အခန်း (၂၄၃+၂၄၄)
Vol. 15 Ch. 243+244
ပင်ထျန်းလိန်သည် သူ၏ကောင်မလေးဝင်ခွင့်ရရေးအတွက် ရွမ်းယုကိုပင်လာရောက်အကူအညီတောင်းခဲ့သည်။ ယခုကတော့ရွမ်းယုလည်းမကူညီနိုင်တော့ပေ။
ပင်းထျန်းလိန်အလှည့်တွင်တော့ ပင်းထျန်းလိန်အနိုင်ရခဲ့လေသည်။ ထို့နောက် တုံချင်းရုံနှင့်လန်မိန်ချင်းတို့အလှည့်ဖြစ်သည်။
သူတို့၏ပြိုင်ဖက်များမှာ ကွင်းလေးကွင်းတစ်ဦးနှင့် ကွင်းသုံးကွင်းနှစ်ဦးဖြစ်လေသည်။
နှစ်ယောက်နဲ့ သုံးယောက်တိုက်ပွဲ
လန်ရွမ်းယုသည် သူနှင့် မျိုးရိုးနာမည်တူသော လန်မိန်ချင်းကို အာရုံစိုက်နေခဲ့သည်။ နှစ်ဖက်စလုံးက သိုင်းဝိညာဉ်များကိုထုတ်လိုက်သောအခါ လန်မိန်ချင်းတွင် ကွင်းလေးကွင်းရှိကြောင်းသိလိုက်ရသည်။
“ပွဲစ!”
တစ်မိနစ်အကြာ.....
“သူက အရမ်းသန်မာတာပဲ!”
ချန်းလိန် အံသြစွာပြောလိုက်သည်။ပွဲစမှပွဲဆုံးထိ တုံချင်းရုံ ဝင်တိုက်မသွားပေ။ လန်မိန်ချင်းတစ်ယောက်ထဲနှင့်အကုန်ပွဲသိမ်းခဲ့လေသည်။
“ဟုတ်တယ်! သူက တကယ်ကို သန်မာတယ်။”
သူမသည် ပင်ထျန်းလိန် ထက်ပင် အားကောင်းခဲ့သည်။
အသင်းပေါင်း ၁၀၀ ရှိသောကြောင့် စုစုပေါင်း ပြိုင်ပွဲ ၅၀ ကျင်းပခဲ့သည်။
ထူးဆန်းသော သိုင်းဝိဉာဉ်များနှင့် ဝိညာဉ်စွမ်းရည်များကိုမြင်ခဲ့ရသည်။ ဤသည်မှာ ရှားရှားပါးပါး သင်ယူခွင့်တစ်ခုလည်းဖြစ်သည်။
နောက်ဆုံးပွဲ.....
“လျိုဟောက်..ချန်းရှောင်...ဖိန်းရှောင်နဲ့ ယွမ်နန်ဟွေ့ဟွေ့ တို့အလှည့်ပါ” ရှောင်ချီက ကြေညာခဲ့သည်။
ထိုကြေညာချက်ကြောင့်လူတိုင်းလန့်သွားသည်။
ပထမအသင်းမှာနာမည်သုံးခုကြေညာသောကြောင့်မထူးဆန်းသော်လည်း ဒုတိယအသင်းတွင်နာမည်တစ်ခုသာ .....
လျိုဟောက်... ချန်းရှောင်း နှင့် ဖိန်းရှောင်းတို့လည်း စင်ပေါ်သို့ တက်ခဲ့ကြသည်။ သူတို့၏ အမူအရာများမှာလည်း ထူးဆန်းနေကြသည်။
သူတို့ရဲ့ ပြိုင်ဘက်က ဘယ်သူလဲဆိုတာ သိပြီးသလိုပင်.....
ထိုအရာကို လန်ရွမ်းယုချက်ချင်းပြောနိုင်လိုက်သည် ။ ဒီ
ထိုအချိန် ထောင့်နားတွင် ထိုင်နေသော ကောင်လေးတစ်ယောက် မတ်တပ်ရပ်လိုက်သည်။ သူသည် အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားသည်။ သိပ်ထူးခြားပုံမပေါ်ပေ။ ထို့နောက် ထိုကောင်လေးမှာစင်ပေါ်သို့တက်သွားလေသည်။
ယွမ်နန်ဟွေ့ဟွေ့....
သူသည် မိန်းကလေးများထက်ပင် များစွာ လှပသော ယောက်ျားလေးဟုပင် ဆိုနိုင်သည်။
မိန်းကလေးတစ်ယောက်ရဲ့မျက်နှာရှိသည်ဟုပင်ပြောနိုင်လေသည်။ ဆံပင်များမှာလည်းအနီရောင်သန်းနေသကဲ့ပင်... ပန်းရောင်ဖျော့ဖျော့ဟုလည်းပြောနိုင်လေသည်။ ပိုထူးဆန်းသည်မှာ
ဘယ်ဘက်မျက်လုံးမှာ ခရမ်းရောင်ဖျော့ဖျော့ဖြစ်ပြီး ညာဘက်မျက်လုံးမှာ ခရမ်းနီရောင်ဖြစ်နေသည်။
“စ”
ဒိုင်လူကြီး အော်လိုက်သည်။
ခရမ်းရောင် ဝိညာဉ်ကွင်းတစ်ကွင်း ထွက်ပေါ်လာသည်။ ထို့နောက် ဒုတိယ... တတိယနှင့် စတုတ္ထကံင်း အကုန်လုံး ခရမ်းရောင်လေးကွင်းဖြစ်သည်။
အဲဒီနောက်မှာတော့ ပဉ္စမကွင်း.... အနက်ရောင်ကွင်းတစ်ကွင်း ပေါ်လာခဲ့သည်။
ငါးကွင်း.....
ဝိညာဉ်ဘုရင်အဆင့်....
ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။
အသက် 12 နှစ်အရွယ်တွင် ကွင်းလေးကွင်းရောက်ရှိရန် မည်မျှခက်ခဲသည်ကို အားလုံးသိကြသည်။
သို့သော်၊ သူတို့ရှေ့တွင် အသက် ၁၂ အရွယ်
ငါးကွင်းရှိသော လူတစ်ယောက် ရှိနေခဲ့သည်။
ဝိညာဉ်ဘုရင်အဆင့်...
လန်ရွမ်းယု အလွန်တုန်လှုပ်သွားသည်မှာ ထင်ရှားသည်။
ယွမ်နန်ဟွေ့ဟွေ့ ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“ငါ ယွမ်နန်ဟွေ့ဟွေ့... ဘယ်တော့မှ အဖွဲ့မလိုဘူး။ ငါ့တစ်ယောက်ထဲနဲ့ လုံလောက်တယ်”
သူ၏သိုင်းဝိဥာဉ်ထွက်လာခဲ့သည်။
ရှည်လျားသော ခရမ်းရောင်လေးကိုင်းတစ်ဖြစ်သည်။ လေးကြိုးများသည်လည်း ခရမ်းရောင်ဖြစ်နေကာ အပေါ်ပိုင်းကို ခရမ်းရောင်ကြယ်များကဲ့သို့ပုံစံများဖြင့် အလှဆင်ထားသည်။
Emdend……