အခန်း (၂၄၆)
Vol. 15 Ch. 246
လန်ရွမ်းယုက
“သူရဲ့ ဝိညာဉ်စွမ်းအားက ဒီနေ့လာပြိုင်တဲ့လူထဲမှာ အစွမ်းထက်ဆုံးဖြစ်နိုင်တယ်။ သူက စာမေးပွဲမှာ တကယ်ပါဝင်ဖို့ရော လိုအပ်လို့လား။”
လန်မိန်ချင်း က
“သူက သူ့အစွမ်းအစကို လူတိုင်းကို ကြွားချင်လို့ ပါတာနေမှာပေါ့”
လန်ရွမ်းယု ရုတ်တရက် ရယ်ချင်လာသည်။ထို့နောက်အတွေးထဲတွင်
‘သူ့တင်မကဘူး မင်းနဲ့စကားပြောရမှာကိုလည်း ငါကြောက်လာပြီ’
လန်မိန်ချင်းသည် တကယ်အပြစ်ပြောနိုင်လွန်းသည်။
“ငါတို့ သူ့ကို ငါတို့ရဲ့ ရေခဲရိုက်စွမ်းရည် ကိုသုံးရင် ဘာဖြစ်လဲ” တုံချင်းရုံ မေးလိုက်သည်။
“ငါတို့ရဲ့ရေခဲရိုက်စွမ်းရည်ကလည ဝိညာဉ်ရေးရာစွမ်းအားအတွက် အလွန်အသုံးဝင်ပါတယ်။”
လန်ရွမ်းယု က
“အဲဒါကတော့ ရနိုင်မှာ သေချာပါတယ်။”
တုံချင်းရုံသည် သူနှင့်သူမတို့၏ ပေါင်းစပ်စွမ်းရည်ကိုပြောခြင်းဖြစ်ကြောင်း လန်ရွမ်းယုသိလေသည်။
ထိုအချိန်က ၎င်းတို့သည် အနှစ် 10000 ဝိညာဉ်သားရဲကိုပင် ကြိတ်နိုင်ခဲ့သည်။ ယွမ်နန်ဟွေ့ဟွေ့ သည် အလွန်သန်မာသော်လည်း နှစ် 10000 ဝိညာဉ်သားရဲနှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ပေ။
သူတို့နှစ်ယောက်ကြားတွင် တိတ်တဆိတ်နားလည်မှုဖြင့် နှစ်ယောက်သား ခေါင်းညိတ်ပြလိုက်ကြသည်။
လန်မိန်ချင်းက လန်ရွမ်းယုနဲ့ တုံချင်းရုံကိုကြည့်ကာ
“မင်းတို့ဘာတွေ လျှို့ဝှက်နေကျတာလဲ”
လန်ရွမ်းယု ပြုံးပြီး စကားတစ်ခွန်းမှ မပြောပေ။
တုံချင်းရုံကတော့ တိုးတိုးလေး
“ငါတို့ ပြန်ရောက်တဲ့အခါ မင်းကို ပြောပြမယ်”
………..
ဆရာများအခန်းတွင်
“ရီရီ ငါ့ကိုပြောပါဦး... အဲ့ဒီကောင်လေးတွေ ဘာတွေဖြစ်သွားတာလဲ”
ရှောင်ချီက လင်းရီရီကိုမေးနေလေသည်။
သူတို့သည်ယွမ်နန်ဟွေ့ဟွေ့အကြောင်းကိုသိထားပြီးဖြစ်သောကြောင့် မအံ့သြခဲ့ကြပေ။ ဒါပေမယ့် သူတို့တကယ်ကို ထိတ်လန့်စေတဲ့အရာက ပထမတိုက်ပွဲမှာ ဖြစ်ပျက်ခဲ့သောအရာဖြစ်သည်။
လန်ရွမ်းယုသည် သိုင်းဝိညာဥ်သုံးခုကိုသုံးစားမရအောင်လုပ်သွားခဲ့သည်။
“ ကျောင်းအုပ်ကလည်း လန်ရွမ်းယုကို အရမ်းဂရုစိုက်ဖို့မှာထားတယ်။ သူ့မှာ တမူထူးခြားတဲ့ သွေးသားရှိတယ်တဲ့”
ကျန်းချန်ယုလည်းရှိနေလေသည်။
လင်းရီရီက
“ငါ ဒီကိစ္စကို မသိသေးဘူး။ ဒီကောင်လေး လန်ရွမ်းယုက ထူးဆန်းတာကိုတော့သိတယ်။ သူ့ရဲ့ဝိညာဥ်စွမ်းအားကြောင့်အထင်သေးလို့မရဘူး....ကောင်းကင်ဝိညာဥ်ဂြိုလ်က အသန်မာဆုံး ပင်ထျန်းလိန်တောင် သူနဲလာပူးပေါင်းထားတာ.. လင်းထျန်းအကယ်ဒမီအဖွဲ့ကလည်း နောက်ဆုံးအကြိမ် သူ့ကြောင့်အကုန်ရှုံးတော့မလိုဖြစ်ခဲ့သေးတယ်..... “
“သူနဲ့ပတ်သက်တဲ့ အထူးခြားဆုံးအပိုင်းကို သတ်မှတ်ရမယ်ဆိုရင်တော့ ဒါဟာ သူ့ရဲ့သွေးသားပဲလို့ ငါထင်တယ်။ သူ့သွေးသား အရမ်းထူးခြားတယ်။ ”
“ ကျောင်းအုပ်တောင် အဲဒီလို ခံစားရတယ်။ သူ့သွေးက ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေးရှိ သလိုပဲ.... အသက်စွမ်းအင်ကိုလည်းတိုက်ရိုက်စုပ်ယူနိုင်စွမ်းရှိတယ်။ နဂါးနဲ့ ဆက်နွှယ်တဲ့ သွေးသားအချို့လည်း ပါဝင်တယ်လို့ ကျောင်းအုပ်က ပြောခဲ့တယ်။ အဲ့နဂါးသွေးကလည်း တကယ့်ထိပ်တန်းနဂါးဖြစ်ရမယ်...သူက အမွှာသိုင်းဝိညာဥ်ရှိတာကြောင့် ထိပ်တန်း နဂါး သွေးသားနှစ်ခုကို ပိုင်ဆိုင်ထားတာ ဖြစ်နိုင်ချေရှိတယ်။ အဲ့ဒါကြောင့် သူ့ပြိုင်ဘက်တွေမှာ နဂါးနဲ့ပတ်သက်တဲ့ သိူင်းဝိညာဥ် ရှိတယ်ဆိုရင်၊ သူ့ကို ဘယ်လိုမှအနိုင်မယူနိုင် ဘူး။”
“မဟုတ်ဘူး၊ အဲ့လိုမဟုတ်နိုင်ဘူး”
ရှောင်ချီက ပြောလိုက်သည်။
“နဂါးနဲ့ပတ်သက်တဲ့သိုင်းဝိညာဥ်တွေကိုပဲသက်ရောက်မှုရှိတာမဖြစ်နိုုင်ဘူး.... လီဟန်...ကျားယု....လီဘင်းတို့ရဲ့သိုင်းဝိညာဥ်တွေက နဂါးနဲ ဆက်နွယ်ခြင်းမရှိဘူး.... ရှားပါးတဲ့ သမုဒ္ဒရာအမျိုးအစားတွေပဲ။ လန်ရွမ်းယုရဲ့သွေးသားနဲ့သိုင်းဝိညာဥ်က သမုဒ္ဒရာနဲ့လည်းသက်ဆိုင်နေသလိုပဲ.... ဒါက တကယ်ကို ထူးဆန်းပါတယ်။ သူ့ရဲ့ သိုင်းဝိညာဥ် က သမုဒ္ဒရာနဲ့ နည်းနည်းလေးမှ မသက်ဆိုင်သင့်ဘူးမလား”
“ငါ ဒီကိစ္စကိုဂရုစိုက်ရတော့မယ်”
“သူက လေ့လာဖို့ တန်ပါတယ်”
ကျန်းချန်ယုပြောလိုက်သည်။
“မင်း သူ့ကို အပိုင်းပိုင်းဖြတ်ပြီး သုတေသနလုပ်မှာလား။”
လင်းရီရီရီကာပြောလိုက်သည်။
ကျန်းချန်ယုက
“ဘယ်လိုပဲဖြစ်ဖြစ်၊ သူ့ကို အာရုံစိုက်ဖို့ ငါတို့ကို ကျောင်းအုပ်က ပြောထားတယ်။”
ထိုအခါမှ ရှောင်ချီက
“ငါ စဉ်းစားမိတာရှိတယ်။ လန်ရွမ်းယုရဲ့ ပံ့ပိုးမှုအောက်မှာ သူ့ရဲ့ အသင်းဖော်တွေဟာ သိသိသာသာ ခွန်အားတွေ တိုးလာတယ်။ အဲ့ကြောင့် သူ့သိုင်းဝိညာဥ်က သမုဒ္ဒရာနဲ့ ဆက်စပ်နေရင် သူက သမုဒ္ဒရာနဲ့ပတ်သက်တဲ့ သိုင်းဝိညာဥ်တွေကိုလည်း မြှင့်တင်ပေးနိုင်လောက်မလား “
“ဒါက ဖြစ်နိုင်တယ်။ ကြိုးစားကြည့်ရအောင်”
“ဒါဆို လိုက်ကြရအောင်။”
ထိုအချိန်တွင် လန်ရွမ်းယုသည် သူ့အခန်းထဲပြန်ရောက်နေပြီး ကျီဟုန်ဘင်းအား ပြိုင်ပွဲတွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြနေသည်။
ဒီနေ့အကြောင်းကို နားထောင်ရင်း ကျီဟုန်ဘင်း ပင် လန့်သွားသည်။
“ဘယ်လိုဖြစ်သွားလဲ မင်းတကယ်မသိဘူးလား”
“ကျနော် တကယ်မသိဘူး!”
ကျီဟုန်ဘင်း ရုတ်တရက် ကျေနပ်အားရစွာ ရယ်မောလိုက်ပြီး လန်ရွမ်းယု ၏ ပခုံးကိုပင် ပုတ်လိုက်သည်။
“ဆရာ... ဆရာ ဘာဖြစ်သွားတာလဲ။ တစ်ခုခုမှားနေလို့လား?”
ကျီဟုန်ဘင်း က
“ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် အရမ်းကောင်းတယ်၊ မင်းကို ဒီကျောင်းမှာ စာရင်းသွင်းတော့မယ်ဆိုတာ ငါသေချာပေါက် အတည်ပြုနိုင်သွားပြီ”
“ဟမ်? စာရင်းသွင်းလို့ရတော့မှာလား။ ဒါပေမယ့် ပြိုင်ပွဲက မပြီးသေးဘူးလေ
”
ကျီဟုန်ဘင်းပြုံးလိုက်သည်။
“ ရှီလိုင်ခဲ့အကယ်ဒမီ ရဲ့ဆောင်ပုဒ်ကို မေ့သွားပြီလား။ သာမာန်လူများမဟုတ်ဘဲ မွန်းစတာများကိုသာ လက်ခံတယ်။ သူတို့က မင်းလိုထူးခြားတဲ့
ဝိဉာဉ်မာစတာကို လက်လွှတ်မှာမဟုတ်ဘူး။ စာမေးပွဲမှာ ကျရင်တောင် အကယ်ဒမီက မင်းကိုခေါ်ထားမယ်လို့ ငါယုံကြည်တယ်။
Endend…..