← Chapters

စကားပြောခြင်း

Vol. 1 Ch. 13

စကားပြောခြင်း

Vol. 1 Ch. 13

ကောင်းမင်သည် သေဆုံးသူနှင်စကားပြောမည်ဟုဆိုလိုက်သောအခါ စုံစမ်းရေးမှူးနှင့်ဆရာယောင်က သူတို့နားကြားမှားသည်ဟု ထင်လိုက်ကြသည်။ လွန်ခဲ့သည့်သုံးရက်က ကိုယ့်ကိုယ်ကို သတ်သေခဲ့သော သေဆုံးသူသည် တိုက်ခန်းသို့ ပြန်လာခဲ့သည်။ ဗီဒီယိုထဲတွင် သူသည် အိမ်ငှားအားလုံးကို သတ်ပစ်ခဲ့သော်လည်း ကောင်းမင်က သူနှင့် နှလုံးသားချင်းစကားပြောချင်နေလေသည်။

"မင်း ဦးနှောက်ချောင်သွားပြီလား "

စုံစမ်းရေးမှူးက ကောင်းမင်၏လက်မောင်းကို ပုတ်လိုက်သည်။ သူသည် ကောင်းမင်၏ခန္ဓာကိုယ်အပူချိန်ကို ခံစားနိုင်နေဆဲဖြစ်သည်။

"မင်း လူစားထိုးမခံထားရပါဘူး ၊ ဘာလို့ မင်းက သရဲတွေထက် ထူးဆန်းနေရတာလဲ "

လူစားထိုးခံထားရသော သကောင့်သားများသည် သူ့တို့ကိုယ်သူတို့ပုန်းကွယ်ရန် အကောင်းဆုံးကြိုးစားကြလိမ့်မည်ဖြစ်သည်။ ကောင်းမင်က ထိုသို့ပင်လုပ်ဆောင်မနေချေ။ သူအလွန်ရိုးသားနေသည့်အတွက် သူ့အသင်းဖော်များက ကြောက်‌ရွံ့နေကြလေသည်။

"ရန်လိုတဲ့ တကယ့်သရဲအစစ်တွေက ခင်ဗျားတို့အိမ်မှာရှိနေတုန်းမှာပဲ လာသတ်ဖြတ်သွားလိမ့်မယ် ၊ သူတို့က ဗီဒီယိုတွေကနေတဆင့် ကျွန်တော်တို့ကို ကြောက်အောင်ခြောက်ဖို့ အချိန်ဖြုန်းနေမှာမဟုတ်ဘူး "

စိတ်ဆရာဝန်တစ်ယောက်ရဲ့ အတွေ့အကြုံအနေဖြင့် ထိုအရာသည် ကောင်းမင်တို့အားအကူညီတောင်းနေသည်နှင့် ပိုတူပေသည်။

"သူက သူ့ကိုယ်သူမုန်းတီးနေပြီး မလွတ်မြောက်နိုင်‌ဖြစ်နေတာ "

ကောင်းမင်သည်သူတို့အား အကြောင်းပြချက်အမှန်ကို မပြောပြခဲ့ပေ။

'ငါ့ရဲ့တစ်ခုတည်းသောမိသားစု ' ဂိမ်းထဲမှ ဖုန်းလေးသည် အဓိကဇာတ်ကောင်အတွက် ပျော်ရွှင်သော မိသားစုတစ်ခုဖန်တီးခဲ့သည်။ သို့သော်လည်း အဓိကဇာတ်ကောင်သည် ပျင်းရိပြီး တစ်ကိုယ်ကောင်းဆန်သောလူတစ်ယောက်ဖြစ်ခဲ့သည်။ ဖုန်းဖြင့်ဖန်တီးထား‌ခဲ့သောမြင်ကွင်းသည် အမျိုးသားဇာတ်ကောင်အဖို့ ဘယ်တော့မှ မစွမ်းဆောင်နိုင်သောအရာတစ်ခုဖြစ်သည်။

ကျောက်ရှီ၏အခြေအနေမူကား ဆန့်ကျင်ဘက်ဖြစ်သည်။ သူ့ဖုန်းသည် ကြောက်မက်ဖွယ်အရှိတရားကိုဖန်တီးခဲ့သည်။ သူအသက်ရှင်ခဲ့စဉ်က သူသည်မည်သည့်ဆင်‌ခြေမှမပေးပဲ အလုပ်ကြိုးစားခဲ့သည်။ သူသည် မွေးစားမိခင်အပေါ်အမြဲကျေးဇူးတင်ခဲ့သည်။ ကျောက်ရှီသည် သူ့ကိုယ်သူပျောက်ဆုံးသွားသောအချိန်တွင်ပင်လျှင် ဖုန်းမှဖန်တီးထားသည့် အရာများအား မလုပ်ဆောင်ခဲ့ပေ။

"ဂိမ်းက အရှိတရားနဲ့ ရောထွေးနေတာ ၊ တကယ်လို့ ငါသာ ခြောက်ခြားမှုကို အစမပျိုးပဲ သူကြီးထွားဖို့ခွင့်ပြုလိုက်ရင် ဖုန်းထဲက ဖြစ်ရပ်ဆိုးက ဖြစ်ပွားလာလိမ့်မယ် "

စုံစမ်းရေးမှူးနှင့် ဆရာယောင်အပါအဝင် ကောင်းမင်တို့သည် အခန်း ၂၆၀၇ထဲ ဝင်လာကြသည်။

"ကျောက်ရှီက မကြာခင် ဒီအထပ်ကိုရောက်လာလိမ့်မယ် ၊ ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ဆီက အကူညီလိုတယ် "

"ဘာများလဲ " ဆရာယောင်သည် တူးလ်ဘောက်စ်အား ကိုင်ဆောင်ထားသည်။

"ငါက အရမ်းနေမကောင်းဖြစ်နေပြီးတော့ ဒီကမ္ဘာမှာ သိပ်ကြာကြာနေရတော့မှာမဟုတ်ဘူး ၊ ဒါကြောင့် မင်းဘာလိုလဲဆိုတာ ပြောလိုက်ပါ "

"အဝတ်တွေကို ရနိုင်သမျှစုဆောင်းပေးပါ ၊ ပြီးရင် အဝတ်တွေကို ကြိုးအဖြစ်ကျစ်ပြီး လသာဆောင်ပြတင်းပေါက်ကနေ‌ တွဲလောင်းချပေးပါ "

ကောင်းမင်သည် အိပ်ခန်းသို့ပြေးသွားလိုက်ပြီး စတင်အလုပ်လုပ်လိုက်သည်။

"ခင်ဗျားတို့နှစ်ယောက် ဒီမှာနေခဲ့ကြဦး ၊ ကျွန်တော် အခန်း၂၅၀၇ကိုသွားပြီး ကျောက်ရှီကိုစောင့်လိုက်မယ် ၊ ကျွန်တော်သူနဲ့ လသာဆောင်မှာ စကားကောင်းကောင်းပြောမလို့ "

"သရဲတွေမှာ ခံစားချက်မရှိဘူး ၊ မင်းက ကိုယ့်ကိုယ်ကို သတ်သေဖို့ သွားနေတာပဲ ၊"

စုံစမ်းရေးမှူးသည် ကြောက်ရွံ့နေပုံရသော်လည်း သူသည် လူကောင်းတစ်ယောက်ဖြစ်နေဆဲပင်။ သူသည် ကောင်းမင်၏သတ္တိကိုလေးစားသော်လည်း သူ့အတွက်စိုးရိမ်နေမိသည်။

"ကျွန်တော် ပြတင်းပေါက်မှာရှိမယ် ၊ ဆွေးနွေးတာ ကျရှုံးသွားရင် ခင်ဗျားတို့ ကျွန်တော့်ကို ကြိုးနဲ့ဆွဲတင်ပေတော့ "

ကောင်းမင်သည် ကြိုးအား ကျွမ်းကျင်စွာ ဖန်တီးလိုက်သည်။

"အခန်း ၂‌၅‌၀၇ ကိုငါသွားရင်ကော "

ဆရာယောင်သည် သူ၏ရှပ်အင်္ကျီအားကြယ်သီးဖြုတ်လိုက်သည်။ သူ့ရင်အုပ်တဝိုက်တွင် သွေးကြောများက ဖောင်းကြွနေသည်။

"ငါ အသက်ရှင်ခဲ့တာ အရမ်းကြာပြီ ဒါပေမယ့် မင်းကတော့ အရမ်းငယ်သေးတယ်ကွာ "

"ကျွန်တော်က လိုင်စင်ရစိတ်ဆရာဝန်‌တစ်ယောက်ပါ ၊ ဒီကိစ္စကို ကျွမ်းကျင်သူနဲ့ပဲ လွှဲထားလိုက်ပါ "

တကယ်တမ်း ကောင်းမင်တွင် နောက်ထပ်အစီအစဉ်တစ်ခုရှိသည်။ ဂိမ်း၏အကောင်းဆုံးအဆုံးသတ်အား တွန်းအားပေးရန် သူသည် ကျောက်ရှီ၏ဖုန်းအား သူကိုယ်တိုင်ဖျက်ဆီးရန် ဖျောင်းဖျရမည်ဖြစ်သည်။

ထိုအရာသည် အမှတ်သင်္ကေတတစ်ခုဖြစ်သည်။ သရဲရဲတစ်ကောင်အားဖျောင်းဖျရန်မှာ ခက်ခဲပေမည်။ ထို့ကြောင့်ကောင်းမင်တွင် ရူးသွပ်သောအကြံတစ်ခုကိုတွေးထားသည်။ ကျောက်ရှီသည် ဟွမ်မင်မင်အားသတ်ခဲ့ချိန်တွင် သူသည် သူနှင့်အတူအောက်ပြုတ်ကျစေရန်ရွေးချယ်ခဲ့သည်။ ကောင်းမင်သည်လည်း ထိုပုံစံအတိုင်းဖြစ်ရန် အစီအစဉ်ချထားခဲ့သည်။

ကြိုးပြုလုပ်နေခြင်းသည် ပြီးစီးသွားခဲ့ချေပြီ။ ၎င်းအား အခန်း၂‌၆၀၇၏လသာဆောင်အောက်သို့ ပစ်ချလိုက်သည်။ ထို့နောက် ကောင်းမင်သည် အခန်း၂၆၀၇၏အပြင်ဘက်သို့‌ တစ်ယောက်တည်းလျှောက်သွားလိုက်၏။

ကောင်းမင်သည် အခန်း၂၅၀၇၏တံခါးအား တွန်းဖွင့်လိုက်သည်။ သို့သော် သူက အတွင်းမဝင်သေးပေ။ အောက်ထပ်မှ တွားသွားသံတစ်ခုထွက်ပေါ်လာသည်။ အမျိုးမျိုးသော သွေးထွက်သံယိုမြင်ကွင်းများသည် သူ့စိတ်ထဲတွင် ပြသနေသည်။

"ဒါက တော်တော်လေးကို ဦးနှောက်ပျက်စေတာပဲ "

ကောင်းမင်သည် မီးခြစ်ကိုထုတ်လိုက်ပြီး စီးကရက်မီးညှိလိုက်သည်။ ထို့နောက် လှေထားထစ်များပေါ်တွင်ထိုင်ချလိုက်သည်။

လူသေအလောင်းသည် လှေကားထစ်များကိုကျော်ဖြတ်လာချေပြီ။ သေဆုံးဝိဉာဏ်များသည် သက်ရှိဆီသို့ဖြည်းညင်းစွာချဉ်းကပ်လာသည်။ အရိုးများက ကြမ်းပင်ကို ပွတ်တိုက်လာသောအသံကြားရသောအခါ ကောင်းမင်က လှေကားထောင့်ဆီသို့ အာရုံစိုက်ထားလိုက်သည်။

'ငါ့မှာ မိဘတွေအများကြီးရှိတယ် ၊ ပြီးတော့ တစ်ညနဲ့တစ်ညမတူကြဘူး ၊ အလုပ်က ငါ့လုပ်ဖော်ကိုင်ဖက်ကလည်း သုံးညနဲ့လူရှစ်ယောက်ကို အပြတ်ရှင်းလိုက်တယ် ၊ အခုကျတော့ ငါ့မှာ အသဲအသန်စိတ်လှုပ်ရှားနေတဲ့ အိမ်နီးချင်းတစ်အုပ်ကြီးရှိနေပြန်ပြီ၊ ပြောရရင် ငါ့ဘဝလေးက တော်တော်ကောင်းတာပဲ "

သွေးစွန်းနေသောဆံပင်များသည် ကြမ်းပြင်သို့စိုက်ကျနေသည်။ ကျောက်ရှီ၏ကျိုးကြေနေသော မျက်နှာသည် လေးလွှာနှင့်ငါးလွှာကြားတွင် ဖြည်းညင်းစွာပေါ်လာ၏။

"နောက်ဆုံးတော့ ခင်ဗျားရောက်ပြီလား"

ကောင်းမင်သည် ရှောင်ကျိုးလိုထွက်မပြေးသလို ဟွမ်မင်မင်လိုလည်း အသိစိတ်လွတ်မသွားခဲ့ပေ။ သူ့မျက်လုံးများထဲတွင် ကျောက်ရှီသည် အစ်ကိုကြီးတစ်ယောက်ဖြစ်နေဆဲဖြစ်သည်။

"အိမ်ကနေကြိုဆိုပါတယ် "

ကောင်းမင်သည် ထရပ်လိုက်ပြီး ကျောက်ရှီအားကြိုဆိုရန် တံခါးဖွင့်လိုက်သည်။ သူက ဧည့်ခန်း၏မီးများပင်ဖွင့်လိုက်သေးသည်။

"အစ်ကိုကျောက် ၊ ကျွန်တော့်ရုံးပိတ်ရက်တွေမှာ အစ်ကိုနဲ့စကားပြောဖို့ ကျွန်တော် မကြာခဏလာတတ်ပါတယ် ၊ အကြီးမားဆုံးနောင်တကတော့ ကျွန်တော်အလုပ်ကထွက်ပြီးတဲ့နောက် အခုချိန်ထိ ခင်ဗျားရဲ့ကိစ္စကို နှောင့်နှေးစေမိတာပါပဲ "

ကောင်းမင်က ရှေ့တွင် လမ်းလျှောက်နေချိန် တွန့်လိမ်နေသော အလောင်းသည် သူ့ဆီသို့ ဖြည်းညင်းစွာ တွားလာနေသည်။

"မွေးစားအမေက သူရဲ့အချစ်တွေကို သူ့သားအရင်းကိုပဲ ပေးခဲ့တယ် ၊ ခယ်မကလည်း ခင်ဗျားကို ငွေပင်ကြီးလို့ပဲမြင်တယ် ၊ တခြားအိမ်နီးချင်းတွေလည်း ခင်ဗျားနောက်ကွယ်မှာ ကောလဟလတွေကို ဖြန့်ခဲ့ကြတယ် ၊ ခင်ဗျားက အရမ်းကြင်နာတတ်တဲ့အတွက်ကြောင့်မို့လို့ တစ်စုံတစ်ယောက်က အလုပ်မှာ ခင်ဗျားကို သူခိုးဖြစ်အောင်ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ် "

ကောင်းမင်သည် ဧည့်ခန်းထဲရှိမှန်အား တစ်ချက်ကြည့်လိုက်သည်။ သူသည် သူပထမဆုံးဂိမ်းထဲမှာပင် မှန်ထဲရှိသောကမ္ဘာသည် ပြောင်းပြန်ဖြစ်ကြောင်း သတိထားမိပြီးသားဖြစ်သည်။

"ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား အကောင်းမြင်သူအနေနဲ့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ခဲ့တယ် ၊ ဒါပေမယ့် ခင်ဗျားရဲ့ နှလုံးသားကတော့ နာကျင်မှုတွေနဲ့ နှိပ်စက်ခံနေရတယ် ၊ ခင်ဗျားက မိသားစုရဲ့အဓိကထောက်တိုင်ကြီးဖြစ်နေပေမယ့် ဘယ်သူမှ ခင်ဗျားကို အမှန်တကယ်ဂရုမစိုက်ခဲ့ကြဘူး ၊ ခင်ဗျားက ကျွန်တော်နဲ့မကြာခဏဆိုသလို ခင်ဗျားဘဝရဲ့ပျော်စရာသေးသေးလေးတွေကို ဝေမျှတတ်ပေမယ့် ခင်ဗျားဘဝဘယ်လောက်ဆိုးဝါးခဲ့လဲဆိုတာ ခင်ဗျားသိတယ် ၊ ခင်ဗျားမျှော်လင့်နေတဲ့ ကမ္ဘာကြီးနဲ့ ခင်ဗျားနေထိုင်နေတဲ့ကမ္ဘာကြီးက ပြောင်းပြန်ဖြစ်နေခဲ့တယ် ၊ ခင်ဗျားက ပြောင်းလဲဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ခင်ဗျားရုန်းကန်လေလေ စိတ်ပျက်အားငယ်မှုတွေက ပိုပြင်းထန်လာလေလေပဲ "

ကျောက်ရှီ၏ဦးခေါင်းသည် ပုခုံးတစ်လျှောက်စောင်းကျနေသည်။ လည်ပင်းသည် ၁၈‌၀ဒီဂရီ လည်နေ၏။ သူသည် ကြမ်းပြင်တွင် တွားသွားနေခဲ့သော်လည်း သူ့၏အထက်အောက်ပြောင်းပြန်ဖြစ်နေသောမျက်နှာဖြင့်ကောင်းမင်အားကြည့်ရှူနေသကဲ့သို့ဖြစ်သည်။

အကြောက်တရားသည် လူသားတို့၏မွေးရာပါဖြစ်သည်။ ကောင်းမင်၏ခန္ဓာကိုယ်သည် မသိမသာတုန်ယင်နေ၏။ သူ့လက်သည်းများသည် သူ့အသားထဲသို့ စိုက်ဝင်နေကြသည်။ သို့သော် သူ့အသံက ထွက်နေဆဲပင်။

"ခင်‌ဗျား ဘာမှ အမှားမလုပ်ခဲ့ပါဘူး ၊ နာကျင်မှုတွေအားလုံးက အပြင်ကလာတာပဲ ၊ ကျွန်တော့်မှာ ခင်ဗျားဘဝကို မှတ်ချက်ပေးနိုင်မယ့် အခွင့်အရေးမရှိပါဘူး ၊ ပြီးတော့ ခင်ဗျားရဲ့ကလဲ့စားကိုလည်း အလျှော့ပေးဖို့ ဖျောင်းဖျမှာ မဟုတ်ဘူး ၊ ကျွန်တော်မျှော်လင့်တဲ့တစ်ခုတည်းသောအရာက ပျော်ရွှင်မှုကို ခင်ဗျားသင်ယူတတ်ဖို့ပါပဲ ၊ ကြင်နာတဲ့လူတွေက ပျော်ရွှင်မှုတွေနဲ့ထိုက်တန်ပါတယ် ပြီးတော့ ခင်ဗျားလည်း ခင်ဗျားကိုနားလည်ပေးနိုင်မယ့် မိသားစုမျိုးနဲ့ ထိုက်တန်တယ် "

ကောင်းမင်သည် သူ့ကိုယ်သူစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော်လည်း ကျောက်ရှီ၏ယိုယွင်းနေသော အရိုးအသားပုံကြီးချဉ်းကပ်လာသောအခါတွင် သူသည် မယုံနိုင်ဖွယ်ကြောက်ရွံ့မှုကို ခံစားနေရဆဲဖြစ်သည်။ သူသည် အလွန်အားနည်းကြောင်းသိသည်။ သူ့နောက်ကျောသည် လသာဆောင်ပြတင်းပေါက်အားမှီထားခဲ့သည်။ လျှပ်စီးအလင်းရောင်သည် ကောင်းမင်နှင့်ကျောက်ရှီ၏မျက်နှာပေါ်ဖြန့်ကျက်သွားသည်။

ကောင်းမင်သည် အသက်ဝဝရှူလိုက်ပြီး အလေးအနက်ပြောလိုက်သည်။

"ခင်ဗျားက စွန့်ပစ်တာကို မခံချင်ပဲအိမ်တစ်လုံးလိုချင်တယ်၊ ကျွန်တော်က ခင်ဗျားရဲ့မိသားစုဖြစ်လာရင်ကော ဘယ်လိုလဲ "

မိုးကြိုးက ဗုံးကဲ့သို့ပေါက်ကွဲသွားသည်။ အခန်း ၂၆၀၇ရှိ စုံစမ်းရေးမှူးနှင့် ဆရာယောင်တို့သည် ကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။

သူတို့သည် ကောင်းမင်အား ကြားသည်ဆိုရုံမျှသာကြားရသည်။ သို့သော်လည်း သူတို့ကြားလိုက်သောအရာများမှတဆင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ထိတ်လန့်စရာကို မြင်လိုက်ကြသည်။

သွေးများသည် ဧည့်ခန်းအားဖြတ်၍ အနီရောင်လင်ပန်းတစ်ချပ်ကဲ့သို့ ဖန်တီးလိုက်သည်။ ကျောက်ရှီသည် လသာဆောင်အနားရောက်လုနီးဖြစ်သည်။ သူ့မျက်နှာသည် ကောင်းမင်၏မျက်နှာနှင့် လက်မအနည်းငယ်သာကွာဝေးတော့သည်။

"ကျွန်တော့်ကိုယ်ကျွန်တော်ကယ်တင်ဖို့ ခင်ဗျားကိုလိမ်နေတာမဟုတ်ပါဘူး ၊ ကျွန်တော်က ဆင်ခြေတစ်ခုရှာနေတာလည်းမဟုတ်ဘူး ၊ ကျွန်တော် ခင်ဗျားကိုအကြိမ်များစွာပြောခဲ့တယ် ၊ ခင်ဗျားကဘယ်လိုလူမျိုးလဲဆိုတာ ကျွန်တော်သိပါတယ် ၊ ဒါကြောင့် ခင်ဗျားကို ကျုပ်တကယ်ကူညီ‌ချင်နေတာပါ "

ကောင်းမင်က ကျောက်ရှီ၏ဖုန်းကိုထုတ်လိုက်ပြီး ဗီဒီယိုကို ဖွင့်လိုက်သည်။

"အဲ့ဒါက ပျော်ရွှင်စရာစိတ်ကူးယဉ်မှုဖြစ်စေ ဒါမှမဟုတ် အိမ်နီးချင်းတွေက အပြစ်ပေးခံရတာနဲ့ ထိုက်တန်သည်ဖြစ်စေ ၊ ကျွန်တော် အဲ့ဒါတွေကို အစစ်အမှန်ဖြစ်အောင် ခင်ဗျားကို ကူညီပေးနိုင်တယ် ! ဖုန်းထဲက အရာတွေက ပုံရိပ်ယောင်တွေဖြစ်ပေမယ့် ကျွန်တော်တို့က သူတို့ကို အစစ်အမှန်အဖြစ်ဖန်တီးနိုင်တယ် "

ကောင်းမင်က ရှေ့တစ်လှမ်းတိုးလိုက်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

"ခင်ဗျားက ကျွန်တော့်မိသားစုဖြစ်လာမယ် ၊ ပြီးတော့ ကျွန်တော်က ခင်ဗျားရဲ့တွဲဖက်ဖြစ်လာလိမ့်မယ် "

ကျောက်ရှီသည် ပထမဆုံးအကြိမ်ရွေ့လျားမှု ရပ်တန့်သွားသည်။ စက္ကန့်များစွာ ကြာပြီးနောက် ကျောက်ရှီသည် သူ၏ကွေးကောက်နေသောလက်အားမြောက်လိုက်သည်။ အရိုးများက ဆန့်တန်းလာပြီး အခန်း၂၅၀၇တွင် ကြက်သီးထဖွယ်အသံများက ထပ်မံထွက်ပေါ်လာလေသည်။

ကောင်းမင်သည် ထိုအရာမှ အဝေးကိုသွားရန် ရှက်မနေပေ။ သူ့မျက်လုံးထဲတွင် အကြောက်တရားထက် မျှော်လင့်ချက်များရှိနေလေသည်။ ဒဏ်ရာများဖြင့်လက်တစ်ဖက်သည် ကောင်းမင်၏လက်အားဆုပ်ကိုင်လိုက်သည်။ သို့သော် ကျောက်ရှီက ကောင်းမင်၏လက်အား မလှုပ်ခါခဲ့ပေ။ ထို့အစား သူ့အရေပြားများသည် ကောင်းမင်၏လက်အားဝါးမြိုစေခဲ့သည်။ သူ့လက်မောင်းပေါ်မှ အထိအတွေ့ကို ခံစားလိုက်ရသောအခါ ကောင်းမင်က သက်ပြင်းချလိုက်သည်။ ကျောက်ရှီသည် အသိစိတ်ဆုံးရှုံးသွားပုံရသည်။ သူသည် ‌လသာဆောင်မှခုန်ချစေရန် ကောင်းမင်၏ခန္ဓာကိုယ်အားထိန်းချုပ်နေသည်။ ကျောက်ရှီ၏ခန္ဓာကိုယ်သည် မေးရိုးတစ်ခုကဲ့သို့ပွင့်ဟလာ၏။ ကောင်းမင်သည် လသာဆောင်မှအဝေးသို့ တက်လိုက်သည်။

"အခု လက်လျှော့လိုက်တော့ "

စုံစမ်းရေးမှူးနှင့်ဆရာယောင်က အော်ဟစ်လိုက်သည်။ ကြိုးသည် မုန်တိုင်းကြားတွင် လှုပ်ယမ်းနေလေသည်။

"ခဏစောင့်ဦး " ကောင်းမင်သည် ကြိုးကို သူ့လက်ကောက်ဝက်တွင် ရစ်ပတ်လိုက်သည်။ သူသည်အံကြိတ်ကာ အကြောက်တရားကို ကျော်လွှား၍ ကျောက်ရှီ၏ပွင့်ဟနေသောခန္ဓာကိုယ်အားစိုက်ကြည့်လိုက်သည်။ တစ်ဦးတစ်‌ယောက်မှ ကျောက်ရှီကို နားမလည်နိုင်ကြသောကြောင့် ကျောက်ရှီသည် ထိုနည်းလမ်းကိုသုံး၍ သူ့အိမ်နီးချင်းများအား သူ့လိုပင်အတင်းအကျပ်တွန်းအားပေးခံစေခဲ့သည်။ လူသေအလောင်းသည် ကောင်းမင်အားဖိချလိုက်သည်။ ကောင်းမင်က ကျောက်ရှီ၏ဖုန်းအား ကောင်းစွာပွင့်ဟနေသောဒဏ်ရာထဲသို့ ထိုးထည့်လိုက်၏။

"မြန်မြန် ၊ ထတော့ ! "

ကျောက်ရှီ၏မျက်နှာသည် အလွန်နီးကပ်နေ၏။ ကောင်းမင်သည် သူ့မျက်လုံးများထဲတွင် နာကျင်မှုများ ၊ ထုံထိုင်းမှုများနှင့် ဝမ်းနည်းမှုများကို မြင်နေရသည်။ အသွေးအသားများသည် ကောင်းမင်၏အရေပြားထဲသို့ ဆက်လက်တိုးဝင်နေကြသည်။ ကျောက်ရှီသည် ကောင်းမင်နှင့်အတူ ပြတင်းပေါက်အပြင်ဘက်သို့တာစူ၍ မှီလျက်ရှိနေသည်။

မိုးရေသည် သူတို့၏ဆံပင်နှင့်အဝတ်အစားများကို ရွှဲရွှဲစိုအောင် ပက်ဖြန်းလိုက်သည်။ ကောင်းမင်သည် နောက်ကျောကိုလှန်ချလိုက်ချိန်တွင် သူသည် ကျောက်ရှီအား အခန်းထဲသို့ တွန်းထည့်ရန်အကောင်းဆုံးကြိုးစားလိုက်သည်။

တိုက်ခိုက်မှုသည် ကျောက်ရှီ၏ဖုန်းကို သူ့ဒဏ်ရာအပြင်ဘက်သို့ပြုတ်ကျသွားစေလိုက်သည်။ ဖြစ်ရပ်ဆိုးသည် မတူညီသောနည်းလမ်းဖြင့်ရေးသားခံခဲ့ရသည်။ ကျောက်ရှီက အခန်းထဲကျန်ခဲ့ချိန်တွင် ကောင်းမင်သည် မိုးရေထဲတွင် ပြုတ်သွားသည်အား မြင်လိုက်ရသည်။

"ဆွဲဟ! "

"ချီးပဲ ! "

ဆရာယောင်နှင့်စုံစမ်းရေးမှူးတို့သည် သူတို့ရှိသမျှအားဖြင့်ကြိုးကိုဆွဲလိုက်ကြသည်။ ကောင်းမင်၏ခန္ဓာကိုယ်သည် လေးလွှာနှင့် ငါးလွှာကြားရှိနံရံအားပြင်းထန်စွာရိုက်မိသွားသည်။ ကြီးမားသောဒဏ်ရာကြီးတစ်ခုသည် သူ့မျက်နှာပေါ်တွင်ဖြတ်တောက်သွားသည်။ သွေးများစီးကျလာသော်လည်း သူသည် နာကျင်မှုကို ခံစားရပုံမပေါ်ချေ။

All Chapters