Chapters

အခန်း (၂၂၁+၂၂၂)

Vol. 14 Ch. 221+222

အခန်း (၂၂၁+၂၂၂)

Vol. 14 Ch. 221+222

အနာဂတ်တွင် သူ့အား စစ်ဆေးမှုပြုလုပ်ပြီး သူ့တွင် စိတ်ဝိညာဉ်မရှိသည်ကို သိရှိသွားပါက ပြဿနာဖြစ်လာမည်ဖြစ်သည်။ အနည်းဆုံးတော့ ယခုရွှေမျောက်ဝံအား စိတ်ဝိညာဥ်အဖြစ်ပြောနိုင်လေသည်။ ထို့အပြင် ရွှေပိုးမျောက်ဝံသည် ရွှေမျက်လုံးကျားသစ်၏စွမ်းရည်ကိုလည်းရထားလေသည်။ ထို့ကြောင့် ဤမျောက်ဝံလေးကြီးပျင်းလာပါက အမှန်တကယ်အသုံးဝင်မည်ဖြစ်သည်။

“ကောင်းပြီ... ပြန်သွားတော့”

ရွမ်းယု ရွှေပိုးမျောက်ဝံကိုပြန်သိမ်းလိုက်လေ သည်။ ရွှေပိုးမျောက်ဝံအတွက် နာမည်တစ်ခုလည်းစဥ်းစားထားပြီးဖြစ်သည်။

ရွှေနတ်ဆိုး......

“မင်းရဲ့ စိတ်ဝိညာဉ်က အားနည်းပုံပဲ။ ဒါပေမဲ့ငါတို့ စိတ်ဝိညာဉ်တွေကလည်း အားနည်းပါတယ်။

ဒါပေမယ့်ငါတို့အတွက် သင့်လျော်တဲ့ဝိညာဥ်ကွင်းတွေကို ပေးနိုင်သရွေ့တော့ သူတို့ကိုသုံးနေရဦးမှာပဲ”

ချန်းလိန်ပြောလိုက်လေသည်။

“မင်းတို့ပြန်လာကြပြီလား”

ကျီဟုန်ဘင်း ဝင်လာခဲလေသည်။

သူတို့သုံးယောက်ရဲ့ပျော်ရွှင်မှုများသည် ဆရာကျီကိုမြင်သောအခါ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

“သွားကြရအောင်.... အချိန်ကတန်ဖိုးကြီးတယ်...သွားလေ့ကျင့်ကြမယ်…”

ဝမ်းနည်းစရာ အိပ်ခန်း ၃၃၃ ရှိကလေးသုံးယောက်သည် သူတိူ့၏ကျန်ရက်များကို လေ့ကျင့်မှုများနှင့်သာ ကုန်ဆုံးခဲ့ရသည်။

အာကာသယာဥ်ပေါ်တွင်.......

ကောင်းကင်ဝိညာဥ်အကယ်ဒမီမှလူလေးဦးယာဥ်ပေါ်တွင်ထိုင်နေလေသည်။ ထိုသူများမှာ

လန်ရွမ်းယု....ချန်းလိန်....လျိုဖိန်နှင့်ကျီဟုန်ဘင်းတို့ပင်ဖြစ်ကြလေသည်။

ပင်ထျန်းလိန်တို့သည်လည်း သူတို့နှင့်မနီးမဝေးခုံတွင်ထိုင်နေကြလေသည်။

ကောင်းကင်ဝိညာဥ်အကယ်ဒမီနှင့် လင်းထျန်းအကယ်ဒမီမှ ကျောင်းသားများသာ ယခူအာကာသယာဥ်၏ ဒုတိယတန်းစား အခန်းအတွင်း ထိုင်နေလေသည်။ အခြားကျောင်းသား များသည် သာမာန်ထိုင်ခုံများတွင်သာထိုင်ကြရ သည်။

လန်ရွမ်းယုသည် ယခုအချိန်တွင် ဝိညာဉ်စွမ်းအားအဆင့်၂၁သို့ရောက်နေပြီဖြစ်သည်။ ကျီဟုန်ဘင်း၏လေ့ကျင့်များအောက်တွင်သူ့စွမ်းအားများတိုးလာလေသည်။ အဆင့် ၂၁သာ ရှိပါသေးသောသူသည် ရှီလိုင်ခဲ့ကိုသွားနေသည့် ကျောင်းသားအားလုံးတွင် အညံ့ဆုံးဖြစ်မည်မှာသေချာသည်။

လန်ရွမ်းယု သက်ပြင်းချလိုက်မိသည်။

ရှီလိုင်ခဲ့အကယ်ဒမီသို့ ဝင်နိုင်ခဲ့ပါက သူ့၏ဝိညာဥ်စွမ်းအားကို ကို မြန်မြန်ဆန်ဆန် တိုးစေရန် နည်းလမ်းရှာရမည်ဖြစ်သည်။ သိူ့မဟုတ်ပါက သူသည် တိုက်ပွဲသံချပ်ကာမာစတာမဖြစ်နိုင်တော့ပဲ အာကာသယာဉ်ထိန်းချုပ်ရေးမာစတာဖြစ်လာနိုင်လေသည်။

ယခု အာကာသယာဉ်သည် ဝိညာဥ်မာစတာများ၏ မူလအစဖြစ်သော မိခင်ဂြိုဟ် ဝိညာဥ်ကုန်းမြေ ဆီသို့ ဦးတည်သွားနေခဲ့သည်။

ခရီးစဥ်အတွင်း လန်ရွမ်းယု တရားသာထိုင်နေခဲ့ သည်။ လျိုဖိန်နှင့်ချန်းလိန်တို့မှာလည်းထိုအတူသာ....

အချိန်အတော်ကြာပြီးနောက်...

“တီ...တီ”

ခရီးသည်များ နိုးလာကြသည်။ အာကာသယာဉ်ရှိလူတိုင်းသည် မိမိတို့သွားမည့်နေရာသို့ ရောက်ရှိလာတော့မည်ကို သိလိုက်ကြသည်။

အပြာရောင် ဂြိုဟ်တစ်လုံး ပေါ်လာသည်ကို ချက်ချင်းတွေ့လိုက်ရသည်။

ဝိညာဉ်ကုန်းမြေဂြိုလ်၏ ဧရိယာအများအပြား ကို သမုဒ္ဒရာများဖြင့် ဖုံးလွှမ်းထားသည်။

ဝိညာဉ်ကုန်းမြေဂြိုလ်တွင် ဝိညာဥ်ကုန်းမြေ....ကြယ်တာယာကုန်းမြေ နှင့် ကောင်းကင်ဝိညာဥ်ကုန်းမြေ ဟူ၍ အဓိကတိုက်ကြီး သုံးခုရှိလေသည်။

ထို့အပြင် နန်ချိန်သည် လန်ရွမ်းယုအား ဝိညာဥ်ကုန်းမြေတွင်မွေးဖွားခဲ့ကြောင်း ရွမ်းယုအားပြောပြခဲ့သည်။

ဒီနေရာမှာ သူမွေးခဲ့တယ်...

မိခင်ဂြိုလ်ပေါ်တွင် နေထိုင်မှုစရိတ်သည် ဂြိုဟ်အားလုံးတွင် အမြင့်ဆုံးဖြစ်သည်။

ဘာကြောင့်မှန်းမသိသော်လည်း တဖြည်းဖြည်းနီးလာနေတဲ့ ထိုဂြိုလ်ကြီးကိုမြင်လိုက်ရသောအခါ သူ့နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုပေါ်လာလေသည်။

ဒီနေရာကို သူတကယ်ကြိုက်နေလေသည်။

ယာဥ်သည် မိခင်ဂြိုလ်၏ လေထုအလွှာအတွင်းသို့ စတင်ဝင်ရောက်လာခဲ့ကြသည်။

‘မိခင်ဂြိုဟ်၊ ငါလာပြီ’

Endend…..