← Chapters

အခန်း (၂၃၉+၂၄၀)

Vol. 15 Ch. 239+240

အခန်း (၂၃၉+၂၄၀)

Vol. 15 Ch. 239+240

ဝင်ခွင့်ဖြေသူများတန်းစီလိုက်ကြသည်။

“ပထမဆုံးအနေနဲ့ ရှီလိုင်ခဲ့အကယ်ဒမီ ကိုယ်စား အားလုံးကို ကြိုဆိုပါတယ်။ ငါကတော့ ရှီလိုင်ခဲ့အကယ်ဒမီ အပြင်စည်းက ဆရာမ ရှောင်ချီပါ... အပိုတွေပြောမနေတော့ဘူး....ဒီနေ့ မင်းတို့ထဲကတစ်ဝက်ထုတ်တော့မယ်”

ထိုစကားကိုပြောပီးသည်နှင့်တပြိုင်နက်

ကျောင်းသားများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

တစ်ဝက်?

ပထမနေ့တင် တစ်ဝက်ကိုထုတ်မှာလား ...

ဒါက နည်းနည်း ရက်စက်လွန်းတယ် မလား?

ရှောင်ချီ က

“ဒါဟာ အရမ်းရက်စက်တယ်လို့ မင်းတို့ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တော့ ဒီကမ္ဘာမှာ ရက်စက်တဲ့ တခြားအရာတွေ အများကြီးရှိသေးတယ်။ ဒီအရာကို မင်းတို့အားလုံးအတွက် စမ်းသပ်မှုတစ်ခုလို့လည်း ယူဆနိုင်တယ်”

“အဓိကအချက်ကိုပြန်သွားမယ်၊ စာမေးပွဲကျင်းပမယ့်နည်းလမ်းကို အခုပဲကြေငြာမယ်။ ရှင်းပါတယ်... အဖွဲ့နှစ်ဖွဲ့ အချင်းချင်းတိုက်ရမယ်....ရှုံးတဲ့အဖွဲ့ကထွက်ရမယ်.... အနိုင်ရတဲ့အဖွဲ့က နောက်တစ်ဆင့်ကို တက်လှမ်းနိုင်တယ်”

ရှောင်ချီ က ဆက်ပြောတယ်

“မင်းတို့ကို ငါ သတိပေးစရာတစ်ခုရှိတယ်

..အဲ့တာကတော့ ပြိုင်ပွဲကို ပုံရိပ်ယောင်ကမ္ဘာမှာလုပ်မှာမဟုတ်ဘူး... တကယ့်တိုက်ပွဲလုပ်မှာ...အပြင်မှာတကယ်တိုက်ရမှာ... တစ်နည်းဆိုရရင် ဒဏ်ရာရရင် တကယ့်ဒဏ်ရာရမှာဖြစ်ပြီးတော့ ကွင်းထဲမှာ တစ်ယောက်ယောက်သေဆုံးရင် အဲ့တာက အမှန်တကယ်သေဆုံးသွားမှာပဲ.... အကယ်ဒမီက ကုသပေးမည်ဖြစ်ပေမဲ့ အာမခံချက်မရှိဘူး... ဒါကို အရင်ရှင်းအောင်သိဖို့ လိုတယ်။ ဒါကြောင့် မင်းတို့အားလုံး သေသေချာချာ စဉ်းစားပြီး ထွက်သွားချင်ရင် အခုပဲ ငါတို့ကို အကြောင်းကြားပါ”

တကယ့်တိုက်ပွဲလား?

ထိုအရာကိုကြားတော့ လန်ရွမ်းယုတည်ငြိမ်သွားသည် ။ ထိုအချိန်တွင် သူ့ခေါင်းသည် လျင်မြန်စွာစတင်အလုပ်လုပ်နေခဲ့သည်။

“ငါတို့ စပြီး မဲနှိုက်မယ်”

တိုက်ခိုက်ရမည့်အဖွဲ့များကိုစတင်မဲနှိုက်လေသည်။

ရာနှင့်ချီသော အမည်များသည် ဖန်သားပြင်ပေါ်တွင် ပေါ်လာပြီး

“စမယ်!”

ဖန်သားပြင်တွင်နာမည်များရောသွားကာ

အဖွဲ့နှစ်ဖွဲ့စီ ယှဥ်လျက်ပေါ်လာလေသည်။

“ပြီးသွားပြီ၊ လူတိုင်း ပြင်ဆင်ထားပါ။ ခေါ်တဲ့လူတွေ စင်ပေါ်တက်လာပါ”

ရှောင်ချီ ကြေညာခဲ့သည်။

“ပထမပွဲ လန်ရွမ်းယု....ချန်းလိန် နဲ့ လျိုဖိန်တို့

လီဟန်...လီဘင်း နဲ့ ကျားယုတို့နဲ့တိုက်ခိုက်ရပါမယခ”

စုစုပေါင်းအသင်း 100 ရှိသော်လည်း အမှန်တကယ်စင်မြင့်ပေါ်တက်ရန် ရွမ်းယုတို့ ပထမဆုံးရွေးချယ်ခံရသည်။

လန်ရွမ်းယုက ပြုံးကာ

“စင်ပေါ်မှာ ပထမဆုံးတက်ပီးတိုက်ခိုက်ရတာ ကောင်းပါတယ်။ သွားကြရအောင်!”

လန်မိန်ချင်းက တုံချင်းရုံကိုကြည့်ကာ

“သူတို့ရဲ့ အစွမ်းက သိပ်တော့ မကြီးဘူး..ဟုတယ် မလား။ လန်ရွမ်းယုကလည်းသိပ်စွမ်းအားကြီးပုံမရပါဘူး....အဲ့တာကို မင်းကဘာလို့ သူ့ကိုကြိုက်တာလဲ။ ”

“သူ့ကိုဘယ်သူကြိုက်လို့လဲ”

တုံချင်းရုံ ရှက်ရွံ့စွာ ပြောလိုက်သည်။

“အစ်မမိန်ချင်း... ငါတို့က ငယ်ပါသေးတယ်!”

လန်မိန်ချင်း က တခစ်ခစ်ရယ်လိုက်သည်။

“မင်း သူ့ကို မကြိုက်ရင် မင်း ဘာကို စိတ်ပူနေတာလဲ”

တုံချင်းဂူသ က သူမကို တစ်ချက်ကြည့်လိုက်ရင်း

“သူက ငါ့ဆရာမရဲ့ တပည့်ပဲ!”

“ဆရာမ နာ့နာ့လား?” လန်ချင်းရုံ လန့်သွားသည်။

တုံချင်းရုံ ခေါင်းညိတ်လိုက်သည်။

“သူက ဆရာမနာ့နာ့ ရဲ့ ပထမဆုံး တပည့်ပဲ။ သူငါတို့ကျောင်းကို နောက်ဆုံးအကြိမ်တုန်းကရောက်လာတာကလည်း ဆရာမနာ့နာ့ကို လာရှတာပဲ။”

သူမ၏ရှင်းပြချက်ကိုကြားသောအခါ လန်မိန်ချင်း ၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။ သူမသည် စင်ပေါ်မှာ လန်ရွမ်းယုကို မနာလိုမှုများဖြင့်ကြည့်နေလေသည်။

လန်ရွမ်းယုတို့ သုံးယောက်သည် စင်မြင့်ပေါ်သို့ တက်လာပြီး တစ်ဖက်တွင်ရပ်လိုက်သည်။ လန်ရွမ်းယုက အလယ်တွင်နေကာ ချန်းလိန်နှင့်လျိုဖိန်တို့က ဘေးတစ်ဘက်စီတွင်နေရာယူထားသည်။

တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ပြိုင်ဘက်များသည် စင်မြင့်ပေါ်သို့ တက်လာသည်။

အရပ်ရှည် လူငယ်လေးတွေဖြစ်သည်။

“နှစ်ဘက်စလုံး တေနာမည်တွေ ပြောကြပါ”

ဒိူင်လူကြီးအဖြစ် လင်းရီရီရှိနေခဲ့သည်။ စကားပြောခဲ့သည်။

“လန်ရွမ်းယု..လျိုဖိန်... ချန်းလိန် “

“ လီဟန်...လီဘင်း...ကျားယု “

“ဘယစည်းကမ်းမှ မရှိဘူး၊ ဘာကိုမဆို သုံးလို့ရတယ်။ ပွဲစ!”

လင်းရီရီ သူမ၏လက်ကို ဝှေ့ယမ်းကာ စင်မြင့်အလယ်မှ ဆုတ်သွားခဲ့သည်။

ဘာစည်းကမ်းမှမရှိဘူးလား...

ပြိုင်ဘက် သုံးဦး၏ ဝိညာဉ်ကွင်းများ ထွက်ပေါ်လာသည်။

လီဘင်းနှင့် ကျားယုတို့တွင်ခရမ်းရောင်ဝိညာဥ်ကွင်းသုံးကွင်းရှိပြီး....အလယ်မှလီဟန်တွင်ခရမ်းရောင်လေးကွင်းရှိနေလေသည်။

ချန်းလိန် နဲ့ လျိုဖိန် တို့ရဲ့ အမူအရာများ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

ဝိညာဉ်အကြီးအကဲနှစ်ဦး... ဝိညာဉ်ဘိုးဘေးတစ်ဦး....

ပင်းထျန်းလိန်တို့အဖွဲ့နှင့်အတူတူပင်ဖြစ်သည်။ သူတို့ရဲ့ ကံကြမ္မာက ဒီလောက်ဆိုးမယ်လို့ ဘယ်သူက ထင်မှာလဲ....

တစ်ချိန်တည်းမှာပင်၊ ပြိုင်ဘက်များသည် လန်ရွမ်းယုတို့အဖွဲ့မှဝိညာဉ်ကွင်းများကို တွေ့လိုက်ရသည်။

ချန်းလိန်နှင့်လျိုဖိန်တို့ထံမှ ခရမ်းရောင် ဝိညာဉ်ကွင်းနှစ်ကွင်း ပေါ်လာသည်။

လန်ရွမ်းယုမှာ အသင်းခေါင်းဆောင်ဖြစ်ကြောင်း ထင်ရှားသော်လည်း သူ၏ခြေရင်းမှ အဝါရောင်ဝိညာဉ်ကွင်းနှစ်ကွင်းသာ ထွက်ပေါ်လာခဲ့သည်။

ပြိုင်ဘက်အသင်းကတော့ သူတို့ကံကောင်းသည်ဟုတွေးနေလောက်ပြီဖြစ်သည်။

“မင်းတို့ ရှုံးနိမ့်တာကို ဝန်ခံလိုက်ပါ”

လီဟန်ကအော်လိုက်သည်။

လန်ရွမ်းယု ရယ်မောလိုက်သည်။

“ငါတို့ ကြိုးစားကြည့်ပါဦးမယ်”

သူတို့ အနိုင်ယူဖို့ တကယ်ပဲ ဖြစ်နိုင်ပါ့မလား....

All Chapters