← Chapters

ငရဲခွေးသခင်လေးအား အမဲလိုက်ခြင်း

Vol. 39 Ch. 568

ငရဲခွေးသခင်လေးအား အမဲလိုက်ခြင်း

Vol. 39 Ch. 568

"သခင်မလေး ဆိုဖီယာ ဒါက..."

နဂါးမင်းသမီး၏ အစောင့်များသည် ငရဲခွေးမြို့၏ အမွေဆက်ခံသူ ငရဲခွေးသခင်လေးအား တိုက်ခိုက်ရန်ကျိုးစားနေသော မျက်နှာဖုံးစွပ်ထားသည့် အာရန်ကို သတိထားမိသွားကြသည်။

အာရန်သည် သူ၏ အချက်အလက်များကို ထိုမျက်နှာဖုံးဖြင့် ဖုံးကွယ်ထားသော်လည်း သူမည်သူ ဖြစ်ကြောင်းကိုမူ နဂါးမင်းသမီးအနေဖြင့် သေချာသိနေသည်။

အစောပိုင်းတွင် အာရန်သည် သူမရှေ့မှပျောက်ကွယ်သွားခဲ့ပြီး မည်သည့်နေရာတွင်မျှ မှ ရှာမတွေ့ခဲ့တော့ပေ။

"သူက ငရဲခွေးတွေကို တကယ်ပဲ မုန်းတီးနေပုံရတယ်"

နဂါးမင်းသမီး ဆိုဖီယာသည် သူမ၏ သက်တော်စောင့် ခန့်မှန်းမှုများကို အတည်ပြုပေးလိုက်သည်။

သူမသည် အာရန်တစ်ယောက် ငရဲခွေးသုံးကောင်ကို သတ်သည့်မြင်ကွင်းအား မြင်ခဲ့ရပြီးဖြစ်ကာ ယခု သူသည် ငရဲခွေးမျိုးနွယ်စု၏ အမွေဆက်ခံသူနောက်သို့ ဆက်လက် အမဲလိုက်နေပြီဖြစ်၏။

သူမသည် အာရန်မှာ ဤတစ်နေ့တာအတွင်း ငရဲခွေးအတော်များများ သေဆုံးသွားမှုနှင့်လည်း ပတ်သက်နေနိုင်သည်ဟု ခန့်မှန်းမိနေသည်။

မျှော်စင်သခင်ပေါ်လာခြင်း မရှိခဲ့ပါက သူမသည် အာရန်သည်သာ နောက်ကွယ်မှ တရားခံဖြစ်မည်ဟု သေချာစွာခန့်မှန်းနိုင်ပေလိမ့်မည်။

သို့သော် ယခုတွင်မူ သူမအနေနှင့် ထိုမျှအထိတော့ မသေချာနိုင်တော့ပေ။

"ကျုပ်တို့ သူ့ကို တားသင့်လား"

သက်တောင်စောင့်က မင်းသမီးဆိုဖီယာအား မေးလိုက်ရာ သူမသည် ခေါင်းကိုသာ အသာအယာ ခါပြလိုက်သည်။

သူမသည် ငရဲခွေး သခင်လေးဆိုသူကို စတွေ့ကတည်းက နှစ်သက်ခြင်းမရှိခဲ့ပေ။ အထူးသဖြင့် သူမ၏ ရှေ့တွင် ပြုမူခဲ့သော သူ၏ ရိုင်းပြမှုကြောင့်ပင် ဖြစ်၏။

သူမသည် သူ့ကို ကယ်တင်ရန် အနည်းငယ်မျှပင် ဆန္ဒမရှိပေ။

ပို၍ အရေးကြီးသည်မှာ သူမသည် အာရန်တစ်ယောက် မည်သို့ တိုက်ခိုက်မည်ကို လေ့လာလိုနေသေးသည်။

သူမသည် အာရန် တိုက်ခိုက်သည်ကို ယခုအချိန်ထိ ကောင်းစွာ မမြင်ဘူးသေးပေ။ ယခင်စတွေ့စဥ်ကလည်း တိုက်ပွဲ ပြီးဆုံးသွားသောအခါမှသာ သူမအနေနှင့် အာရန်ဆီသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်လေသည်။

"ရှင် တကယ်ပဲ ဘာတွေ လုပ်ဆောင်နိုင်လဲ ကြည့်ရသေးတာပေ့ါ"

သူမသည် အာရန်၏ နဂါးအသွင် အပြည့်အဝ ပြောင်းလဲမည်ကို မြင်လိုနေခဲ့ပြီး သူ၏ ဟင်းလင်းပြင်ထိမ်းချုပ်နည်းအစွမ်းများကိုပါ သိလိုနေခဲ့သည်။

"ဒါပေမဲ့ သူ ဘာလို့ ခုချိန်ထိ သူ့ရဲ့ ပုံစံအမှန်ကို မပြောင်းလဲသေးတာလဲ။ သူ့အကြောင်း လူတွေသိသွားမှာကို ဒီလောက်ထိတောင် စိုးရိမ်နေတာလား"

နဂါးမင်းသမီးပင် ပြန်မဖြေနိုင်သော မေးခွန်းတစ်ခုကို မင်းသမီး၏ အစောင့်က မေးခွန်းထုတ်လိုက်သည်။

ယခင်အချိန်က အာရန်သည် ငရဲခွေးသုံးကောင်ကို ရင်ဆိုင်ရန်အတွက်ပင် သူ၏ နဂါးအသွင်ကို ထုတ်ဖော်ခဲ့ရသည်။

ယခု ငရဲခွေးသခင်လေးသည် ထိုစဥ်က အာရန်ရင်ဆိုင်ခဲ့ရသော ငရဲခွေးများထက် များစွာ ပို၍ ခွန်အားကြီးလေသည်။

သို့သော် ယခုအချိန်ထိ အာရန်သည် သူ၏ နဂါးအသွင်ကို မပြောင်းလဲသေးပေ။

သူသည် သူ့ကိုယ်သူ ဤမျှ ယုံကြည်ချက်ရှိနေခဲ့၍လော...။

သို့မဟုတ် သူ့တွင် အခြား စိုးရိမ်ပူပန်စရာများ ရှိနေ၍လော...။

"ငါ့ကို ရင်ဆိုင်တဲ့အခါ မင်းခုလို အာရုံပျံ့လွင့်မနေသင့်ဘူး ကောင်လေး" ငရဲခွေးသခင်လေးသည် လက်သီးတစ်လုံးကိုပြင်ဆင်ရင်း ရှေ့သို့ လျင်မြန်စွာ ပြေးတက်လာခဲ့သည်။

တစ်ဖန် သူသည် ပထမအကြိမ် တွေ့ဆုံစဥ်က ကဲ့သို့ပင် အာရန်၏ ဝမ်းဗိုက်နေရာကို ပစ်မှတ်ထားလိုက်သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ဤတစ်ကြိမ် တိုက်ခိုက်မှု၏ နောက်ကွယ်မှ ခွန်အားသည် ယခင်အကြိမ်ထက် အဆများစွာပိုမိုကြီးမားနေခြင်းပင်။

မုန်တိုင်းတစ်ခုကဲ့သို့ တဟုန်ထိုးဝင်‌ရောက်လာပြီးနောက် သူသည် အာရန်အား လက်သီးဖြင့် ပင့်ထိုးထည့်လိုက်သည်။

သူသည် အာရန်တစ်ယောက် ထိတ်လန့်တုန်လှုပ်နေသည်အား မြင်ရတော့မည်ဟု ထင်မှတ်ခဲ့သော်လည်း ထိုမျက်နှာဖုံးနောက်ကွယ်မှ ရယ်သံအချို့ကိုသာ သူ့အနေနှင့် ကြားလိုက်ရသည်။

"ဘာ"

သူ၏ မျက်နှာသည် မကြာမီမှာပင် မှောင်မိုက်သွားခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ လက်သီးသည် လမ်းခုလတ်မှာပင် ရုတ်တရက် ရပ်တန့်သွားခဲ့သောကြောင့် ဖြစ်၏။

အာရန်သည် နောက်သို့ ခြေတစ်လှမ်းမျှပင် မဆုတ်ဘဲ သူ၏ လက်သီးကို အလွယ်တကူပင် ကိုင်ဆုပ်ထားနိုင်ခဲ့သည်။

"ငါ ဘာလို့ အာရုံပျံ့လွင့်နေနိုင်တယ်ဆိုတာ မင်း သိလား"

အာရန်သည် ငရဲခွေးသခင်လေး၏ အနားသို့ ပိုမိုကပ်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ငါ့ကိုယ်ငါ နောက်ထပ် ဘာမှ ဖုံးကွယ်စရာ မလိုတော့လို့ဘဲ"

၎င်းသည် ငရဲခွေးမိသားစု၏ မြို့သခင်ကိုယ်တိုင်သာ ဖြစ်နေပါက သူသည် အနည်းငယ် သတိထားနေရဦးမည် ဖြစ်သည်။

သို့သော် ယခုရင်ဆိုင်နေသူသည် သာမန်သခင်လေးအဆင့်သာ ဖြစ်လေသည်။

ငရဲခွေးမျိုးနွယ်စု၏ အဓိကပုဂ္ဂိုလ်အများစုသည် မျှော်စင်သခင်နှင့် အလုပ်များလျက် ရှိနေကြသောကြောင့် အာရန်အနေဖြင့် ယခု ငရဲခွေးသခင်လေးအား ဖြေရှင်းရန် စိတ်ကြိုက်အခွင့်အရေးတစ်ခု ရရှိထားပြီးဖြစ်၏။

"မင်း"

ငရဲခွေး သခင်လေးဆိုသူသည် တစ်ချက်ခန့်အော်ဟစ်လိုက်သော်လည်း သူ၏ အော်ဟစ်သံသည် နာကျင်နေသော ငြီးတွားသံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လက်သီးတစ်လုံးသည် သူ၏ ဝမ်းဗိုက်သို့ ထိမှန်သွားပြီး သူ့အား နောက်သို့ လွင့်စင်သွားစေခဲ့သောကြောင့် ဖြစ်လေသည်။

"ဟမ် သူ ပြောတာ မှန်သားပဲ။ အရာဝတ္ထုတွေကို ထိုးရတာ တကယ် ပျော်စရာကောင်းတယ်"

အာရန်သည် သူ၏ လက်သီးကို ပြန်ကြည့်လိုက်သည်။

ငရဲခွေးသခင်လေးသည် အဆောက်အအုံများစွာကို ဖြတ်၍ လွင့်ထွက်သွားခဲ့ပြီး နောက်ဆုံးအရှိန်သေသွားသောအခါမှသာ သွေးအန်၍ ရပ်တန့်သွားခဲ့သည်။

အာရန်သည် ယခင်အခေါက်က ပထမဆုံးအနေဖြင့် ငရဲခွေးများနှင့် တိုက်ခိုက်စဥ်က ၎င်းငရဲခွေးများ၏ ခွန်အားအကြောင်းကို သူ့အနေနှင့် မခန့်မှန်းနိုင်ခဲ့သေးချေ။

ထို့ကြောင့် ထိုအချိန်က ၎င်းတို့ကို တိုက်ခိုက်ရန် သူ၏ မူလနဂါးအသွင်ကိုပင် ထုတ်ဖော်မိခဲ့ပြီး အစွမ်းကုန် ထုတ်သုံးခဲ့မိလေသည်။

နောက်ဆုံးတွင် သူသည် အတော်လေး စိတ်ပျက်သွားခဲ့ရသည်။

သူသည် ပိုးမွှားများကို သတ်ရန် အမြောက်ကို အသုံးပြုခဲ့သကဲ့သို့ အလွန်အကျွံ ပြုလုပ်ခဲ့မိသည်ဟုပင် ခံစားနေရဆဲပင်။

ငရဲခွေးစစ်သည်များသည် သန်မာသည်မှာ မှန်သော်လည်း သူ ကနဦး ထင်ထားသလောက်တော့ မဟုတ်ကြသေးပေ။

သူသည် ဤငရဲဘုံသို့ ရောက်စဥ်ကတည်းက မိမိကိုယ်ကိုယ် အတော်လေး အထင်သေးခဲ့မိမှန် သဘောပေါက်သွားခဲ့သည်။

ဆိုဖီယာသည် အာရန်မှာ ငရဲခွေးစစ်သည်များကို အခြားနည်းလမ်းဖြင့် ရင်ဆိုင်နိုင်ခြင်း မရှိသောကြောင့် သူ၏ နဂါးပုံစံသို့ ပြောင်းလဲတိုက်ခိုက်ခဲ့ရသည်ဟု ထင်ခဲ့မိခြင်းဖြစ်သော်လည်း အမှန်တရားမှာမူ လုံးဝ ကွဲပြားလေသည်။

ထို့ကြောင့် အာရန်သည် မျှော်စင်သခင်အသွင် ပြောင်းထားသည့်အချိန်၌ အခြား ငရဲခွေးများကို သတ်ရန် သူ၏ နဂါးအသွင်ပုံစံကို အသုံးပြုရန် မလိုအပ်ခဲ့ခြင်းပင်။

မျှော်စင်သခင်ကိုယ်တိုင်ပင် အကြီးတန်းအဆင့် ငရဲခွေးများကို ဤကဲ့သို့လွယ်ကူစွာ ရင်ဆိုင်နိုင်နေပါက သူ့အနေနှင့်လည်း အလားတူ အဆင့်တွင် ရှိမနေသင့်ဘူးလား။

သူ၏ စွမ်းရည်များသည် မျှောင်စင်သခင်နှင့် ကွဲပြားသော်လည်း သူတွင် မျှောင်စင်သခင်ထက် ပိုမို မြင့်မားသော စွမ်းရည်များပင် ပိုင်ဆိုင်ထားသေး၏။

အာရန်သည် ဤငရဲဘုံသို့ စတင်ရောက်ရှိစဥ်က ခြေလှမ်းတိုင်းအား ဂရုစိုက်ကာ ဤကမ္ဘာတွင် ပုန်းအောင်း၍ သွားလာရမည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ဤငရဲဘုံသည် မူလကြယ်များအား ချန်လှပ်ထားပါက သူယခင် ကမ္ဘာကူးပြောင်းလာခဲ့သော ကမ္ဘာနှင့် အနည်းငယ် ဆင်တူနေဆဲပင် ဖြစ်သည်။

"ငါ မင်းကို သတ်မယ်"

ငရဲခွေးသခင်လေးသည် ကောင်းကင်သို့မော့ကြည့်ကာ ဒေါသတကြီးဖြင့်တစ်ချက် အူလိုက်ပြီး အပျက်အစီးများထဲမှ ပြေးထွက်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်သည် သားရဲတစ်ကောင်ကဲ့သို့ ပိုမို ကြီးမားလာခဲ့ပြီဖြစ်သည်။

သူသည် ပုံမှန် ငရဲခွေးစစ်သည်တော်များ၏ အရွယ်အစားထက် အနည်းဆုံး နှစ်ဆခန့်ကြီးမားနေပြီး သူ၏ မျက်ခွံများသည် ပို၍ နက်မှောင်နေခဲ့ကာ မျက်ဝန်းများမှာမူ နီရဲနေခဲ့ကြသည်။

သူ၏ ဖခင်ကဲ့သို့ပင် သူသည် ဤအုပ်စု၏ အစစ်အမှန် ခေါင်းဆောင်တစ်ဦးဟု ခေါ်ဆို၍ ရလေသည်။

ထိုသို့ဖြစ်နေသော်လည်း သူသည် ပြင်ပမှ သာမန်ကျူးကျော်သူတစ်ဦးကြောင့် ဒဏ်ရာရခဲ့သည်တဲ့လား။

သူသည် ဤအရှက်ရမှုကို ထိုကျူးကျော်သူ အာရန်၏ သွေးဖြင့်သာ ဆေးကြောနိုင်မည်ဖြစ်မှန်း သဘောပေါက်ထားသည်။

"အဲဒီ အူသံက..."

မြို့သခင်ငရဲခွေးသည် သူ့ သား၏ အူသံကို ကြားလိုက်ရပြီးနောက် အနည်းငယ် တုန်လှုပ်သွားခဲ့မိသည်။

Undead သူ၏ သားအား တိုက်ပွဲတွင် ပါဝင်ခြင်း မရှိစေရန်ပင် သူ့အား နောက်တွင် ချန်ထားခဲ့ခြင်းဖြစ်လေသည်။

သို့ဆိုပါလျှင် သူ၏ အူသံသည် အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေပုံရသနည်း။ သူသည် ဘယ်သူနှင့် တိုက်ခိုက်နေခဲ့သနည်း။

ဖုတ်ကောင် ငရဲခွေးများတော့ မဖြစ်နိုင်ပေ။

မျှော်စင်သခင်ကဲ့သို့ အခြား ပြင်ပကျူးကျော်သူတစ်ဦးဦးထပ်မံ၍ ရှိနေသေးသည်လား။

သူသည် စတင်၍ သံသယဝင်လာခဲ့သည်။

မြို့သခင်ငရဲခွေးသည် သူ၏ ညီဖြစ်သူကို ဤတိုက်ပွဲအား ထားခဲ့ကာ သူ၏သားအား သွားရောက်ကူညီရန် ချက်ချင်း အမန့်ပေးလိုက်သည်။

သူသည် ငရဲခွေးမြို့အတွင်း၌ ဖြစ်နေစေကာမူ သူ၏ သားအား ဤကဲ့သို့ တိုက်ခိုက်မှုများအတွက် မစွန့်စားလိုခဲ့ပေ။

အထူးသဖြင့် မြို့တော်၏ အခမ်းအနား ပိုမို နီးကပ်လာနေသော အချိန်တွင် ဖြစ်လေ၏။

"ကျုပ် သခင်လေးအတွက် ကိုင်တွယ်ဖြေရှင်းပေးပြီးရင် ချက်ချင်း ဒီကို ပြန်လာခဲ့ပ့ါမယ်"

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏အကိုဖြစ်သူ မြို့သခင်အား ထိုသို့ပြန်ပြောပြီးနောက် ငရဲခွေးသခင်လေးအား ရှာဖွေရန် အလျင်အမြန် ထွက်ခွာသွားတော့သည်။

"သခင်မလေးရဲ့လူက အသွင်မပြောင်းဘဲတောင် ဟိုငရဲခွေးသခင်လေးကို ဒဏ်ရာရသွားစေခဲ့တာ တကယ့်ကို အံ့အားသင့်စရာပါပဲ။ ဒါပေမဲ့ ဒုတိယခေါင်းဆော င်ကိုယ်တိုင် သူ့ဆီသွားနေပြီဆိုတော သူ့အတွက် ပို၍ အန္တရာယ်များလာတော့မယ် ထင်တယ်။ ကျွန်မတို့အနေနဲ့ သူ့ကို ပြန်ခေါ်လိုက်သင့်သလား"

နဂါးမင်းသမီး၏ သက်တော်စောင့်သည် အာရန်အား သတိပေးရန်အတွက် ဤနေရာမှ ထွက်ခွာရန်ပြင်ဆင်လိုက်စဥ် နဂါးမင်းသမီးက သူမအား တားဆီးလိုက်လေသည်။ ထို့နောက် သူမသည်အား ဝင်မစွက်ဖက်ရန် အမူအရာဖြင့် သတိပေးလိုက်သည်။

"သူက နင့်စကားကို နားထောင်လိမ့်မယ်လို့ ငါ မထင်ဘူး။ ခံစားစေလိုက်တာ သူ့အတွက် ပိုကောင်းလိမ့််မယ်။ သူ သေလုနီးပါးအထိ ဖြစ်သွားတဲ့အခါမှ ငါတို့ ဝင်ကယ်တင်ပြီး သူ ငါတို့ကို လိုအပ်တယ်ဆိုတာ ပိုပြီး နားလည်အောင် လုပ်ရမယ်။ အဲဒီမတိုင်ခင်အထိတော့ သူ့ကို နည်းနည်းလောက် ခံစားပါစေဦး"

နဂါးမင်းသမီးသည် သူမအတွက် အဖိုးတန်ရတနာလေးဖြစ်နေသော အာရန်အား ဆုံးရှုံးလိုခြင်း မရှိသော်လည်း သူမသည် သူ့အား ယခုအချိန်တွင် ချက်ချင်းဝင်ရောက်၍ ကာကွယ်ပေးလိုခြင်းလည်း ရှိမနေပေ။

All Chapters