ငါ့ရဲ့တစ်ခုတည်းသော မိသားစု
Vol. 1 Ch. 10
ပုံမှန်လူများအနေဖြင့် သရဲပုံပြင်တစ်ခုနှင့် ထိပ်တိုက်ကြုံရမည်ဆိုပါက သူတို့သည် ကြောက်ရွံ့ထိတ်လန့်ကြမည်ဖြစ်သည်။ အနည်းငယ်ဂရုမစိုက်မိရုံနှင့် သေဆုံးသွားနိုင်လေသည်။
ကောင်းမင်ကတော့ လူတစ်မျိုးဖြစ်သည်။ သူက အဆိုးဆုံးဖြစ်ရပ်များကို ကြိုမှန်းနိုင်သည်။ ထို့နောက် သူမလှုပ်ရှားခင် မြင့်မြင့်တွေးထားသောမျှော်လင့်ချက်က နိမ့်ကျနေခဲ့သည်။
၂၄၀၉ ဖန်ရှုကျီ ...
"အကိုဝမ်နဲ့ရှောင်ကျူးကတော့ ဆိုးဆိုးဝါးဝါးဖြစ်သွားခဲ့ပြီ၊ ကျန်တဲ့သူတွေကတော့ အတူတူရှိနေမှရမယ် ၊ ဒါမှ ငါတို့ရှင်သန်နိုင်ကောင်း ရှင်သန်နိုင်မယ် ကျောက်ရှီရဲ့မိသားစုတွေကတော့ သူတို့ကို ရှင်းပြနိုင်ဖို့ ပြင်ထားပေတော့ သူဒီတိုက်ခန်းကို ပြန်လာတာက မင်းတို့နဲ့ ကိစ္စတစ်ခုခု ရှိခဲ့လို့ပဲ"
၂၃၀၄ လီလီ....
"အကိုကျောက်ကို လမ်းပေါ်က တွေ့ခဲ့တာတောင်မှငါတို့ကသူ့ကို မိသားစုအဖြစ်ဆက်ဆံခဲ့တာ၊ နင်တို့တွေက သူ့ကို အကိုကျောက်လို့ ခေါ်နေပေမယ့် သူ့အပေါ်နှိမ့်ချဆက်ဆံတာကို ငါသိတယ်၊ ရှေ့မှာကျတော့ တရားမျှတသလိုနဲ့ သူ့နောက်ကွယ်မှာကျ နင်က အတင်းအဖျင်းတွေပြောနေခဲ့တာပဲ ၊ အဲ့ဒါတွေကို ငါမသိဘူးလို့ နင်ထင်နေလား...ကျောက်ရှီသေအောင် နင်တွန်းအားပေးခဲ့တာလေ...."
လီလီ၏ ဖုန်းစခရင်သည် တုန်ယင်နေသည်။ သူမက အလွန်ကြောက်ရွံ့နေခြင်း ဖြစ်သည်။
သူမ၏ကလေးအား ခေါ်လိုက်ပြီး ဧည့်ခန်းတံခါးကို ဖွင့်လိုက်သည်။ အလောင်းက ဒုတိယထပ်တွင်ရှိပြီး သူမကတတိထပ်တွင်ဖြစ်သည်။ သူမသည် အောက်ထပ်သို့မဆင်းရဲချေ။
ထို့ကြောင့် အခြားသူများနည်းတူ ပုန်းနေရန်ကြိုးစားလိုက်သည်။ ကျောက်ရှီ၏မွေးစားမိခင်က လီလီနောက်တွင်ရှိနေခဲ့သည်။ သူမ၏အရေတွန့်နေသော မျက်နှာတွင်မျက်ရည်များစီးကျနေ၏။ သူမက ပိုက်ဆံစက္ကူများပြည့်နေသော ခြင်းတောင်းတစ်ခုကို ကိုင်ထားခဲ့သည်။
"အမေက ဒီပိုက်ဆံစက္ကူတွေကို ဘာလို့ယူခဲ့တာလဲ... အဲ့ဒါတွေကြောင့် သူပြန်လာတာ..."
လီလီက ကျောက်ရှီ၏အမေအား ပြစ်တင်ပြောဆိုလိုက်သည်။ လှေကားထစ်များအား လက်များဖြင့်ကုတ်ခြစ်၍တက်လာသကဲ့သို့ တွားသွားသံကြီးသည် မှောင်မဲနေသော ကော်ရစ်ဒါဘက်မှ ပေါ်လာသည်။ လီလီက ကြောက်လန့်ပြီး အော်လိုက်သည်။
သူမက အမျိုးသမီးအိုကြီးအား လျစ်လျူရှူထားခဲ့သည်။ ကင်မရာက တုန်ခါသွားပြီး ဘာမှ မမြင်ရတော့ပေ။
၂၄၀၉ ဖန်ရှုကျီ....
"လီလီ နင့်မွေးအစားအမေကို ပစ်ထားခဲ့တာလား.."
၂၅၀၁ ဟွမ်မန်မန်...
"ငါတို့အားလုံး ခေါင်းမိုးပေါ်သွားပြီး စုနေကြမယ်ဆိုရင်ကော...ကိုယ့်အခန်းထဲကိုယ် ပုန်းနေတာက ဖြေရှင်းနည်း မဟုတ်ဘူး"
၂၆၀၇ ကျားကျီ ...
"မလုပ်နဲ့! ငါတို့အားလုံး အမိုးပေါ် ပိတ်မိသွားလိမ့်မယ်"
၂၇၀၇ ယောင်ယွမ်...
"ငါ့အိမ်က အပြင်ဘက်လှေကားနဲ့ အနီးဆုံးပဲ ၊ လူတိုင်း ငါ့ဆီအရင်လာခဲ့ကြပါလား .."
၂၄၀၉ ဖန်ရှူကျီ...
"ဆရာ ယောင် ...ခင်ဗျားနေကောင်းသွားပြီလား.."
ယောင်ယွမ်က ကင်မရာမှ စကားပြောနေသည်ကိုကြည့်ပြီး အားလုံးလန့်ဖြန့်သွားကြသည်။
ယောင်ယွမ်သည် အငြိမ်းစားယူထားသော ရဲသင်တန်းကျောင်းနည်းပြဆရာဖြစ်ပြီး အသက်၇၀ ကျော်နေပြီဖြစ်သည်။ သူသည် ချုပ်နှောင်နည်း၊ တိုက်ခိုက်နည်း၊ တန်ပြန်ပရိယယ်ဆင်နည်းတို့အား တတ်ကျွမ်းသည်။ လွန်ခဲ့သောနှစ်နှစ်ခန့်ကတည်းက သူသည် သေအံ့ဆဲဆဲနာမကျန်းဖြစ်နေပြီး မကုသနိုင်သေးပေ။ လီကျင်းအိမ်ယာရှိ အိမ်ငှားတော်တော်များများက သူ့အကြောင်းသိကြသည်။
ရောဂါကြောင့် အရိုးပေါ်အရေတင်ဖြစ်နေသော ဆရာယောင်သည် ယခုမတိုင်ခင်က လူများအားငေးကြည့်ရုံမျှသာ တတ်နိုင်လေသည်။ သူက ဘီးတပ်ကုလားထိုင်ဖြင့် နေနေရပြီး အစားမစားသလောက်ပင်ဖြစ်သည်။
"ငါ....."
လူအိုကြီးက ဝမ်းနည်းစွာဖြင့်ပြုံးပြလိုက်သည်။
"ဘာဖြစ်သွားလဲတော့ ငါလဲမသိဘူး...လွန်ခဲ့တဲ့သုံးလ လောက်ကတည်းက ငါ့ရောဂါကို ကုသဖို့အရှုံးပေးခဲ့တာ...ငါကအိမ်မှာပဲ နေနေခဲ့ပြီး သေခြင်းတရားကို စောင့်နေခဲ့တယ် ဒါပေမယ့် ဒီညမှာ ငါ့ကိုယ်ငါ ရောဂါပျောက်သွားပြီလို့ခံစားရတယ် နာတာကျင်တာတွေလည်း မရှိတော့ဘူး ခုက ပိုတောင်နေလို့ကောင်းနေသလိုပဲ"
လူအိုကြီးက သူ့အင်္ကျီကို ချွတ်လိုက်ရာ မယုံနိုင်စရာမြင်ကွင်းအား မြင်လိုက်ရသည်။ သူ့အသားအရေသည် လူသေကောင်ကဲ့သို့ ဖြူရော်နေသည်။ အနက်ရောင်သွေးကြောများက ရင်အုပ်ပတ်လည်တွင် ဖောင်းကြွနေသည်။ သူ့သွေးများသည် ဤကမ္ဘာကြီးချိတ်ဆက်ရန်ကြိုးစားနေကဲ့သို့ ဖြစ်သည်။
"ဒါက ဘာကြောင့်ဖြစ်နေသလဲတော့ ငါမသိဘူး... ဒါပေမယ့် ငါက ငါဖြစ်နေတုန်းပဲ...."
တစ်ယောက်မှ စကားမပြောခဲ့ကြချေ။
အိမ်ငှားများက ဆရာယောင်၏ ခန္ဓာကိုယ်အားကြည့်ပြီး မသိစိတ်မှ ကြောက်ရွံ့မှုနှင့် မနှစ်မြို့ခြင်းများ ပေါ်လာခဲ့သည်။ ထိုအခြင်းအရာက ဆရာယောင်အား အလွန်ပင် ကသိကအောက်ဖြစ်စေခဲ့သည်။ ဆရာယောင်က အတွေ့အကြုံ ရင့်နေသော ရဲ အရာရှိတစ်ယောက်ဖြစ်သည်။ သူက စကားများပြောနေလျှင်လည်း အကျိုးမထူးမည်ကို သိသည်။ ထို့ကြောင့် အင်္ကျီအား တိတ်ဆိတ်စွာပြန်ဝတ်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
အိမ်ငှားများက ဆရာယောင်အားမယုံကြည်ကြသော်လည်း ကောင်းမင်ကား ချွင်းချက်ဖြစ်သည်။
ကောင်းမင်က သရဲများသည် သူ့မိဘနေရာအား မည်သို့အစားထိုးထားသည်ကို မြင်ခဲ့ရပြီးဖြစ်သည်။ သူတို့က လူသားများအလား ပြီးပြည့်စုံအောင် အတုယူနိုင်လေသည်။
သူတို့၏စကားပြောပုံများသည် သိသာထင်ရှားသည့် ချို့ယွင်းများ မရှိပေ။
"လူသေဓာတ်ပုံ နောက်ကျောကအချက်အလက်တွေအရ သေနေတဲ့လူတွေပဲ ဂိမ်းထဲဝင်နိုင်တာ...
ဆရာယောင်ကျတော့ရော ဘယ်လိုမျိုးလဲ..."
တခြားသောပုံမှန်အိမ်ငှားများအားလုံးသည် ကောင်းမင်အား သက်တောင့်သက်သာ မခံစားစေရချေ။ ယှဉ်ကြည့်လျှင် ဆရာယောင်ကသာ ပိုနီးစပ်သလို ခံစားရသည်။
ကောင်းမင်က ကျောက်ရှီ၏အခန်းမှထွက်ပြီး ဆရာယောင်ကို ရှာရန်ပြင်လိုက်သည်။ ကောင်းမင်က အကြံကောင်းတွေးမိသော်လည်း ပြေးလွှားနေသောခြေသံများ ကြားလိုက်ရသဖြင့် တံခါးအား လက်မအနည်းငယ်သာ ဖွင့်လိုက်သည်။ လီလီက သူ့သားကို ခေါ်၍ ငါးထပ်ပေါ်သို့ ပြေးတက်လာခြင်းဖြစ်သည်။
"ငါသူတို့ကို ဖမ်းလိုက်သင့်လား"
ကောင်းမင်က တံခါးအားမှီလိုက်သည်။
"ဒါက သူတို့ရဲ့ အချက်အလက်တွေကို စစ်ဆေးဖို့ အရိုးရှင်းဆုံးနည်းပဲ"
ကောင်းမင်က စက္ကန့်ဝက်လောက် ချီတုံချီချ ဖြစ်နေခဲ့သည်။ လီလီနှင့်သူမ၏သား နှစ်ယောက်တည်းသာဖြစ်သသည်။ ထိုအရာသည် ရှားရှားပါးပါး အခွင့်အရေးတစ်ခုဖြစ်သည်။
"စကားပြောဂရုက တခြားအိမ်နီးနားချင်းတွေကို မြင်နေနိုင်တယ်ဆိုတော့ သူတို့ကလဲ ငါ့ကိုလဲမြင်ကြမှာပဲ ...ဒါကို သူတို့ကို ပေးမြင်လို့မဖြစ်ဘူး..."
ကောင်းမင်က ကင်မရာကိုဖုံးထားလိုက်ပြီး ကော်ရစ်ဒါသို့ထွက်လိုက်သည်။ သူက မြန်နိုင်သမျှမြန်မြန် ပြေးလိုက်သည်။ သို့သော် ခုနှစ်လွှာသို့ရောက် သည့်တိုင် လီလီ့အား မတွေ့ခဲ့ပေ။
"မှားနေပြီထင်တယ်...လီလီ့မှာကလေးပါတယ်..သူမဘယ်လောက်မြန်မြန် ပြေးနိုင်ပြေးနိုင် ခုနှစ်လွှာကို ငါ့ထက်မြန်မြန်ရောက် ပြေးနိုင်မှာမဟုတ်ဘူး..."
အပုတ်နံ့သည် လေထဲတွင်ပျံ့နှံ့လာသည်။ သူအောက်သို့ ငုံ့ကြည့်လိုက်သည်။ အောက်ထပ်များသည် သင်္ချိုင်းတစ်ခုလို တိတ်ဆိတ်နေသည်။
"မင်းတို့အားလုံးက သရဲတွေများလား"
ဖုန်းထဲမှ ငြင်းခုန်သံများ ပေါ်လာသည်။ ကောင်းမင်က ဖုန်းအသံလျှော့လိုက်ပြီး ထောင့်တစ်ခုတွင် ဆောင့်ကြောင့်ထိုင်ကာ စကားပြောဂရုထဲသို့ ပြန်ဝင်ကြည့်လိုက်သည်။
၂၄၀၉ ဖန်ရှူကျီ ...
"ငါ ထွက်မရတော့ဘူး...ကျောက်ရှီက ငါ့အခန်းအပြင်ဘက်မှာပဲ...သူ..သူ တကယ်ပြန်လာတာ..."
လေးထပ်မှ အိမ်ငှားသည် ဗီဒီယိုတစ်ခု ပို့လိုက်သည်။ သူ၏တံခါးတွင် ကင်မရာဖြင့် အနီးကပ်ရိုက်ထားခြင်းဖြစ်ပုံ ရသည်။ အဖြူအမဲဗီဒီယိုထဲတွင် ကျောက်ရှီက ထူးဆန်းသောပုံစံဖြင့် ဘေးတိုက် လျှောက်နေသည်။ သူ၏ မျက်နှာကြီးသည် ကြမ်းပြင်နှင့်ပွတ်ဆွဲနေပြီး ကျိုးနေသောလည်ပင်းသည် ဘေးသို့စောင်းနေသည်။ ကျောက်ရှီက တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံရသည်။ သူ့ခေါင်းအား ဖြည်းဖြည်းချင်း ထောင်ကြည့်လိုက်သည်။ ထူးဆန်းသောအပြုံးဖြင့် ကင်မရာအား ပြုံးပြလိုက်သည်။ ထို့နောက် သူ့ခေါင်းဖြင့် အခန်း ၂၄၀၉ ၏ တံခါးကို ဆောင့်နေခဲ့သည်။
၎င်းဗီဒီယိုကြောင့် လူတိုင်း၏နှလုံးသားများထဲတွင် အကြောက်တရားဖြင့် ထုရိုက်ခံလိုက်ရသည်။
ဖန်ရှူကျီသည် အခန်းထဲတွင် လုံးဝပိတ်မိနေပြီ ဖြစ်သည်။ သူက တုန်တုန်ယင်ယင်ဖြင့် ဖုန်းအားတင်းကျပ်စွာ ကိုင်ထားခဲ့သည်။ တံခါးက ကိုးကြိမ်မြောက် လှုပ်လာသောအခါ သူက ကြောက်ရွံ့စွာ အော်ဟစ်လိုက်သည်။
လူတိုင်းသည် မှန်စများကွဲအက်သွားသောအသံကို ကြားလိုက်ကြသည်။ ကင်မရာက အဝေးဘက်သို့ လှည့်သွားခဲ့သည်။ ထို့နောက် လေးလံသောအရာတစ်ခု လဲကျသွားသံကို ကြားလိုက်ကြရသည်။
သူလဲကျသွားစဉ် ဖုန်းအားဆုပ်ကိုင်ထားခဲ့သည်။
ကင်မရာက ဖန်ရှုကျီ၏မျက်နှာကို ပြနေသည်။ ဖန်ရှူကျီသည် လေးထပ်မှ တွန်းချခံလိုက်ရပြီး ကျောက်ရှီသေခဲ့သော ပုံစံအတိုင်း သေဆုံးသွားခဲ့သည်။ ဖုန်းစခရင်သည် သွေးများဖြင့် ဖုံလွှမ်းသွားသည်။
ကောင်းမင်သည်လည်း ရှော့ရသွားသည်။
စိတ်မသက်မသာဖြစ်မှုကို တောင့်ခံရင်း ခုနှစ်ထပ်၏အဆုံးသို့ ပြေးသွားလိုက်သည်။ အိုဟောင်းနေသော ပြတင်းပေါက်အား ထုခွဲလိုက်ပြီး ကြည့်လိုက်သည်။
"ငါသိပြီ"
ဗီဒီယိုထဲတွင် ဖန်ရှူကျီက ပြုတ်ကျပြီးသေဆုံးသွားခဲ့သည်။ သို့သော် ကောင်းမင်အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သွေးရေကန်တစ်ခုသာ တွေ့ရသည်။ အိမ်ယာထဲတွင် မည်သည့် အလောင်းမှ မရှိပေ။ ထိုအိမ်နီးချင်းအိမ်ငှားများသည် ဗီဒီယိုထဲတွင်သာ တည်ရှိနေကြခြင်းဖြစ်သည်။
"ဖုန်းထဲကဗီဒီယိုက တစ်ခုခုမှားနေခဲ့တာ ပြီးတော့အဲ့ဒီထဲက အိမ်နီးချင်းတွေရောပဲ ... တကယ့်သရဲက ကျောက်ရှီအခန်းထဲက ဖုန်းထဲမှာပဲ ရှိနေနိုင်တာဖြစ်မယ်...."
ထိုဂိမ်းအား ကောင်းမင် မဖြေရှင်းနိုင်ခဲ့လျှင် သူကဖန်ရှူကျီကဲ့သို့ အဆုံးသတ်သွားမည်ဖြစ်သည်။
"တကယ့်ဘဝမှာ ကျောက်ရှီရဲ့ဖုန်းက သူ့အခန်းထဲမကျန်ခဲ့ဘူး သူသတ်သေပြီးတဲ့အခါ သူ့မွေးစားမိခင်နဲ့သူ့ခယ်မက သူ့မှာရှိသမျှကို မောင်ပိုင်စီးဖို့ ကြိုးစားခဲ့ကြလိမ့်မယ် ၊ အဲ့ဒါပြီးတော့ ရွှယ်ဝမ်က အခန်းကိုငှားလိုက်တဲ့အချိန်ကျ အသုံးမဝင်တဲ့ ပရိဘောဂပစ္စည်းတွေကလွဲလို့ ဘာမှ မကျန်ခဲ့တော့တာပဲ...."
ကင်မရာကိုပိတ်လိုက်ပြီး ကောင်းမင်က ကျောက်ရှီ၏ဖုန်းကို လေ့လာလိုက်သည်။
လွန်ခဲ့သော နှစ်များက ပြိုင်ပွဲတစ်ခုအတွက် ၎င်းဂိမ်း အားဒီဇိုင်းဆွဲရန် ဝေတယိုအား သူအကြံပေးခဲ့ခြင်း ဖြစ်သည်။
"ငါရဲ့ တစ်ခုတည်းသော မိသားစု"
ထိုဂိမ်း၏ အဓိကဇာတ်ကောင်သည် အသုံးမဝင်သော သက်လတ်ပိုင်းအမျိုးသားတစ်ဦး အကြောင်းဖြစ်သည်။ သို့ပေမယ့် သူ့တွင် လှပသောမိန်းမတစ်ယောက်၊ သမီးကောင်းလေးတစ်ယောက်နှင့် သူ့ကိုချစ်သော မိဘများရှိလေသည်။ သူ့မိသားစုနဲ့စကားပြောရန် သူ့ဖုန်းလေးအား မကြာခဏ သုံးလေ့ရှိသည်။ သူ့ဖုန်းလေးတစ်ခုသာသုံး၍သာ အဆက်အသွယ်လုပ်သည်။ တစ်နေ့တွင် သူ့ဇနီးနဲ့ ဆင်တူသော အမျိုးသမီးသမီးတစ်ယောက်ကို လမ်းပေါ်တွင် တွေ့လိုက်သည်။
သူကထိုအမျိုးသမီးအား ပွေ့ဖက်ရန်ပြေးသွားလိုက်သော်လည်း ထိုအမျိုးသမီးက သူ့ဆီမှ ရှောင်ဖယ်၍ တခြားအမျိုးသားတစ်ယောက်၏ လက်များအတွင်း ရောက်သွားလေသည်။ သူသည် သူ့မျက်စိတဆုံး အမှန်တရားကို စုံစမ်းခဲ့သည်။
အဆုံးသတ်တွင်မူ သူ၏ဇနီးသည် ဖုန်းထဲတွင် စိတ်ကူးယဉ်ဖန်တီးထားသော သူဖြစ်ကြောင်း နားလည်သွားခဲ့သည်။
သူ့ဘဝသည် စိတ်ပျက်အားငယ်စရာ ဘဝဖြစ်သည်။ သူက တခြားသူများ၏မိသားစုများကို သူ့မိသားစုအဖြစ် စိတ်ကူးယဉ်နေခဲ့သည်။ တကယ့်ဘဝတွင်တော့ သူ့မိဘများက သူ့အား ဆက်ဆံရေးဖြတ်တောက်ထားပြီး သူ့မိသားစုဆိုသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဖုန်းလေးကား ပျက်စီးသွားလေပြီ။
သူသည် အလွန်ရန်လိုတတ်သောသူ ဖြစ်လာခဲ့သည်။ သူ၏ ဟန်ဆောင်စိတ်ကူးယဉ်မှုသည် တစစီကြေမွသွားခဲ့သည်။ သူ့ နှလုံးသားထဲမှ ဆိုးယုတ်မှုအား လူတိုင်းဆီသို့ ဖော်ထုတ်ပြသလိုက်တော့သည်။
ဂိမ်းအဆုံးသတ် သုံးခုရှိလေသည်။
ဦးလေးကြီးသည် သူ၏ပျောက်နေသောဆေးဝါးများနှင့် ဒိုင်ယာရီစာအုပ်အား ရှာတွေ့ခဲ့သည်။ သူသည် သူ၏စိတ်ကူးယဉ်မှုမှ ငါးကြိမ်မြောက်နိုးထလာခြင်းဖြစ်သည်။
သို့သော် သူက လှပတဲ့ အိမ်မက်ဆိုးကြီးအား ထပ်မမက်စေရန်အတွက် ဆေးဝါးများကို ပြန်သောက်ဖြစ်ခဲ့သည်။ ကောင်းမွန်သောအဆုံးသတ်အတွက် ကွဲကြေနေသောဖုန်းလေးက ဦးလေးကြီးအား ကူညီပေးခဲ့ခြင်းဖြစ်သည်။
သူက ဘဝတစ်ခု စတင်ခဲ့လေသည်။ သူသည် ရွက်သစ်တစ်ခု ပေါ်လာရန်အကောင်းဆုံးကြိုးစားခဲ့ပြီး သူ၏မိဘများအား ပြန်ဆက်သွယ်လိုက်သည်။
နောက်ဆုံး အဆုံးသတ်သည်ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ဦးလေးကြီးသည် အသိစိတ်လွတ်သွားခဲ့ပြီး သူ့ဖုန်းလေးဖြင့်သူ၏ မိသားစုအစစ်အား ဆက်သွယ်ခဲ့သည်။ သူက ဖုန်းနှင့်အတူ သေဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် ဖုန်းလေးအား လှောင်ပြောင်အနိုင်ကျင့်ခံနေရသော ကလေးတစ်ယောက်က ရှာတွေ့ ခဲ့လေသည်။