ငရဲဘုံ၏ တတိယမြောက်နဂါး
Vol. 39 Ch. 560
နဂါးသွေးမျိုးဆက်ဖြစ်သူ မိန်းကလေးသည် အာရန်အား လှည့်ပတ်၍ ရှာဖွေနေခဲ့သည်။ ပုံမှန်အားဖြင့် အာရန်သည် သူမနှင့် အတော်လေး အလှမ်းဝေးသောနေရာတစ်ခုတွင် ရောက်ရှိနေပြီဖြစ်၍ သူမအနေဖြင့် ဆက်လက် ရှာဖွေရန်မှာ ဖြစ်နိုင်မည်မဟုတ်ပေ။
သို့သော် သူမအတွက် ကံကောင်းသွားသည်မှာ အာရန်သည် သန့်စင်သော သွေးမျိုးဆက်တစ်ခုကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်၏။
အာရန်တစ်ယောက် တစ်နေရာရာတွင် ပုန်းအောင်းနေမည်ဆိုလျှင်ပင် သူမ အာရုံခံစားနိုင်သည့် အကွာအဝေးတစ်ခု၏ ပြင်ပသို့ မရောက်သေးသရွေ့ အာရန်၏သွေးမျိးဆက် အော်ရာကို သူမအနေနှင့် အာရုံခံနိုင်နေဆဲပင်။
နဂါးများသည် အထူးသဖြင့် အော်ရာတည်ရှိမှုများကို ပိုမို အာရုံခံနိုင်စွမ်းရှိကြသည်။
သူမအား ငေးကြည့်နေကြသော မျက်လုံးများစွာ၏ အောက်မှပင် သူမသည် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
ငရဲခွေးမျိုးနွယ်စုမှ လူအများအပြားသည် သူမမှာ အရေးပါပြီး အန္တရာယ်များသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် သူမ၏ နောက်သို့ လိုက်ရန် ကြိုးစားခဲ့ကြသည်။
သူတို့သည် မိန်းကလေး၏ နောက်သို့ စတင် လိုက်ရန်ပြင်လိုက်စဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ပြင်းများ ထန်နေသော အော်ရာအငွေ့အသက်တစ်ခုကို ခံစားလိုက်ကြရ၏။
ထိုခံစားချက်ကြောင့် အတော်ပင်ထိတ်လန့်သွားကြပြီး သူတို့ ပတ်ပတ်လည်ကို ဝေ့ဝိုက်ကြည့်လိုက်ကြသော်လည်း ထိုအော်ရာ၏ ရင်းမြစ်ကို ရှာမတွေ့နိုင်ခဲ့ကြပေ။
သူတို့ ခံစားမိသည်မှာ ထိုသတ်ဖြတ်လိုစိတ်ပြင်းထန်သည့် အော်ရာသည် သူတို့၏ အစောပိုင်း မိန်းကလေး၏ နောက်သို့ လိုက်နေခြင်းအားရပ်တန့်ရန် သတိပေးချက် တစ်ခုအနေဖြင့်ဖြစ်မည်ဟု သဘောပေါက်လိုက်ကြသည်။
၎င်းသည် သူတို့ထက် သေချာပေါက် ပိုမို သန်မာသော အစွမ်းထက်သည့် ပုဂ္ဂိုလ်များထံမှ သတိပေးချက်သာ ဖြစ်ရပေမည်။
"မင်းတို့ မင်းသမီးကို ဆက်လိုက်မယ်ဆိုရင် သေရလိမ့်မယ်"
ထိုစဥ် ငရဲခွေးမျိုးနွယ်စုဝင်များသာ ကြားနိုင်သော အသံတစ်ခုသည် သူတို့၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။
ထိုအသံကြောင့် သတိပေးချက်ဖြစ်ကြောင်း သူတို့အနေနှင့် ပို၍ပင် သေချာသွားခဲ့ရသည်။
ထိုသတ်ဖြတ်လိုသောအော်ရာနှင့် ထိုအသံပို့လွှတ်မှုသည် မိန်းကလေးနှင့်အတူ ပါလာသော အစောင့်များ၏ သတိပေးချက်သာ ဖြစ်လေ၏။
၎င်းတို့သည် ဒုတိယ မူလကြယ်ကိုယ်တိုင် ဖွဲ့စည်းပေးထားသော အထူးကိုယ်ရံတော်တပ်ဖွဲ့တစ်ဖွဲ့ပင် ဖြစ်လေသည်။
ထို အထူးကိုယ်ရံတော်တပ်ဖွဲ့တွင် အဖွဲ့ဝင်အရေအတွက်မည်မျှရှိသည်ကို မည်သူမျှ တိတိကျကျ မသိနိုက်ကြပေ။
သို့သော် ထိုဒုတိယမူလကြယ်၏ အထူးကိုယ်ရံတော်တပ်ဖွဲ့သည် မူလကြယ်များမှအပ ကျန်မည်သူ့ကိုမဆို လုပ်ကြံသတ်ဖြတ်နိုင်စွမ်းရှိသည်ဟုလည်း ကျော်ကြားလေသည်။
မူလကြယ်များမှာမူသည် လုံးဝ ကွဲပြားသော အဆင့်တစ်ခုတွင် ရှိနေကြခြင်းဖြစ်လေ၏။
မူလကြယ်များသည် တစ်ဦးချင်းစီတွင် ကိုယ်ပိုင် အထူးကိုယ်ရံတော်တပ်ဖွဲ့များ ပိုင်ဆိုင်ထားကြလေသည်။
သို့သော် ဒုတိယ မူလကြယ်၏ အထူးကိုယ်ရံတော်တပ်ဖွဲ့မှာမူ အခြားမူလကြယ်များနှင့် ကွဲပြားလေ၏။
အခြားသော မူလကြယ်များက သူတို့၏ အထူးကိုယ်ရံတော်တပ်ဖွဲ့ကို သူတို့ကိုယ်တိုင်အတွက်သာ အသုံးပြုကြသော်လည်း ဒုတိယ မူလကြယ်၏ အထူးကိုယ်ရံတော်တပ်ဖွဲ့မှာမူ သူ၏ ညီမလေးအား အကာအကွယ်ပေးရန် အတွက်သာ သီးသန့် တာဝန်ပေးအပ်ထားခြင်းဖြစ်သည်။
ထိုအထူးကိုယ်ရံတော်တပ်ဖွဲ့သည် ငရဲခွေးများ၏ နယ်မြေ ဖြစ်နေပေဦးတော့ သူတို့အလိုရှိသည့်အရာကို လွတ်လပ်စွာ လုပ်ဆောင်နိုင်စွမ်းရှိနေကြဆဲပင်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ဒုတိယ မူလကြယ်နတ်ဆိုး၏ တစ်ဦးတည်းသော ညီမဖြစ်သူ၏ သီးသန့်အစောင့်များ ဖြစ်သောကြောင့်ပင်တည်း။
ငရဲခွေးများသည် မိန်းကလေး၏ နောက်သို့ လိုက်နေခြင်းကို ရပ်တန့်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ သူမသည် ဒုတိယ မူလကြယ်၏ အထူးကိုယ်ရံတော်တပ်ဖွဲ့ဖြင့် ကာကွယ်ထားခြင်းကို ခံနေရခြင်းဖြစ်လေသည်။
မြို့တော်တွင်ပင် ဤကဲ့သို့သော ကာကွယ်မှုဖြင့် သူမအား ထိခိုက်စေနိုင်မည့်သူ အရေအတွက်သည် လက်ချိုးရေ၍ပင် ရလေ၏။
ထိုလူများအားလုံးသည် မူလကြယ်များကိုယ်တိုင်သာ ဖြစ်နေခဲ့ပြီး လက်ရှိတွင် ငရဲခွေးမြို့၌ မည်သည့် မူလကြယ်မျှ ရှိမနေခဲ့ပေ။
"ဒီနားတဝိုက်ပဲ ဖြစ်မယ်ထင်တယ်"
မိန်းကလေးသည် တစ်ယောက်တည်းရေရွတ်လိုက်ရင်း လမ်းကြားတစ်ခုအနီးသို့ ချဉ်းကပ်လာခဲ့သည်။
"ဒါက နဂါးလျှာအစွမ်းလား"
သူမသည် လမ်းကြားတစ်ခု၏ ဝင်ပေါက်အနီးသို့ပင် မရောက်သေးသော်လည်း ဤနေရာရှိ လောကဥပဒေသများ အနည်းငယ်ပုံစံပျက်ယွင်းနေသည်ကို သတိထားမိလိုက်သည်။
၎င်းသည် နဂါးလျှာအစွမ်း၏ သက်ရောက်မှုကြောင့်သာဖြစ်ကြောင်း သေချာနေသည်။
"သူ့ရဲ့ သွေးမျိးဆက်က တကယ်ပဲ နဂါးတစ်ကောင်ရဲ့ သွေးမျိးဆက်လား"
သူမသည် ထိုလူငယ်၏ သွေးမျိးဆက်သည် အားကောင်းကြောင်းကို သိထားပြီး ဖြစ်သော်လည်း ထိုအားကောင်းသော သွေးမျိးဆက်သည် အမှန်တကယ်လဲ နဂါးသွေးမျိးဆက်တစ်ခုဖြစ်နေခြင်းက သူမအား အံ့အားသင့်စေကာ တစ်ချိန်တည်း၌ သဘောကျနှစ်ချိုက်စေခဲ့၏။
နဂါးများသည်သာလျှင် နဂါးလျှာအစွမ်းကို အသုံးပြုနိုင်စွမ်းရှိလေသည်။
နဂါးများထဲတွင်ပင် အသန့်စင်ဆုံး သွေးမျိးဆက်ရှိထားသူများသည်သာ ဤကဲ့သို့ မြို့ထဲ၌ လောကဥပဒေသများကို ဤအတိုင်းအတာအထိ ခြယ်လှယ်နိုင်ကြပေလိမ့်မည်။
"ထူးဆန်းတယ်။ သူက နဂါးသွေးမျိုးဆက်ဖြစ်နေပေမဲ့ ငါ့သွေးမျိးဆက်နဲ့ ရင်းနှီးနေတယ်လို့ မခံစားရဘူး။ ဒါက ငါ့သွေးမျိးဆက်နဲ့ လုံးဝတစ်ထပ်တည်း ကျနေတာမျိုး မဟုတ်ဘူးလို့ဆိုလိုတာမလား ဒါပေမဲ့ အားနည်းတာတော့လည်း ဟုတ်မနေပြန်ဘူး။ ဘယ်လို ထူးဆန်းတဲ့ ဖြစ်ရပ်မျိုးပါလိမ့်"
သူမသည် အာရန်၏ ကန့်သတ်နယ်မြေထဲသို့ မဝင်မီ သူမ၏ တည်ရှိမှုကို ဖုံးကွယ်ထားရန် သူမ၏ နဂါးလျှာအစွမ်းကိုပင် အသုံးပြုလိုက်သည်။
သူမသည် အာရန်၏ ကန့်သတ်နယ်မြေအပြင်ဘက်တွင် ရှိနေစဉ်က လမ်းကြားအတွင်း၌ ဖြစ်ပျက်နေသည့် မည်သည့်အရာကိုမျှ မကြားသိနိုင်ခဲ့ပေ။ ထိုနေရာတွင် မည်သည့်အရာမျှ လွဲမှားနေသည်ဟု မခံစားခဲ့ရပေ။
သူမသည် ထိုကန့်သတ်နယ်မြေ၏ သက်ရောက်မှုအတွင်းသို့ ဝင်ရောက်လိုက်ပြီးမှသာ မြင်ကွင်းများသည် အရာရာ ပြောင်းလဲသွားခဲ့ခြင်းဖြစ်လေသည်။
သူမသည် သွေးနံ့ခပ်ပြင်းပြင်းအချို့ကို ရှူရှိုက်မိလိုက်သည်။
"ငရဲခွေးတွေ..."
ဤနေရာရှိ ပတ်ဝန်းကျင် အပူချိန်သည် လွန်စွာပြင်းထန်လွန်းနေခဲ့သည်။
၎င်းသည် ငရဲခွေးများ ဤနေရာတွင် တစ်စုံတစ်ဦးနှင့် တိုက်ခိုက်နေခဲ့သည်ဟုသော သင်္ကေတပင်။
ထိုအသိကြောင့် သူမသည် အာရန်အတွက် စိုးရိမ်လာမိခဲ့သည်။
ထိုလူငယ်သာ နဂါးသွေးမျိးဆက်မှ တစ်စုံတစ်ဦးဆိုပါလျှင် သူမသည် သူ့အား လွယ်လွယ်နှင့် သေခွင့် မပေးနိုင်ပေ။
ဤကမ္ဘာတွင် သန့်စင်သော နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် နဂါးနှစ်ကောင်သာ ရှိလေသည်။
တတိယနဂါးတစ်ကောင် အထူးသဖြင့် ပြင်ပလူတစ်ဦး ရောက်ရှိနေမည်ဆိုပါက ၎င်းသည် သူမအနေဖြင့် ကာကွယ်ပေးသင့်သည့် အရာပင် ဖြစ်လေ၏။
အာရန်၏ ဘေးကင်းမှုအတွက် စိုးရိမ်မိသွားသောကြောင့် သူမသည် လမ်းကြား ဝင်ပေါက်သို့ အလျင်အမြန်ပင် ပြေးဝင်သွားလိုက်ကာ အတွင်းသို့ လှမ်း၍ ကြည့်လိုက်မိသည်။
သူမ အစောပိုင်းက ဘာကို မျှော်လင့်မိခဲ့သည်ကို မမှတ်မိတော့သော်လည်း သူမ မြင်လိုက်ရသည့် မြင်ကွင်းမှာမူ သူမ မျှော်လင့်ထားသည်နှင့် များစွာ ကွဲပြားနေသည်မှာတော့ သေခြာနေခဲ့၏။
၎င်းသည် လုံးဝ သွေးသံရဲရဲ မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။
သွေးများသည် နေရာတိုင်းတွင် ပြန့်ကျဲလျက်ရှိနေ၏။
လမ်းကြားတစ်ခုလုံး၏ နံရံများသည် သွေးနီရောင်ခြယ်သခံထားရသကဲ့သို့ပင်။ သို့သော် ထိုသွေးများသည် သူမ စိုးရိမ်နေသော လူငယ်၏ သွေးများ ဟုတ်မနေခဲ့ပေ။
ယင်းအစား ၎င်းသည် ငရဲခွေးများ၏ သွေးများဖြစ်နေပြီး သူတို့၏ သက်မဲ့ခန္ဓာကိုယ်များသည် လမ်းကြားတစ်လျှောက်တွင် ပြန့်ကျဲလျက်ရှိနေကြသည်။
ငရဲခွေးမြို့အတွင်း၌ တစ်စုံတစ်ဦးသည် ငရဲခွေးတစ်ကောင်တည်းအား သတ်ဖြတ်လိုမည်ဆိုပါက လုံးဝလျှို့ဝှက်စွာ လှုပ်ရှားရန်လိုအပ်လေသည်။
ယခုမူ ဤနေရာတွင် ငရဲခွေး အလောင်းကောင်များ ပတ်လည်ဝိုင်းလျက်ရှိနေပြီး ၎င်းတို့ ခန္ဓာကိုယ်ရှိ မီးလျှံအချို့သည် သူတို့ သေဆုံးသွားပြီးနောက်တွင်ပင် ဆက်လက်တောင်လောင်နေဆဲပင် ဖြစ်၏။
ထိုအရာက တိုက်ပွဲ ပြီးဆုံးခဲ့သည်မှာ သိပ်မကြာသေးကြောင်း ဖော်ပြနေခြင်းပင်။
နဂါးမင်းသမီးသည် ထိုငရဲခွေးများ၏ အလောင်းများ ပြန့်ကျဲနေသော လမ်းကြား၏ တစ်ဖက်အဆုံး၌ သူမဘက်သို့ ကျောပေးထားသော အမျိုးသားတစ်ဦးအား မြင်တွေ့လိုက်ရသည်။
သူ၏ အဝတ်အစားများသည် ငရဲခွေးများ၏ မီးလျှံများကြောင့် အများစုမှာ လောင်ကျွမ်းသွားခဲ့ပြီဖြစ်၏။
သူ၏ အရေပြားတွင်ပင် အပူလောင်ဒဏ်ရာအချို့ ရှိနေခဲ့ပြီး ၎င်းတို့သည် လျှင်မြန်သော နှုန်းထားတစ်ခုဖြင့် ဖြည်းဖြည်းချင်း ပြန်လည် ပျောက်ကင်းနေဟန်ရသည်။
ထိုအမျိုးသား၏ ကျောဘက်တွင် ထူးခြားသော နဂါးတောင်ပံများ ရှိနေပြီး ၎င်းတို့သည် သူမနှင့် သူမ၏ အစ်ကို ပိုင်ဆိုင်သော တောင်ပံများနှင့် မတူညီပေ။
၎င်းသည် သေချာပေါက် ကွဲပြားသော မျိုးနွယ်စုတစ်ခုဖြစ်မည်မှာမှန်သော်လည်း မည်သည့် မျိုးနွယ်စုဖြစ်သည်ကိုမူ သူမလည်း မသိနိုင်ခဲ့ချေ။
တစ်ခုတည်းသော သေခြာသည့် အရာမှာ ၎င်းသည် သူမ၏ မျိုးနွယ်စုကဲ့သို့ပင် အားကောင်းသည့် နဂါးမျိုးနွယ်စုတစ်ခုမှ ဖြစ်ရပေမည်။
ထိုသူငယ်၏ အစောပိုင်း လူပုံစံဖြင့် ရှိနေခဲ့စဉ်က သူမသည် သူ၏ သွေးမျိးဆက်မှ သက်ရောက်မှုအချို့ကိုသာ အာရုံခံမိခဲ့သည်။
သို့သော် သူ၏ ယခုနဂါးပုံစံအသွင်သို့ ပြောင်းလဲလိုက်သောအခါတွင်မူ သူမသည် သူ၏ သွေးမျိးဆက်ဆီမှ ပြင်းထန်သောဖိအားတစ်ခုကိုပါ ထပ်မံ၍ မြင်တွေ့လိုက်ရလေသည်။
အာရန်၏ ယခုကဲ့သို့ မူလနဂါးအသွင် ပြောင်းလဲထားခိုက်တွင် နဂါးသွေးမျိုးဆက် ပိုင်ဆိုင်ထားသူ မိန်းကလေးအနေဖြင့်ပင် ထူးဆန်းသော မသက်မသာဖြစ်မှုတစ်ခုကို ခံစားနိုင်ခဲ့သည်။
'ရှင်က ဘယ်လိုမျိုးလဲ တိတိကျကျ သိချင်မိတယ်'
မိန်းကလေးသည် အာရန်အား တွေဝေစွာ စိုက်ကြည့်ရင်း တွေးလိုက်မိသည်။
"မင်း အဆင်ပြေရဲ့လား"
အာရန်သည် သူ၏ရှေ့တွင် ထိုင်လျက်သားလဲကျနေကာ သူမမျက်စိရှေ့တွင် ဖြစ်ပျက်သွားသော မြင်ကွင်းများအား ယုံကြည်နိုင်ရန်ခက်ခဲနေပုံရသော ယဲ့ဗ်နီအား မေးလိုက်ခြင်းဖြစ်သည်။
သူမသည် အာရန်အား ခွန်အားကြီးသူတစ်ဦးဟု ထင်ထားခဲ့မိသော်လည်း သူမ မြင်လိုက်ရသည့် အရာက သာမန်ခွန်အားကြီးသူများထက် များစွာ သာလွန်လွန်းနေခဲ့သည်။
အာရန်သည် အစောပိုင်းက ငရဲခွေးတစ်ကောင်လုံးကို သူမမျက်စိရှေ့တွင်ပင် လက်ဗလာဖြင့် ဆုတ်ဖြဲပစ်ခဲ့ခြင်း ဖြစ်လေသည်။
ထိုအရာက သူသည် သံသယဖြစ်စရာ မလိုအောင်ပင် သူမထက်များစွာ သန်မာကြောင်း သက်သေပြပြီးသား ဖြစ်လေသည်။
သူမသည် အာရန်နှင့် အမှန်အကန် တိုက်ခိုက်ရမည်ဆိုလျှင် အစွမ်းကုန် ထုတ်သုံးခဲ့မည်ဆိုပါကပင် အနိုင်ရရန် လမ်းမမြင်တော့ချေ။
သူမသည် အာရန်၏ အမေးအား ပြန်ဖြေရန် နှုတ်ခမ်းနှစ်လွှာအား ဖွင့်ဟရန်ပြင်လိုက်စဥ်မှာပင် အာရန်၏ စိတ်မနှစ်မျို့ဟန်ပြောင်းသွားသော မျက်နှာအား သတိထားမိလိုက်သည်။
"ငါတို့အတွက် နောက်ထပ်ဧည့်သည်တွေ ထပ်ရောက်လာပုံရတယ်"
အာရန်သည် မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။