နောက်ဆုတ်၍မရတော့ခြင်း
Vol. 39 Ch. 559
ဤမြို့သို့ အစောပိုင်း ရောက်ရှိလာစဉ်က အာရန်သည် လူပုံစံဖြင့်သာ ရှိနေသော ငရဲခွေးတစ်ကောင်၏ ရုတ်တရက် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ထိုငရဲခွေး၏ တိုက်ခိုက်မှုသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှုများကို အလွယ်တကူပင် ဖျက်ဆီးနိုင်ခဲ့သည်။
ယခု သူ့ရှေ့မှ ငရဲခွေးသုံးကောင်မှာမူ ပို၍ပင် သန်မာလာကြဟန်ရပြီး ပို၍ လည်း အန္တရာယ်များနိုင်သည်ဟု ခံစားနေရ၏။
သာမန် ငရဲခွေးများပင် ဤမျှ သန်မာနေပါက အစောပိုင်း သူ့အားတိုက်ခိုက်ခဲ့သည့် ငရဲခွေးသည်သာ အသွင်ပြောင်းပြီး တိုက်ခိုက်လာခဲ့လျှင် မည်မျှအထိ ခွန်အားကြီး နိုင်မည်နည်း။
အာရန်သည် လမ်းကြားလေးတစ်ခု၏ အဆုံးသတ်ထောင့်တစ်နေရာ၌ ပိတ်မိနေသော သမျိုးသမီးတစ်ဦးအား တွေ့လိုက်ရသောအခါတွင်မူ ထိုအတွေးများ ပျောက်ကွယ်သွားခဲ့သည်။
သူမ၏ နှုတ်ခမ်းတွင် သွေးများဖြင့် နီရဲနေပြီး ၎င်းသည် သူမ၏ သွေးများ မဟုတ်သည်မှာတော့ ထင်ရှားနေ၏။
ထိုအမျိုးသမီးသည် သူမကိုယ်တိုင် ဖန်တီးခဲ့သော ဒဏ်ရာအမာရွတ်များ အပြည့်ဖြင့် အကျည်းတန်သော ရုပ်ရည်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။
ထိုအမျိုးသမီးသည် အခြားမဟုတ် သူ့အား ဤနေရာသို့ ခေါ်ဆောင်လာခဲ့သော ညတောင်ပံမျိုးနွယ်စု၏ အမွေဆက်ခံသူ ယဲ့ဗ်နီပင် ဖြစ်တော့၏။
မိန်းကလေး၏ ပတ်ပတ်လည်တွင် ငရဲခွေး ရုပ်အလောင်းသုံးခု ရှိနေခဲ့သည်။ ထိုအထဲမှနှစ်ခုမှာ ခေါင်းများပြတ်နေကြပြီး ထိုဦခေါင်းများသည် ဆုတ်ဖြဲခံခဲ့ရသကဲ့သို့ ဖြစ်နေသည်။
တတိယ ရုပ်အလောင်းမှာမူ အတန်အသင့် ပုံမှန်အတိုင်း ရှိနေသေးသော်လည်း အလောင်းမှာ အလွန် တရာ ဖြူဖျော့နေပြီး ခန္ဓာကိုယ်ရှိ သွေးများအားလုံးကို စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်နေလေသည်။
သေခြာစွာဂရုတစိုက်ကြည့်မည်ဆိုလျှင် သူ၏ လည်ပင်းပတ်လည်တွင် အပေါက်သေးသေးလေးနှစ်ပေါင်း ရှိပြီး ထိုအပေါက်များသည် မိန်းကလေး၏ ပါးစပ်ရှိ အစွယ်များနှင့် ပုံစံခြင်း ကိုက်ညီနေလေ၏။
အာရန်သည် ထိုအချင်းအရာကို မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိတော့ချေ။
ယဲ့ဗ်နီသည် သူ့အား ဤမြို့တွင် မည်သူ့ကိုမျှ ရန်မစမိစေရန်နှင့် မြို့တွင်းမှ ထွက်ခွာသည်အထိ သတိထားနေရန် မှားကြားခဲ့သည်။
ဤသည်မှာ သူမကိုယ်တိုင်လည်း လိုက်နာသင့်သည့်အရာ မဟုတ်ပေဘူးလား။
သူမသည် သူ့အား သစ္စာဖောက်ခဲ့မည်ဆိုလျှင်ပင် မြို့တစ်မြို့လုံး အားပိတ်ဆို့ရှာဖွေရန်မှာမူ အချိန်တစ်ခုယူရပေဦးမည်ဖြစ်သည်။
သို့သော် ယခုကြည့်ရသည်မှာ သူမ၏ အခြေအနေသည်လည်း အတော်လေး ဆိုးရွားနေဟန်ရသည်။
"ဟင်"
အာရန်သည် အခြားသော ငရဲခွေးများ မရောက်လာမီ ဤငရဲခွေးသုံးကောင်ကို အလျှင်အမြန် ကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းကို တွေးတောနေစဉ် တစ်စုံတစ်ရာကို သတိပြုမိလိုက်သည်။
ယဲ့ဗ်နီ၏ အင်္ကျီလက်မောင်းတစ်ဖက်သည် စုတ်ပြဲလျက်ရှိ၏။
ခေါင်းပြတ်သွားသော ငရဲခွေးတစ်ကောင်၏ လက်ထဲတွင် အဝတ်စအချို့ တွေ့လိုက်ရသည်။
သူမက အရင်စ၍ အတိုက်ခိုက်ခံခဲ့ရသူ ဖြစ်နေသည်လား။
ထိုသို့ဆိုလျှင်ပင် သူမသည် အနည်းငယ် အလျင်စလို နိုင်လွန်းခဲ့သည်ဟု ဆို၍ရနေဆဲပင်။
"ကောင်းပြီလေ။ ငါ သူမကို ကူညီမယ်။ ဒါပေမဲ့ ဒါက အရှုပ်ထုတ်တစ်ခုထဲတော့ ငါ့ကို ရောက်သွားစေတော့မှာပဲ"
အာရန်သည် ဤဖြစ်ရပ်မှ လုံးဝ ရှောင်ရှားသွားနိုင်သော်လည်း သူသည် အခြားနည်းတစ်ခုကို ရွေးချယ်မိခဲ့သည်။
မိန်းကလေးသည် သူ့အား သစ္စာမဖောက်ခဲ့ပေ။
သူမသည် သူ့ ကဲ့သို့ပင် ဆိုးရွားသော ကံကြမ္မာတစ်ခုနှင့် ကြုံတွေ့ခဲ့ပုံရ၏။
သူသည် ထိုအနိုင်ကျင့်တတ်သော ငရဲခွေးသခင်လေးတစ်ကောင်၏ ရှေ့သို့ ပို့ဆောင်ခံခဲ့ရပြီး သူသာ အားနည်းသူတစ်ဦးဖြစ်ခဲ့ပါက ယခုတွင် သေဆုံးနေလောက်ပေပြီ။
ထိုအတောအတွင်း ယဲ့ဗ်နီသည်လည်း ဤနေရာသို့ ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ဟန်ရကာ ထိုငရဲခွေးများ၏ အာရုံစိုက်မှုကို ရရှိခဲ့ဟန်ရလေသည်။
ယဲ့ဗ်နီ အနေဖြင့် ထွက်ပြေး၍ မလွတ်မြောက်နိုင်မီပင် ငရဲခွေးများက သူမအား ချောင်ပိတ်၍ ဖမ်းမိလိုက်ကြပုံရ၏။
ဤအခြေအနေတွင် အာရန်သည် မည်သူ၏ ကံက ပိုဆိုးခဲ့သနည်း ဆိုသည်ကိုပင် မသေချာတော့ပေ။
သူမ၏ အခြေအနေကို ဆက်စပ်တွေးမိသွားသောအခါ သူမ၏ ကံသည် သူ့ကဲ့သို့ပင် ဆိုးရွားခဲ့ပုံရလေသည်။
ထို့ကြောင့် အာရန်တစ်ယောက် ကိုယ်ချင်းစာစိတ်အချို့ဖြစ်မိကာ သူမအား သနားစိတ်အနည်းငယ်ပင် ဝင်မိလိုက်သည်။
အာရန်သည် မိန်းကလေးအား ကူညီရန် စိတ်ဆုံးဖြတ်လိုက်ပြီးသည်နှင့် ရင်းနှီးသော မျက်နှာပြင်တစ်ခု သူ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ရွေးချယ်စရာလေးခု ရှိနေခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ အာရန်သည် ၎င်းတို့ကို အသေးစိတ်ကြည့်ရန်ပင် မလိုအပ်ခဲ့ချေ။
အာရန်သည် သူ၏ စနစ်အား ကောင်းစွာ ရင်းနှီးနေပြီဖြစ်သဖြင့် မည်သည့် ရွေးချယ်စရာများ ရောက်ရှိလာမည်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။
သူသည် စိတ်ဆုံးဖြတ်ပြီးသားလည်းဖြစ်သောကြောင့် တစ်ယောက်တည်း ထွက်ပြေးခြင်းအစား မိန်းကလေးကို ကူညီမည့်ရွေးချယ်မှုကိုသာ ရွေးချယ်ခဲ့လေသည်။
ဤရွေးချယ်မှုသည် စနစ်၏ပေးအပ်ထားသော ရွေးချယ်မှုလေးခုထဲတွင် အကောင်းဆုံး ဆုလာဘ်ကို ပေးနိုင်မည်ဟုလည်း အာရန်အနေနှင့် ယုံကြည်မိလေ၏။
"အခြား ငရဲခွေးတွေ ဒီနေရာကို ရောက်မလာခင် င့ါအနေနဲ့ ဒီကိစ္စကို အမြန် ကိုင်တွယ်ဖြေရှင်းဖို့ လိုနေတယ်။ ဒ့ါကြောင့် သူတို့ကို အာရုံပြောင်းထား။ ငါ သူတို့ကို မင်းအစား ကိုင်တွယ်ဖြေရှင်းပေးမယ်"
အာရန်သည် ယဲ့ဗ်နီထံ စိတ်ချင်းဆက်သွယ်၍ စကားလုံးအချို့ ပို့လွှတ်လိုက်သဖြင့် သူမ၏ မျက်လုံးများတွင် အံ့အားသင့်မှုအချို့ ဖြတ်ပြေးသွားခဲ့သည်။
ယဲ့ဗ်နီသည် အာရန်မှ သူမ၏ လက်ရှိ အခြေအနေကို မြင်ပြီးနောက်တွင်ပင် သူမကို ဆက်လက်ကူညီလိုနေခြင်းအတွက် အလွန်ပင် အံ့အားသင့်ခဲ့ရသည်။
သူမသာ သူ့နေရာတွင် ဆိုပါက တူညီသော ဆုံးဖြတ်ချက်ကို ချနိုင်ပါ့မလား။
အဖြေမှာရှင်းလေသည်။ သူမထိုသို့ လုပ်နိုင်မည်မဟုတ်ပေ။
သူမသည် မိမိ၏ လွတ်မြောက်ခြင်းအပေါ်တွင်သာ အာရုံစိုက်ထားမည်ဖြစ်ပြီး သူမ ပင် ကောင်းကောင်းမသိသော လူတစ်ဦးအတွက် သူ၏ အသက်ကို အန္တရာယ်တောထဲတွင် ကျရောက်ခံမည်မဟုတ်ချေ။
အထူးသဖြင့် ထိုပုဂ္ဂိုလ်သည် သူမအတွက် နောက်ထပ် အသုံးမဝင်တော့ပါက ပို၍ပင် ကူညီစရာအကြောင်းမရှိပေ။
သို့သော် ထိုအရာနှင့် ဆန့်ကျင်ဘက်ပင် အာရန်သည် ဤနေရာတွင် ရှိနေဆဲပင် ဖြစ်၏။
အရာအားလုံးကို မြင်ပြီးနောက်တွင်ပင် သူသည် ထွက်မပြေးခဲ့ပေ။
ထိုအစား သူသည် သူမကို ကူညီရန် ပြေးလာနေခဲ့သည်။
သို့သော် သူ့အနေနှင့် ထိုသို့ လုပ်ဆောင်မည်ဆိုလျှင်ပင် မည်သည့်အရာများ ပြောင်းလဲသွားနိုင်မည်နည်း။
သူမသည် အာရန် တိုက်ခိုက်သည်ကို မမြင်ဖူးသေးပေ။
သူသည် သူမအား အနိုင်ယူနိုင်ခဲ့သော်လည်း ထိုစဥ်က သူမသည် သူမ၏ မျိုးနွယ်စု လုံခြုံရေးအတွက် ပိုမို၍ အာရုံပျံ့လွင့်နေခဲ့ချိန်တွင် ဖြစ်လေသည်။
သူမအနေဖြင့် အစောပိုင်းက ငရဲခွေးသုံးကောင်ကို တိုက်ခိုက်ပြီးသဖြင့် ထိုငရဲခွေးများဖြင့် ရင်ဆိုင်ရခြင်းသည် မည်မျှ ခက်ခဲကြောင်းသိထားလေသည်။
ထို့အပြင် မကြာခင် နောက်ထပ် ရောက်လာတော့မည့် သူများကိုလည်း ထည့်သွင်းစဉ်းစားရဦးမည်ဖြစ်၏။
သူမသည်သာ မည်သူမည်ဝါဖြစ်မှန်း ထုတ်ဖော်ပြသနိုင်ခဲ့ပါက သူမသည် ဤနေရာမှ အသက်ရှင်လွတ်မြောက်နိုင်ချေရှိလေသည်။
သို့သော် သူမသည် ထိုသို့ လုပ်ဆောင်ခြင်း မရှိခဲ့ပေ။
သူမသည် ဓားစာခံတစ်ဦးသာ ဖြစ်နေသင့်လေသည်။
မည်သည့် ဓားစာခံကများ လွတ်လပ်စွာ လျှောက်သွားနေနိုင်မည်နည်း။
"ရှင် ကျွန်မနဲ့အတူ လာပြီးအသေခံဖို့ မလိုပါဘူး။ ရှင်သာ ဒီနေရာကနေ ထွက်သွားပြီး အဖမ်းမခံရအောင်ပဲ ဂရုစိုက်နေပါ။ တကယ်လို့ ရှင် အဖမ်းခံခဲ့ရရင်တောင် ကျွန်မမျိုးနွယ်စုကို ရှင်နဲ့အတူ ဒုက္ခရောက်အောင် ဆွဲမထည့်မိပါစေနဲ့"
ယဲ့ဗ်နီ သည် အာရန်၏ အစောပိုင်းစကားလုံးအချို့ပေးပို့ခဲ့သည့်အတိုင်း စိတ်ချင်းဆက်သွယ်မှုဖြင့်ပင် ပြန်လည် တုံ့ပြန်လိုက်သည်။
ဤနည်းလမ်းသည် အာရန် အသုံးပြုခဲ့သော နည်းလမ်းနှင့် ကွဲပြားသော်လည်း သက်ရောက်မှုမှာမူ အတူတူပင်ဖြစ်၏။
သူမသည် အာရန်အား ဤနေရာမှ အမြန်ဆုံး ထွက်သွားရန် သတိပေးလိုက်သည်။
သူသည် ဝင်ရောက်ကူညီမည်ဆိုလျှင်ပင် ကူညီနိုင်မည်မဟုတ်ပဲ အတူတူသာ သေဆုံးရပေလိမ့်မည်။
သူတို့ နှစ်ဦးသာ အတူတူ သေဆုံးသွားခဲ့ပါက သူမသည် ကျူးကျော်သူများနှင့် အတူတကွ အလုပ်လုပ်နေသည်ဟူသော ကောလာဟလကို သက်သေပြလိုက်သလို ဖြစ်သွားနိုင်ပြီး သူမ၏ မျိုးနွယ်စုအား ထိခိုက်စေပေလိမ့်မည်။
ထို့ကြောင့် သေဆုံးရမည်ဆိုလျှင်ပင် ဤနေရာတွင် သူမတစ်ယောက်တည်းသာလျှင် အသေခံမည်ဖြစ်၏။
"မင်းရဲ့ ခွင့်ပြုချက်ကို ငါ တောင်းဖို့လိုမယ်လို့ မထင်ပါဘူး"
အာရန်သည် သူ၏ ညာဘက်လက်ကို မြှောက်လိုက်ရင်း တုံ့ပြန်လိုက်သည်။
အာရန်သည် နဂါးလျှာအစွမ်းကို အသုံးပြုကာ ဤနေရာပတ်လည်တွင် အသံလုံစေရန် အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။
သူသည် ဤလမ်းကြားအတွင်း၌ ဖြစ်ပျက်နေသော ဖြစ်ရပ်များကို အများဆီမှ ဖုံးကွယ်ရန် နဂါးလျှာအစွမ်းအချို့ကို အသုံးပြုခဲ့ခြင်းဖြစ်လေသည်။
အရာရာပြင်ဆင်ပြီးသွားသောအခါ အာရန်သူသည် သူ၏ အစစ်အမှန်မူလနဂါးအသွင်သို့ ပြောင်းလဲလိုက်လေသည်။
ထို့နောက် ဓားဧကရာဇ်၏ ကံကြမ္မာဓားအား အသုံးပြုရမည့်အစား ဤငရဲဘုံနှင့် ပိုမို လိုက်ဖက်မည်ထင်ရသော သန့်စင်ဧကရာဇ်၏ သန့်စင်ဓားကိုသာ အသုံးပြုလိုက်သည်။
ဤသည်မှာ အာရန်အနေဖြင့် ငရဲဘုံတွင် ဤငရဲခွေးများအား ပထမဆုံးအကြိမ်အဖြစ် စတင် တိုက်ခိုက်ခြင်းပင် ဖြစ်လေ၏။
သူသည် အမှားတစ်စုံတစ်ရာ မလုပ်မိစေရန်နှင့် ရန်သူကို အထင်မသေးမိစေရန် အသေအခြာဂရုစိုက်ခဲ့လေသည်။
ငရဲခွေးများသည် မိန်းကလေးအား သဲကြီးမဲကြီး ဝိုင်းဝန်းတိုက်ခိုက်နေကြစဥ် အခြားသူတစ်ဦး၏ တည်ရှိမှုကိုပါ သတိပြုမိခဲ့ကြသည်။
အစပိုင်းတွင် သူတို့သည် ထိုတည်ရှိမှုအား ခြိမ်းခြောက်မှုတစ်ခုဟု မထင်မှတ်ခဲ့ကြပေ။
အာရန်သည် သူ၏ အစစ်အမှန် မူလနဂါးအသွင်သို့ ပြောင်းလဲသွားပြီးမှသာ သူတို့သည် ထိုအန္တရာယ်အား ခံစားမိခဲ့ကြခြင်းဖြစ်လေသည်။
သူတို့ထဲမှ တစ်ကောင်သည် ရုတ်တရက် နောက်ပြန်လှည့်ကာ အာရန်အပေါ်သို့ ခုန်အုပ်လိုက်လေသည်။
အာရန်သည် ထိုငရဲခွေးအား သာသာယာယာပင် ဖြတ်ကျော်သွားလိုက်သည်။
အာရန်သည် သူ၏ ပုံမှန် အမြန်နှုန်းဖြင့်သာ ရွေ့လျားနေခြင်းဖြစ်သော်လည်း ထိုငရဲခွေးသည် အာရန်အား အနည်းငယ်မျှပင် မတိုက်ခိုက်နိုင်ခဲ့ပေ။
၎င်းက အာရန်၏ ရိုးရှင်းသော ရွေ့လျားမှုလေးတစ်ခုကပင် ထိုငရဲခွေးထက်များစွာ လျှင်မြန်နေသည်ဟု ဆိုလိုခြင်းဖြစ်လေသည်။