အခန်း (၂၅၉+၂၆၀)
Vol. 15 Ch. 259+260
ကျောင်းသားတစ်ဦးက
“ဆရာ စာမေးပွဲက ဘာလဲ”
ရှောင်ချီက
“ငါမင်းတို့ကို ပြောလို့မရဘူး။ မင်းတို့ကိုယ်တိုင်ပဲ ဆုံးဖြတ်လို့ရတယ်။”
အသေးစိတ်အချက်အလက်များကို ထုတ်ဖော်၍မရသော စမ်းသပ်မှုတစ်ခုဖြစ်ပြီး အသက်အန္တရာယ်ရှိဟုသာ သိနိုင်သည်။
“ကောင်းပြီ မင်းမှာ အချိန်တစ်နာရီလောက်ရှိသေးတယ်။ တစ်နာရီကြာပြီးရင်တော့ အားလုံး အဖြေပေးရမယ်။ ”
ရှောင်ချီထွက်သွားသည်။
ထို့နောက် ဆက်သွယ်ရေးကိရိယာများအားလုံးအလုပ်မလုပ်တော့ပေ။ ကျောင်းသားများအပြင်လောက ကိုမဆက်သွယ်နိုင်တော့ပေ။
ချန်းလိန်က ပျင်းသွားသောပုံစံ ဖြင့်
“ငါတို့ ဘာမှမဟုတ်ပဲနဲ့ တစ်နာရီလောက် စောင့်ရမယ်။ ဘယ်လောက်ပျင်းစရာကောင်းလိုက်လဲ!”
ထိုအချိန်တွင်ပင် ပင်းထျန်းလိန်၊ လင်းတုံဟွေ့နှင့် ယုထျန်းတို့ရောက်လာသည်။
“လန်ရွမ်းယု မင်းဘယ်လိုလဲ”
ပင်းထျန်းလိန် ရောက်လာသည်နှင့်ချက်ချင်းပင်မေးလိုက်သည် ။
လန်ရွမ်းယု က “မင်းရော ဘယ်လိုလဲ။ လျန်ဆူရှီတို့အဖွဲ့က ... “
“သူမ ပြန်သွားပြီ။”
လန်ရွမ်းယုက “ဒါဆို မင်း…”
ပင်းထျန်းလိန်က သက်ပြင်းချပြီး
“ငါတစ်ယောက်တည်းဆိုရင်တော့ ငါသူနဲ့လိုက်သွားပါယ်။ ဒါပေမယ့် ငါ့မှာ ငါ့ညီကိုတွေရှိတယ်။ ငါ သူတို့ကို မစွန့်လွှတ်နိုင်ဘူး။”
ထိုသို့ပြောနေစဉ်တွင် ယုထျန်းနဲ့ လင်းတုံဟွေ့ ဆီသို့ လှည့်ကြည့်လိုက်သည်။
လန်ရွမ်းယုက “အဲ့ဆို ငါတို့ ဆက်ပါဝင်ကျမယ်။”
ပင်ထျန်းလိန်က “ဟုတ်ပီ..အရင်အတိုင်းပဲ”
လန်ရွမ်းယု ခေါင်းညိတ်ပြီး
“ဟုတ်ပြီ... မင်းတို့ ငါ့စကားကို နားထောင်ဖို့မျှော်လင့်ပါတယ်”
“အဆင်ပြေပါတယ်”
ပင်းထျန်းလိန်ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူတို့နေရာရှိရာသို့ပြန်သွားခဲ့သည်။
ထိုအချိန်တွင် တုံချင်းရုံ နှင့် လန်မိန်ချင်းတို့ လျှောက်လာခဲ့သည်။
“ငါတို့ပါမယ်၊ မင်းတို့ကော”
လန်မိန်ချင်းက ပြောလာသည်။
“ငါတို့လည်း အတူတူပဲ” ချန်းလိန်က ချက်ချင်းပြောလိုက်သည်။
လန်မိန်ချင်း က သူ့ကို လှမ်းကြည့်ကာ
“ ဖက်တီး ၊ မင်း အဲဒါကိုတကယ်ပါချင်တာ သေချာလား “
“ဟုတ်တယ်၊ ဘာလို့ မပါရမှာလဲ။ ငါက သန်မာပြီးအစွမ်းထက်ပါတယ်။”
တုံချင်းရုံက လန်ရွမ်းယု အားကြည့်ပြီး
“စာမေးပွဲမှာ ငါတို့ကို အဖွဲ့ဖွဲ့ကြရအောင်”
“အဆင်ပြေတယ်”
လန်ရွမ်းယု ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် မင်းတို့ ငါ့အမိန့်ကို နားထောင်ရမယ်။” လန်ရွမ်းယု ဆက်ပြောလိုက်သည်။
တုံချင်းရုံ အနည်းငယ် မျက်မှောင်ကြုတ်ပြီး လန်မိန်ချင်း ဘက်သို့ လှည့်လိုက်သည်။
လန်မိန်ချင်းက လန်ရွမ်းယုကို အံ့အားသင့်စွာကြည့်ကာ
“မင်းက ငါတို့ကို အမိန့်ပေးမှာလား? ငါကြားတာများမှားတာလား.....အစွမ်းထက်ဆုံးဖြစ်တဲ့ ငါက အမိန့်ပေးသင့်တာမလား”
လန်ရွမ်းယုက
“အမိန့်ပေးနိုင်စွမ်းက လူတစ်ဦးချင်းစီရဲ့ ခွန်အားနဲ့မသက်ဆိုင်ဘူး”
လန်မိန်ချင်းက “ဒါဆို မင်းက ဘာပြောချင်နေတာလဲ မင်းက ငါတို့ထက် ဉာဏ်ကောင်းတယ်လို့ ထင်နေတာလား”
“ဒီလိုမျိုးပဲပေါ့။ မင်း ဆန္ဒမရှိရင် အသင်းဖွဲ့ဖို့ မလိုဘူး။ စည်းလုံးမှုမရှိတဲ့အသင်းက မဖွဲ့တာကောင်းတယ်”
လန်ရွမ်းယုက ထိုမျှသာ...
သူသည် တုံချင်းရုံကိုခေါ်ချင်နေသော်လည်း လန်မိန်ချင်းကိုတော့မခေါ်လိုပေ။
“ချင်ရုံ မင်း သူငယ်ချင်းက တော်တော်မာနကြီးတာပဲ!”
ထိုအခါ တုံချင်းရုံက
“အစ်မချင်းရုံ ငါ့စကားကို အရင်နားထောင်ပါ” “အစ်မမိန်ချင်း... မင်းက အသန်မာဆုံးဆိုတာသိပါတယ်... ဒါပေမဲ့ အမိန့်ပေးတဲ့နေရာမှာတော့ သူ့ကို ယုံကြည်တယ်။ စိတ်မပူပါနဲ့ သူရဲ့ဦးနှောက်ကို ငါသိပါတယ်...သူတို့က ပဏာမစစ်ဆေးမှုပွဲတွေမှာ ချန်ပီယံတွေဖြစ်ခဲ့ကြတယ်... တခြားအစွမ်းထက် ဝိညာဥ်မာစတာ အများအပြားကိုတောင် အနိုင်ယူပြီး ပထမနေရာကို ရရှိခဲ့တယ်။ အဲဒါက သူတို့ရဲ့ ခွန်အားနဲ့ ရနိုင်ပါ့မလား။ ငါ သူတို့နဲ့ အတူလည်း တိုက်ပွဲဝင်ခဲ့ဖူးတယ်... သူက အမိန့်ပေးရာမှာ တကယ်တော်တယ်.... အစ်မမိန်ချင်း....နင်... ငါ့ကိုယုံလား။အဲ့တာဆို သူရဲ့တောင်းဆိုမှုကို သဘောတူလိုက်ပါ။ ငါတို့အားလုံးအတူတကွလုပ်ရင် ရှီလိုင်ခဲ့ကိုသေချာပေါက်ရောက်လိမ့်မယ် “
လန်မိန်ချင်းဘာမှမပြောတော့ပဲငြိမ်သွားသည်။
ထို့နောက်မှ
“ငါသူ့ကိုမယုံပေမယ့် မင်းကိုယုံတယ် ချင်ရုံ.....ငါလက်ခံလိုက်မယ်... သွားကြရအောင်”
“အင်း”
တစ်နာရီအကြာ......
အရမ်းပုံမှန်ပင်
ရှောင်ချီပြန်ရောက်လာလေသည်။ ထို့နောက် ထွက်မဲ့လူကိုမေးလေရာ ဘယ်သူမှမရှိပေ။
ရှီလိုင်ခဲ့ကိုဘယ်သူကလက်လွှတ်ခံနိုင်မှာလဲ...
ဤသည်ကို ကျားမကြောက်သော မွေးကင်းစနွားသငယ်ဟု ခေါ်လေသည်။
“ဘယ်သူမှ မထွက်တဲ့အတွက် မနက်ဖြန်မှာ စမ်းသပ်ကွင်းကို သွားမယ်။ ဆရာတွေလည်းစောင့်နေမယ် ....နောင်တမရဖို့မျှော်လင့်ပါတယ်”
…….
ရှီလိုင်ခဲ့အပြင်စည်း....
လှပလွန်းလှသော ကျောင်းအုပ်သည် သူမ၏ကိုယ်ပိုင်ရုံးခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသည်။ မှတ်တမ်းတစ်ခုကိုကြည့်နေလေသည်။
ထိုမှတ်တမ်းမှာ လန်ရွမ်းယုနဲ့လီဟန်တို့ပူးပေါင်းကာ လင်းရီရီိကိုတိုက်ခိုက်သောမှတ်တမ်းဖြစ်သည်။
“ဒေါက်...ဒေါက်... ဒေါက်!”
အစပိုင်းတွင်တံခါးကိုခေါက်နေသော်လည်း
“ဗွမ်း...”
ယခုတော့တွန်းဖွင့်ကာဝင်လာလေသည်။
ကျောင်းအုပ်သည် သူမ၏လက်ကို မြှောက်ကာ အရေးပေါ်ခလုတ်ကိုနှိပ်ရန်ပင်ပြင်လိုက်သည်။
သို့သော် ဝင်လာသောသူကိုသူမမြင်လိုက်ရတော့
“မင်းဘာလို့ ဒီလောက်တောင် ရိုင်းနေသေးရတာလဲ။ တံခါးဖွင့်တာကိုစောင့်လို့ မရဘူးလား”
“မင်းမှ တံခါးကိုလာမဖွင့်တာ”
လူလတ်ပိုင်းအရွယ်အမျိုးသား တယောက် ဝင်လာခဲ့သည် ။ သူသည် လန်ရွမ်းယုကိုစမ်းသပ်ခဲ့သော ညစ်ပတ်သောအမျိုးသားဆရာပင်ဖြစ်လေသည်။
“မင်း အရမ်းညစ်ပတ်တယ်၊ ဒီမှာ မထိုင်နဲ့! ပြောစရာပြီးရင် ထွက်သွား... ငါ့ပတ်ဝန်းကျင်လေထုကို မညစ်ညမ်းစေနဲ့။”
ကျောင်းအုပ်က ဒေါသတကြီး ပြောလိုက်သည်။
“ဒီအသုတ်ထဲက အသစ်တစ်ယောက်ကိုလိုချင်တယ်။ နောက်ဆုံးအဆင့်မှာ သူ့ကို မသေနဲ့။”
ထိုအမျိုးသားသည် ဆိုဖာရှေတွင် ရပ်နေပြီး ပြောလိုက်သည်။
သူပြောနေစဉ်တွင် သူ၏မျက်လုံးများသည် ကျောင်းအုပ်လက်ထဲရှိ ဖန်သားပြင်ပေါ်မှလန်ရွမ်းယုရဲ့ပုံရိပ်ကိုမြင်သွားခဲ့ သည်။
“ဟမ်?”
အမျိုးသားဆရာ၏ အကြည့်များ ပြောင်းလဲသွားသည်။
“ဘယ်သူလဲ? မင်း ကိုယ်တိုင်ကိုယ်ကျ လာပြောရတဲ့အထိ မင်းကိုဆွဲဆောင်သွားတာဘယ်သူလဲ”
အမျိုးသားဆရာက
“သူ တစ်ယောက်တည်းပဲ။ ငါဒီတစ်ဦးတည်းကိုလိုချင်တယ်၊ ဘယ်သူမှငါ့စီကလာမလုနဲ့”
သူပြောနေစဉ်တွင် သူသည်ဖန်သားပြင်ပေါ်ရှိ လန်ရွမ်းယုကို ညွှန်ပြလိုက်သည်။
ကျောင်းအုပ်မှာ အံ့အားသင့်သွားကာ
“သူလား?”
ထို့နောက် သူမ တုံ့ဆိုင်းသွားပြီး
“နောက်တစ်ယောက် ယူလိုက်။ ဒီကလေးက အရမ်းထူးခြားတယ်၊ သူ့ကို အထူးဂရုစိုက်ဖို့ လိုအပ်တယ်။”
“ ငါ သူ့ကိုပဲလိုချင်တယ်။ သူ့ကိုငါသင်ပေးရမှာတွေရှိတယ်.... သူက ရင်ထျန်းဖန် ရဲ့ တပည့်ပဲ “
ကျောင်းအုပ်က အံ့သြစွာနဲ့
“ရင်ထျန်းဖန် ရဲ့တပည့်? အံဩစရာမရှိပါ၊ ဒီကလေးက ပဏာမကာလတွေမှာအရမ်းတော်နေတာ အံ့သြစရာမရှိတော့ပါဘူး.. တကယ်တော့ အဲဒါက ဖက်တီးက သင်ပေးထားတာပဲ...ဒါပေမဲ့ သူက အလွန်ထူးခြားပြီးတော့ အသက်စွမ်းအင်နဲ့လည်းဆက်စပ်မှုကြီးမားနေတယ်...ငါသူ့ကို တိုက်ပွဲသံချပ်ကာမာစတာဖြစ်အောင်လုပ်ဖို့ အာရုံထားနေတယ်...ငါမင်းကိုတစ်ခုပြမယ်”
သူမသည် အမျိုးသားဆရာအား လီဖန်တို့ တိုက်ပွဲမှတ်တမ်းကိုပြလိုက်သည်။
“သိုင်းဝိဥာဉ်တွေသုံးလို့မရတော့ဘူးလား။ ဒါ သွေးသားဖိနိပ်မှုမလား”
ကျောင်းအုပ်က “ဖြစ်နိုင်တယ်။ သူ့ရဲ့ တိုက်ပွဲ မှတ်တမ်း တော်တော်များများကို ငါကြည့်ပြီးပြီ.... သူ့မှာ နဂါးသွေးသား တစ်မျိုး မဟုတ်ရငခ နှစ်မျိုးရှိတယ်။ နှစ်ခုလုံးကလည်း ထိပ်တန်းနဂါးတွေပဲ ဖြစ်လိမ့်မယ်...အခုကျ ပင်လယ်နဲ့ပက်သက်တဲ့သွေးသားတွေပါပြနေတယ်.... သူ့သွေးသားကလည်း နတ်ဘုရားအဆင့်လို့ ငါသံသယရှိတယ်။ ဒီလိုကလေးကို တိုက်ပွဲသံချပ်ကာမာစတာမလုပ်လို့ ဘာလုပ်ခိုင်းရမှာလဲ.... မင်း သူ့အကြောင်းမပြောရင်တောင် ငါ သူ့ကို အာရုံစိုက်မိမှာပဲ”
“မဟုတ်ဘူး ငါဒီကလေးပဲလိုချင်တယ်”
Endend…….