အကြံ
Vol. 1 Ch. 12
အနက်ရောင်အစွန်းကွက်များသည် ကြမ်းပြင်ကို ဖုံးအုပ်နေသည်။ လက်သည်းဖြင့်ကုတ်ခြစ်နေသောအသံသည် တစ်စုံတစ်ရာက နီးကပ်လာပြီဖြစ်ကြောင်းပြသနေသည်။ ကောင်းမင်သည် အခန်း(၂၇၀၆)မှ ထွက်လာခဲ့ပြီး အခန်း (၂၇၀၇)အား တံခါးခေါက်လိုက်သည်။
"ဆရာယောင် ၊ ကျွန်တော်ပါ လေးလွှာက ရှောင်ကောင်းပါ ၊ အရင်တုန်းက ပန်းပင်စိုက်တဲ့အကြောင်းတွေ ကျွန်တော်တို့ပြောဖူးကြတယ်လေ"
"မင်း ဘာလို့ ငါပြောတာ နားမထောင်ရတာလဲ "
စုံစမ်းရေးမှူးသည် ထိုအခြင်းအရာကို မြင်ရသည်အား စိတ်လှုပ်ရှားနေ၏။
"ကော်ရစ်ဒါက အရမ်းအန္တရာယ်များတယ်ကွ ! မင်းအိမ်နီးချင်းတွေဆိုတာလဲ အကုန်လူစားထိုးခံထားရပြီးလောက်ပြီ ၊ သရဲတွေလက်ကလွတ်အောင် ငါတို့အချိန်တိုင်းပြေးနေသင့်တာ ၊ ပြန်လာခဲ့ ! "
"အခန်း ၂၇၀၇ က လူအိုကြီးက အရမ်းနေမကောင်းဖြစ်နေတာ ၊ ဒါပေမယ့် ..."
"ဒါပေမယ့်ဆိုတာ မရှိဘူးကွ "
စုံစမ်းရေးမှူးသည် ကောင်းမင်၏အင်္ကျီကော်လံအား ဆောင့်ဆွဲလိုက်သည်။
"မူမမှန်ဖြစ်ရပ်ထဲရောက်နေတဲ့အချိန်မှာ ဘယ်သူ့ကိုမှ ကယ်ဖို့မစဉ်းစားနဲ့ ၊ မင်းအသက်ရှင်ရက် လွတ်မြောက်နိုင်တာကိုပဲ ကျေးဇူးတင်သင့်တယ် ၊ အသုံးဝင်တဲ့အချက်အလက်တွေ ယူသွားနိုင်တာက ဒီမြို့တော်အပေါ် ငါတို့ရဲ့အကြီးဆုံးအကူအညီပဲ"
သူက ဆွဲလိုက်သော်လည်း ကောင်းမင်သည် အနည်းငယ်မှ မရွေ့ပေ။
"သူတော်ကောင်းလို လုပ်မနေနဲ့တော့ ၊ ဒါက ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာ မင်းမသိပါဘူး ၊ မင်းအားလုံးကို သတ်မိသွားလိမ့်မယ် !"
ကောင်းမင်က ရှင်းပြခြင်းဖြင့် အချိန်မဖြုန်းချင်ခဲ့ပေ။ သူက တံခါးလက်ကိုဘုကိုဆွဲကိုင်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"ဆရာယောင် ၊ ခင်ဗျားအထဲမှာရှိတယ်ဆိုတာ ကျွန်တော်သိတယ် ၊ ခင်ဗျားတံခါးမဖွင့်ဘူးဆိုရင် ကျွန်တော် အတင်းဖွင့်ရလိမ့်မယ် "
စုံစမ်းရေးမှူးသည် တစ်ခုခုထပ်ပြောချင်သော်လည်း ကောင်းမင်က သူ့ကိုရပ်တန့်ရန်အချက်ပြလိုက်သည်။
တံခါးလက်ကိုင်ဘုသည် လည်လာပြီး တံခါးအိုကြီးက တွန်းဖွင့်လာခဲ့သည်။ ဆရာယောင်က သူ့မျက်မှန်ကြားမှ ကောင်းမင်ကိုကြည့်လိုက်ပြီး
"ဝင်ခဲ့ပါ "
"ကြုံရာလူတွေရဲ့ အိမ်ထဲကိုမဝင်နဲ့ ! တကယ်လို့ အိမ်နီးနားချင်းတွေက သရဲတွေသတ်တာခံထားရတယ်ဆိုရင် ငါတို့ရင်ဆိုင်ရမှာက ..."
သူပြော၍မဆုံးသေးခင် ကောင်းမင်က သူ့အားအခန်း၂၇၀၇ထဲ ဆွဲသွင်းလိုက်သည်။ ပါးစပ်ဟလျက်ပင် သူက အနီးဆုံးနေရာအား ကြည့်ရှုလိုက်သည်။
"ငါမင်းရဲ့ မက်ဆေ့ကို ရပါတယ် ၊ ကင်မရာနဲ့ မိုက်ခရိုဖုန်းကို ပိတ်ထားလိုက်မယ် "
ဆရာယောင်က သူ၏အနက်ရောင်လက်အိတ်ဖြင့် ကင်မရာအားဖုံးထားလိုက်သည်။
"ဒါက အရေးပေါ်အခြေအနေပဲ ၊ ဒါကြောင့် ကျွန်တော် ခပ်တိုတိုပဲပြောရမယ် "
ကောင်းမင်သည် ကျောက်ရှီ၏ဖုန်းကို ထုတ်လိုက်သည်။
"စကားပြောဂရုထဲက သာမန်ပုံပေါက်နေတဲ့အိမ်နီးချင်းတွေကို ကျွန်တော်သံသယရှိတယ် ၊ သူတို့အားလုံးက အတုတွေပဲ ၊ သူတို့က စကားပြောဂရုထဲမှာပဲ ရှိနေကြတာ "
"မင်းက ငါမသိပဲ စကားပြောဂရုတစ်ခုထဲ ရောက်နေတာလား " စုံစမ်းရေးမှူးသည် ဆွံ့အသွားသည်။
"ငါ နားမလည်ဘူး ၊ မင်းနဲ့ငါကရော အစစ်မဟုတ်ဘူးလား "
ဆရာယောင်သည် ရဲသင်တန်းကျောင်းတစ်ကျောင်း၏ ဆရာဖြစ်ခဲ့သည်။ သူသည် အကြောင်းအရာများစွာအား အတွေ့အကြုံရှိသော်လည်း ယခုညဖြစ်ခဲ့သော မတော်တဆမှုသည် သူ့မျှော်မှန်းချက်ထက် ကျော်လွန်နေ၏။
"ကျွန်တော်တို့က ဒါကို ခြောက်ခြားဂိမ်းတစ်ခုနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် ကျွန်တော်သုံးယောက်က ကစားသမားတွေပဲ ၊ တခြားအိမ်နီးချင်းတွေကတော့ တစ်ခုခုဖြစ်နိုင်ပါတယ် ဒါမှမဟုတ် ကျွန်တော်တို့ကို သစ္စာဖောက်ဖို့ ဖုန်းကဖန်တီးထားတဲ့အရာပေါ့ "
ကောင်းမင်က ဗွီဒီယိုကို စိုက်ကြည့်လိုက်သည်။
"ကျောက်ရှီရဲ့အလောင်းက ငါးလွှာကို တက်နေတာ ၊ သူက ဟွမ်မင်မင်ရဲ့ အခန်း ၂၅၀၁ကို ဝင်ပြီးတဲ့နောက်မှာ ကျွန်တော်တို့က အခန်း၂၆၀၇ကို ဝင်ရလိမ့်မယ် ၊ တကယ်လို့ အိမ်ငှားကျားကျီက ဗွီဒီယိုထဲမှာဘယ်လိုပေါ်လာတယ်ဆိုတာ ကွဲပြားနေမယ်ဆိုရင် ကျွန်တော့်ယူဆချင်က အမှန်ပဲ "
"ငါတို့ ဖောက်ထွင်းဝင်ရမှာလား "
ဆရာယောင်၏ တွန့်လိမ်နေသောနဖူးကြောက ထိကပ်သွားသည်။ စုံစမ်းရေးမှူး၏အမာရွက်သည် လှုပ်ခတ်သွား၏။
"ကျွန်တော်တို့ဒီမှာနေရင် ကျောက်ရှီက နောက်ဆုံးမှာ ကျွန်တော်တို့ကို မိသွားမှာပဲ ၊ တကယ်လို သေဖို့နည်းလမ်းတစ်ခုကို ကျွန်တော်ရွေးရမယ်ဆိုရင် ကျွန်တော့်ကိုယ်ကျွန်တော် ကယ်တင်နိုင်မယ့်နည်းလမ်းတစ်ခုနဲ့ပဲ သေဖို့ဆန္ဒရှိတယ် "
ကောင်းမင်သည် ဆရာယောင်၏အထောက်အထားကို အတည်မပြုနိုင်ပေ။ အကယ်၍ သူသည် သရဲတစ်ကောင်ဖြစ်နေပါက ကောင်းမင်၏ယူဆချက်သည် မှားသွားခြင်းဖြစ်သည်။ ထို့ကြောင့် သူက အခန်း၂၆၀၇ဆီ သွားချင်နေခြင်းဖြစ်သည်။ ထိုနည်းလမ်းသည် ကျောက်ရှီနှင့်ပိုနီးကပ်လာမည်ဖြစ်သည်။ သူသည် အလွန်ဂရုစိုက်နေရလေ၏။
"မင်းနဲနဲ တဇွတ်ထိုးဖြစ်မနေဘူးလား "
စုံစမ်းရေးမှူးသည် အရင်က မူမမှန်ဖြစ်ရပ်များထဲတွင် သာမန်လူများနှင့် တွေ့ဆုံခဲ့ဖူးသည်။ သို့သော် သူသည် ကောင်းမင်ကဲ့သို့တစ်စုံတစ်ယောက်နှင့်မှ မတွေ့ဖူးပေ။
"အပြင်မှာ သရဲတွေရှိတယ် ၊ မင်းသေသွားလိမ့်မယ် "
"ငါလဲ အဲ့ဒါက ကောင်းတဲ့အကြံမဟုတ်ဘူးလို့ ထင်တယ်နော် "
ဆရာယောင်က ချောင်းဆိုးလိုက်သည်။
"လီကျင်းအိမ်ရာကလွတ်အောင် အပြင်ဘက်လှေကားကနေ ဆင်းပြီး အခန်း၂၅၀၁မှာ လူသေအလောင်းရှိပါတယ်လို့ ဘာလို့အပြင်ကလူတွေကို ကူညီပေးဖို့ မမေးရတာလဲ ၊ ဒီမြို့ကြီးထဲမှာ ဒီအခြေကိုဖြေရှင်းဖို့ တစ်ယောက်ယောက်တော့ ရှိမယ်ဆိုတာ ငါယုံတယ် "
"ဒါက ဒါပေမယ့် သူလည်း ဒီမှာ ပိတ်မိမနေတာများလား "
ကောင်းမင်သည် စုံစမ်းရေးမှူးကိုကျော်ပြီး လျှောက်လိုက်သည်။ မိုးရေလိုက်ကာအား ဖြတ်၍ ခြံဝင်းထဲရှိ သူ့အိမ်အား ကြည့်ရှုလိုက်သည်။ သူက သူ့ဘာသာတွေးနေမိသည်။
'ငါက လူသေဓာတ်ပုံအလွတ်တစ်ခုပဲယူလာခဲ့တာ ၊ တကယ်လို့ ငါနဲ့အတူ ဂိမ်းထဲကို ငါ့ရဲ့ 'မိသားစုလူသေဓာတ်ပုံ'ကို ယူလာခဲ့ရင် သူတို့က ကိတ်တွေနဲ့ပေါ်လာမှာလားမသိဘူး ၊ နောက်တစ်ခါကျရင် ငါစမ်းကြည့်သင့်တယ် '
ကျောက်ရှီ၏ဖုန်းထဲမှ အော်သံတစ်ခုထွက်ပေါ်လာ၏။ ကောင်းမင်က ခေါင်းကိုငုံ့ပြီး ကြည့်လိုက်သည်။ အခန်း၂၅၀၁မှ ဟွမ်မင်မင်က အော်ဟစ်နေသည်။ အိမ်နီးချင်းများသည် တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေကြသည်။ တောင်ကဲသို့လေးလံသောဖိအားက ပိုပြင်းထန်လာ၏။ ဟွမ်မင်မင်သည် သူ၏အာရုံကြောများသည် ဓားဖြင့်လှီးဖြတ်ထားခံရသည်။ သူသည် ကင်မရာရှေ့တွင် အော်ဟစ်နေခြင်းဖြစ်သည်။
အခန်း ၂၅၀၁ရှိ ဟွမ်မင်မင်
"တံခါးကို လက်သည်းနဲ့ကုတ်နေတဲ့အသံတွေ ငါကြားတယ်! ကျောက်ရှီ၏ခေါင်းကြီးက ငါ့တံခါးမှာ တွဲလောင်းကြီး ! ကယ်ကြပါဦး ! ငါတို့အိမ်နီချင်းတွေဖြစ်လာတာ ဆယ်စုနှစ်ကျော်ပြီလေ ၊ ကျေးဇူးပြုပြီးကယ်ပါ! "
ဟွမ်မင်မင်သည် မည်မျှပင်ငိုယိုအကူညီတောင်းသော်လည်း ကျန်ရှိနေသော အိမ်နီးချင်းများက အဖက်မလုပ်ကြပေ။ ဟွမ်မင်မင်သည် စားပွဲပေါ်မှ သစ်သီးလှီးဓားကို ကောက်ကိုင်လိုက်သည်။
"မင်းတို့အကုန်လုံးလည်း အဖမ်းခံရမှာပဲ ! မင်းတို့အားလုံး ကံကြမ္မာနဲ့ ရင်ဆိုင်ရလိမ့်မယ် ! "
တံခါးသော့သည် အလှဆင်ထားသည့်နှယ် အချင်းနှီးပင်။ သွေးများသည် တံခါးပေါ်သို့ စီးဆင်းလာသည်။ တံခါးသည် ဖြည်းညင်းစွာပွင့်လာပြီး တံခါးအဟကြားကိုဖြတ်၍ လက်ချောင်းများက တိုးဝင်လာသည်။ ပြင်းထန်သောအကြောက်တရားက ဟွမ်မင်မင်အားတွန်းအား ပေးလိုက်၏။ သူသည် စူးရှစွာအော်ဟစ်လိုက်ပြီး လက်ထဲမှဓားကို လေထဲသို့ဝှေ့ယမ်းခုတ်ပိုင်းနေသည်။ စုံစမ်းရေးမှူးနှင့် ဆရာယောင်သည် ဗွီဒီယိုမှ ဆွဲဆောင်ခြင်းခံနေရသည်။ သူတို့သည် အကြောက်တရားဖြင့်တုန်လှုပ်နေကြသည်။
"အဲ့ဒီမှာ ရပ်မနေကြနဲ့တော့ ! ခြောက်လွှာကို ပြေးဖို့ပြင်ထားကြ ! "
ကောင်းမင်က ဆရာယောင်၏ တူးလ်ဘောက်စ်အား ဖြတ်ကြည့်လိုက်သည်။
"ကျွန်တော်တို့မှာ အခွင့်အရေးတစ်ခုပဲရှိတယ် "
"ငါတို့ တကယ်ကြီးသွားကြမှာလား ၊ စဉ်းစားပါဦး ! "
"ကျွန်တော်က အရမ်းကိုစဉ်းစားတတ်တဲ့လူပဲ "
ကောင်းမင်သည် ထိုလူနှစ်ယောက်အား ခြောက်လွှာသို့ ဦးဆောင်သွားလိုက်သည်။ ဖုန်းသည် ငါးလွှာတွင် ဟွမ်မင်မင်နှင့် အလောင်းကောင်တို့ တိုက်ခိုက်နေသော ဗွီဒီယိုအား ပြသလျက်ရှိသော်လည်း ကော်ရစ်ဒါသည် လုံးဝတိတ်ဆိတ်နေခဲ့သည်။ ဆရာယောင်သည်ပင်လျှင် တစ်ခုခုမှားနေမှန်းခံစားရသည်။ ကောင်းမင်သည် ဆရာယောင်က အခန်း၂၆၀၇တံခါးအား ဖောက်ထွင်းရန် ထုတ်ယူလိုက်သော ကိရိယာနှင့်ပတ်သက်၍ ဘာမှ မပြောခဲ့ချေ။
စကားပြောဂရုထဲတွင် ဟွမ်မင်မင်သည် သတိလက်လွတ်ရူးသွပ်နေပြီဖြစ်သည်။ သူ့ဖုန်းသည် ဆိုဖာပေါ်တွင်ပြုတ်ကျနေခဲ့ပြီး သူသည် သစ်သီးလှီးဓားအား ပတ်ဝန်းကျင်သို့ရူးသွပ်စွာ ဝှေ့ယမ်းနေသည်။
"မင်းဘာသာမင်းသတ်သေခဲ့ပြီး ဘာလို့ဒီလိုတွေ လုပ်နေတာလဲ ၊ မင်းသတ္တိရှိရင် မင်းကို အနိုင်ကျင့်ခဲ့တဲ့လူတွေဆီသွားပါလားကွ ၊ မင်းဘဝတစ်လျှောက်လုံးအရှုံးသမားဖြစ်ခဲ့တာ အံ့ဩစရာမရှိဘူး ! "
အနက်ရောင်သွေးစက်များသည် ဧည့်ခန်းထဲတွင်ပြန့်ကျဲသွားသည်။ ကျောက်ရှီ၏ ကျိုးပဲ့နေသောအလောင်းသည် ကြမ်းပြင်ပေါ်တွင် ပုံပန်းမကျစွာ တွားလာနေ၏။ ဟွမ်မင်မင်သည် လက်နှစ်ဖက်လုံးဖြင့်ဓားအားဆုပ်ကိုင်၍ သူ့ပတ်လည်ရှိနေရာလွတ်တိုင်းကိုခုတ်ပိုင်းနေသည်။ အဝတ်အစားများနှင့်အရေပြားသည် ဆွဲဖွင့်ခံလိုက်ရသည်။ သို့သော်လည်း ကျောက်ရှီက ဟွမ်မင်မင်အနား နီးကပ်လာခြင်းအား ရပ်တန့်နိုင်စွမ်းမရှိပေ။
အရိုးများသည် ကွဲအက်ကုန်၏။ ကျောက်ရှီ၏ခန္ဓာကိုယ်သည် ပျက်စီးနေသောပါးစပ်တစ်ခုကဲ့သို့ ပွင့်ဟလာသည်။ အရိပ်သည် ပျံ့နှံ့သွားသည်။ ဟွမ်မင်မင်သည် ထိုအရာအား မတားဆီးနိုင်ခဲ့ပေ။ သူသည် ကျောက်ရှီ၏အရေပြားဖြင့် ဝါးမြိုခံရလုနီးပါးဖြစ်နေ၏။ ထိုကြောက်မက်ဖွယ်ရာ မြင်ကွင်းသည် စုံစမ်းရေးမှူးနှင့် ကောင်းမင်အား ထိတ်လန့်သွားစေသည်။ ဗွီဒီယိုထဲရှိ ဟွမ်မင်မင်သည် ဆက်လက်ရုန်းကန်နေသော်လည်း ထိုအရာသည်အချင်းနှီးပင်။ သူ၏လက်များအား ကျောက်ရှီ၏အရေပြားဖြင့်ဖြည်းညင်းစွာ ဖုံးလွှမ်းသွားသောအခါ သူ့ခြေထောက်များက အထိန်းအကွပ်မဲ့စွာ လသာဆောင်သို့ ရွေ့လျားလိုက်သည်။
"ငါ့ကို လွှတ်ပေး ကျောက်ရှီ! ငါမှားတာ သိပါပြီ ! မင်း သင်္ဘောကျင်းကုမ္ပဏီက ပစ္စည်းတွေခိုးတယ်လို့ ငါမပြောခဲ့သင့်ပါဘူးကွာ ! "
ကျိုးသွားသောအရိုးများသည် ထိုလူ၏လက်အားဖောက်ထွက်လာ၏။ ဟွမ်မင်မင်သည် ပြတင်းပေါက်တံခါးအားဖွင့်ရန် တွန်းအားပေးခံလိုက်ရသည်။ မုန်တိုင်းသည် ဟွမ်မင်မင်၏မျက်နှာအား ရုတ်ချင်းစိုရွှဲသွားစေသည်။ သူသည် သနားညာတာရန်တောင်းဆိုနေသော်လည်း သူ့ခန္ဓာကိုယ်သည် လသာဆောင်ပေါ်သို့ ဖြည်းညင်းစွာတက်နေလေသည်။ ကြည့်ရသည်မှာ လွန်ခဲ့သောရက်အနည်းက ကျောက်ရှီသည် ယင်းအတိုင်းဖြစ်ခဲ့သည့်နှယ်။
"ကျောက်ရှီ ငါ့ကိုချပေး ! ငါကိုအောက်ချပေး! "
ဟွမ်မင်မင်၏တောင်းဆိုသံကိုကြားသောအခါ ကျောက်ရှီက ဟွမ်မင်မင်အား ပြတင်းပေါက်အပြင်ဘက်သို့ ကူညီ၍ချပေးလိုက်၏။
စုံစမ်းရေးမှူး၏လက်များသည် အေးစက်နေသည်။ ဤအဆောက်အဦးရှိ သရဲသည် သူထင်တာထက် ပိုကြောက်စရာကောင်းနေလေသည်။
"ဒီလို အကောင်အထည်ရှိတဲ့သရဲက သာမန်မူမမှန်မှုမှာ ပေါ်မလာသင့်ဘူး ၊ ငါတို့တော့ အကြီးအကျယ်ဒုက္ခရောက်ပြီ ! "
ဆရာယောင်နှင့် ကောင်းမင်သည် အခန်း၂၆၀၇တံခါးအား ချိုးဖျက်ရန်အတူတကွလုပ်ဆောင်လိုက်ကြသည်။ ထူထဲလှသော ဖုံမှုန့်အလွှာများသည် ပရိဘောဂပေါ်တွင် ဖုံးလွှမ်းနေသည်။ အခန်းသည် လွန်ခဲ့သည်လများစွာကတည်းက စွန့်ပစ်ထားသကဲ့သို့ မှောင်မိုက်နေ၏။
"ဗွီဒီယိုထဲက အိမ်နီးချင်းတွေက အကုန်အတုတွေပဲ ၊ ငါတို့မြင်ခဲ့ရတဲ့ လူသတ်သမားတွေကလည်း အတုတွေပဲ ၊ သူတို့က ကျောက်ရှီနှလုံးသားထဲက ရောင်ပြန်ဟပ်နေတဲ့အရာတွေ "
ဆရာယောင်သည် ကောင်းမင်အား အထင်ကြီးစွာ ကြည့်လိုက်သည်။
"မင်းက အားလုံးမှန်နေတော့တာပဲ "
"မင်း နောက်ထပ်ဘာလုပ်ဖို့ စီစဉ်ထားလဲ "
စုံစမ်းရေးမှူးက ကောင်းမင်ဘက်လှည့်လိုက်သည်။
ကောင်းမင်သည် စကားပြောဂရုမှထွက်လိုက်ပြီး ကျောက်ရှီ၏ဖုန်းအားကြည့်ရှုလိုက်သည်။ ဖုန်းထဲတွင် သူ့ဘဝနဲ့ပတ်သက်၍မှတ်တမ်းတင်ထားသော ဗွီဒီယိုများစွာရှိသည်။ သူ့မွေးစားမိခင်က မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေစဥ် ကလေးနှင့်ကစားနေသော သူ့ခယ်မ ဗွီဒီယိုများ။ ကျောက်ရှီသည် သူတို့နှင့်အတူပါဝင်ချင်သော်လည်း ကောလဟလများကြောင့် သူသည် နောက်ဘက်တွင်သာ ရှိနေသည်။ သူ့မွေးစားအမေနှင့် သူ့ခယ်မသည်လည်း မသန်မစွမ်းဖြစ်နေသောသူ့အား မုန်းတီးကြသည်။
တချို့ဘဝနှင့်ပတ်သက်သော ဗွီဒီယိုများထက် အထီးကျန်နေသော သက်လတ်ပိုင်းအရွယ်လူကြီးသည် သူ့ကိုယ်သူဗီဒီယိုများရိုက်ခဲ့လေသည်။ သူ့ကိုယ်သူစကားပြောနေသော ဗီဒီယိုများအား ဘယ်သူမှ မကြည့်ကြပေ။ ဖုန်းလေးသည် အကောင်းဆုံးရင်ဖွင့်ဖော်နားထောင်သူတစ်ဦးဖြစ် လာခဲ့သည်။ အီလက်ထရောနစ်ဒေတာသည် သူ့အား သက်တောင့်သက်တာဖြစ်စေခဲ့သည်။ တစ်နည်းအားဖြင့် ဖုန်းလေးသည် သူ၏တစ်ခုတည်းသောမိသားစုကဲ့သို့ အမှန်တကယ်ဖြစ်ခဲ့လေသည်။
"ကျွန်တော့်မှာ ရဲတင်းတဲ့ အကြံတစ်ခုရှိတယ် "
ကောင်းမင်သည် မှောင်မဲနေသော အပြင်ဘက်လှေကားအားငေးကြည့်ပြီး သူ့ဘာသာသူပြောသကဲ့သို့ ပြောလိုက်သည်။
"ငါ သေဆုံးသူနဲ့ စကားပြောချင်တယ် "