Chapters

အခန်း (၂၅၁)

Vol. 15 Ch. 251

အခန်း (၂၅၁)

Vol. 15 Ch. 251

ထို့ကြောင့် အဆုံးတွင် အာကာသတိုက်လေယာဥ် ကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။

ထိုအချိန်တွင် သန်းဝေသံတစ်ခုကိုအရင်ကြားလိုက်ရသည်။

“ဝါးးး..ဘယ်သူလဲ? တစ်စုံတစ်ယောက်က အာကာသယာဉ်ပိုင်းလော့ကို အကဲဖြတ်ခံဖို့ ရွေးချယ်ခဲ့တာလား။ ဒါကို ရွေးမဲ့လူမရှိတာ ကြာပြီ။ ငါ့အိပ်ပျော်နေတာကို တော်တော်အနှောက်အယှက်ဖြစ်စေတာပဲ...”

လန်ရွမ်းယု ကြည့်လိုက်တော့ လူတစ်ယောက်ဝင်လာတာကို တွေ့လိုက်ရသည်။ ထိုလူသည် ပျင်းရိသောပုံစံဖြင့်ရှိနေလေသည်။ အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားကာ ဘောင်းဘီရှည်ကိုလည်းဝတ်ဆင်ထားသည်။ အင်္ကျီရဲ့ အပေါ်ဆုံး ကြယ်သီးသုံးလုံးကို ဖြုတ်ထားပြီး ညစ်ပတ်နေတဲ့ ရင်ဘတ်မှာသိသာစွာ ပေါ်လွင်နေသည်။

ဒီလူ ရေမချိုးတာ ဘယ်လောက်ကြာပြီလဲ ....

သူ့ဆံပင်မှာလည်း ရှုပ်ပွပြီး ညစ်ပတ်နေခဲ့သည်။ သူ့အသက် ၄၀ အရွယ်ဟု ခန့်မှန်းရလေသည်။

ထိုလူက

“ဒါဆို မင်းကအာကာသတိုက်လေယာဥ်ကို ရွေးတဲ့သူပေါ”

“မင်္ဂလာပါ ဆရာ! ကျနော်က လန်ရွမ်းယု ပါ။ ကျနော်အဲ့တာကို ရွေးချယ်ခဲ့တာပါ”

“ပျင်းစရာကောင်းလိုက်တာကွာ! ကလေးတွေလည်း ဒါကိုမှရွေးရတယ်လို့... လာ...ငါ့ နောက်လိုက်ခဲ့”

ညစ်ပတ်သော ထိူလူသည် မိမိကိုယ်ကိုပင် မိတ်ဆက်ခြင်းပင် မလုပ်ဘဲ လန်ရွမ်းယုကိုခေါ်သွားခဲ့သည်။

လန်ရွမ်းယုက သူ့နောက်မှလိုက်သွားခဲ့သည်။

ထိုအခါ ထိုလူက ပြန်လှည့်လိုက်ပြီး

“မင်း လမ်းလျှောက်တာ အရမ်းနှေးနေတယ်၊ ငါ မင်းကို လိုက်ပို့ပေးမယ်”

ပြောနေစဉ်တွင် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ

လန်ရွမ်းယုသည် နေရာတစ်ခုကိုချက်ချင်းရောက်သွားလေသည်။

“အာကာသစင်တာ”

အဆောက်အဦး၏ နံမည်ကို ချက်ချင်းမြင်လိုက်ရသည်။

‘ငါဘယ်လိုရောက်လာတာလဲ။ ငါဘယ်လိုရောက်လာတာလဲ။’

လန်ရွမ်းယု သူဘာဖြစ်သွားတာလဲ လုံးဝမသိလိုက်ပေ..

‘ဒီ ညစ်ပတ်တဲ့ ဆရာက ဘယ်လောက်တောငိ အစွမ်းထက်လဲ! သူ့ရဲ့ သိုင်းဝိညာဥ် ကဘာလဲ။ အရမ်းထူးခြားတာပဲ။’

“မြန်မြန်ဖြေ ငါအိပ်ချင်နေပြီ”

စင်တာထဲတွင် အာကာယာဥ်အမျိုးမျိုးနှင့် စက်ရုပ်အမျိုးမျိုူကိုတွေ့ရလေသည်။ ပုံမှန်စက်ရုပ်များထက်ပိုမိုကြီးမားသော အာကာသစက်ရုပ်များ ဖြစ်သည်။ ထိုအခါ အာကာသပင်လယ်ဓားပြများနှင့် ကြုံတွေ့ရသောအခါ အာကာသပင်လယ်ဓားပြများ၏ အာကာသ စက်ရုပ်များသည် အလွန်ကြီးမားသည်ကို ရွမ်းယု သတိရမိလိုက်သည်။

“မင်း အာကာသတိုက်လေယာဥ်ကို မောင်းရတာ ကြိုက်လား”

ဆရာကမေးလိုက်ရာ ရွမ်းယု မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။

“မင်း ဘာလို့ ကြိုက်လဲ သူ့ရဲ့ အားကောင်းတဲ့ စွမ်းအားကြောင့်လား?”

“မဟုတ်ဘူး၊ ကျနော်က သူ့ရဲ့လွတ်လပ်မှုကို ကြိုက်တာ။ အာကာသထဲမှာ လွတ်လွတ်လပ်လပ် ပျံဝဲရတာကို သဘောကျတယ်။ ဒီခံစားချက်က ဘာနဲ့မှအစားထိုးလို့မရဘူး။ ”

“ကိုယ့်နောက်လိုက်ခဲ့ပါ။ အာကာသထဲမှာ မင်းရဲ့လွတ်လပ်မှုကို ဘယ်လိုပြသမလဲ ကြည့်ရအောင်”

Endend…..