Chapters

အခန်း (၂၄၁)

Vol. 15 Ch. 241

အခန်း (၂၄၁)

Vol. 15 Ch. 241

လီဟန်နှင့် ကျားယုတို့သည် ၎င်းတို့၏သိုင်းဝိဥာဉ်များကိုထုတ်ကာ လန်ရွမ်းယုတို့အဖွဲ့ဆီသို့ ပြေးလာခဲ့သည်။

လီဟန်၏ခန္ဓာကိုယ်မှ အပြာရောင်ဖျော့ဖျော့အလင်းတစ်ခုထွက်လာသည်။ သူနောက်မှလည်း လှိုင်းလုံးကြီးတစ်ခုပေါ်လာသည်။

ပင်လယ်ဒီရေလှိုင်း.....

လီဟန်၏သိုင်းဝိညာဥ်ပင်ဖြစ်သည်။

ရှီလိုင်ခဲ့အကယ်ဒမီတွင်ဝင်ခွင့်ဖြေမည့်သူတွေက ဘယ်လိုနည်းနဲ့ အားနည်းနိုင်မလဲ....

ကျားယု၏ ခန္ဓာကိုယ်မှာ ကျောက်စိမ်းရောင်လှံတံတစ်ခု ပေါ်လာသည်။ သူ၏ ဒုတိယဝိညာဉ်ကွင်း တောက်ပလာပြီး ထိုလှံကို ပင်လယ်ဒီရေလှိုင်းဆီသို့ ညွှန်ပြလိုက်သည်။ ဒီရေလှိုင်းထဲမှ ငါးနဲ့တူတဲ့ အဖြူရောင်အကောင်များ ပေါ်လာလေသည်။

လီဟန်၏ သိုင်းဝိညာဥ်မှာ သမုဒ္ဒရာ အမျိုးအစားဖြစ်ပြီး ငယ်စဉ်ကတည်းက မိခင်ဂြိုဟ်အရှေ့ဘက်ခြမ်းတွင် နေထိုင်ခဲ့သည်။

သူနဲ့ အတူတူ ကျားယု မှာလည်း ရှားပါးသိူင်းဝိညာဥ် ရှိတယ်။ ပင်လယ်လှံ လို့ အသိအမှတ်ပြုခံရပြီး သူ့ရဲ့စွမ်းရည်က သူ့ကို တိုက်ခိုက်တဲ့ပုံစံအနေနဲ့ ရေနေသားရဲများကို ရေပုံစံဖြင့် ဆင့်ခေါ်နိုင်သည်။

ဓားငါးမန်းများ......

ဒီရေလှိုင်းအတွင်း၌ ဓားငါးမန်းများပေါ်လာသည်။ ပ

တစ်ချိန်တည်းမှာပင် လီဘင်းလည်း ဘာမှမလုပ်ဘဲ မနေခဲ့.... လပြည့်ဝန်းကြီးသည် သူ့ခေါင်းထက်တွင် ပေါ်လာပြီး လရောင်သည် လှိုင်းလုံးများပေါ်သို့ ဖြာကျနေသည်။ ပင်လယ်ပြင်အထက်တွင် တောက်ပသောလ၏ရှိနေခြင်းသည် ဧရာမဒီရေလှိုင်းနှင့် ဓားငါးမန်းများကို သိသိသာသာ အားကောင်းလာစေခဲ့သည်။

ထိုသုံးယောက်မှာအမှန်ပင်အတွဲညီနေလေသည်။

လပြည့်ဝန်....ဒီရေလှိုင်း.... ဓားငါးမန်း..

လန်ရွမ်းယုသည် အမှန်တကယ်ပင် လေးနက်လာသည်။ ပြိုင်ဘက်များ၏ တိုက်ခိုက်မှုသုံးခုလုံးသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

ထိုအချိန်တွင် သူ့အတွက် ရွေးချယ်စရာမရှိတော့ပေ....

လန်ရွမ်းယုသည် ရှေ့သို့တစ်လှမ်းတိုးကာ သူ၏ ရွှေရောင် ငွေရောင် နွယ်ပင်နှစ်ပင်ကို ထုတ်လွှတ်ကာ ချန်းလိန်နှင့်လျိုဖိန်တို့ကိုအဆင့်မြှင့်တင်လိုက်သည်။ လျိုဖိန်၏ နဂါးဖြူ လှံတုန်လာသည်။ လှံသည် ထူးထူးခြားခြား အလင်းရောင်များ စတင်ထွက်ရှိလာသည်။

အနီရောင် သံချပ်ကာနဂါးကြီးသည်လည်း ဆင်းခေါ်ခြင်း ဂိတ်ဝမှ ထွက်လာသည်။

လန်ရွမ်းယုသည်ရှေ့သို့ ခြေတစ်လှမ်းထပ်တိုးကာ သူ့ရှေ့တွင် ရေခဲအလွှာတစ်ခုကိုဖန်တီးလိုက်သည်။ လျိုဖိန်နှင့်ချန်းလိန်တို့ကိုသူ့နောက််တွင်ခေါ်ထားလိုက်သည်။ ရေခဲအလွှာမှာ တြိဂံပုံသဏ္ဍာန်ဖြစ်သည်။ ဒီရေကိုထိုးခွဲတော့မည့်ပုံစံ ဖြစ်သည်။

အနီရောင် သံချပ်ကာ နဂါးသည် ထိုရေခဲလွှာရှေ့တွင်ရှိနေလေသည်။

“ဘန်းးး”

အနီရောင်သံချပ်ကာနဂါးကြီးသည် ကြီးမားသော ဒီရေကြောင့် ချက်ချင်းပေါက်ကွဲသွားခဲ့သည်။

ထို့နောက် ဒီရေလှိုင်းကြီးသည် လန်ရွမ်းယု၏တြိဂံပုံသဏ္ဍာန်ရေခဲနံရံကို ရိုက်ခတ်သွားပြီး သုံးယောက်သားကို စင်မြင့်၏အစွန်းအထိ နောက်ပြန်ဆုတ်သွားစေခဲ့သည်။

စင်မြင့်ပေါ်မှ ပြုတ်ကျပါက မည်သူမဆို အရှုံးသမားအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

သို့သော် ရွမ်းယုတွင်အစီအစဥ်ရှိပြီးသားဖြစ်လေသည်။ သူ၏ငွေပြာမြက်နှစ်ခုကိုပေါင်းစပ်ကာ သိုင်းဝိညာဉ်ပေါင်စပ်စွမ်းရည်ကိုထုတ်ရန်ပြင်လိုက်သည်။ သို့သော်ထိုအချိန်တွင် ထူးဆန်းသောအရာတစ်ခုပေါ်လာခဲ့သည်။ ရွမ်းယုငွေပြာမြက်များကိုပေါင်းလိုက်သည်နှင့် ဒီရေလှိုင်း... ဓားငါးမန်းများနှင့်လပြည့်ဝန်းကြီးမှာ ချက်ချင်းအရည်ပျော်ကျသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရေခဲနံရံကြီးမှာလည်း ကွဲအက်သွားသည်။

ဘာလဲ..

အောက်မှ လူများ အံသြသွားသည်။

လီဟန် နှင့် ကျားယု သည် ပို၍ပင် အံသြသွားသည်။

ထို့အတူ လန်ရွမ်းယုမှာလည်းအံ့သြနေသည်။

သူတို့ပြုတ်ကျခါနီးတွင် ရွမ်းယုသည် သူ့ခန္တာကိုယ်ထဲမှ ပင်လယ်နှင့်ပက်သက်သည့်စွမ်းအားတစ်ခုထွက်လာသလိုခံစားလိုက်ရသည်။ ထို့ပြင် လီဟန်တို့သုံးယောက်သည် ရွမ်းယုကိုမြင်လိုက်သောအခါ ခန္ဓာကိုယ်အတွင်းမှကြောက်ရွံ့မှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူတို့၏မျက်လုံးများတွင် လန်ရွမ်းယု သည် ကြီးမားသောသတ္တဝါအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ မျက်နှာများဖြူဖျော့ကာ နောက်သို့ပြန်ဆုတ်သွားမိကြသည်။

ထိုအချိန်တွင် လျိုဖိန်သည်အငြိမ်မနေခဲ့ပေ။ မဆိုင်းမတွဘဲ သူသည် အဖြူရောင်အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ကျားယုအား စင်ပေါ်မှကန်ချလိုက်သည်။ ချန်းလိန်မှာလည်းအတူတူပင် မြနတ်ဆိုးငှက် သည် လီဟန် ကို တည့်တည့်တိုက်ခိုက်ကာစင်ပေါ်မှခတ်ထုတ်ပစ်လိုက် သည်။