အခန်း (၂၄၉)
Vol. 15 Ch. 249
ထူးဆန်းလွန်းသည်။ သို့သော် အထူးဆန်းဆုံးမှာ ရွမ်းယုထံမှ ပြင်းထန်သောရောင်ဝါထွက်ရှိမလာခြင်းဖြစ်သည်။ ထို့ကြောင့် ဒီရေပျောက်သွားရန်လန်ရွမ်းယု မလုပ်ဆောင်ခဲ့ကြောင်းထင်ရှားသည်။
လင်းရီရီ က “ကောင်းပြီ..အခု အနားယူကြ ပြီးရင် နောက်တစ်မျိုးပြောင်းမယ် မင်းသူတို့ သုံးယောက်ကို ကူညီပေးပြီး ငါ့ကိုတိုက်ခိုက် “
“သူတို့ကိုကူညီရမှာလား?”
လန်ရွမ်းယုအံ့အားသင့်သွားသော်လည်း လင်းရီရီ ၏ ရည်ရွယ်ချက်ကို ချင်ချင်း နားလည်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများ တောက်ပလာသည်။
တစ်နာရီပြည့်အောင် အနားယူပြီးနောက် လီဟန် ကျားယုတို့သည် နောက်ဆုံးတွင် သူတို့၏ သိုင်းဝိညာဉ်များကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် သူတို့ သုံးယောက်သည် ရှုပ်ထွေးသော အကြည့်များဖြင့် မတ်တပ်ရပ်နေကြသည်။
လန်ရွမ်းယုသည် မဆိုင်းမတွဘဲ သူ့ငွေရောင်ငွေပြာမြက်ပင်ကို သူတို့သုံးယောက်၏ ခါးတွင် ရစ်ပတ်လိုက်သည်။ ထို့နောက် သူတို့အား စတင်တိုက်ခိုက်မည်ဟု အချက်ပြခဲ့သည်။
ရေပြင်ထက်မှာ တောက်ပနေတဲ့ လပြည့်ဝန်....
သမုဒ္ဒရာထဲက ဓားငါးမန်း.....
သဲသဲမဲမဲ ဒီရေလှိုင်းလုံးကြီး တစ်ဖန်ပေါ်လာသည်။
သူတို့ရဲ့သိုင်းဝိဉာဉ်များကိုထုတ်ချိန်တွင် ထူးဆန်းတဲ့ မြင်ကွင်းက ပေါ်လာခဲ့သည်။
လန်ရွမ်းယု၏ ခန္ဓာကိုယ်မှ အပြာရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ၎လှိုင်းလုံးကြီးသည် လုံးဝကွဲပြားသွားခဲ့သည်။
လှိုင်းလုံးသည် တခဏချင်း အားပျော့လာသည်။ လီဟန်..လီဘင်းနှင့် ကျားယု၏ သိူင်းဝိညာဥ်များ ချက်ချင်း ပေါင်းစပ်သွားပြီး ပျောက်ကွယ်သွားကြသည်။
‘ဒါ... ဒါက သုံးယောက်ပေါင်း ဝိညာဥ်ပေါင်းစပ်စွမ်းရည်ပဲ!
ထို့နောက် လှိုင်းလုံးကြီးမှာ ရေနဂါးကြီး တစ်ကောင်ထွက်လာလေသည်။
လင်းရီရီအောက်မှ ဝိညာဥ်ကွင်းများ ထွက်ပေါ်လာသည်။ ခရမ်းရောင်လေးကွင်းနှင့် အနက်ရောင်သုံးကွင်း..
စုစုပေါင်း ဝိညာဉ်ကွင်း ခုနစ်ကွင်းရှိသည်။
ထို့နောက် ဓားသွားကဲ့သို့ ပြင်းထန်သော အလင်းတန်းတစ်ခုက သူမ၏ ခေါင်းပေါ်တွင်ပေါ်လာသည်။ ထို့နောက် ထိုအလင်းတန်းသည်
ပင်လယ်နဂါးကြီးကိုထိသွားကာနဂါးကြီးကို နှစ်ခြမ်းကွဲသွားစေသည်။
လီဟန်၊ လီဘင်း နှင့် ကျားယု တို့သည် လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ လင်းရီရီ ၏ ဆံပင်များသည် အနည်းငယ် ရှုပ်ပွနေပြီး သူမ၏ မျက်နှာသည် နီမြန်းနေသည် ။ သူမသည် ဤတိုက်ခိုက်မှုအတွက် သူမ၏ ဝိညာဉ်စွမ်းအား 80 ရာခိုင်နှုန်းကို အသုံးပြုခဲ့ရသည်။
သူမသည် ထိုသုံးယောက်ကို တစ်ချက်တည်းပင် သတ်ပစ်ခဲ့သည်၊ သို့သော် ......
လီဟန်တို့အဖွဲ့ မရှိတော့သော်လည်း ရွမ်းယု သည် သူမအား အပြစ်ကင်းစွာ ကြည့်နေကာ ဘေးတွင် ရပ်နေဆဲဖြစ်သည်။
လင်းရီရီ နှုတ်ခမ်းများ လှုပ်ယမ်းသွားသည်။
ဘာကြောင့်လဲဆိုတာ သူမ သေချာမသိပေမယ့် ဒီကောင်လေးကို ရိုက်နှက်ဆုံးမချင်နေသည်။
‘ မင်းရဲ့မျက်လုံးတွေက အရမ်းလှတာနဲ့ ဘာမှ အပြစ်မရှိသလိုလုပ်မနေနဲ့။ အခုဖြစ်ပျက်ခဲ့သမျှအရာအားလုံးက မင်းလုပ်နေတာမလား...ဒီပင်လယ်နဂါးကမင်းထုတ်လိုက်တာမလား ‘
ဝိညာဉ်ကမ္ဘာထဲမှ ထွက်လာပြီးနောက် လန်ရွမ်းယုသည် လီဟန်တို့စောင့်နေသည်ကိုမြင်လိုက်ရသည်။ သူတို့ရဲ့ မျက်နှာများမှာ ဖြူဖျော့နေသေယကြောင့်
“ဝိညာဉ်ကမ္ဘာထဲကထွက်ပြီးရင် မင်းတို့ရဲ့ ဝိညာဉ်စွမ်းအားတွေ ပြန်ရပြီး ပုံမှန်ပြန်ဖြစ်နေရမှာ မဟုတ်ဘူးလား”
လီဟန်က ခါးခါးသီးသီး ပြုံးလိုက်ပြီး
“ငါတို့ရဲ့ ဝိညာဉ်စွမ်းအားကို ပြန်ရခဲ့ပေမယ့် ငါတို့ရဲ့ ဝိညာဉ်ရေးရာစွမ်းအားတွေကုန်သွားပြီ။ ပြန်ထွက်လာပေမဲ့ ဝိညာဉ်ရေးရာစွမ်းအားတွေပြန်မရဘူး.... “
လင်းရီရီက တစ်ချိန်တည်းမှာပင်
“မင်းတို့အားလုံး ဘယ်လိုခံစားခဲ့ရလဲ ငါ့ကိုပြော”
လီဟန်က လန်ရွမ်းယု ကို တစ်ချက်ကြည့်လိုက်ပြီး
“ကျွန်တော်တို့ရဲ့ ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်ရေးရာ စွမ်းအားအားလုံး ကုန်သွားတယ်...တစ်ခုခုက ကျနော်တို့ကိုတိုက်ခိုက်ဖို့ဦးဆောင်နေတယ်....ကျနော်တို့စွမ်းအားတွေကိုကျနော်တို့မထိန်းချုပ်နိုင်ဘူး”
လင်းရီရီသည် လန်ရွမ်းယုဘက်သို့ ချက်ချင်းလှည့်ပြီး အံကြိတ်ကာ
“မင်းက ငါ့ကို တိုက်ခိုက်ဖို့ ပင်လယ်နဂါးကို ထိန်းချုပ်နေခဲ့တာလား”
လန်ရွမ်းယုက “အား...? မပြောတတ်ဘူး? ငါလည်း တကယ်မသိဘူး။ ငါဘာမှမလုပ်ဘူး!”
လန်ရွမ်းယုအပြစ်ကင်းစွာပြောနေလေသည်။ မြေခွေးဘုရင် ရင်ထျန်းဖန်၏ တပည့်ပီသကြောင်းသက်သေပြနေလေသည်။
လင်းရီရီက
“ကောင်းပြီ၊ အဲ့တာဆို အခုက ဒါပဲ၊ မင်းတို့သုံးယောက် အနားယူနိုင်တယ်။ မင်းတို့ကို နောက်ထပ် အကဲဖြတ်ဖို့ အခွင့်အရေး ပေးမလားဆိုတာ ကျောင်းအုပ်ကို မေးလိုက်မယ်။ လန်ရွမ်းယု ငါ့နောက်လိုက်ခဲ့....တစ်ဦးချင်းစမ်းသပ်မှုအတွက် မင်းကို ငါခေါ်သွားပေးမယ်။”
လန်ရွမ်းယု က “ဟမ်... ငါ့ကို အနားယူခွင့်မပေးဘူးလား! ကျွန်တော်လည်း အခုပဲ စွမ်းအင်သူံးထားရတာ”
လင်းရီရီ မထိန်းနိုင်တော့ဘဲ ရွမ်းယုခေါင်းကို ခေါက်လိုက်ပြီး
“မင်းကြောင့် ငါ့ရဲ့ စွမ်းအင်တွေ အများကြီး ကုန်သွားပြီ။ မင်းက နည်းနည်းလေးပဲကုန်တာငါသိတယ်”
ထိုပင်လယ်နဂါးကြီးကို သူထိန်းချုပ်ထားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ လီဟန်တို့၏ စွမ်းအားများကို အလွန်ချောမွေ့စွာ အမိန့်ပေးနိုင်ခဲ့သည်။
“အမ လင်း၊ တစ်ဦးချင်း စာမေးပွဲအတွက် ဘာစစ်ရမှာလဲ”
“အဲ့တာက မင်းကိုယ်တိုင် ရွေးရမှာ”
Endend…….