← Chapters

အခန်း (၂၅၇+၂၅၈)

Vol. 15 Ch. 257+258

အခန်း (၂၅၇+၂၅၈)

Vol. 15 Ch. 257+258

“အားးး!” လျိုဖိန် လက်ထဲတွင် နဂါးလှံဖြူကိုကိူင်ကာ အားမာန်သွင်းလိုက်သည်။

ထို့နောက် ရှောင်ချီကိုထပ်မံတိုက်လိုက်လေသည်။

ထို့နောက်အကြိမ်ကြိမ်အမှောက်သိပ်ခံရလေသည်။

ရင်ဘတ်အရိုးများ ကျိုးသွားကာ အဆုတ်ထဲသို့ပင် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ လျိုဖိန်၏အသက်ရှုသံတိုင်းတွင်သွေးများထွက်နေလေသည်။

“အား...”

လျိူဖိန် နာကျင်စွာ အော်ဟစ်လိုက်ပြီး နောကိတစ်ကြိမ်ထလာပြန်သည်။

‘ငါ ပိုသန်မာလာရမယ်၊ ငါဟာ အားကောင်းတဲ့ ဝိညာဉ်မာစတာ ဖြစ်လာရမယ်၊ ငါက တကယ့် အစွမ်းထက်တဲ့ဝိညာဥ်မာစတာဖြစ်လာပြီး ရွမ်းယု ကို အမှီလိုက်ရမယ်။ ‘

“အဟွတ်....အဟွတ်....”

သွေးများထွက်လာသည်။

စင်မြင့်အောက်တွင် ကျန်းချန်ယု မျက်မှောင်ကြုတ်သည်။ ထို့နောက် စင်ပေါ်တက်လာရန်ပြင်နေလေသည်။

ရှောင်ချီ က သူမကို ညင်သာစွာ ခေါင်းခါပြ လိုက်သည်။

လျိုဖိန် ရွေ့လာသည်။ လျိုဖိန်၏မျက်လုံးများမှာမှုန်ဝါးနေသော်လည်း အတွင်းမှစိတ်ပိုင်းဖြတ်များမှုကို ရှောင်ချီ မြင်နိုင်သည်။

နာရီဝက်ခန့်အကြာတွင်

လျိုဖိန် သတိလစ်သွားပြီဖြစ်သည်။

ကျန်းချန်ယုစင်ပေါ်ပြေးတက်လာသည်။

“သူ သွေးတွေ အရမ်းထွက်နေပြီ ဒီဒဏ်ရာတွေ သက်သာသွားရင်တောင် ပြန်ကောင်းလာဖို့ အချိန်အတော်ကြာလိမ့်တယ်။ နောက်ဆုံးပိုင်း စာမေးပွဲကိုမဖြေနိုင်တော့ပဲ အကယ်ဒမီကို ဒီကလေး ဘယ်လိုဝင်မလဲ။”

ရှောင်ချီက က

“ဒီကလေးမှာ အရည်အချင်းမရှိဘူး။ ဒါပေမဲ့ သူ့မှာဇွဲရှိတယ် ကြင်နာတတ်တဲ့ နှလုံးသားလည်းရှိကြောင်း သက်သေပြနေတယ်။ ဒါ့ပြင်၊ ငါသူ့ကိုဒီလိုလုပ်တာလက်ခံဖို့ ရွေးချယ်ပြီးကတည်းက၊ ဒါကို ကုစားနိုင်တဲ့ နည်းလမ်းတစ်ခု ငါ့မှာ ရှိနေပြီးသား”

ထိုနောက် ရှောင်ချီ၏ လက်ဖဝါးတွင် ရွှေရောင် ဖျော့ဖျော့နှင့် ပွင့်ချပ်လေးတစ်ချပ်ပေါ်လာ သည်။

“ဆရာမ ရှောင်......နင်...” ကျန်းချန်းယု ထို ပွင့်ချပ်ကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားသည်။

“ဒါက သိပ်တန်ဖိုးကြီးတာ မလား?”

ရှောင်ချီက ပြုံးပြီး

“ အဖိုးတန်ပစ္စည်းတွေကို သင့်တော်တဲ့လူတွေအတွက်ပဲ သုံးသင့်တယ်။ ငါ ဒီကလေးကို အရမ်းသဘောကျတယ်.... ဒီတစ်ခါ ကျောင်းသားတွေကြားထဲမှာ ငါ့ကို အံ့အားသင့်စေမယ့်သူ ရှိလိမ့်မယ်လို့ မထင်ထားမိဘူး။ ချန်းယု နင်သိလား ငါ ရှီလိုင်ခဲ့ကို ပထမဆုံးရောက်တုန်းက ငါက သူလိုပဲ၊ ဒါပေမယ့် အဲဒီတုန်းက ရှီလိုင်ခဲ့အကယ်ဒမီကို ဘာပဲဖြစ်ဖြစ် ငါတက်ရမယ်လို့ ကိုယ့်ကိုယ်ကို အားတင်းခဲ့တယ်။ အဲ့ဒါနဲ့ သူနဲ့တူတဲ့လမ်းကို ငါရွေးခဲ့တယ်၊ ငါလည်း တိုက်ပွဲစိတ်စွမ်းအား ကို ရွေးချယ်ခဲ့တယ်။ ဒီကလေးအတွက် အနာဂတ်က အကန့်အသတ်မရှိဘူး”

“ဒီကလေးကို ငါ့ရဲ့ တပည့်အဖြစ်လည်း လိုချင်တယ်။ ဒါကြောင့် ဒီပြန်လည်ကုသရေးပွင့်ချပ်ကို ငါတို့ရဲ့ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းလက်ဆောင်အဖြစ်ပေးလိုက်မယ်”

ရှီလိုင်ခဲ့အကယ်ဒမီ ဧည့်ရိပ်သာ....

“ လျိုဖိန် ဘာလို့ ပြန်မလာသေးတာလဲ။ မှောင်လုနေပြီ”

လန်ရွမ်းယု စိုးရိမ်တကြီးဖြင့်ကောင်းကင်ကို ကြည့်လိုက်သည်။

ကျီဟုန်ဘင်းက

“မပူပါနဲ့၊ ဘာမှ ပြဿနာ မဖြစ်နိုင်ပါဘူး။ သူစောစော မပြန်လာတာ ကောင်းတဲ့အရာပါ။ သူ့ရဲ့ စိတ်စွမ်းအား စမ်းသပ်မှုကို အချိန်ကြာကြာ ခံနိုင်ရည်ရှိလေလေ၊ သူ ကျော်ဖြတ်နိုင်ခြေက ပိုမြင့်မားလာတာကိာ သက်သေပြနေတာပဲ”

“အင်း... သူအောင်မြင်ဖို့ မျှော်လင့်ပါတယ်”

ချန်းလိန်လည်း ထိုနေရာတွင် ရှိနေခဲ့ပြီး အားလုံး အတူတူ လျိုဖိန်ကို စောင့်နေကြသည်။

ထို့နောက် တံခါးခေါက်သံတစ်ခုနှင့်အတူ

“ ကောင်းကင်ဝိညာဥ်အကယ်ဒမီရဲ့ ဆရာ ရှိပါသလား။ ကျေးဇူးပြုပြီး ကျောင်းသားလက်ခံပေးပါဦး”

ကျီဟုန်ဘငိးသည် ချက်ချင်းပင် တံခါးကိုဖွင့်ကာ အပြင်သို့ ပြေးသွားခဲ့သည်။

သွေးများဖုံးလွှမ်းနေပြီး အဝတ်အစားများ စုတ်ပြဲနေသော လျိုဖိန်ကိုတွေ့လိုက်သောအခါ သူတို့အားလူံးအံ့သြသွားကြသည်။

“လျိုဖိန်!” လန်ရွမ်းယုပြေးလာခဲ့သည်။

“စိတ်မပူပါနဲ့ သူနေကောင်းပါတယ်”

ကျီဟုန်ဘင်းက လျိုဖိန်ကိုစမ်းသပ်နေရင်းပြောလိုက်သည်။

ထို့နောက်လျိူဖိန်အား ကုတင်ပေါ်ခေါ်ကာ

“သူ အဆင်ပြေပါတယ်။ အနည်းငယ် အားနည်းနေရုံပဲ.... အနားယူလိုကိရင် သူအဆင်ပြေမှာပါ။”

“ကျေးဇူးတင်ပါတယ် ဆရာကျီ!”

လျိုဖိန် ဖျော့တော့တော့ပြောလိုက်သည်။ ထို့နောက် သူသည် အိပ်ရာဘေးတွင် အလွန်စိုးရိမ်နေသည့်ပုံပေါ်နေသော လန်ရွမ်းယု နှင့် ချန်းလိန် ဆီသို့ လှည့်ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။

“ညီအစ်ကိုတို့၊ ငါအောင်တယ်။ ငါအောင်တယ်”

ရွမ်းယုတို့၏မျက်လုံးများ တောက်ပလာပြီး

“တကယ်လား? ဟားဟား...”

လျိုဖိန်က

“ငါ... ငါအရင် အနားယူလိုက်ဦးမယ်၊ ငါ အရမ်းပင်ပန်းနေပြီ”

……

“ဆရာ...နောက်ဆုံးတစ်ဆင့်က ဘာလဲဆိုတာ သိလား?”

ကျီဟုန်ဘင်း ခေါင်းညိတ်လိုက်ပြီး

“မင်းတို့ ငါလိမ်မပြောချင်ဘူး။ အဲဒါဘာလဲဆိုတာ ငါသိတယ်၊ ဒါပေမယ့် မင်းတို့ကို ငါမပြောနိုင်ဘူး။ ဒါက ရှီလိုင်ခဲ့အကယ်ဒမီရဲ့စည်းမျဉ်းပဲ.... မင်းတို့ကိုယ်တိုင်ကြုံမှသိရလိမ့်မယ်.”

“မင်းတို့အားလုံးကို ငါပေးနိုင်တဲ့ တစ်ခုတည်းသော အကြံပြုချက်ကတော့ နောက်ဆုံးအဆင့်က တကယ်ကိုအန္တရာယ်များပြီး အသက်အန္တရာယ်တောင် ရှိနိုင်တယ်ဆိုတာပဲ။ ဒါကြောင့် အားလုံးပဲ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမယ်။ ကြောက်နေရင် အခုကတည်းက နောက်ဆုတ်လိုက်တာ ပိုကောင်းတယ်။ မင်းတို့ကောင်တွေက အသက် 12 နှစ်ပဲရှိသေးတယ်.... မင်းရဲ့မိသားစုတွေအကြောင်းလည်းထည့်စဉ်းစားရမယ်။”

ထို့နောက် ကျီဟုန်ဘင်းက သက်ပြင်းချကာ

“ရှီလိုင်ခဲ့အကယ်ဒမီက နှစ်စဉ် ကျောင်းသား အယောက် ၃၀ ပဲ စုဆောင်းရတဲ့ အကြောင်းရင်းက အရင်းအမြစ် ပြဿနာကြောင့်ပဲ မဟုတ်ဘူး။ ပိုအရေးကြီးတာက အရည်အချင်းပြည့်မီတဲ့သူ အလွန်နည်းပါးတာကြောင့်ပဲ. တစ်ခါတစ်ရံမှာ အယောက်၃၀တောင်မပြည့်ဘူး”

ချန်းလိန်က မေးခွန်းများမေးချင်သော်လည်း လန်ရွမ်းယုကမမေးရန်တားထားလိုက်သည်။

……..

နောက်တစ်နေ့

“ဒီနေ့.. ငါတို့ကြေငြာစရာနှစ်ခုရှိပြီး တစ်ခုက မင်းတို့အတွက် သတင်းကောင်းပဲ။ ဒါပေမယ့် တခြားတစ်ခုအတွက်ကတော့ မင်းကိုယ်တိုင်ပဲ ရွေးချယ်ရမယ်။”

စင်မြင့်ပေါ်၌ ရှောင်ချီ ရပ်ကာပြောနေလေသည်။

လျိုဖိန်သည်လည်း ချန်းလိန် ရွမ်းယုတို့နှင့်အတူထိုင်နေလေသည်။

“သတင်းကောင်းကတော့ တစ်ဦးချင်းအကဲဖြတ်မှုမှာ မင်းတို့ရဲ့ရလဒ်တွေ ဘယ်လိုပဲဖြစ်နေပါစေ အခု မင်းတို့ကို ဖယ်ထုတ်မှာမဟုတ်ဘူးဆိုတာပဲ။ ဒါကြောင့် မနေ့က တစ်ဦးချင်းအကဲဖြတ်မှုမှာ ကောင်းကောင်းမစွမ်းဆောင်နိုင်တဲ့သူတွေ အားလုံးမှာ အခွင့်အရေးရှိနေတုန်းပဲ။”

“ဒုတိယဟာကတော့ လာမဲ့နောက်ဆုံးအဆင့်စာမေးပွဲနဲ့ဆိုင်တယ်... စာမေးပွဲမှာမင်းတို့ရဲ့ ဆက်သွယ်မှု အားလုံးကို ဖြတ်တောက်ပစ်ရမည်။ အဲ့တာကိုလုပ်နိုင်လား.... နောက်တနာရီအတွင်း မင်းတို့အားလုံး ငါ့ကို အဖြေပေးရမယ်။”

“မင်းတို့ကို တိုက်ပွဲဝင်ရမဲ့နေရာတစ်ခုကို ငါတို့ပို့မယ်.....ပုံရိပ်ယောင်ကမ္ဘာမဟုတ်ဘူးနော် တကယ့်စစ်မြေပြင်ပဲ။ ဒါကြောင့် တကယ့်စစ်မြေပြင်မှာ မင်းတို့အားလုံး သေနိုင်တယ်... တစ်ခုခုမှားသွားရင် အဲဒီနေရာမှာ သေသွားနိုင်တယ်။ မင်းတို့အဲ့တာကိုလက်ခံနိုင်လားစဥ်းစားကြပါ”

“မလိုက်ချင်တဲ့လူတွေကို အိမ်ပြန်ပို့ပေးပမယ်။

ပါဝင်ချင်တဲ့လူတွေကတော့ ရှီလိုင်ခဲ့မှာဆကိနေရမယ်... ”

“မင်းတို့မှာ စဉ်းစားဖို့ အချိန်တစ်နာရီပဲ ရှိတယ်၊ မင်းတို့ရဲ့ အသင်းဖော်တွေနဲ့လည်း ဆွေးနွေးနိုင်တယ်။ သို့သော် ဆရာတွေ သို့မဟုတ် မိသားစုဝင်တွေကိုတော့ ဆက်သွယ်ခွင့်မရှိဘူး။ မင်းတို့ ကိုယ်တိုင် ဆုံးဖြတ်ချက်ချရမယ်။ မင်းတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အတွက် မင်းတို့တာဝန်ယူရမယ်”

ကျောင်းသားအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ကိုယ့်ရဲ့ ဆုံးဖြတ်ချက်အတွက် တာဝန်ယူရမယ်... ရှီလိုင်ခဲ့အကယ်ဒမီက အဖွဲ့ချုပ်ရဲ့ ထိပ်တန်းကျောင်းဖြစ်သည်။ ကျောင်းအပ်စစ်ဆေးမှုသည် အဘယ်ကြောင့် အသက်အန္တရာယ်ရှိရလာရတာလဲ......

Endend……

All Chapters