အခန်း (၂၅၂+၂၅၃)
Vol. 15 Ch. 252+253
လန်ရွမ်းယုသည် ခန်းမတစ်ခုထဲသို့ဝင်သွားရသည်။ ထို့နောက် ပုံရိပ်ယောက်အခန်းဟုခေါ်သောအခန်းထဲတွင်ထည့်ထားသော အာကာသတိုက်လေယာဥ်ထဲသို့ဝင်ထိုင်ရလေသည်။
ယဥ်အခန်းထဲသို့ ဝင်ထိုင်လိုက်သည်နှင့် လုံခြုံရေး ခါးပတ်ကိုပတ်ကာ သက်ဆိုင်ရာ လင့်ခ်များကို ချိတ်လိုက်သည်။
အာကာသပုံရိရပ်ယောင်ကမ္ဘာသည် ဝိညာဉ်ကမ္ဘာထက် ပိုမိုရှုပ်ထွေးသည်။
ရွမ်းယု၏အပြုအမူများကို မြင်လိုက်ရတော့ လူလတ်ပိုင်းအရွယ်အမျိုးသားက မျက်လုံးကို မှိတ်ကာ ခေါင်းညိတ်လိုက်သည်။ အနည်းဆုံးတော့၊ သူ့ရှေ့က လူငယ်လေးဟာ အရင်က ဒီလိုအာကာသယာဥ်ပုံရိပ်ယောက်ကမ္ဘာကိုဝင်ဖူးကြောင်းသူသိလိုက်သည်။ ထိုအခါ လန်ရွမ်းယုအပေါ် ပိုအကောင်းမြင်လာခဲ့သည်။
“တစ်မိနစ်အတွင်းမှာ ငါတို့ဝင်မယ်... မင်းက တောင်ပံကစားသမားပဲ။ ငါ့နောက်ကိုလိုက်ပြီး အာကာသတိုက်ပွဲထဲဝင်မယ် ”
အမျိုးသားဆရာက ပြောလိုက်သည်။
လန်ရွမ်းယု ခေါင်းညိတ်ပြီး
“နားလည်ပြီး ပင်မတိုက်ခိုက်ရေးနေရာကိုငါယူမယ်၊ ဆရာက တောင်ပံကစားသမားလုပ်ပါ”
အမျိုးသားဆရာစိတ်ထဲတွင်
‘တောင်ပံကစားသမား... ဟား..ဟားး! ငါတောင်ပံကစားသမားဖြစ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။ ဒီကောင်က တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်’’
လန်ရွမ်းယုရဲ့ဆရာ ရင်ထျန်းဖန်သာဤနေရာတွင်ရှိ၍ ထိုလူလတ်ပိုင်းအရွယ်ဆရာမှာ ရွမ်းယု၏ တောင်ပံကစားသမားဖြစ်ကြောင်း သိလိုက်ရပါက အလွန်တုန်လှုပ်သွားမည်ဖြစ်သည်။
တောင်ပံလူ ပင်မယာဥ်ကိုကာကွယ်ရန် တာဝန်ရှိသည်၊ အဓိကယာဥ် ရန်သူများကိုသတ်ဖြတ် ဖျက်ဆီးရန် ဖြစ်သည်။
လန်ရွမ်း ယုရှေ့တွင် အာကာသယာဥခထိန်းချုပ်မှုမျက်နှာပြင်တစ်ခု ပေါ်လာသည်။
လန်ရွမ်းယုသည် ယာဥ် ကို လျင်မြန်စွာ ချိန်ညှိခဲ့သည်။
ရင်ထျန်းဖန်သည် ဤကဏ္ဍအတွက် ဆရာကောင်းတစ်ဦးဖြစ်သည်မှာ သေချာသည်။
အခြားအာကာသယာဥ်ထဲတွင် အမျိုးသားဆရာ ပျင်းရိစွာ ထိုင်နေသည်။ သူ၏ဖန်သားပြင်၏ဘယ်ဘက်ခြမ်းတွင် လန်ရွမ်းယုလုပ်ဆောငိနေသမျှကိုပြသနေသောဖန်သားပြင်တစ်ခုရှိလေသည်။
‘ သူ့ရဲ့ အခြေခံက ကောင်းတာပဲ။ သူ့မှာ ဆရာကောင်းတစ်ယောက်ရှိပုံရတယ် ‘
ထို့နောက် စတင်လေသည်။
“တောင်ပံသမား၊ တောင်ပံသမား၊ တိုက်ပွဲအတွက် အသင့်ပြင်ထားပါ။ ငါတို့ စထွက်ပြီ။”
လန်ရွမ်းယု၏ အသံထွက်ပေါ်လာသည်။
အမျိုးသားဆရာကြောင်သွားသည်။
‘ ဒီကောင်၊ မင်း အခု ငါ့ကို မင်းရဲ့တောင်ပံကစားသမားအဖြစ် တကယ်ပဲ ဆက်ဆံနေတာလား’
“တိုက်ပွဲအတွက် အဆင်သင့်ဖြစ်ပြီလား” အမျိုးသားဆရာက ပြန်ပြောလိုက်သည် ။
“စထွက်မယ်!”
ထိုအသံနှင့်အတူ အာကာသထဲသို့ တည့်တည့် ပျံသန်းသွားခဲ့သည်။
အမျိုးသားဆရာသည်လည်း လန်ရွမ်းယူနှင့်အတူ တချိန်တည်း ပျံသန်းထွက်လာခဲ့သည်။
လန်ရွမ်းယု ၏ အသံသည် သူ၏လေယာဉ်ခန်းထဲတွင် တစ်ဖန်
“အတူတူယှဥ်ပြီး ပျံသန်းပါ”
အမျိုးသားဆရာသည် ထိုစကားကြားတော့စိတ်ထဲတွင် ကြိမ်းမောင်းမိသည်။
‘ငါက “တောင်ပံသမား” လို့ပြောတာနဲ့ မင်းငါ့ကို “တောင်ပံသမား” လို တကယ်ဆက်ဆံနေတာလား...အခုလည်း ငါ့ကိုတောင် အမိန့်ပေးချင်သေးတာလား’
‘ ဟုတ်တယ်၊ တကယ့်စစ်မြေပြင်မှာတော့ တောင်ပံသမားဟာ ပင်မယာဥ်ရဲ့စကားကို နားထောင်ရမှာပဲ၊ ဒါပေမယ့် ငါက ဆရာ၊ ဆရာကွ...ဒီကောင်ကွာ ငါ့ကို သူ့ရဲ့တောင်ပံကစားသမားအဖြစ် တကယ်ပဲ သဘောထားနေတာလား ‘
ထိုသို့တွေးနေသော်လည်း
လန်ရွမ်းယု ရဲ့ အမိန့်ကို လိုက်နာနေတုန်းပင်...
ဒါက အလေ့အထတစ်ခုဖြစ်သည်။ စည်းမျဉ်းများနှင့်အညီ စစ်မြေပြင်တွင် တောင်ပံသမားသည် ပင်မယာဉ်မှူး၏ အမိန့်ကို နာခံရမည်။ မဟုတ်ရင် စစ်ခုံရုံးကို သွားရမည်ုဖစ်သည်။
သိပ်မကြာလိုက်
“ရန်သူလေယာဉ်၊ ကုဒိ 598, 673 ”
အမျိုးသားဆရာက
“ရန်သူ လေယာဉ်နှစ်စင်း တွေ့ပြီ…”
လန်ရွမ်းယု က ချက်ချင်းပဲ
“မင်းရဲ့ဘေးမှာရှိတဲ့ ရန်သူ့လေယာဉ်တွေကို အာရုံလွှဲပြီး ငါတိုက်ခိုက်တာကိုစောင့်ပါ”
အမျိုးသားဆရာသည် သူ့ကိုယ်ပိုင် လေယာဉ်ခန်းထဲတွင် ထိုင်နေပြီးပြုံးလိုက်မိ သည်။
ဤအခိုက်အတန့်တွင် လန်ရွမ်းယုသည် ကြောက်ရွံ့မှု လုံးဝမရှိခဲ့ပေ။
တစ်ချိန်တည်းမှာပင် သူသည် စည်းချက်ညီညီ ဆက်တိုက်လုပ်ဆောင်ပြီး အမိန့်များလည်းပေးခဲ့သည်။
ရန်သူလေယာဉ်နှစ်စင်းလုံး နီးကပ်လာသည်နှင့်အမျှ.... ယာဥ်ကို အရှိန်မြှင့်လိုက်သည်။
ရန်သူလေယာဉ်နှစ်စင်း နီးကပ်လာသည်။ ‘
ထိုအခိုက်အတန့်တွင် တစ်ဖက်မှ တိုက်ခိုက်မှု ရုတ်တရက် ထွက်ပေါ်လာသည်။
ပြိုင်ဘက်ယာဥ်၏အမြောက်မှ လေဆာ အလင်းတန်းတစ်ခု ထွက်လာသည်။ လန်ရွမ်းယု ရှောင်လွှဲနိုင်သော လမ်းကြောင်းအားလုံးကိုရောင်ခြည်များ ဖုံးလွှမ်းထားသည်။
သို့သော် လန်ရွမ်းယုသည် ထိုနေရာမှပျောက်သွားလေသည်။ ထိုအရာက လွယ်တယ်လို့ထင်ရပေမယ့် တကယ်တော့ လန်ရွမ်းယုသည် ထိုသို့ပြုလုပ်နိုင်ရန်အချိန်များစွာလေ့ကျင့်ခဲ့ရသည်။
ရင်ထျန်းဖန်၏ ကိုယ်ပိုင်အကွက်လည်းဖြစ်လေသည်။
ထို့နောက် ရန်သူယာဥ်နှစ်ခု၏နောက်တွင်ပေါ်လာကာတိုက်ခိုက်မှုကို နောက်ဆုံးတွင် စတင်ခဲ့သည်။
“ဗွမ်း....ဗွမ်းး”
မီးပွားများ ပေါက်ကွဲသွားသည်။
ထို့နောက် ရန်သူယာဥ်နှစ်စီးပျက်ဆီးသွားခဲ့သည်။
ရွမ်းယုမျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
ထိုအခိုက်အတန့်လေးတွင် အမျိုးသားဆရာ၏ အသံသည် ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်
“ပင်မယာဥ်...အခု တောင်ပံသမားရဲ့ သတင်းပို့ချက်ပါ၊ မင်းရှိရာကို ရန်သူလေယာဉ်နှစ်စင်း စလိုက်လာပြီ။ သူတို့ကို ဆက်မဆွဲထားနိုင်တော့ဘူး”
‘ဘာတွေဖြစ်နေတာလဲ’ လန်ရွမ်းယု အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း
“ အသုံးမကျဘူး။ ဘာလို့ ရန်သူတွေကို ဆွဲခေါ် တာလဲ “
Emdend……