အခန်း (၂၅၄+၂၅၅+၂၅၆)
Vol. 15 Ch. 254+255+256
သူသည် အချိန်တိုတိုအတွင်း သူ၏ပြိုင်ဘက်နှစ်စွးကို ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း တစ်ဖက်မှ ရန်သူလေယာဉ်နှစ်စင်းသည် တန်း ရောက်လာသည်။
တောင်ပံသမားသည် ရန်သူများကို ဝေးရာသို့ မပို့ဆောင်ခဲ့ပေ......
ရန်သူလေယာဉ်နှစ်စင်း ရောက်ရှိလာသောကြောင့် ကျန်တာများကိုစဉ်းစားရန်အချိန်မရှိပေ။ ရန်သူလေယာဥ်မှာနှစ်စီးဖြစ်သည်။ သူကတော့တစ်စီးထဲသာ
‘ငါ့တောင်ပံကစားသမားကော... သူဘယ်မှာလဲ?’
အမျိုးသားဆရာသည် ရွမ်းယု၏လုပ်ဆောင်ချက်များကိုကြည့်နေလေသည်။
‘ ဒါက စမ်းသပ်မှုတစ်ခုပဲ၊ လူငယ်။ ဒါကို မင်း နားလည်လား! နောက်ပြီး မင်းကသူ့တပည့်ပဲလေ...မင်းလုပ်နိုင်မှာပါ....’
ပစ်ခတ်မှုများစတင်ခဲ့သည်။
ရင်ထျန်းဖန် သူ့ကို သင်ပေးခဲ့တဲ့ အရာတွေထဲမှ အရေးကြီးဆုံးအချက်တစ်ခုက အခြေအနေ ပိုဆိုးလာလေလေ တည်ငြိမ်ရလေလေဖြစ်သည်။ စိတ်အေးအေးထားမှသာ အခွင့်အရေးကို ဆုပ်ကိုင်နိုင်မည်ဖြစ်သည်။
ရွမ်းယု အသက်ပြင်းပြင်းရှူလိုက်သည်။
‘အချိန်ကျပြီ!’
ထိုပြိုင်ဘက်ယာဥ်နှစ်စင်း၏ ရှုထောင့်မှကြည့်လျှင် လန်ရွမ်းယုရှုံးနေပြီဖြစ်သည်။
ကံမကောင်းစွာပင်. သူတို့ ဘယ်လို ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်နေရမှန်း သူတိုမသိခဲ့ကြပေ။
ရင်ထျန်းဖန်၏တပည့်ဖြစ်သော လန်ရွမ်းယုသည် စွန့်စားရတာကို အလွန်နှစ်သက်သည်။
လန်ရွမ်းယုသည် ငါးမိနစ်အကြာတွင် အခန်းတွင်းမှ ထွက်လာခဲ့သည်။
အဆုံးတွင် သူသည် ရန်သူအာကာသယာဥ်နှစ်စင်းကို ဖျက်ဆီးနိုင်ခဲ့သည်။
ထို့နောက် အပြင်တွင်စောင့်နေသော အမျိုးသား ဆရာအား
“သစ္စာဖောက်၊ စစ်မြေပြင်မှာဆိုရင် ဆရာမ သစ္စာဖောက်ပဲ။ ကိုယ့်ကို တောင်ပံသမားလို့ ခေါ်လို့တောင်မရဘူး”
အမျိုးသားဆရာက
“ဟုတ်တယ်၊ ငါက လုပ်စရာရှိတာကိုလုပ်ခဲ့တာ”
“မင်းက ရင်ထျန်းဖန် ရဲ့တပည့်ဖြစ်ကြောင်းကို ငါမသိခဲ့ရင် ငါမင်းနဲ့အတူတိုက်ခိုက်မှာပါ..မင်းက သူတပည့်ဆိုတော့ မင်းကို ငါယုံလိုက်တယ်။ ရင်ထျန်းဖန်က သူ့တပည့်ကို ကောင်းကောင်း သင်ပေးခဲ့တာပဲ!”
“ဟမ်?” “ဆရာက ကျနော့်ဆရာကို သိလို့လား”
အမျိုးသားဆရာက
“သိလား ဟုတ်လား ? သိရုံတင်မကဘူး။ အဲ့ကောင်က အသုံးမကျတဲ့ ဖက်တီး၊
မင်း သူ့ကို ငါ့ကိုတွေ့ဖို့ မျက်နှာရှိသေးလားလို့ သူ့ကို သွားမေးလို့ရတယ်။ အနည်းဆုံးတော့ မင်းကိုအခုငါလက်ခံမယ်။ မင်းအောင်တယ်.ယ. စာမေးပွဲပြီးလို့ မင်းမသေသေးရင် ငါ့စီကိုလာပြီး သတင်းပို့ “
ထိုစကားပြောပြီးနောက် လှည့်ထွက်သွားခဲ့သည်။
လန်ရွမ်းယု တံတွေးမျိုချလိုက်မိသည်။
‘ သူက ငါ့ကို လက်ခံတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ စာမေးပွဲမှာ မသေသေးရင် သူ့ကို သတင်းပို့ဖို့ ပြန်လာဆိုတာကကော ။ ငါကစာမေးပွဲမှာ သေနိုင်တာလား? ဒါမှမဟုတ် သူ ငါ့ကို ဆဲသွားတာလား။’
လန်ရွမ်းယုခေါင်းထဲသို့ အတွေးများစွာ ဝင်လာခဲ့သည်။
ထို့နောက် အခန်းသို့ပြန်လိုက်သည်။ ပြန်ပို့မည့်လူမရှိသောကြောင့် လမ်းလျောက်ပြန်ခဲ့ရလေသည်။
ကံကောင်းထောက်မစွာ၊ ရှီလိုင်ခဲ့အကယ်ဒမီ တွင် ဆိုင်းဘုတ်များ ရှိခဲ့သည်။ လူအနည်းငယ်ကို မေးမြန်းပြီး တစ်နာရီကြာ လမ်းလျှောက်ပြီးနောက် တည်းခိုဆောင်ကို တွေ့ရှိခဲ့သည်။
လန်ရွမ်းယုသည် ကျီဟုန်ဘင်းကို ကြုံခဲ့ရသမျှပြောပြလေသည်။ ထိုအခါ ဆရာကျီ၏ မျက်နှာတွင် ထူးဆန်းသောအမူအရာရှိသည်ကို သူသိလိုက်ရသည်။
“ဆရာကျီ ဘာဖြစ်လို့လဲ”
ကျီဟုန်ဘင်း က ခေါင်းခါပြီး
“ ဘာမှမဟုတ်ပါဘူး မင်း ဘာပြဿနာမရှိဘဲ ရှီလိုင်ခဲ့ ထဲဝင်နိုင်လောက်တယ်”
လန်ရွမ်းယုက “ဖက်တီး နဲ့ လျိုဖိန် ပြန်မလာသေး ဘူးလား?”
ကျီဟုန်ဘင်း က
“မလာသေးဘူး။ လူတိုင်းက ဒီတစ်ကိုယ်တော်အကဲဖြတ်မှုအတွက် မတူညီတဲ့ စမ်းသပ်မှုကို ပြုလုပ်ကြရတဲ့အတွက် အချိန်လည်း ကွာခြားသွားမှာပဲ”
လန်ရွမ်းယု က “ဆရာကျီ...ကျနော်ကိုစမ်းသပ်တာက ဘယ်သူလဲဆိုတာ သိလား”
ကျီဟုန်ဘင်း က
“ငါ အကြမ်းဖျင်းတော့ ခန့်မှန်းလို့ရတယ်။”
“ဘယ်သူလဲ” လန်ရွမ်းယုစပ်စုလိုက်သည်။
ကျီဟုန်ဘင်း က
“မေ့လိုက်ပါ၊ ဘာပဲဖြစ်ဖြစ် နောင်မှာ မင်း သိလာမှာပါ။ လျှောက် မှန်းနေစရာ မလိုဘူး။ ဒီမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ပဲလိုတယ်”
ကျီဟုန်ဘင်းစိတ်ထဲမှာတော့
‘ အဲဒီလူက မင်းကိုအသုံးမကျတဲ့ အသင်းဖော်လို့ ပြောနေပေမဲ့ ရွမ်းယုကိုတော့လက်ခံထားတုန်းပဲ...ဖက်တီး....မင်းဒီကိစ္စကိုသိရင် မင်းရှီလိုင်ခဲ့ကိုပြန်လာဝံ့ပါ့မလား.. ရင်ထျန်းဖန် ‘
ထိုအချိန်တွင် ချန်းလိန်ပြန်ရောက်လာလေသည်။
“ငါအောင်ခဲ့တယ်၊ ငါအောင်ခဲ့တယ်! ဟားဟား!”
“မင်း ဘာကိုရွေးလိုက်တာလဲ” လန်ရွမ်းယု မေးလိုက်သည်။
“သိုင်းဝိညာဉ်ကိုရွေးလိုက်တာ....ငါ့ရဲ့အထူးခြားဆုံးအရာက သိုင်းဝိညာဥ်ပဲလေ ..အခုငါအောင်သွားပြီး..ဟားဟား...နောက်တစ်ဆင့်ပဲကျန်တော့ဆိုလားပဲ....ဆရာမကပြောလိုက်တယ်”
ချန်းလိန် ဂုဏ်ယူစွာပြောလိုက်သည်။
လန်ရွမ်းယု က
“ဒါဆို မင်းဘာလို့ ဒီလောက်ကြာနေတာလဲ”
ချန်းလိန် က
“ထူးခြားမှုကို စစ်ဆေးရတာ အရမ်းလွယ်တယ်လို့ မင်းထင်နေတာလား။ ထူးခြားတယ်လို ခေါ်တဲ့အဓိပ္ပါယ်က အရင်တစ်ခါမှမပေါ်လာဖူးတာကိုပြောတာ...သူတို့ ကသေချာစစ်ဆေးနေတာ..အဲ့ကြောင့်ကြာနေတာ”
လန်ရွမ်းယု က “တော်လိုက်တော့...လျိုဖိန်ပြန်မလာသေးဘူး။ သူ ဘာကို ရွေးခဲ့လဲ? အရှိန်လား?”
ချန်းလိန် က ခေါင်းခါလိုက်ပြီး
“မဟုတ်ဘူး။ သူက တိုက်ပွဲစိတ်ပြင်းထန်မှုလို့ ခေါ်တဲ့ အရာတစ်ခုကို ရွေးချယ်ခဲ့တယ်။”
“တိုက်ပွဲစိတ်ပြင်းထန်မှူလား” ကျီဟုန်ဘင်း ရဲ့ အမူအရာက လေးနက်သွားသလို
“ဘာလို့အဲ့ဒါကို ရွေးလိုက်တာလဲ”
ချန်းလိန် က
“သူ့မှာ ဝိညာဥ်စွမ်းအားအားနည်းရင် တိုက်ပွဲစိတ်ပြင်းထန်မှု ရွေးချယ် ကြိုးစားနိုင်တယ်လို့ တခြားသူတွေဆီက ကြားလိုက်တယ်။ ပထမတော့ သူက အရှိန်ကို ရွေးချင်ပေမယ့် အဆုံးမှာတော့ အဲ့ဒါကို ရွေးခဲ့တာပဲ”
လန်ရွမ်းယု စိတ်ဝင်တစား
“ဆရာကျီ တိုက်ပွဲစိတ်စွမ်းအားက ဘာလဲ? တစ်ခုခုမှားနေလို့လား?”
ကျီဟုန်ဘင်း က
“ဘာအမှားမှမရှိပါဘူး၊ သူရွေးတာ မှန်ပါတယ်။ အရမ်းသန်မာမှုမရှိတဲ့သူတွေက တိုက်ပွဲစိတ်စွမ်းအားကိုရွေးချယ်ရင် အကယ်ဒမီကိုဝင်ဖို့အခွင့်အလမ်းပိုများတယ်။ အဓိကကတော့ ဇွဲကိုစမ်းသပ်တာပဲ..... ဒီစမ်းသပ်မှုက အရှားပါးဆုံးပဲ။ ဟုတ်တယ်၊မင်းအောင်ရင်တော့ကောင်းတယ်...မအောင်ရင်တော့ မင်းရဲ့စိတ်ဓာတ်တွေအောက်ဆုံးထိထိုးကျသွားလိမ့်မယ်။ ဒါကို လျိုဖိန် ရွေးချယ်မယ်လို့ မထင်ထားဘူး။ သူ အောင်ပါစေလို့ပဲ မျှော်လင့်တယ်။”
လျိုဖိန်သည် ထိုအခိုက်အတန့်တွင် မြေပြင်ပေါ်တွင် လဲကျနေသည်။
သူသည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မတ်တတ်ပြန်ရပ်ခဲ့သည်။
ပုံရိပ်ယောင်ကမ္ဘာမဟုတ်ပေ.. တကယ့်ကွင်းတစ်ခုဖြစ်သည်။ ရှောင်ချီ လည်း ရှိနေလေသည်။
လျိူဖိန်ကိုကြည့်ရင်း ရှောင်ချီ စိတ်လှုပ်ရှားလာသည်။
လျိုဖိန်မှာအတော်သနားစရာကောင်းနေပြီဖြစ် သည်။ ဘယ်ဘက်လက်မောင်းနှင့် ညာ ခြေထောက်မှာ ကျိုးသွားခဲ့ပြီဖြစ်သည်။ ခန္ဓာကိုယ်မှာလည်း သွေးများနဲ့ ဖုံးလွှမ်းနေသည်။ သို့သော် ယခုတော့ပြန်ထလာနေပြန်ပြီဖြစ်သည်။
ရင်ဘတ်တစ်ဝိုက်တွင်လည်း အရိုးအမြောက်အမြား ကျိုးထားခဲ့သည်။ အဆိုပါ ဒဏ်ရာများသည် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအတွက် အလွန်ပြင်းထန်ပြီး အသက်အန္တရာယ်ရှိစေနိုင်သည်။
“မင်း အားနည်းနေပြီ... မင်း မလုပ်နိုင်ရင်မလုပ်နဲတော့”
ရှောင်ချီ ဝမ်းနည်းစွာပြောလိုက်သည်။
လျိုဖိန် နဂါးဖြူလှံဖြင့် သူ့ကိုယ်သူထောက်ထား သည်။
“ငါ… ငါလုပ်နိုင်တယ်! ငါ... တိုက်နိုင်သေးတယ်”
သူသည် အထူးတန်းထဲသို့ ဝင်ပြီးကတည်းက သူနဲ့ ဖက်တီးသည် အတန်းထဲတွင် အမြဲတမ်း နောက်ဆုံးဖြစ်ခဲ့သည်။ သို့သော် သူ ဇွဲမလျှော့ခဲ့ပေ။ သူတို့သည် အတန်းထဲတွင် နောက်ဆုံးဖြစ်လျှင်ပင် အထူးတန်း တွင် သင်ယူရသမျှသည် သာမန် အကယ်ဒမီများနှင့် မတူကြောင်း သူသိသည်။ သို့သော် အတန်းဖော်များ၏မထီမဲ့မြင်ပြုခံရပြီး သေချာပေါက် ဖယ်ထုတ်ခံရမည်ဟုသတ်မှတ်ခံရပုံကို သူဘယ်တော့မှ မမေ့နိုင်ပေ။
လန်ရွမ်းယု ရောက်ရှိလာပြီးနောက် အရာအားလုံးပြောင်းလဲသွားသည်။ ရွမ်းယု အကူအညီဖြင့် လျိုဖိန် နှင့် ချန်းလိန် တို့ ပြန်လည်မွေးဖွားလာကာ အတန်းထဲတွင် ထိပ်ဆုံးဖြစ်လာခဲ့သည်။
ချန်းလိန်၏ အရည်အချင်းသည် သူ့ထက်သာလွန်ပြီး ထူးခြားသော သိုင်းဝိဉာဉ်တစ်ခုရှိသည်။ ထို့အပြင် သူ၏ဝိညာဉ်ရေးရာစွမ်းအားသည် အလွန်ထူးချွန်သည်။ သို့သော် လျိုဖိန် သည် သူ၏အမြန်နှုန်းကိုသာ အားကိုးနိုင်သည်။ သို့သော် မည်သည့် သွက်လက်အမျိုးအစားဝိညာဥ်မာစတာက မမြန်ပဲနေမည်နည်း။
တစ်ကိုယ်တော် ပြိုင်ဆိုင်မှု စတင်သည့် အချိန်မှစ၍ သူသည် လန်ရွမ်းယုအား အားကိုးနိုင်တော့မည် မဟုတ်ကြောင်း သူသိလိုက်သည်။ ရှီလိုင်ခဲ့အကယ်ဒမီတွင် ဆက်နေလိုပါက သူ့ကိုယ်သူ အားကိုးရမည်ဖြစ်သည်။
သာမာန်အားဖြင့် သူသည် အမြန်နှုန်းကိုရွေးချယ်သင့်သည်၊ သို့သော် နောက်ဆုံးတွင် သူသည် တိုက်ပွဲစိတ်စွမ်းအားကို ရွေးချယ်ခဲ့သည်။ စိတ်အားထက်သန်မှုကိုမည်သို့ စမ်းသပ်ခံရမည်ကို သူမသိပေ။ ဒါပေမယ့် ဇွဲလုံ့လဖြင့်သာ ထိုစမ်းသပ်မှုကို ဖြတ်သန်းနိုင်ကြောင်းသူသိသည်။
Emdend……