← Chapters

အရုပ်သစ်

Vol. 39 Ch. 557

အရုပ်သစ်

Vol. 39 Ch. 557

အာရန်သည် ထိုတိုက်ခိုက်မှုကို သတိပြုမိရန်ပင် အချိန် မရလိုက်ပေ။

ပြင်းထန်သော ထိုးနှက်ချက်တစ်ခုက သူ့အား လေထဲသို့ လွှင့်တက်သွားစေခဲ့ပြီး သူ၏ ခန္ဓာကိုယ်သည် လူစည်ကားရာ ဆိုင်တန်းများကြား လွင့်စင်သွားခဲ့၏။

နာကျင်မှုကြောင့် ညည်းညူသံတစ်ခု သူ့နှုတ်ဖျားမှ ထွက်ပေါ်လာပြီး သူ၏ မျက်နှာသည် နာကျင်မှုဖြင့် ရှုံ့မဲ့သွားခဲ့သည်။

အာရန်သည် သူ၏ နဂါးခန္ဓာကိုယ် နိုးထလာပြီးနောက် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများဖြင့် သူ့ကို နာကျင်အောင် လုပ်ရန်မှာ ပိုမို၍ ခက်ခဲလာခဲ့သည်။

သို့သော် ဤတိုက်ခိုက်မှုသည် ကွဲပြားနေသည်။

နံရိုးများ ကျိုးကြေသွားသော နာကျင်မှုတစ်ခုကို သူ ခံစားလိုက်ရသည်။

သူ၏ အားကောင်းသော ကုသနိုင်စွမ်းကြောင့် ဒဏ်ရာများသည် လျင်မြန်စွာ သက်သာနိုင်ခဲ့သော်လည်း သူသည် အလွန်အမင် အံ့အားသင့်နေရဆဲပင်။

ဤလူသည် သူ၏ ကာကွယ်မှုများကို အလွယ်တကူပင် ဖြတ်ဆီးပစ်ခဲ့သည်။

"အော် မင်း အသက်ရှင်နေသေးတာလား"

ထိုတိုက်ခိုက်လိုက်သူက မယုံနိုင်သော အသံဖြင့် လှောင်ပြောင်လိုက်သည်။

မြို့တော်၏ အတွေ့အကြုံရှိ စစ်သည်တော်များပင် ထိုတိုက်ခိုက်မှုကြောင့် လပေါင်းများစွာအထိ ဒုက္ခိတများ ဖြစ်သွားနိုင်လေသည်။

ကျွန်တစ်ဦးအနေဖြင့်မူ ချက်ချင်း သေဆုံးသွားသင့်လေသည်။

သို့သော်လည်း သူ၏ ရှေ့မှကျွန်သည် မျက်နှာ ဖြူဖျော့၍ သွေးအနည်းငယ် ထွက်ကာ ချောင်းအနည်းငယ် ဆိုးနေသော်လည်း ကောင်းစွာ မက်တပ်ရပ်နိုင်နေဆဲပင်။

ထိုလူငယ်ငရဲခွေးသည် အနည်းငယ် စိတ်ဝင်စားသွားဟန်ဖြင့် ထပ်မံ၍မေးလိုက်သည်။

"မင်းရဲ့ သခင်က ဘယ်သူလဲ"

ထိုတိုက်ခိုက်မှု၏ အားကို ခံနိုင်ရည်ရှိသော ကျွန်တစ်ဦးသည် အလွန် တန်ဖိုးရှိမည်မှာ သေချာလေသည်။

သူ၏ မိသားစုပင်လျှင် ထိုကဲ့သို့သော ကျွန်တစ်ဦးအတွက် ငွေအများအပြား ပေးချေရပေလိမ့်မည်။

အာရန်သည် အနီးအနားသို့ ဝေ့ဝိုက် ကြည့်လိုက်ရာ သူ၏ ပတ်ဝန်းကျင်သည် လျင်မြန်စွာ ရှင်းလင်းသွားကြောင်း သတိပြုမိလိုက်၏။

တိုက်ခိုက်မှု စတင်သည်နှင့် (၎င်းကို တိုက်ခိုက်မှုဟု ခေါ်နိုင်လျှင်) အာရန်၏ ပတ်ဝန်းကျင်ရှိ လူများသည် ချက်ချင်း ရှောင်ဖယ်သွားကြလေသည်။

သူသာ ထိုလူအား ပြန်တိုက်ခိုက်ခဲ့ပါက တိုက်ပွဲဟု ခေါ်ဆိုနိုင်ပေမည်။

အာရန်သည် ဖြစ်နိုင်လျှင် ဤနေရာတွင် အာရုံစူးစိုက်မှုကို အလွန်အမင်း ခံယူလိုခြင်း မရှိခဲ့ချေ။

ထိုလူငယ်ငရဲခွေး၏ အပြုံးသည် သားကောင်လိုက်လံရှာဖွေနေသော မုဆိုးတစ်ယောက်၏ အပြုံးနှင့်တူနေခဲ့ပြီး တမင်တကာပင်ပွဲရှာချင်နေဟန်ရလေ၏။

"ငါ မင်းကို နောက်ထပ် နည်းနည်းလောက် ပညာထပ်မပေးမချင်း မင်းက ပြန်မဖြေချင်ဘူးပေ့ါလေ"

ကျွန်တစ်ယောက်၏ ယခုကဲ့သို့ ခုခံနိုင်မှုအားမြင်လိုက်ရသဖြင့် ထိုသူသည် အတော်လေး ပျော်ရွှင်နေဟန်ရပြီး ထိုကျွန်နှင့် ထပ်မံ၍ အချိန်ဖြုန်းရန် စိတ်ဝင်စားမိသွားသည်။

ဤတစ်ဦးသည် သူ၏ ပုံမှန် သားကောင်များကဲ့သို့ မနူးညံ့ပေ။

၎င်းက သူ့ကို စိတ်လှုပ်ရှားစေခဲ့သည်။

သူသည် ကစားစရာအသစ်တစ်ခုကို တွေ့ရှိခဲ့ပြီဖြစ်၏။

သို့သော် အာရန်သည် အနည်းငယ်မျှ မလှုပ်ရှားပဲ သည်အတိုင်း အေးစက်စွာြဖင့် ထိုသူအား ပြန်လည်စိုက်ကြည့်ရင်း စကားအချို့ ပြန်ပြောလိုက်သည်။

"ငါ့ကို ထိရဲရင်ထိကြည့်လေ မင်းအဲ့ဒီအတွက်ပြန်ပေးဆပ်ရလိမ့်မယ်"

"ဟင်"

အာရန်၏ စကားကို ကြားလိုက်ရသောအခါ ထိုလူငယ်ငရဲခွေး၏ သဘောထားများ ပြောင်းလဲသွားခဲ့ရသည်။

ကျွန်တစ်ဦးက သူ့ကို ခြိမ်းခြောက်နေသည်တဲ့လား။

ထိုကျွန်ကို အပြစ်ပေးရန်အတွက် သူသည် ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့သည်။

ဒုန်း...

ပတ်ဝန်းကျင်တွင် ကျယ်လောင်သော အသံတစ်ခု ပဲ့တင်ထပ်သွားပြီးနောက် နာကျင်စွာဖြင့် ညည်းညူလိုက်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

နှစ်မီတာကျော် ရှည်လျားသော အရွယ်အစားရှိသည့် ထောင်ထောင်မောင်းမောင်း ငရဲခွေးကြီးတစ်ကောင်သည် ထိုလူငယ်ငရဲခွေး၏ နောက်တွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။

သူသည် အလွန်လျင်မြန်သောအရှိန်ဖြင့် လူငယ်ငရဲခွေး၏ ဦးခေါင်းကို ထိုးချလိုက်ရာ ထွက်ပေါ်လာသည့် အသံသည် လမ်းတစ်လျှောက်လုံးကိုပင် ပဲ့တင်ထပ်သွားခဲ့သည်။

"အား ဘယ်သူကများ င့ါကို ရိုက်ရဲတာလဲ"

လူငယ်ငရဲခွေးသည် လက်သီးတစ်လုံးကို နောက်သို့ပစ်လွှတ်လိုက်ကာ ဒေါသတကြီး ဖြင့်တုံ့ပြန်ရင်း အော်ပြောလိုက်သည်။

သို့သော် သူ၏ လက်သီးသည် သံချုပ်တစ်ခုကဲ့သို့သော မြဲမံသော ဆုပ်ကိုင်ထားမှု တစ်ခုအောက်တွင် ငြိမ်သက်သွားခဲ့ရသည်။

ထိုတိုက်ခိုက်သူကို မြင်လိုက်ရသည့်အခါ လူငယ်ငရဲခွေး၏ မာန်မာနများသည် လုံးဝ ယူပစ်သလို ပျောက်ကွယ်သွားခဲ့ကာ ကြောက်လန့်မှုအချို့ဖြင့် အစားထိုးခံလိုက်ရသည်။

"အာ ဦးလေးပဲကိုး။ ဒီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ"

သူသည် အခြေအနေကို ပြန်လည် ထိန်းချုပ်ရန် ကြိုးစားရင်း စကားတထစ်ထစ်ဖြင့် ပြန်ပြောလိုက်၏။

လူငယ်ငရဲခွေး၏ ဦးလေးဆိုသူသည် သူ၏ မေးခွန်းကို လျစ်လျူရှုလိုက်သည်။ ထို့နောက် လူငယ်ငရဲခွေး၏ နားရွက်ကို ဆုပ်ကိုင်ကာ တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။

"အား...နာတယ် ဦးလေးရဲ့.....အား... ဦးလေးက ကျွန်တော့်ကို အရှက်ခွဲနေတာလား ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် ကတိမဖျက်ခဲ့သင့်ဘူး ကျေးဇူးပြုပြီး ကျွန်တော့်နားရွက်ကို ပြန်လွှတ်ပေးပါ ဒါတွေက ထိလွယ်ရှလွယ်ဆိုတာ ဦးလေး သိ အား..."

"မင်း... ငမိုက်သားပဲ"

သူ၏ ဦးလေးသည် ဒေါသတကြီးဖြင့် အော်ငေါက်လိုက်သည်။

"မင်း...မင်း အဖေကို အကြောင်းမရှိဘဲ နောက်ထပ် ပြသနာမရှာတော့ပါဘူးလို့ မင်း ဘယ်နှစ်ကြိမ်တောင် ကတိတွေပေးခဲ့ဖူးလဲ မှတ်မိသေးလား။ ကျွန်ပိုင်ရှင်တွေကို မင်း မတော်တဆ သတ်ဖြတ်မိခဲ့တဲ့ ကျွန်တွေအတွက် လျော်ကြေးပေးဖို့ဆိုပြီး မိသားစုဘဏ္ဍာငွေရဲ့ လစဉ်ကုန်ကျစရိတ်ကိုမှ တစ်ဝက်လောက်ထိတောင် ပိုပြီး သုံးခဲ့ရတယ်ဆိုတာကော မင်းသိရဲ့လား"

အာရန်သည် ထိုလူငယ် ငရဲခွေးအား သူ၏ ဂုဏ်သိက္ခာကြီးသော ဦးလေးငရဲခွေးမှ ဆွဲခေါ်သွားသည့်မြင်ကွင်းအား သည်အတိုင်း ငေးကြည့်နေခဲ့မိသည်။

ထိုသူနှစ်ဦးသည် သူ၏မြင်ကွင်းမှ ပျောက်ကွယ်သွားခြင်း မပြုမီ ရုတ်တရက် အာရန်ထံသို့ ပစ္စည်းတစ်ခုရောက်ရှိလာခဲ့၏။

အာရန်သည် ပင်ကိုတုံ့ပြန်မှုအရ ထိုပစ်ပေါက်လိုက်သော ပစ္စည်းအား လေထဲမှပင် ဖမ်းဆုပ်လိုက်သည်။

သူ စစ်ဆေးကြည့်လိုက်သောအခါ အံ့အားသင့်စွာဖြင့် မျက်ခုံးများ မြင့်တက်သွားခဲ့သည်။

"ဒင်္ဂါးပြားတစ်ခုလား"

အာရန်သည် ၎င်းကို လက်ချောင်းများဖြင့် ပွတ်သပ်ကြည့်ရင်း တွေးတောလိုက်သည်။ "ဒါက ဒီငရဲမှာသုံးတဲ့ ငွေကြေးတစ်မျိုးလား"

ထိုအရာက အ‌စောပိုင်း ငရဲခွေးကြီ၏ သူ့တူ ပြဿနာရှာခြင်း အတွက် လျော်ကြေးပေးလိုက်ခြင်းများလား။

အာရန်သည် ထိုပေးပို့သည့် နည်းလမ်းမှာ အနည်းငယ် ထူးဆန်းနေသည်ဟု တွေးမိလိုက်သည်။

ထိုပေးပို့မှုမျိုးသည် အာရန်နေရာတွင် အားနည်းသောကျွန်တစ်ဦးဆိုလျှင် တစ်စုံတစ်ရာ ထိခိုက်မိပါက မသေဆုံးလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်လေသည်။

ထိုငရဲခွေးသည် သူ့အား အမှန်တကယ် ထိခိုက်စေလိုခြင်းလား သို့မဟုတ် သူ့တူ၏ တိုက်ခိုက်မှုအား သူ၏ ခံနိုင်ရည်ရှိခဲ့မှုကို သတိထားလိုက်မိသဖြင့် အာရန်အား ဖမ်းဆုပ်နိုင်မည်ဟု ယူဆခဲ့၍လော...။

အာရန်သည် ထပ်မံ၍ မစဥ့်စားတော့ပဲ ထိုဒင်္ဂါးပြားအား အိတ်ကပ်ထဲ ထည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးအနည်းငယ် ပေါ်လာခဲ့သည်။

၎င်းသည် တောင်းပန်ခြင်းနှင့် ဆင်တူသော်လည်း ထူးခြားသော နည်းလမ်းတစ်ခုဖြင့် ပေးပို့လိုက်ခြင်း ဖြစ်လေသည်။

အာရန်တစ်ယောက် နောက်ထပ်သဘောပေါက်လိုက်သည်မှာ ဘယ်နေရာသို့ ရောက်ရောက် ခွန်အားကြီးမားသူသာလျှင် မျက်နှာသာပေးခံရမည်ဖြစ်သည် ဆိုခြင်းကိုပင်။

တောင်းပန်စကားကိုပင် အကြမ်းဖက်မှုအချိူ့ဖြင့် ရောနှော၍ ပေးပို့ခဲ့ခြင်း ဖြစ်လေသည်။

သို့သော် အာရန်သည် ဆက်လက်၍ မညည်းညူနေခဲ့ချေ။

မည်သို့ပင်ဆိုစေ ဒင်္ဂါးပြားတစ်ခု အလကားရလိုက်သည်မဟုတ်ပါလား...။

အာရန်သည် ပျံ့ကားသွားသော လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။

အစောပိုင်းက အထူးတလည် ဝန်းရံနေခဲ့ကြသော ကြည့်ရှုသူများသည် ယခုအခါ ဘာမှ မဖြစ်တော့သကဲ့သို့ သူတို့၏ အလုပ်များကို ပုံမှန်အတိုင်း ပြန်လည် လုပ်ဆောင်နေကြပြီ ဖြစ်၏။

လူငယ်သခင်လေး၏ အာရုံစူးစိုက်မှုကို ခံခဲ့ရသော်လည်း သူသည် ယခုကဲ့သို့ အသက်ရှင်နိုင်ခဲ့ခြင်းအတွက် သူအား ကံကောင်းသောကျွန်တစ်ဦးဟု လူအများက တီးတိုး ပြောဆိုနေခဲ့ကြသည်ကို အာရန်တစ်ယောက် ပြန်ကြားနေရသည်။

သူတို့၏ စကားလုံးများမှတစ်ဆင့် အာရန်သည် ဤနေရာအကြောင်းကို အတော်အတန် နားလည်လာခဲ့သည်။

သူ့အား အစောပိုင်းက တိုက်ခိုက်ခဲ့သူသည် ဤငရဲခွေးမြို့၏ လူငယ်သခင်လေးတစ်ဦးသာ ဖြစ်လေသည်။

ထိုအကြောင်းကို ကြားသိလိုက်ရသောအခါ သူ၏ကံဆိုးခြင်းတစ်ခုကြားထဲတွင်ပင် ကံကောင်းခြင်း အနည်းငယ်ကိုတော့ ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း တွေးမိလိုက်သည်။

သူသည် မြို့ထဲသို့ ဝင်ရောက်ပြီးသည်နှင့် ဤမြို့၏ လူငယ်သခင်လေးတစ်ဦးကို စော်ကားမိခဲ့သည်။

ဤသည်မှာ ဝတ္ထုများရှိ ဇာတ်လိုက်များအတွက်ဖန်တီးပေးထားသည့် သခင်လေးပါးရိုက် ဇာတ်ကွက်မျိုးဖြစ်ပြီး ဤအရာသည်လည်း ဝတ္ထုထဲမှ ဇာတ်ကွက်များ ဖြစ်နေမလားဟုပင် ထပ်မံ၍ တွေးမိလိုက်သည်။

ထိုအချိန်တွင် အာရန်အား အစိုးရိမ်စေဆုံးသော ပြဿနာမှာ ယဲ့ဗ်နီအား မည်သည့်နေရာတွင် သွားရောက်ရှာဖွေရမည်ကိုပင် မသိနိုင်ခြင်းပင်ဖြစ်လေသည်။ ဆူညံသောအဖြစ်အပျက်အချို့ကြုံတွေ့ခဲ့ရသော်လည်း သူမသည်သာ မပေါ်ခဲ့ပါက ထိုအရာသည် သူမက သူ့အား အတွေ့မခံလိုခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

အာရန်သည် သူမအနေနှင့် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ပိုမို၍ သေချာသွားခဲ့သည်။

သူသည် ထိုမိန်းကလေးအား အားကိုး၍ မရနိုင်တော့ပေ။

သူသည် ဤအရှုပ်ထုတ်များ ပြည့်နှက်နေသည့် မြို့တွင်းမှ ထွက်ခွာရန် ကိုယ်ပိုင်နည်းလမ်းတစ်ခုကိုသာ ရှာဖွေရတော့မည်ဖြစ်၏။

ကြုံလာမည့် အခြေအနေများအပေါ်တွင်သာ အကောင်းဆုံး အသုံးချမည်ဟု ဆုံးဖြတ်လိုက်ပြီးနောက် အာရန်သည် ဈေးလမ်းအတွင်း ဆက်လက်၍ စူးစမ်းနေခဲ့လေသည်။

ယဲ့ဗ်နီသည် သူ့အား မကူညီတော့သဖြင့် သူသည် အခြားကူညီမည့် သူတစ်ဦးကို ရှာဖွေရပေမည်။

ဤတစ်ကြိမ်တွင် အာရန်သည် သူတို့၏ စိတ်ရင်းဖြင့် လိုလားခြင်းအား အားကိုးလိုစိတ်မရှိတော့ပေ။

သူသည် အတင်းအကျပ် လုပ်ဆောင်ရမည်ဆိုလျှင်ပင် အဖြေကို သူကိုယ်တိုင် ရရှိနိုင်ရန်အတွက် ဝိညာဥ်ရှာဖွေမှုကဲ့သို့ အရာမျိုးကိုသာ ပြုလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။

ဤသို့ဖြင့် အာရန်သည် ဆိုင်တန်းများကြား လမ်းလျှောက်လာစဉ် သူ၏ စိတ်အာရုံကို ပတ်ဝန်းကျင်အား ဖြန့်ကျက်ထားခဲ့သည်။

စျေးလမ်းတစ်လျှောက်တွင် မမြင်ဖူးသော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ပုံအော၍မြင်နေရလေသည်။

လေထုထဲတွင် အမွှေးအကြိုင်များမှာလက်ဆက်နေ၍ ကင်ထားသော သားရဲများ၏ အသားအချို့၏ ရနံ့များဖြင့်လည်း သင်းပျံ့နေခဲ့သည်။

သို့သော် အာရန်၏ မျက်လုံးများတွင်မူ ၎င်းတို့သည် လုံးဝ ရွံစရာကောင်းပြီး ပုပ်သိုးနေပုံရလေသည်။

ဤငရဲဘုံမှ လူများသည် ထိုကဲ့သို့သော အရာများကို မည်သို့ စားနိုင်သည်ကိုပင် သူ မတွေးတတ်ခဲ့ချေ။

သူသည် လက်နက်များ ခင်းကျင်းပြသထားသည့် ဆိုင်တစ်ခုရှေ့တွင် ခေတ္တရပ်လိုက်ပြီး ဓားတစ်ချောင်းပေါ်ရှိ ရှုပ်ထွေးသော ထွင်းထုမှုများကို သူ၏ လက်ချောင်းများဖြင့် ပွတ်သပ်ကြည့်မိလိုက်သည်။

လက်မှုပညာသည် သေသပ်လှပသော်လည်း ပို၍ အံ့သြစရာကောင်းသည်မှာ ဓားသွားပေါ်တွင် ထွင်းထုထားသည့် ပုံစံကွက် စက်ဝိုင်းတစ်ခုပင် ဖြစ်၏။

ဓားသွားသည် ပတ်ဝန်းကျင်မှ

သေခြင်းအဆီအနှစ်များကို စဉ်ဆက်မပြတ် စုပ်ယူနေသည်ဟုပင် ခံစားမိလိုက်သည်။

All Chapters