွေက ငြိမ်းချမ်းရေးယူထားပြီးသာ... ငါ့သားရဲ့အခြေအနေကိုလည်း ဒီနှစ်တွေတစ်လျှောက်လုံး လေ့လာနေခဲ့တာ…”
“ဝေ့မနေနဲ့ တည့်တည့်ပြော”
လန်ရှောင်းက
“ရွမ်းယုက ဥကနေ မွေးလာတာပဲ၊ ဒါက သာမန်လူသားကလေးမွေးတဲ့ပုံစံတော့ မဟုတ်ဘူး။ ဒါပေမဲ့ စစ်ဆေးမှုအားလုံးက သူက လူသားတစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့တယ်။ ဒါဆိုရင် ဖြစ်နိုင်ချေက တစ်ခုပဲ ရှိတယ်။ သူ့မိဘထဲမှ တစ်ဦးက နှစ်တစ်သိန်း ဝိညာဉ်သားရဲဖြစ်ပြီးတော့ နောက်တစ်ယောက် လူသားပဲ.... ဒါမှသာ သူတို့ဒီလို သားလေးမွေးနိုင်မှာ”
နန်ချိန် ၏မျက်လုံးများသည် ထိတ်လန့်တကြားပြူးကျယ်သွားသော်လည်း သူမသည် ရှေးဝိညာဉ်သားရဲများကို သုတေသနပြုသောသူဖြစ်သောကြောင့် သူမ၏ခင်ပွန်းပြောသည့်စကားမှာ ဖြစ်နိုင်ချေရှိသည်ကို ချက်ချင်းသဘောပေါက်ခဲ့သည်။
“ဒါဆို ဝိညာဉ်သားရဲက ဘယ်လိုအကောင် လို့ထင်လဲ။ ”
လန်ရှောင်း က ရှိုက်ကြီးတငင် ပြုံးလိုက်ပြီး
“ငါလည်း သေချာမသိဘူး။ အဖေက ရွှေငွေစွမ်းအားရှိတဲ့ ဝိညာဉ်သားရဲလာ....သူ့အမေက ငွေပြာမြက်သိုင်းဝိညာဥ်ရှိတဲလူလာ.... ဒါပေမဲ့ ငွေပြာမြက်လိုအသုံးမဝင်တဲ့သိုင်းဝိညာဥ်ရှိတဲ့ဝိညာဥ်မာစတာက နှစ်တစ်သိန်း ဝိညာဉ်သားရဲကိုဘယ်လိုဆွဲဆောင်နိုင်မှာလဲ”
နန်ချိန်က “အဲ့ဒါကို မတွေးပဲနေကြရအောင်။ ဘာပဲဖြစ်ဖြစ် သူက ငါ့တို့သားပဲ...အဲ့တာဆို လုံလောက်တယ်။ သူက ငါ့သားလေးပဲ။ ရှီလိုင်ခဲ့အကယ်ဒမီမှာ သူဘေးကင်းနေသရွေ့ ငါကျေနပ်တယ်။”
………..
အာကာသယာဉ်သည် ဝိညာဉ်ကုန်းမြေဂြိုလ် ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်ခဲ့သည်။
ဝိညာဉ်ကုန်းမြေဂြိုလ်၏ အကြီးဆုံးမြို့တော်.
မင်မြို့.......
“မကြာခင် တံခါးတွေဖွင့်ပါတော့မယ်။ ကျေးဇူးပြုပြီး ငြိမ်သက်ပေးကြပါ”
ဝန်ထမ်းများကကြေညာလေသည်။
ထိုနောက် အာကာသယာဉ်၏တံခါးမှာ ဖြည်းညှင်းစွာပွင့်လာလေသည်။
လတ်ဆက်သောလေများဝင်လာကာ လူတိုင်း လန်းဆန်းသွားသည်။ ထို့နောက် အရာတစ်ခုလည်းဝင်လာလေသည်။
ဒါက…
အသက်စွမ်းအင်တွေလား...?
လန်ရွမ်းယု သည် လေထုထဲရှိ အရာများကို ချက်ချင်း ခံစားလိုက်ရသည်။
အသက်စွမ်းအင်များစွာရှိနေလေသည်။ ဤနေရာရှိ လေထုသည် အသက်စွမ်းအင်များဖြင့် ပြည့်နှက်နေကာ သူ့ခန္ဓာကိုယ်အတွင်းရှိ ရွှေငွေစွမ်းအားများမှာ ပိုမိုမြန်ဆန်စွာ လှည့်ပတ်နေခဲ့သည်။ အထူးသဖြင့် ရွှေရောက်စွမိးအားများမှာ အသက်စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူနေခဲ့သည်။
ကျီဟုန်ဘင်းသည် လန်ရွမ်းယု၏နောက်တွင်ထိုင်နေလေသည်။ မိခင်ဂြိုဟ်မှ အသက်စွမ်းအင်များကိုသူလည်း ခံစားရသည်။
ထို့နောက် သူ့ရှေ့တွင် လှုပ်ရှားမှုအချို့ ရှိနေသည်ကို ရုတ်တရက် သိလိုက်ရသည်။
သူ၏ အဖိုးတန်တပည့်သည် ပတ်ဝန်းကျင်ရှိ အသက်စွမ်းအင်များကို အခြားသူများထက် သိသိသာသာ ပမာဏကြီးမားစွာစုပ်ယူသွားသည်ကို တွေ့လိုက်ရသည်။ ထိုစွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်စုပ်ယူနေသည်။
အသက်စွမ်းအင်နဲ့ဆက်နွယ်နေတာလား.....
ကျီဟုန်ဘင်း ချက်ခြင်းပင်တွေးလိုက်မိသည်။ ဒါက ရှားရှားပါးပါး အခြေအနေပဲ....!
အချို့ဝိညာဥ်မာစတာများသည် သူတို့၏ထူးခြားသောကိုယ်ခန္ဓာကြောင့် အသက်စွမ်းအင်များနှင့် အလွန်ခိုင်မာသော ဆက်နွယ်မှုတတ်သည်။
ရွမ်းယုမှာယခုတော့ထိုလူများထဲမှတစ်ယောက်ဖြစ်နေလေသည်။
အသက်စွမ်းအင်နှင့် လိုက်လျောညီထွေရှိခြင်းသည် ရှီလိုင်ခဲ့သို့ဝင်ရောက်ရန် ဘောနပ်စ်အမှတ်ဖြစ်လာမည်မှာ သေချာသည်။
ကျီဟုန်ဘင်းသည် လန်ရွမ်းယု ၏ ဝိညာဉ်စွမ်းအားတိုးတက်မှုပြဿနာအတွက် စိုးရိမ်နေသော်လည်း အသက်စွမ်းအင်နှင့် ဆက်စပ်နေပုံကိုသိလိုက်ရသောအခါ ထိုပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းသိလိုက်သည်။
Endend….