Chapters

အခန်း (၂၅၀)

Vol. 15 Ch. 250

အခန်း (၂၅၀)

Vol. 15 Ch. 250

လင်းရီရီ ၏ ခေါင်းတွင် သံသယများ ပြည့်နှက်နေသည်။ ဝိညာဉ်ပေါင်းစပ်စွမ်းရည်ကို အသုံးပြုရန် အခြားသူများကို ကူညီပေးနိုင်သည်။

ဤသို့သောအခြေအနေကို သူမ မကြားဖူးပေ။

ဤကောင်လေး၏ ထူးခြားမှုမှာ ယှဉ်ပြိုင်သူအားလုံးကို ကျော်လွန်သွားခဲ့သည်။ စံနှုန်းများအရ၊ သူ၏ အားနည်းသော ဝိညာဥ်စွမ်းအားကြောင့်သာမဟုတ်ပါက သူသည် ပြီးပြည့်စုံရန် နီးစပ်နေပြီ ဖြစ်သည်။ သူသည် ယွမ်နန်ဟွေ့ဟွေ့ နှင့်အတူ မွန်းစတားအဆင့်တွင် ရောက်နေပြီဖြစ်သည်။

အဆောက်အဦးတစ်ခု....

“ညီမ လင်း၊ ကျန်တဲ့လူတွေရော ဘယ်မှာလဲ”

လန်ရွမ်းယုစပ်စုလိုက်လေသည်။

လင်းရီရီက

“သူတို့ ဖြေနေလို့နေမှာပေါ...ဘာလဲအခုမှ ကြောက်ရမှန်း သိတာလား”

“မင်း ခုဏ သရုပ်ဆောင်နေတာ ငါသိပါတယ်”

“အခြားသူတွေက သူတို့စမ်းသပ်မှုတွေကိုလုပ်နေတယ်....မင်းလည်းမင်းအကျွမ်းကျင်ဆုံးအရာကိုရွေးရမယ် ”

“ဟုတ်”

လင်းရီရီ သည် ယခု ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို သတင်းပို့ရန် အလျင်စလိုနေခဲ့ပြီး ရွမ်းယုအား ထပ်မံစကားမပြောတော့ပေ။ သူမ ရွမ်းယုကို အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး အထဲတွင် ကြီးမားသော ဖန်သားပြင်တစ်ခု ရှိနေသည်။ ဖန်သားပြင် ပေါ်တွင် နာမည်များရှိလေသည်။

တိုက်ပွဲသံချပ်ကာ၊သိုင်းဝိညာဥ်၊ဝိညာဥ်ရေးရာစွမ်းအား၊တိုက်ခိုက်ရေး၊ ပံ့ပိုးရေး ၊ ကုသရေး၊ စက်ရုပ်မောင်းနှင်ရေ နှင့် အခြားရွေးချယ်စရာများစွာ .......

လင်းရီရီက

“တစ်ဦးချင်းအကဲဖြတ်မှုအတွက် မင်းနဲ့အသင့်တော်ဆုံးတစ်ခုကို ရွေးပါ”

လန်ရွမ်းယု က ရွေးချယ်စရာ အများအပြားကို ကြည့်ပြီး

“ဒီရွေးချယ်စရာတွေထဲမှာ လူကြိုက်များတဲ့အရာတွေကိုတော်တော်များများရွေးကြမှာပေါ့နော် ”

လင်းရီရီက ခေါင်းညိတ်ပြီး

“ဟုတ်တယ်”

လန်ရွမ်းယု အချိန်အတော်ကြာကြည့်ပြီးနောက် မည်သူမှမရွေးချယ်သောအရာတစ်ခုကိုရွေးချယ်လိုက်လေသည်။

“ဒါကို ရွေးတယ်”

လင်းရီရီက သူ့ကို စူးစူးဝါးဝါး ကြည့်နေသည် ။

“မင်းသေချာလား “

လန်ရွမ်းယုခေါင်းညိတ်လိုက်သည်။

လန်ရွမ်းယုရဲ့သိုင်းဝိညာဥ်သည်အလွန်ထူးခြားသောကြောင့် သိုင်းဝိညာဥ်အစွမ်းပြမှုကိုရွေးသင့်သော်လည်း သူရွေးလိုက်သည်ကတော့

“ကျွန်တော် အာကာသတိုက်လေယာဥ်မောင်းနှင်ခြင်းကို ရွေးတယ်”

လင်းရီရီ မျက်လုံးပြူးသွားသည်။

ထိုအရာကို ဘယ်သူမှသိပ်မရွေးကြပေ။ ယခူအသုတ်တွင်လည်း လန်ရွမ်းယုတစ်ယောက်သာရွေးခြင်းဖြစ်သည်။

“လန်ရွမ်းယု ငါမင်းကို နောက်တစ်ကြိမ်ထပ်မေးပါရစေ...မင်းသေချာလား? “

လန်ရွမ်းယုက

“အမလင်၊ ဒါကို ငါယုံကြည်တယ်၊ ဒါကို ငါတကယ်ရွေးချင်ပါတယ်။ “

“ဟုတ်ပြီ...အဲ့တာဆိုခဏစောင့်နေ....သက်ဆိုင်ရာဆရာတစ်ယောက်လာလိမ့်မယ်....”

လင်းရီရီသည် အာကာသယာဥ်မောင်းနှင်ခြင်းကိုရွေးချယ်ပေးခဲ့ကာ ထွက်သွားလေသည်။

ရွမ်းယု သည် သိုင်းဝိညာဥ်ကိုရွေးချယ်သင့်သော်လည်း သူ့တွင်ဝိညာဥ်ကွင်းနှစ်ကွင်းသာ ရှိသေးသည်။ ထိုအရာက ဘယ်လောက်သန်မာနိုင်မှာလဲ.....

သို့သော် ရင်ထျန်းဖန်ကတော့ ရွမ်းယုသည် အာကာသယာဥ်မောင်းနှင်ခြင်းပညာရပ်ဖြင့် ရှီလိုင်ခဲ့အကယ်ဒမီတွင်နေရာတစ်ခုရနိုင်ကြောင်းသေချာပေါက်ပြောခဲ့သည်။

Endend……