Chapters

အခန်း (၂၄၈)

Vol. 15 Ch. 248

အခန်း (၂၄၈)

Vol. 15 Ch. 248

“ကျေးဇူးတင်ပါတယ်။ မင်းရောက်လာလို့မဟုတ်ရင် ဖက်တီး နဲ့ ငါ အထူးတန်းကနေ ဖယ်ထုတ်ခံရတော့မှာပါ။ မင်းမရှိရင် ငါတို့ ဒီအဆင့်ကို ရောက်မှာမဟုတ်ဘူး။ အတားအဆီးမျိုးစုံကို ကျော်ဖြတ်ပြီး ရှီလိုင်ခဲ့ဝင်ခွင့်ကိုရအောင် ပို့ဆောင်ခဲ့သူက မင်းပါ။ ငါတို့အတွက် ဒီအရာက ငါတို့ အောင်မြင်နိုင်တာထက်တောင် ကျော်လွန်နေပါပြီ။ တစ်ဦးချင်း ပြိုင်ပွဲရဲ့ အဓိပ္ပါယ်ကို ငါနားလည်ပါတယ်။ ငါ ကြိုးစားပါ့မယ်။ ကျရင်တောင် နောင်တရစရာမရှိပါဘူး။ ဒါဟာ ငါ့ကိုယ်ပိုင် အရည်အချင်းမရှိလို့ပါ။ ဒါကြောင့် မင်း ငါ့ကို စိတ်ပူနေစရာမလိုဘူး။ တကယ်လို့ ရှီလိုင်ခဲ့ကို ငါမဝင်နိုင်ရင် အဲ့တာ ငါ့ရဲ့ပြဿနာပါ... အခုလည်း ငါကြိုးစားပါ့မယ်”

လန်ရွမ်းယုတို့ပြုံးလိုက်ကြသည်။

ထိုအချိန်တွင် သူတိူ့နားသို့လူလေးဦးရောက်လာလေသည်။ ထိုလူများကတော့ လီဟန်... လီဘင်နဲ့ ကျားယု

လင်းရီရီလည်းပါလေသည်။

လင်းရီရီ သည် ထိုသုံးဦးကို ခေါ်ဆောင်လာခဲ့သည်။

“ဒီနေ့က တစ်ကိုယ်တော်ပြိုင်ပွဲဖြစ်လို့ ကျန်သူတွေက လာခေါ်သူတွေနောက်ကို လိုက်သွားနှင့်။ လန်ရွမ်းယုကတော့ ငါနဲ့အရင်လိုက်ခဲ့”

လင်းရီရီပြောလိုက်သည်။

ချန်းလိန်နှင့်လျိူဖိန်တို့ကတော့ ရွမ်းယုကိုစိုးရိမ်သောမျက်လုံးများနှင့်ကြည့်နေကြသည်။

လန်ရွမ်းယုက “ငါအဆင်ပြေပါတယ်...

အကောင်းဆုံးလုပ်ခဲ့ကြ.... ငါအရင်လိုက်သွားလိုက်ဦးမယ်။”

လင်းရီရီက ဘယ်ခေါ်သွားမှန်းမသိသော်လည်း

အကြမ်းဖျင်းတော့ ခန့်မှန်းလို့ရသည်။ ဖြစ်နိုင်ချေ အမြင့်ဆုံးမှာ သူ၏ ထူးခြားသောအခြေအနေကို ပြန်လည်ပြသခိုင်းနိုင်သည်။

အခန်းတစ်ခုထဲကို ဝင်သွားကြသည်။ အလွန်လတ်ဆတ်သော အသက်စွမ်းအင်များနှင့်ပြည့်နေလေသည်။

အခန်းတံခါးများပိတ်သွားကာ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ လန်ရွမ်းယုတို့သည် ဝိညာဉ်ကမ္ဘာထဲတွင်ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။

တောအုပ်တစ်ခု....

လီဟန်၊ လီဘင်း၊ ကျားယု၊ လင်းရီရီတို့ပေါ်လာလေသည်။

လင်းရီရီ က

“မနေ့က အားကစားကွင်းမှာ မင်းတို့ရဲ့အခြေအနေက ထူးခြားခဲ့တယ်၊ ဒါကြောင့် အကယ်ဒမီက မင်းတို့အားလုံးကို နောက်ထပ်စမ်းသပ်မှုတစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ လန်ရွမ်းယု ၊ မင်း မနေ့ကလုပ်ခဲ့တဲ့အတိုင်းပဲ မင်းတိုက်ခိုက်ရမယ်၊ မင်း သူတို့ရဲ့တိုက်ခိုက်မှုကိုပိတ်ဆို့ဖို့ တူညီတဲ့တိုက်ကွက်ကိုပဲအသုံးပြုရမယ်.... သူတို့ရဲ့တိုက်ခိုက်မှုတွေက ထိရောက်မှုမရှိသေးဘူးလားဆိုတာကြည့်ရအောင်။”

“ဟုတ်”

လန်ရွမ်းယုပြောလိုက်သည်။

ရှုပ်ထွေးနေသော စိတ်ခံစားချက်များဖြင့် လီဘင်းတို့သုံးဦးသည် သူတို့၏ သိုင်းဝိညာဥ်များ ကိုထုတ်လိုက်သည်။

လန်ရွမ်းယုသည်ရောက်လာသောဒီရေလှိုင်းကြီးကိုပိတ်ဆို့ရန် တြိဂံ ရေခံနံရံကိုသာထပ်မံအသုံးပြုလိုက်သည်။ ထို့နောက် ဒီရေလှိုင်းသည် ရွမ်းယုကိုထိသွားသည်နှင့် ရွမ်းယုကိုယ်မှ အလွန်ပြင်းထန်သော ရောင်ဝါတစ်ခုမှ ထွက်ပေါ်လာခြင်းမရှိပေ။ သို့သော်လည်းလှိုင်းလုံးများ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

လီဘင်းတို့၏ သိုင်းဝိညာဉ်များလည်း ချက်ခြင်းပျောက်ကွယ်သွားခဲ့သည် ။ မနေ့ က ဖြစ်ခဲ့တဲ့ အဖြစ်အပျက် နဲ့ အတူတူပင်.....

လင်းရီရီ သည် ပြောင်းလဲမှုကို စောင့်ကြည့်နေခဲ့သည်။ လှိုင်းက ရွမ်းယုခန္ဓာကိုယ်ကို ထိလိုက်တဲ့အခါ ချက်ချင်းပျောက်သွားသည်ကိုတွေ့လိုက်ရသည်။ ဒီရေလှိုင်းသည် ရွမ်းယုကိုဒုက္ခမပေးရဲသလိုပင်......

Endend…….