အခန်း (၂၄၅)
Vol. 15 Ch. 245
ပြိုင်ဘက် သုံးယောက်သည် ကြောက်လန့်နေသော်လည်း ၎င်းတို့သည် အရှုံးမပေးဘဲ ၎င်းတို့၏ သိုင်းဝိညာဉ်များကို တစ်ပြိုင်နက် လွှတ်ခဲ့သည်။ ထို့နောက်စတင်တိုက်ခိုက်ကြလေသည်။
ယွမ်နန်ဟွေ့ဟွေ့ ပြုံးလိုက်ကာ
“ပထမဝိညာဉ်စွမ်းရည်... ဝိညာဉ်အာရုံ....!”
ညာလက်ဖြင့် လေးကိုဆွဲလိုက်ရာ မြှားတစ်စင်းပေါ်လာခဲ့သည်။ ထို့နောက် မြှားကိုပစ်လွှတ်လိုက်လေသည်။ မြှားသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။။ မည်သူမျှပင် မမြင်ကြပေ။
လေးဖြင့်အချိန်ခံလိုက်ရကတည်းက တစ်ဖက်လူမှာမလှုပ်နိုင်တော့ကြောင်း လန်ရွမ်းယုသတိထားမိလိုက်သည်။ မြှားသည် အလယ်ဗဟိုရှိ ဝိညာဥ်မာစတာရှေ့တွင် တိကျစွာ ပေါ်လာသည်။
“ဗွမ်း!”
ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ခရမ်းရောင်ကြယ်ဝိညာဉ် လေးနှင့်မြှား...
ပထမဆုံးဝိညာဉ်စွမ်းရည်...ဝိညာဉ်အာရုံ...
သူ့ပစ်မှတ်ကို ချိန်ထားသောမြှားသည် ထိုပစ်မှတ်ကို လွတ်သွားမည်မဟုတ်ပေ။
ပထမလူမှောက်သွားသောအခါ ဒုတိယနဲ့ တတိယမြောက် မြှားများ တစ်ခုပြီးတစ်ခု ထွက်လာခဲ့သည်။ မြှား သုံးကြိမ်သာပစ်လိုက်ပြီး ပွဲပြီးသွားပုံရသည်။ ရှောင်တိမ်းလို့ပင်မရဘဲ ကျန်ရှိသော ဝိညာဥ်မာစတာနှစ်ယောက်လည်း မြှားမှန်ကာလွင့်သွားခဲ့သည်။
ထိုအရာက ပွဲပြီးသွားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ယွမ်နန်ဟွေ့ဟွေ့ အနိုင်ရသည်။
ကြည့်နေကြသူတိုင်း အံ့သြမှင်သက်သွားကြသည်။ တကယ်ကို သန်မာလွန်းတယ်....
ချန်းလိန်ကတံတွေးမျိုချလိုက်ပြီး
“ရွမ်းယု ငါအိမ်ပြန်ချင်လာပြီ....ဒီလိုလူတွေနဲ့ငါတို့တွေ့ရင်ဘဝပျက်သွားလိမ့်မယ်...””
သူတို့ ကွင်းလေးကွင်းပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့ပေမယ့် ကွင်းငါးကွင်းကိုတော့.....
လန်ရွမ်းယုကပြုံးကာ
“ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့။ ထူးခြားမှုနဲ့ ပတ်သက်လာရင် မင်းက သူထက် ပိုထူးခြားတယ်။ မင်းရဲ့သိုင်းဝိဥာဉ်ကဒီလောက်ထူးခြားတာ... အားမငယ်ပါနဲ့... ”
ချန်းလိန် သူ့ကို ထိတ်လန့်စွာကြည့်ကာ
“မင်း နည်းနည်းလေးတောင် စိတ်ဓာတ်မကျဘူးလား?”
လန်ရွမ်းယု ပခုံးတွန့်ပြီး
“ငါက ဘာလို့ စိတ်ဓာတ်ကျရမှာလဲ။ ခုနကလိုပဲ ငါတို့ဘာမှမလုပ်ပေမယ့် လေးကွင်းသမားကို အနိုင်ယူနိုင်တုန်းပဲမဟုတ်လား? ငါတို့ရှေ့မှာ ဒီကောင်လေးသာဆိုရင်လည်း သူ့ရဲ့သိုင်းဝိညာဥ် အလုပ်မဖြစ်နိုင်တာလည်းမဖြစ်နိုင်ဘူးလား...”
လီဟန်တို့အဖွဲ့နှင့်ဖြစ်ခဲ့သည်ကို လျိုဖိန် နှင့် ချန်းလိန် တို့ကို ပြောပြပြီးဖြစ်သည်။
ချန်းလိန်က “ကောင်းပြီ ငါလည်း ပိုကြိုးစားမယ်”
ပွဲအပြီးတွင် ၎င်းတို့ထဲမှ တစ်ဝက် ဖယ်ရှားခံခဲ့သည်။
အသင်း ၅၀ သာ ကျန်တော့ပြီး လူ ၁၄၇ ဦးသာ ရှိတော့သည်။ တုံချင်းရုံ တို့အဖွဲ့မှနှစ်ယောက်....ယွမ်နန်ဟွေ့ဟွေ့မှာတစ်ယောက်ဖြစ်သောကြောင့် ၁၄၇ယောက် ဖြစ်သွားခြင်းဖြစ်သည်။
……..
“ရွမ်းယု မင်းဒီနေ့ ဘယ်လိုအနိုင်ရခဲ့တာလဲ”
တုံချင်းရုံင စိတ်ဝင်တစား မေးသည်။
“ငါလည်းညမသိဘူးလို့ ပြောရင် မင်းယုံမှာလား”
“ဘယ်ယုံမလဲ။”
လန်မိန်ချင်း ဘေးတွင်ရှိနေခဲ့သည်။
“သူတို့ရဲ့သိုင်းဝိညာဥ်တွေကို သုံးစားမရတော့အောင် မင်းဘယ်လို လုပ်ခဲ့တာလဲ။ တခြားလူတွေကိုရောလုပ်နိုင်လား”
လန်ရွမ်းယု က
“ငါလည်း တကယ်ကို မသိဘူး။ ဘာကြောင့်မှန်းမသိပေမယ့် သူတို့ရဲ့တိုက်ခိုက်မှုက ငါ့အပေါ် ကျရောက်လာတော့ ဖိအားတွေ အားလုံး ပျောက်သွားပြီး သူတို့အဖွဲ့ထဲက လူနှစ်ယောက်က သူတို့ရဲ့ တိုက်ပွဲစွမ်းအားတွေကို ဆုံးရှုံးသွားတယ်။ အဲဒီနောက်မှာ အားလုံးက ဖြစ်ပျက်ခဲ့တာကို မြင်ခဲ့တာပဲ”
လန်မိန်ချင်း က
“ အခု အချိန်မရှိလို့ မဟုတ်ရင် ငါ မင်းနဲ့ တကယ်ကိုတိုက်ခိုက်ကြည့်ချင်လိုက်တာ။ ငါ့ရဲ့ သိုင်းဝိညာဥ်ကရော မင်းအပေါ်ကို ထိရောက်မှုမရှိဘူးလားဆိုတာ ငါကြည့်ချင်တယ်။ အခုအဲ့ဒီအကြောင်း မပြောနဲ့ဦး။ မင်း ဟိုကောင်ကို ဘယ်လိုထင်လဲ”
“အရမ်းသန်မာတယ်”
“သူ့ရဲ့ လေ့ကျင့်မှုက အရမ်းသန်မာပြီး အဝေးကနေ တိုက်ခိုက်မှုတွေကို ကောင်းကောင်းလုပ်နိုင်တယ်။ သူ့မြှားတွေကို ရှောင်ဖို့ နည်းလမ်းလည်း မရှိဘူး။ ဒါ့အပြင် အဲ့ဒါက သူ့ရဲ့ ပထမဆုံး ဝိညာဉ်စွမ်းရည်ပဲဲ ရှိသေးတယ်..”
လန်မိန်ချင်း က
“ပြီးတော့ သူက အရမ်းကြွားတာပဲ။ သူ့ရဲ့ ဝိညာဥ်စွမ်းရည်နာမည်ကိုတောင် အော်သွားသေးတယ်။ အဲ့ဒီလိုလူကို ငါမုန်းတယ်”
ယခုအချိန်အထိ စကားတစ်လုံးမှ မပြောရသေးသော လျိုဖိန် က
“ဒါပေမယ့် သူက တကယ်ကို သန်မာပါတယ်”
“အင်း” ဒီတစ်ကြိမ်မှာတော့ လန်မိန်ချင်း က သဘောမတူလို့မရပေ။
ယွမ်နန်ဟွေ့ဟွေ့သန်မာသည်ကတော့အမှန်ပင်ဖြစ်သည်။
“သူ့ရဲ့ ဝိညာဉ်စွမ်းအား နဲ့ သိုင်းဝိညာဥ် နှစ်ခုလုံးက အရမ်းပြင်းထန်တယ်... အသက် 12 နှစ်နဲ့ ကွင်းငါးကွင်းကို ဘယ်တုန်းကမှ မတွေ့ဖူးဘူး။ ရှီလိုင်ခဲ့ မှာတောင် ဒီလို ရှားတယ်။ ”
တုံချင်းရုံကလည်းဝင်ပြောသည်။
လန်မိန်ချင်းက
“သူ့ရဲ့ အရည်အချင်းကိုငါအကဲဖြတ်ရရင် သူရဲ့ဝိညာဉ်ရေးစွမ်းအားကလည်း မပျော့ညံ့ဘူး။ အမှတ် ၇၀၀ ကျော်ရမယ်ထင်တယ်။ သူလည်း ငါတို့လို့ ဝိညာဥ်ပင်လယ်အဆင့်မှာပဲ.... သူ့ရဲ့ပထမဆုံးစွမ်းရည်က ပြိုင်ဘက်ကိုရှောင်မရအောင်လုပ်ပေးတယ်....အဲ့တာက ဝိညာဥ်ရေးရာစွမ်းအား အားကောင်းလို့ပဲ...သူပစ်တာ ဝိညာဉ်ရေးရာ စွမ်းအားပါတဲ့ မြှားတစ်စင်းပဲ”
Endemd……