အခန်း (၂၄၂)
Vol. 15 Ch. 242
ထို့နောက် လျိုဖိန်သည် ကျန်ရှိသော လီလင်းကိုကန်ထုတ်လိုက်လေသည်။
“ပွဲပြီးပါပြီ.... လန်ရွမ်းယုအဖွဲ့အနိုင်ရပါတယ်”
လင်းရီရီ ကြေငြာလိုက်သည်။
ပြိုင်ပွဲသညိ မထင်မှတ်ထားတဲ့ ပုံစံနဲ့ပြီးသွားသည်။
လန်ရွမ်းယု ကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ပြီး အခြားသူများကိုလည်း မပြောလိုပေ။
‘ဘာဖြစ်တာလဲ?’
သူတို့ ဘယ်လိုအနိုင်ရခဲ့တာလဲ....
ချန်းလိန်က “ခေါင်းဆောင်... မင်းက အံ့သြစရာပဲ! မင်း အဲ့ဒီအဖွဲ့ကို တကယ်ပဲ ထိန်းချုပ်လိုက်တာလား။ မ်ိုက်လွန်းပါတယ်.....
လန်ရွမ်းယု သူ့ကို လှည့်ကြည့်လိုက်သည်။
‘ငါ ဘာမှမလုပ်ပါဘူး!’ ဟုပြောလိုသော်လည်း
စင်အောက်မှ သူ့အား ထိတ်လန့်နေသည့်လူများ၏အကြည့်များကို ခံစားလိုက်ရသဖြင့် သူပြောမည့်စကားများကို အတင်းမျိုချလိုက်ရသည်။
ဘာပဲဖြစ်ဖြစ် သူတို့အနိုင်ရခဲ့တာက အဓိကပါပဲ....
လင်းရီရီလည်းရောက်လာကာ
“မင်းဘယ်လိုလုပ်လိုက်တာလဲ”
ထိုစကားကြားတော့ လန်ရွမ်းယုက ခေါင်းယမ်းကာ လက်နှစ်ဖက်ကို ဖြန့်ပြီး အပြစ်ကင်းစွာ ပခုံးတွန့်လိုက်သည်။
လင်းရီရီကတော့
‘ဟန်ဆောင်နေတာ... ဆက်ပြီး ဟန်ဆောင်လိုက်ပါဦး... ‘
လန်ရွမ်းယုပင် ထိုဒီရေလှိုင်းကြီးပျောက်သွားအောင်ဘယ်လ်ိုလုပ်ခဲ့မှန်းမသိပေ။
စင်အောက်တွင်
လီဘင်း မထိန်းနိုင်ဘဲ
“မင်းတို့ နှစ်ယောက်လုံး ဘာလို့ ရုတ်တရတ် တိုက်ခိုက်တာ ရပ်လိုက်တာလဲ။ ဘာဖြစ်သွားတာလဲ?”
လီဟန် က ခပ်တိုးတိုးနဲ့
“ငါလည်းမသိဘူး! အဲ့အချိန်မှာ ငါ့ရဲ့သိူင်းဝိညာဥ်က အလုပ်မလုပ်တော့ဘဲ ပျောက်သွားတယ်။ ဘာအစွမ်းမှ မသုံးနိုင်ခဲ့ဘူး”
ကျားယု ကလည်း “ငါလည်းအတူတူပဲ! ဘယ်လိုရှုံးသွားမှန်းတောင် မသိဘူး။ ငါ တကယ်မကျေနပ်ဘူး!”
နေရာတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေဆဲ.....
လန်ရွမ်းယုတို့အဖွဲ့အား အားလုံးက မယုံကြည်နိုင်ဖြစ်နေကြသည်။ ၎င်းတို့ သုံးဦးစီတွင် ကွင်းနှစ်ကွင်းသာရှိသော်လည်း ၎င်းတို့သည် ကွင်းလေးကွင်းနှင့် ကွင်းသုံးကွင်း ဝိညာဉ်မာစတာသုံးဦးကို အနိုင်ယူနိုင်ခဲ့သည်။
လန်မိန်ချင်းက တုံချင်းရုံ ကိုကြည့်ကာ
“ဘယ်လိုလုပ်လိုက်ကြတာလဲ။ ရှင်းရှင်းလင်းလင်းမြင်လိုက်ရလား”
တုံချင်းရုံ လည်း စိတ်ရှုပ်ထွေးစွာခေါင်းယမ်းလိုက်သည်။
သူမလည်းမသိလိုက်ပေ။
လန်ရွမ်းယုသည်အမှန်တကယ်တော့သိုင်းဝိညာဥ်ပေါင်းစပ်စွမ်းရည်ကိုပင်မသုံးခဲ့ကြောင့် ရွမ်းယုသာသိလေသည်။
ဒါပေမယ့် လီဘင်း....ကျားယုနဲ့ လီဟန်တို့၏သိုင်းဝိညာဥ်များပျောက်သွားသည်။ ထိုအရာသည် သူ၏သိုင်းဝိညာဉ်ပေါင်းစပ်စွမ်းရည် လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။
သွေးသားများပြောင်းပြီးနောက် စွမ်းရည်တစ်ခုထပ်ပေါ်လာတာလား......
ဒီကိစ္စနဲ့ပတ်သက်ပြီးလန်ရွမ်းယုအတည်မပြုနိုင်သေးပေ.....
အနည်းဆုံးတော့ သူတို့အနိုင်ရခဲ့သည်။
ပြိုင်ပွဲ ပထမအကျော့ပြီးဆုံးသွားကာ သူတို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
သို့သော် လင်းထျန်အကယ်ဒမီမှ လျန်ဆူရှီတို့ကတော့ကံမကောင်းခဲ့ပေ။
လျန်ဆူရှီသည် ပင်းထျန်လိန်၏ရင်ခွင်ထဲတွင်ငိုနေလေသည်။ လန်ရွမ်းယုသည် အဝေးမှနေကာ ပင်းထျန်းလိန်ကို စာနာသနာစိတ်ဖြင့် ကြည့်ကာသက်ပြင်းချလိုက်မိသည်။
Endend……