စည်းမျဉ်းများ
Vol. 1 Ch. 11
ကြောက်မက်ဖွယ်ရာများက ဖုန်းလေးထဲမှ သိသာထင်ရှားလာသည်။ ဝင်ရောက်လာသောအိမ်မက်ဆိုးက ကောင်းမင်အား ဂိမ်းသည် အစစ်အမှန်ဖြစ်လာခဲ့ကြောင်း ဖော်ထုတ်နိုင်စေသည်။
ကျောက်ရှီသည် ငါရဲ့တစ်ခုတည်းသောမိသားစုဂိမ်းမှ အဓိကဇာတ်ကောင်နှင့် တူညီနေခဲ့သည်။ တစ်ယောက်က အလုပ်ကြိုးစားပြီး တစ်ယောက်က ပျင်းရိသည်။
သို့သော် သူတို့၏အခြေအနေများက အလွန်တူညီနေလေသည်။ သူတို့တွင် မိသားစုနှင့်မိဆွေများ ရှိသည်။ သို့သော် ပိတ်ထားသော တံခါးနောက်ကွယ်တွင်မူ သူတို့၏မိသားစုများက မည်မျှဆိုးဝါးကြောင်း သိနေခဲ့ကြသည်။
"ကျောက်ရှီထက် အိမ်နီးချင်းတွေရဲ့အလောင်းကို ငါရှာမတွေ့ခဲ့ဘူး ...ငါအသံပဲ ကြားခဲ့ရတာ..."
ဖုန်းထဲက အသံများသည် အတုအယောင်များဖြစ်ပေလိမ့်မည်။ အသတ်ခံခဲ့ရသော အိမ်နီးချင်းများသည် ကျောက်ရှီအပေါ်တွင် အနိုင်ကျင့်ခဲ့သော သူများဖြစ်မည်။ ကောင်းမင်က နေထိုင်သူစင်တာရှိ အဒေါ်ကြီးများထံမှ အဆောက်အဦး(၂)၏အခြေအနေအား တစ်ခုနှစ်ခု သိထားလေသည်။
ပထမထပ်ရှိ ဝမ်ကွေရှန်းသည် အသေးစားလုပ်ငန်းပိုင်ရှင် တစ်ယောက်ဖြစ်သည်။ သူသည် အကြွေးရှင်များထံမှ ရှောင်ရှားနိုင်ရန်အတွက် လီကျင်းအိမ်ယာတွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။
ဒုတိယထပ်ရှိ ရှောင်ကျူးသည် အလုပ်လက်မဲ့တစ်ယောက်ဖြစ်သည်။ သူမသည် ရှောင်ရှီနှင့်သူ့ညီမတစ်ဝမ်းကွဲတို့၏ ကောလဟာလများကို ပြောဆိုခဲ့သူတစ်ယောက်ဖြစ်သည်။
တတိယထပ်ရှိဖန်ရှုကျီသည် သင်္ဘောဆိပ်ကမ်းတစ်ခုတွင် နည်းပညာသမားတစ်ယောက်ဖြစ်သည်။ ကျောက်ရှီခြေထောက်ကျိုးသည့်ဖြစ်ရပ်သည် ကျောက်ရှီက သူ့ကို ကယ်တင်ရန်ကြိုးစားခဲ့သောကြောင့် ဖြစ်သည်။ ဆိုးဝါးသောဖိအားများက တစ်စုံတစ်ယောက်အား ပျက်စီးစေရန် အကြောင်းဖန်ခဲ့တော့သည်။ အဆုံးသတ်တွင် ကျောက်ရှီက ညကောင်းကင်ကြီးဆီသို့ လျှောက်သွားလိုက်သည်။
"ငါ့ရဲ့ တစ်ခုတည်းသောမိသားစုမှာ အဆုံးသတ်သုံးခုရှိတယ်...ကောင်းတဲ့ အဆုံးသတ်အတွက် သူ့ဖုန်းကိုဖျက်ဆီးဖို့ ကျောက်ရှီကို ရဖို့လိုတယ်"
ဖုန်းလေးသည် ဗီဒီယိုသုံးခုအားပြသနေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျောက်ရှီက သူ့ကိုမြင်စေချင်သောကြောင့် ဖြစ်ပေမည်။ ကောင်းမင်သည် သူ၏ကြောက်ရွံ့မှုကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ သူက နစ်နာသူ၏ဖုန်းမှ သယ်ဆောင်လာသော ကျိန်စာအရှိန်အဝါကို ဖယ်ရှားရန် လုပ်ရမည်။
"ငါတစ်ယောက်ထဲတော့ မလုပ်နိုင်လောက်ဘူး"
ကောင်းမင်က ပြန့်ကျဲနေသော မှန်ကွဲစများပေါ်တွင် လမ်းလျှောက်လိုက်ပြီး အခန်း ၂၇၀၇ သို့ မရောက်မှီ ရပ်လိုက်သည်။
"ဆရာယောင်က အိမ်မှာရှိမနေခဲ့ရင် ဗီဒီယိုထဲက အခန်း၂၇၀၇ က လက်တွေ့ဘဝနဲ့ ကွဲပြားနေလိမ့်မယ်...တကယ်လို့ ဆရာယောင်က အိမ်မှာရှိနေမယ်ဆိုရင်တော့ ငါထင်ထားတာက မှားနေလို့ပဲ ဒါမှမဟုတ် ဆရာယောင်က ဂိမ်းထဲက နောက်ထပ်လူတစ်ယောက်ပဲ ဖြစ်မယ်..."
ကောင်းမင် အခန်း ၂၇၀၇၏ တံခါးကို ခေါက်လိုက်သည်။ တံခါးပွင့်မလာခင် တံခါးက လျော့တိလျော့ရဲ ဟနေသည်။ ကောင်းမင်က ချက်ချင်းထွက်ပြေးရန် ပြင်လိုက်သည်။
"မစိုးရိမ်နဲ့... ကျုပ်ပါ.."
ရင်းနှီးနေသောကြောက်စရာမျက်နှာက တံခါးနောက်မှ ပေါ်လာသည်။ စုံစမ်းရေးမှူးက ကောင်းမင်အား လက်ယမ်းပြလိုက်သည်။
"အဲ့မှာ ရပ်မနေနဲ့ ...အထဲဝင်.."
ယခုလိုအခြေအနေမျိုးတွင် ကောင်းမင်က အဘယ်ကြောင့် သူ့ကို ယုံကြည်ရမည်နည်း။
"ခင်ဗျား ကြောက်လန့်ပြီး အကူညီမရှိတာ ကျုပ်သိတယ် ဒါမယ့် ကျူပ် ခင်ဗျားကို ကူညီနိုင်တယ်."
စုံစမ်းရေးမှူးသည် စိတ်လှုပ်ရှားနေခဲ့သည်။
"ကျုပ်တို့က သဘာဝလွန်ဖြစ်ရပ်ထဲ ဆွဲခေါ်ခံလိုက်ရတာပဲ ဒီမတော်တဆအမှုကို စုံစမ်းဖို့ ကျုပ်က ရှင်းလုကနေ ဟန်ဟိုင်းကို လာခဲ့တာ ခင်ဗျားတွေ မေးစရာတွေအများကြီးရှိတယ်ဆိုတာ သိပေမယ့် ကျုပ်တို့ဂရုမစိုက်ရင် သေသွားနိုင်တယ်ဗျ..."
စုံစမ်းရေးမှူးက ဒုက္ခပေးချင်ပုံ မပေါ်ပေ။ သူက ကောင်းမင်အား အခန်း ၂၇၀၇ ထဲ ဆွဲခေါ်၍ တံခါးပိတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
ကောင်းမင်က လှည့်ပတ်ကြည့်လိုက်ပြီး ထိုင်ခုံတစ်ခုကို ယူလိုက်သည်။
"ခင်ဗျားက ဘာလို့ ဒီရောက်နေတာလဲ..."
"ကျုပ် လာမယ်လို့ ပြောခဲ့တာပဲ...အခုခင်ဗျား နောင်တ ရနေတာလား"
စုံစမ်းရေးမှူးက ချွေးများကို သပ်ချလိုက်သည်။
"အခန်း ၂၅၀၇ က ထွက်သွားပြီးတော့ တခြားအိမ်ငှားတွေနဲ့ စကားပြောဖို့ အပေါ်ထပ်ကို ကျုပ်တက်သွားခဲ့တာ....အဲ့ဒါပြီး ထူးဆန်းတာတွေ ဖြစ်လာတော့တာပဲ...ကျုပ်လဲ ကံမကောင်းစွာနဲ့ ဆွဲသွင်းခံလိုက်တယ်"
စုံစမ်းရေးမှူးက မီးနီဖြင့် တတီတီမြည်နေသော အနက်ရောင်ဆက်သွယ်ရေးစက်ကို ညွှန်ပြလိုက်သည်။
"ခင်ဗျားက အခန်းထဲမှာဆိုရင် ဆက်သွယ်ရေးတွေ အကုန်ပြတ်တောက်ကုန်လိမ့်မယ် ...အပြင်ကလူတွေနဲ့ လုံးဝဆက်သွယ်လို့ရမှာ မဟုတ်တော့ဘူး ...မသိရင် ကျုပ်တို့က တခြားကမ္ဘာတစ်ခုကို ရောက်သွားသလိုဖြစ်လိမ့်မယ် ..."
"ဆက်သွယ်ရေးတွေ အကုန်ပြတ်သွားမှာလား..."
ကောင်းမင်က မျက်နှာဖြူဖျော့သွားသည်။ ပထမဂိမ်းအား သူသတိရလိုက်သည်။ သူ့မိခင်ဆီမှ ဖုန်းတစ်ခေါက်ဝင်လာခဲ့သေးသည်။ စုံထောက်က အမှန်ပြောနေသည်ဆိုပါက ပြီးခဲ့သည့် ဂိမ်းတွင် သူအားခေါ်ဆိုခဲ့သော ဖုန်းအားလုံးသည် သရဲများထံမှ ဖြစ်သည်။
ကောင်းမင်က အထိတ်တလန့်ဖြစ်သွားသည်။ သူ့မိဘများက ရှင်းလုတွင် နေထိုင်ကြခြင်းဖြစ်သည်။ သူ့မိဘများ တစ်ခုခုမဖြစ်ဖို့ မျှော်လင့်မိသည်။
"သာမာန်လူတစ်ယောက်အတွက် ဒါကို လက်ခံဖို့ တော်တော် ခက်ခဲတာပဲ"
စုံစမ်းရေးမှူးက ကောင်းမင်၏တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် သူ့အား နှစ်သိမ့်ပေးလိုက်သည်။
"ကြောက်ရွံ့တယ်ဆိုတာ ပုံမှန်ပါပဲ ကျုပ်တို့မျှော်လင့်ချက်ရှိပါသေးတယ်ဗျာ..."
ကောင်းမင်က ရှင်းပြရန် အလွန်ပျင်းရိနေသည်။ ထို့နောက် သူကမေးလိုက်သည်။
"မူမမှန်မှုတွေဆိုတာ ဘာပြောတာလဲ..."
"တစ်နှစ်ခွဲလောက်တုန်းက ရှင်းပြရခက်တဲ့ မတော်တဆအမှုတွေက ရှင်းလုမှာ ပေါ်လာကြတယ်၊ ပြီးတော့ ရုတ်တရက်ပဲ ပြန်ပျောက်သွားကြတယ် "
စုံစမ်းရေးမှူးက ကောင်းမင်အား အချက်အလက်တစ်ချို့ ပြောပြလိုက်သည်။
"ဒါက လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကို ပြန်သွားခဲ့တာလား...."
ကောင်းမင်က ရှော့ရသွားသည်။
"ထိတ်လန့်ကုန်ကြမှာစိုးလို့ သတင်းတွေကို ပိတ်ထားခဲ့တာ....အဲ့ဒါတွေကို စုံစမ်းစစ်ဆေးဖို့ မူမမှန်ဖြစ်ရပ်များစုံစမ်းစစ်ဆေးရေးဌာနကို ဖွဲ့စည်းခဲ့တယ် "
စုံစမ်းရေးမှူးက သူ့အချက်အလက်များကို ကောင်းမင်အား ပြောပြနေခဲ့သည်။
"ဌာနကို ဌာနခွဲသုံးခု ခွဲထားခဲ့တယ်...စုံစမ်းရေးဌာန ၊ ထိန်းသိမ်းရေးဌာန နဲ့ လုံခြုံရေးဌာန ဆိုပြီးတော့ သုံးခုရှိတယ် ၊ ကျုပ်တို့ရဲ့ တည်ရှိမှုက ဒီမူမမှန်မတော်တဆဖြစ်ရပ် တွေရဲ့ နောက်မှာ ဘာတွေရှိမလဲ ဖော်ထုတ်ဖို့ပဲ...."
"အင်း အဲ့တော့ ရလာဒ်တွေက ဘယ်လိုရှိခဲ့လဲ..."
ကောင်းမင်က ရဲအရာရှိ ရန်လင်းသည် စုံစမ်းရေးမှူးနဲ့ ဆက်ဆံခဲ့သည်ကို အမှတ်ရလိုက်သည်။ အနိမ့်ဆုံးရာထူးဖြင့်စုံစမ်းရေးမှူးသည် အမြင့်ဆုံးလုပ်ပိုင်ခွင့်ဖြင့် ပေါ်လာခဲ့ခြင်းဖြစ်သည်။
"မတော်တဆမှုတွေတိုင်းက ထူးခြားတဲ့အချိန်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း ဖြစ်ပွားခဲ့တယ်...အဲ့တာထက် ဖြစ်ရပ်တိုင်းက အမျိုးအမည်မသိရတာပဲ..."
စုံစမ်းရေးမှူးက ကောင်းမင်အား အားပေးရန် ကြောက်စရာအပြုံးတစ်ခု အတင်းလုပ်လိုက်သည်။
"အဲ့ဒီဖြစ်ရပ်တွေမှာ ပုံမှန်လူတွေ ပါဝင်ဖို့က ဖြစ်နိုင်ခြေအရမ်းနည်းပါတယ်...ဒါမျိုးက ရှားတယ်လေ"
"လူတစ်ယောက်ကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ ခင်ဗျား မသိဘူးလား"
ကောင်းမင်က သတင်းများကို အကျဉ်းချုပ်လိုက်သည်။ ဆာလောင်တစ္ဆေများညက သူဖြတ်သွားခဲ့သော ဥမင်သည် မြို့သုံးခုအားဖြတ်ဆက်နေခြင်းဖြစ်သည်။ မြို့ထဲက တစ်ခုခု လွတ်သွားပြီး သူ့ခန္ဓာကိုယ်ထဲ ဝင်နေလားဟု သူ တွေးမိသည်။
"ဘာပဲဖြစ်ဖြစ် ဒါတွေက ဖြစ်ပျက်နေပြီးပြီမို့လို့ စောဒကတက်စရာ အကြောင်းမရှိဘူး...ကျုပ်တို့ဂရုတစိုက် ရှိဖို့လိုတယ်...ဒါမှအာရုဏ်မတက်ခင်ထိတော့ အသက်ရှင်နိုင်လိမ့်မယ်..."
စုံစမ်းရေးမှူးက သူ့ဆက်သွယ်ရေးစက်ကို ထိလိုက်ပြီး ကောင်းမင်အား စာတိုမက်ဆေ့တစ်ခု ပြလိုက်သည်။
"ရှင်းလုက စုံစမ်းရေးမှူးတွေက ဒီအချက်အလက်အတွက် သူတို့အသက်နဲ့ရင်းခဲ့ကြရတယ် ...ဒါတွေက မင်းအသက်ရှင်ဖို့ ကူညီနိုင်တယ်...အဲ့ဒါကိုတော့ အမှတ်ရပေးပါ...."
"တိုက်ခန်းတစ်ခုထဲမှာ မူမမှန်ဖြစ်ရပ်တစ်ခုထဲ ခင်ဗျားရောက်သွားခဲ့ရင် ဒါတွေက ခင်ဗျားကို ကယ်တင်ပေးနိုင်တယ်ဆိုတာ မှတ်ထားပါ...."
"ပထမအချက် ...အိမ်ငှားအားလုံးကိုရှာပြီး ဆက်သွယ်နိုင်မယ့် သင်္ကေတတစ်ခုလုပ်ထားပါ...ဒါမှ အစားထိုးခံစားရတဲ့ အိမ်ငှားတွေရဲ့ လိမ်တာကို ကာကွယ်နိုင်မှာ..."
"ဒုတိယအချက်...နာရီ ဒါမှမဟုတ် အချိန်ကို လုံးဝမယုံပါနဲ့...အချိန်တွေက မမှန်လို့ပဲ"
"တတိယအချက်...ညသန်းခေါင်ကျော်ပြီးရင် အခန်းထဲမှာ တစ်ခုခုက ခင်ဗျားအတွက်အသက်အန္တရာယ်မရှိရင် တံခါးကို မဖွင့်ပါနဲ့..."
"စတုတ္ထအချက်...မီးမဖွင့်နဲ့"
"ပဉ္စမအချက်... ရုပ်မြင်သံကြားတွေ ရေဒီယိုကလွှင့်တာတွေကို နားမထောင်ပါနဲ့..."
"ပြောချင်တာက ကျူပ်တို့ဘာမှမလုပ်ရင် အသက်ရှင်မယ်လို့ ပြောချင်တာလား..."
စည်းကမ်းများကို လိုက်နာခြင်းသည် မမှားသော်လည်း ကောင်းမင်က ပြဿနာကို ဖြေရှင်းပေးချင်သည်။
"စည်းမျဥ်းတွေအရ ကံဆိုးတာတွေ မဖြစ်အောင်ကျုပ်တို့အိပ်ခန်းထဲပြန်သွားသင့်တယ် ..."
စုံစမ်းရေးမှူးက ချက်ချင်းပင်ခေါင်းခါလိုက်သည်။
"စည်းမျဉ်း ၁၁ အရ လုံးဝမအိပ်ရဘူး..."
"ခင်ဗျားရဲ့ အချက်အလက်တွေအတွက်ကျေးဇူးပါပဲ ...ဒါပေမယ့် ကျုပ်လုပ်စရာ ရှိသေးတယ်ဗျ..."
ကောင်းမင်က ကျောက်ရှီ၏ဖုန်းဖြင့် အခန်း ၂၇၀၇မှ ဆရာယောင်အား မက်ဆေ့ပို့လိုက်သည်။
"လူတွေအသက်နဲ့ရင်းထားရတဲ့ အချက်တွေကို ခင်ဗျားမြင်ခဲ့ပြီးပြီ ၊ ခင်ဗျား ဒါတွေကို မေးခွန်းထုတ်လို့ရတယ်...ဒါပေမယ့် ဒါတွေကို စမ်းသပ်ဖို့နဲ့ ခင်ဗျားအသက်ကို မစွန့်စားစမ်းနဲ့..."
"စည်းကမ်းတွေက သက်မဲ့တွေ....ဒါပေမယ့် လူတွေက အသက်ရှင်နေတာ...."
ကောင်းမင်က အခန်း ၂၇၀၆ ၏တံခါးကို ဖွင့်လိုက်သည်။ မှောင်မဲနေသော ကော်ရစ်ဒါဆီမှ ကြည့်ရသည်မှာ သူ့အတွက်အပြစ်ဒဏ်သည် မပြီးနိုင်သေးချေ။
ဂိမ်းဒီဇိုင်းဖန်တီးသူတစ်ယောက်အနေဖြင့် ဆိုရသော် သူသည်စည်းမျဉ်းများကို ဖန်တီးသူဖြစ်ပေသည်။