Chapters

အခန်း (၂၂၀)

Vol. 14 Ch. 220

အခန်း (၂၂၀)

Vol. 14 Ch. 220

လန်ရွမ်းယုတို့အဖွဲ့သည်အကယ်ဒမီသို့ပြန်လာခဲ့သည်။

သူတို့၏ဝိညာဥ်ကွင်းများပြောင်းလဲမိကိုသိခြင်နေကြပြီဖြစ်သည်။

ချန်းလိန် ဆင့်ခေါ်ခြင်းဒင်္ဂါးပြားကို ထုတ်ကာ ဝိညာဥ်ကွင်းများကိုထုတ်လိုက်သည်။

ခရမ်းရောင် ဝိညာဉ်ကွင်းနှစ်ကွင်း.....

ချန်းလိန်၏ဝိညာဥ်ကွင်းများသည် နှစ်တစ်ထောင်အဆင့်သို့ရောက်သွားပြီဖြစ်သည်။

လျိုဖိန်လည်း အတူတူပင် ဖြစ်သည်။

ခရမ်းရောင်ဝိညာဉ် နှစ်ကွင်း သူ့ခြေရင်းမှပေါ်လာလေသည်။

လန်ရွမ်းယုသည် သူ၏ ရွှေနှင့် ငွေရောင် ငွေပြာ မြက်တို့ကို ထုတ်လိုက်သည်။

သို့သော်လည်း......

“ဘာဖြစ်တာလဲ? ငါတို့နှစ်ယောက်စလုံး အဆင့်တက်သွားတယ်၊ မင်းရဲ့ ဝိညာဉ်ကွင်းတွေက ဘာလို့ နှစ် 100 အဆင့်ပဲ ရှိသေးတာလဲ “

ချန်းလိန် အံ့သြစွာမေးလိုက်သည်။

လန်ရွမ်းယုက အေးဆေးတည်ငြိမ်စွာ

“ငါက အမွှာသိုင်းဝိညာဥ်သမားဆိုတော့ ကွင်းတွေများတယ်လေ....အဲ့ကြောင့်စွမ်းအားတွေ ခွဲဝင်သွားတော့.....အဆင့်မတက်သွားတာနေမယ်......”

လန်ရွမ်းယုသည် ယခုအခြေအနေကိုမှန်းဆပြီးသားဖြစ်သည်။

ဝိညာဥ်တက်ပလက်ဖောင်းမှစွမ်းအားများသည် သူ၏ ရွှေနှင့်ငွေ သွေးသားစွမ်းအင်များကိုသာတိုးလာစေ သည်။

သို့သော် ထိုစွမ်းအားများသည် ဝိညာဉ်ကွင်းများ အတွင်းသို့ မ၀င်ရောက်ခဲ့ပေ။

ထို့ကြောင့် သူ၏ဝိညာဥ်ကွင်းများကို ဝိညာဥ်တက်ပလက်ဖောင်းတွင်အဆင့်မမြှင့်နိုင်ကြောင်းသူသိလိုက်သည်။

သို့သော် တတိယကွင်းရပါကအရောင်ပြောင်းသွားနိုင်လေသည်။

ချန်းလိန်နှင့်လျိုဖိန်တို့ နှစ် 1000 ဝိညာဉ်ကွင်းများကို မနာလိုဖြစ်မိသော်လည်း ဘာမှမတက်နိုင်ပေ။ ထို့အပြင် သူ့တွင် အရာတစ်ခု ရှိသေးသည်ကိုသူခံစားနေရသည်။

“နေပါဦး”

လန်ရွမ်းယုသည် သူ့ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ရာကို ရှာဖွေရန် ကြိုးစားလိုက်သည်။

ထို့နောက် သူရှာတွေ့သွားခဲ့သည်။ ထိုအရာကိုအပြင်သို့ဆွဲထုတ်လိုက်လေသည်။

ရွှေမျောက်လေးတစ်ကောင် .....

ရွမ်းယုရှေ့တွင်ပေါ်လာလေသည်။

“အဲ့တာဘာလဲ?”

“ဒါက မင်းရဲ့စိတ်ဝိညာဉ်လား”

ချန်းလိန်ကစပ်စုလေသည်။

လန်ရွမ်းယု သည် သူ့တွင် စိတ်ဝိညာဉ်မရှိသည်ကို ရှင်းရှင်းလင်းလင်းသိသော်လည်း ချန်းလိန်စကားကို ရှင်းပြချင်းမရှိပေ။

“အင်းးးငါ့စိတ်ဝိညာဥ်ထင်တယ်.. အဲ့ကောင်နည်းနည်း ကြီးလာပုံရတယ်....အဲဒါကိုကြည့်ဖို့ ထုတ်လိုက်တာ...”

လန်ရွမ်းယုပြုံးလိုက်သည်။ သူ၏ ဝိညာဉ်ရေးရာစွမ်းအားမှတစ်ဆင့် ဒီမျောက်ငယ်လေး ဘယ်ကလာတယ်ဆိုတာ သူသိနိုင်သည်။ ၎င်းသည် ပင်းထျန်းလိန်တို့အဖွဲ့ကို တိုက်ခိုက်ခဲ့သော ရွှေပိုးမျောက်ဝံပင်ဖြစ်သည်။

ယခုအခါတွင်ရွှေပိုးမျောက်ဝံသည် ဆယ်နှစ်သားအဆင့်သာရှိတော့လေသည်။ ထိုပုံရိပ်ကမ္ဘာထဲမှ သူ့နောက်သို့လိုက်လာပုံရသည်။

ဘာလုပ်ရမလဲ.... ထုတ်ပစ်လိုက်ရမလား?

ရွမ်းယုစဥ်းစားနေလေသည်။

ထို့နောက် သိမ်းထားရန်သာ ဆုံးဖြတ်လိုက်သည်။ တစ်ချိန်တွင် ထိုမျောက်ဝံလေးအားစိတ်ဝိညာဥ်တစ်ခုအဖြစ်အသုံးပြုနိုင်လေသည်။

Endend…..