အခန်း (၂၄၇)
Vol. 15 Ch. 247
“ငါမင်းကို ရှီလိုင်ခဲ့အကယ်ဒမီက နှစ်စဉ် ကျောင်းသား အယောက် ၃၀ ပဲ လက်ခံရတဲ့ အကြောင်းရင်းကိုပြောပြမယ်...အဲ့တာက အရင်းအမြစ် ကန့်သတ်ချက်တွေကြောင့်ပဲ... “
“ ရှီလိုင်ခဲ့ဝင်ခွင့်က တစ်နှစ်လျှင် ကျောင်းသား 30 ဆိုပေမဲ့ အနည်းဆုံး 15 ယောက်ပဲ အတွင်းစည်းထဲသို့ ၀င်နိုင်တယ်။ ငါသိတဲ့ အတွင်းစည်းထဲကို ဝင်သွားတဲ့ ကျောင်းသားတွေအားလုံးက အနည်းဆုံး ဖုန်းဟောက်တုံ့လော် တွေပဲ။ ငါတို့အသုတ်တုန်းက ငါက နံပါတ် (၁၇) နေရာမှာပဲရှိတယ်...အဲ့တာကြောင့် အတွင်းစည်းကိုမဝင်နိုင်ခဲ့ဘူး... အခုအချိန်အထိလည်း ငါဖုန်းဟောက်တုံလော် မဖြစ်လာသေးဘူး။ ဒါပေမဲ့ ငါရှီလိုင်ခဲ့မှာသာဆက်နေနိုင်ခဲ့ရင် ငါဖုန်းဟောက်တုံ့လော်ဖြစ်ပြီးနေပြီ “
“အရင်းအမြစ်ဆိုတာဘာလဲ?”
လန်ရွမ်းယု စိတ်ဝင်တစား မေးလိုက်သည်။ “
ကျီဟုန်ဘင်းက အသေးစိတ်ရှင်းပြသည်။
“ရှီလိုင်ခဲ့အကယ်ဒမီမှာ အဖွဲ့ချုပ်တစ်ခုလုံးမှာရှိတဲ့ ဆေးဖက်ဝင်အပင်တွေအပါအဝင် အရင်းအမြစ်များစွာရှိတယ်။ ဘယ်ကရလဲတော့ မသိကျဘူး။ တကယ်တော့ ထာဝရသစ်ပင်ကနေထုတ်ယူထားကြတာပဲ ။ အဓိကအားဖြင့်တော့ ဝိညာဥ်ဆေးပင်တွေပေါတယ်.... ဆေးဖက်ဝင်အပင်တွေက ငါတို့အတွက် ကြီးမားတဲ့အကူအညီပဲ။ သို့သော်လည်း ထာဝရသစ်ပင်ရဲ့ အသက်စွမ်းအင်ကို အလွန်အကျွံအသုံးမချမိဖို့အတွက် စိုက်ပျိုးထားတဲ့ ဆေးဖက်ဝင်အပင်တွေရဲ့ ပမာဏက အကန့်အသတ်ရှိတယ်... ကျောင်းသားတွေက ဆေးပင်တွေရချင်ရင်အကယ်ဒမီ တံဆိပ်တွေကို ရယူရမယ်။ အဖြူရောင်တံဆိပ်က အနိမ့်ဆုံးအဆင့်ဖြစ်ပြီးတော့ အနီရောင်တံဆိပ်အထိ တံဆိပ်အမျိုးမျိုးရှိသည်။ အဲ့ဒါကြောင့် သန်မာချင်ရင် ကိုယ့်ကိုယ်ကို ခိုင်ခံ့အောင်လုပ်ဖို့နဲ့ ဖြတ်လမ်းကတော့ ဆေးဖက်ဝင်အပင်တွေ ရဖို့ပါပဲ။ ရှီလိုင်ခဲ့တံဆိပ်တွေက လွယ်လွယ်နဲ့ ရနိုင်တာတော့ မဟုတ်ဘူး။ တံဆိပ်တွေရရှိဖို့ အလွန်ခက်ခဲတယ်.... အဝါရောင် တံဆိပ်တစ်ခုက အဖြူရောင်တံဆိပ် ၁၀ခုနဲ့ညီတယ် ...ဒါပေမဲ့ အဖြူရောင် တံဆိပ် 30 ရဖို့ထက် အဝါရောင် တံဆိပ်သုံးခု ရဖို့က ပိုခက်ခဲတယ်။”
“မင်း ဒါတွေကို မကြာခင် နားလည်လာလိမ့်မယ်။ ထို့အပြင်၊ တံဆိပ်တွေကို ဆေးဖက်ဝင်အပင်တွေနဲ့ လဲလှယ်ဖို့သာမက ကျင့်ကြံနည်းတွေ.... ရှေးဟောင်းပညာရပ်တွေနဲ့လည်း လဲလှယ်ဖို့ အသုံးပြုနိုင်တယ်။ ရှီလိုင်ခဲ့တံဆိပ်တွေကို ရှီလိုင်ခဲ့အကယ်ဒမီမှာတင်မကပဲ ရှီလိုင်ခဲ့မြို့မှာရှိတဲ့အခြားနေရာတွင်မှာလည်းအသုံးပြုနိုင်တယ်။ ဝိညာဉ်စေတီတော် နဲ့ ထန်ဂိုဏ်း အပါအဝင် နေရာတော်တော်များများမှာအသုံးပြုနိုင်တယ်....ဒါပေမဲ့ ဒါကရှီလိုင်ခဲ့မြို့ထဲမှာပဲဖြစ်ရမယ်.... ဝိညာဉ်ဒင်္ဂါးများနဲလည်း လဲလှယ်နိုင်တယ်။ အနိမ့်ဆုံးအဆင့် အဖြူရောင်တံဆိပ်က ဝိညာဉ်ကမ္ဘာရဲ့ ဝိညာဉ်ဒင်္ဂါး အခု 100 နဲ့ လဲလှယ်နိုင်တယ်”
လန်ရွမ်းယု ရင်တွေ တဒိန်းဒိန်း ခုန်လာသည် ။ ရှီလိုင်ခဲ့အကယ်ဒမီသို့ဝင်ရောက်ပြီးနောက်၊ အရေးကြီးဆုံးအရာမှာ ရှီလိုင်ခဲ့တံဆိပ်များရရှိရန်ဖြစ်သည်။
“ကောင်းပြီ အနားယူတော့... မနက်ဖြန် စာမေးပွဲရှိတယ်... လွယ်မှာမဟုတ်ဘူး...အဲ့တာက”
လန်ရွမ်းယု လန့်သွားသည်။
“ဘာကြောင့်လဲ?”
ကျီဟုန်ဘင်း ရယ်လိုက်သည်။
“ဘာလို့လဲဆိုတော့ မင်းတို့မှာရှိတာတွေကိုအကုန်ညစ်ထုတ်မှာမလို့ပဲ... ကံကောင်းမှုအပေါ်မှီခိုလို့မရတော့ဘူး “
“တကယ်ကြီးလား?” လန်ရွမ်းယု အံ့သြသွားသည်။
“တစ်ဦးချင်းစမ်းသပ်မှု?”
လန်ရွမ်းယု ၏ မျက်လုံးများတွင် စိုးရိမ်မှုတစ်ခု ပေါ်လာသည်။ သူသည် သူ့ကိုယ်သူ သို့မဟုတ် ချန်းလိန် အတွက်လည်း စိတ်မပူပေ။ လျိုဖိန်ကိုဖြစ်သည်။
သူတို့နှစ်ဦးနှင့် နှိုင်းယှဉ်ပါက လျိုဖိန် သည် အထူးကျွမ်းကျင်မှုစွမ်းရည် မရှိသည့်အပြင် ကွင်းသုံးကွင်းတောင် မရသေးပေ။ တစ်ဦးချင်း စာမေးပွဲကို အောင်ပါ့မလား။
လန်ရွမ်းယု သည် နောက်နေ့မနက်စောစောတွင် ချန်းလိန် နှင့် လျိုဖိန် ကို တွေ့လိုက်ရသည်။
“ရွမ်းယု ငါ တစ်ညလုံး လေ့ကျင့်ခဲ့တယ်။ ငါကြိုးစားတယ်မလား”
ချန်းလိန်က ရယ်ပြီး လန်ရွမ်းယု ကို ပြောသည်။
သို့သော် ရွမ်းယု က ဘာမှပြန်မဖြေဘဲ လျိူဖိန်ကိုသာ ရှုပ်ထွေးတဲ့အကြည့်တွေနဲ့ ကြည့်နေသည်။
“ဘာမှားလို့လဲ?” ချန်းလိန် ၏ ဝိညာဉ်ရေးရာ စွမ်းအားသည် အလွန်မြင့်မားသောကြောင့် တစ်ခုခုမှားနေပြီဟု သူသိနိုင်သည်။
လန်ရွမ်းယု က
“ဒီနေ့ စာမေးပွဲက တစ်ဦးချင်း စမ်းသပ်မှု ဖြစ်နိုင်တယ်”
လျိုဖိန် မျက်မှောင်ကြုတ်သွားသလို
ချန်းလိန်လည်း အံ့အားသင့်သွားသည်။ တစ်ဦးချင်းစမ်းသပ်မှုတွင် ၎င်းတို့သည် အတူရှိမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ တစ်ဦးချင်း စမ်းသပ်မှုသည် ၎င်းတို့၏ ကိုယ်ပိုင်စွမ်းအားအားလုံးကို လုံးလုံးလျားလျား ဖော်ထုတ်ရမည်ဟု ဆိုလိုသည်။
လျိုဖိန် ရုတ်တရက် ပြုံးလိုက်သည်။
“ရွမ်းယု”
“အင်...”
Endend……