မိသားစုဓာတ်ပုံ
Vol. 1 Ch. 14
ကျောက်ရှီ၏ဖုန်းသည် သူ့ဒဏ်ရာထဲမှ လျှောထွက်သွားပြီးမိုးရေထဲမှတဆင့် မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။ ငါးလွှာဟူသောအမြင်သည် ဖုန်းအားအစိတ်စိတ်အမွှာမွှာဖြစ်သွားစေခဲ့သည်။ ကျောက်ရှီသည် ဖုန်းအား သူ့ဘဝ၏အစိတ်အပိုင်းများကို မှတ်တမ်းတင်ရန်အသုံးပြုခဲ့သည်။ ထိုဖုန်းမှတဆင့် သူ့ကိုယ်သူစကားပြောခဲ့သည်။ သူသည် မနာလိုအားကျသောဘဝတစ်ခုတွင်နေထိုင်ခဲ့ရသည်။ သူ့နှလုံးသားတွင်မြှုပ်နှံထားသော အမှောင်ထုသည် မိုးသည်းသောညတစ်ညတွင် ထွက်ပေါ်လာခဲ့လေသည်။ ဖုန်းသည်မြေပြင်နှင့်ရိုက်မိ၍ကွဲသွားသောအသံကြားလိုက်ရသောအခါ ကောင်းမင်က စတင်၍ တက်လိုက်သည်။
"တင်းတင်းကိုင်ထား ၊ မင်းဘာလို့ ခုန်ချခဲ့တာလဲ "
"ဂရုစိုက်ဦး ! မင်းက အခု ငါးလွှာရဲ့ပြတင်းပေါက်ကို ဖြတ်နေတုန်းပဲရှိသေးတယ် "
စုံစမ်းရေးမှူးနှင့်ဆရာယောင်တို့၏ အပေါ်ပိုင်းခန္ဓာကိုယ်သည် မိုးရေများကြောင့်ရွှဲရွှဲစိုနေခဲ့သည်။ သူတို့သည် ကောင်းမင်အားဆွဲတင်နိုင်ရန် အားရှိသလောက်ကြိုးစားနေကြသည်။ ကောင်းမင်သည် သူတတ်စွမ်းနိုင်သမျှကို ပြုလုပ်ခဲ့သည်။ ဒါက ကျောက်ရှီက သူ့ဖုန်းကို ကိုယ်တိုင်ဖျက်ဆီးခဲ့တယ်လို့ ယူဆရမလား ?
ငါးလွှာလသာဆောင်ပေါ်ရှိကျောက်ရှိသည် ကောင်းမင်ကို ထုံထုံထိုင်းထိုင်းကြည့်နေ၏။ သူ့အကြည့်များက အရင်နှင့်မတူတော့ပေ။ ထုံထိုင်းသောအမူအရာအစား စိတ်ရှုပ်ထွေးမှုနှင့် နာကျင်မှုများအစားထိုးဝင်ရောက်လာသည်။
မိသားစု ၊ မိသားစုနှင့်အိမ်နီးချင်းများသည် သူ့အားစိတ်ရှုပ်ထွေးစေသည်။ ထိုအရာအားသူအဖြေမရှာနိုင်ခဲ့ချေ။ ထိုကြောင့်ပင် သူ့အားပြတင်းပေါက်အစွန်းသို့ ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။ သူ့အား ဘယ်သူမှ ဂရုမစိုက်ကြ။ လူများသည်သူသေပြီးသောအခါတောင်မှ အပြစ်ပြောဆိုနေကြဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့သေဆုံးမှုသည် သူ့တန်ဖိုးအားလျှော့ကျသွားစေသောကြောင့်ဖြစ်သည်။ သူ့ဘဝ၏နောက်ဆုံးအခိုက်အတန့်တွင် သူသည် လူများစွာနှင့်တွေ့ဆုံခဲ့သည်။ အားလုံးသည်သူ့အားပြတင်းပေါက်သို့တွန်းချနေကြသည်။ ကောင်းမင်တစ်ယောက်သာလျှင် ကွဲပြားနေခြင်းဖြစ်သည်။
ဖုန်းပေါ်တွင်ထုတ်လွှင့်နေသောအရာသည် ကျောက်ရှီပြုလုပ်ချင်နေသောအရာများဖြစ်သည်။ ၎င်းသည် လူရိုးကြီးတစ်ယောက်၏နှလုံးသားထဲရှိ ယုတ်မာသောစိတ်ထားတစ်ခုဖြစ်သည်။ သို့သော်ယခုတွင် သူသည် ထိုစိတ်ထားအား သူကိုယ်တိုင်ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။
ထူထဲလှသောအမှောင်ထုသည် သူ့ခန္ဓာကိုယ်မှ စိမ့်ထွက်လာသည်။ ထိုအရာသည် ကျောက်ရှီအား အမည်မသိကမ္ဘာနှင့်ချိတ်ဆက်မှုဖြစ်ပုံရသည်။ ယင်းသည် ဆန်းကြယ်သော စွမ်းအားတစ်ခုလည်းဖြစ်သည်။
ကျောက်ရှီသည် သူ့ဦးခေါင်းကိုမော့လိုက်ပြီး ပတ်ဝန်းကျင်အားကြည့်ရှုလိုက်သည်။ အခန်း ၂၅၀၇သည် သူ့အိမ်ဖြစ်သည်။ ထိုညတွင် သူသည် ယခုကဲ့သို့တစ်ယောက်တည်းရပ်နေခဲ့ပေသည်။ ကောင်းမင်၏ခန္ဓာကိုယ်သည် ကြိုးဖြင့်ချည်ထားခံရသည်။ သူက အခန်းထဲတွင်ရှိသောကျောက်ရှီအားစိုက်ကြည့်လိုက်ပြီး ကွဲလွဲသောဆုံးဖြတ်ချက်တစ်ခုပြုလုပ်လိုက်သည်။
သူက အခန်း၂၅၀၇၏ပြတင်းပေါက်ဆီသို့ခြေလှမ်းလိုက်သည်။ သူသည် ခန္ဓာကိုယ်အနေအထားကိုချိန်ညှိလိုက်ပြီး ကြိုးကိုဖြည်လိုက်သည်။ သူသည် အခန်းထဲသို့ပြန်ဝင်သွားလိုက်သည်။ စုံစမ်းရေးမှူးနှင့်ဆရာယောင်တို့သည် ဆွံ့အသွားကြသည်။
လူအိုကြီးဆရာယောင်ပင်လျှင် ကျိန်ဆဲလိုက်မိသသည်။
"ဒီသောက်ကလေး ချီးတွေလုပ်နေတာလားကွ "
"ဒါမျိုးကို ပထမဆုံးအကြိမ် ကျုပ်ကြုံဖူးတာပဲဗျ "
စုံစမ်းရေးမှူးသည် ပင်ပန်းနေသော်လည်း ကောင်းမင်အား ထပ်မံ၍ပြတင်းပေါက်မှ ခုန်ချမည်ကို ခွင့်ပြုရန်မဝံ့ရဲချေ။ ကောင်းမင်သည် ထိုနှစ်ယောက်၏အသံကိုကြားသော်လည်း မကြားယောင်ဆောင်၍ ကျောက်ရှီဆီသို့ဦးတည်လိုက်သည်။
"ခင်ဗျားမွေးဖွားလာကတည်းက အားလုံးကိုသည်းခံခဲ့ရတယ် ၊ ခင်ဗျားဟာ မိသားစုဆီဒုက္ခတွေယူဆောင်လာမိမှာကို ကြောက်ရွံ့ခဲ့တယ် ၊ ဒါကြောင့် ဘဝရဲ့ ထိုးနှက်မှုတွေကိုရင်ဆိုင်ရတဲ့အခါ ခင်ဗျားက ဒုက္ခတွေကိုတိတ်တဆိတ်ပဲ ခံယူခဲ့တယ် "
ကောင်းမင်သည် ကျောက်ရှီ၏အရှေ့တွင်ရပ်တန့်လိုက်သည်။
"ကျွန်တော် ခင်ဗျားခံစားခဲ့ရတာတွေကို လူတိုင်းသိစေရမယ် ၊ ကျွန်တော်က ခင်ဗျားရဲ့တကယ့်မိသားစုဖြစ်လာပါလိမ့်မယ် "
ကောင်းမင်က သူ့လက်နှစ်အားဆန့်၍ဖွင့်ပေးလိုက်သည်။
" အရာအားလုံးက ခင်ဗျားအတွက် ကြံ့ကြံခံနိုင်စေခဲ့ပြီးပါပြီ "
သူတို့၏အားအနည်းဆုံးအခိုက်အတန့်တွင် တစ်ခါတစ်ရံ လူများသည် ပွေ့ဖက်မှုတစ်ခုသာ လိုအပ်ပေသည်။
လည်ပင်းသည် ဖျိုးဖျိုးဖျစ်ဖျစ်ဖြင့် နောက်ဆုတ်သွားသည်။ ကျောက်ရှီသည် ထိုအရာကို အသုံးမပြုခဲ့ပေ။ ကျောက်ရှီနောက်ဆုတ်သွားသည်နှင့် သူ့ခန္ဓာကိုယ်မှစိမ့် ထွက်လာသောအရိပ်သည် ပစ်မှတ်အသစ်တစ်ခုကို ရှာတွေ့သွားသည်။ သူတို့သည် ကောင်းမင်ထံသို့တိုးဝှေ့လာ၏။ သူတို့သည် ကောင်းမင်၏ခန္ဓာကိုယ်အားမထိုးဖောက်နိုင်သောကြောင့် သူ့အရေပြားပေါ်တွင်စုဝေးနေကြသည်။ သူတို့သည် ရွှေ့လျားနေသောသွေးကြောများ သို့မဟုတ် အသက်ဝင်နေသည့်ချိန်းကြိုးများဖြင့်တူပေသည်။ ကောင်းမင်က သူတို့အားထိတွေ့လိုက်ရာ နာကျင်မှုနှင့်စိတ်ပျက်အားငယ်မှုများကိုခံစားလိုက်ရသည်။ အရိပ်များသည် ကျောက်ရှီ၏ မှတ်ဉာဏ်များဖြစ်သည်။
နာကျင်မှုကပြင်းထန်လာသည်နှင့် သူ၏အသက်ရှူခြင်းသည် ခက်ခဲလာသည်။ ကောင်းမင် ချိန်းကြိုးကိုဆုပ်ကိုင်ရန်ကြိုးစားလိုက်သည်။ ချိန်းကြိုးအားဆုပ်ကိုင်လိုက်သည်နှင့် သူသည်ကျောက်ရှီ၏စွမ်းအားကို ရရှိသွားမည်ဟုခံစားရသော်လည်း ကျောက်ရှီသည်ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။
ကျောက်ရှီသည် ကောင်းမင်အားတိတ်ဆိတ်စွာ ကြည့်နေလေသည်။ အရိပ်များပျံ့ကြဲသွားခြင်းကြောင့် သူ၏ဒဏ်ရာများနှင့် မျက်လုံးများသည် ပုံမှန်ပြန်ဖြစ်နေလေပြီ။ ဆိုးသည်အရာကား သူ့ခန္ဓာကိုယ်သည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေခြင်းဖြစ်သည်။ ကျောက်ရှီအပြည့်အဝပျောက်ကွယ်သွားသည်နှင့် အနက်ရောင်ချိန်းကြိုးသည် ကောင်းမင်၏ပတ်ပတ်လည် အပြည့်အဝအကောင်အထည်ဖြစ်ပေါ်လာ၏။
"အစ်ကိုကျောက် ၊ ကျွန်တော်အမှန်တရားကိုပြောပြမယ် ၊ အနာဂတ်မှာ ခင်ဗျားကို ပိုများတဲ့မိသားစုတွေနဲ့တွေ့ဆုံရအောင် ခေါ်သွားပေးမယ် "
နာကျင်မှုက ကောင်းမင်၏အမူအရာအား ရှုံ့မဲ့သွားစေသည်။ သူ၏တုန်ယင်နေသောလက်အား တည်ငြိမ်နေစေရန် ကြိုးစားနေရသည်။
ကျောက်ရှီသည်လည်း သူ၏နောက်ဆုံးရွေးချယ်မှုကို ပြုလုပ်လိုက်သည်။ သူသည် သူ့လည်ပင်းအား ဧည့်ခန်းတွင်းရှိမှန်ဆီသို့ ဖြည်းညင်းစွာလှည့်လိုက်သည်။ သူသည် မှန်ထဲတွင် ပြောင်းပြန်ဖြစ်နေသောကမ္ဘာကို မြင်လိုက်ရသော်လည်း မှန်သည် သူ့ပုံရိပ်အား မပြသချေ။ သူ့လက်အား ဖုံးလွှမ်းနေသော အသားမာများနှင့်ဒဏ်ရာများသည် များပြားလာခဲ့သည်။ သို့သော် ကျောက်ရှီသည် မှန်ထဲတွင်မပေါ်ပါ။ သေဆုံးနေသော အလောင်းကောင်သည် တစ်စုံတစ်ရာကို နားလည်သွားဟန်ရသည်။ ကျောက်ရှီသည် တိတ်တဆိတ်သာပြန်လှည့်လိုက်သည်။ သူသည် ကောင်းမင်အား ခုန်ချရန်တွန်းအားပေးခြင်းအား ရပ်တန့်လိုက်သည်။
ဖုန်းထဲရှိ စကားပြောဂရုသည် အတုဖြစ်သည်။ တိုက်ခန်းတွင်သူတစ်ယောက်တည်းသာရှိသည်။ ကျောက်ရှီသည် လှေကားများအောက်သို့ ဆင်းသွားလိုက်သည်။ အရိပ်များသည် သူ့နောက်မှ ဖြည်းညင်းစွာစိမ့်ထွက်သွားကြသည်။ သူဖြတ်လျှောက်သွားသည်နှင့် အခန်းအပူချိန်က မြင့်တက်လာသည်။
"အစ်ကိုကျောက် ၊ ကျွန်တော်ခင်ဗျားကို လိမ်နေတာမဟုတ်ပါဘူး ! "
ကောင်းမင်က ကျောက်ရှီနောက်သို့ ပြေးလိုက်သွားသည်။ ထိုအသံကိုကြားသောအခါ စုံစမ်းရေးမှူးနှင့် ဆရာယောင်တို့က ပြေးထွက်လာကြ၏။
"ကျောက်ရှီထွက်သွားပြီလား ၊" ဆရာယောင်သည် ပေါ့ပါးစွာ အံ့အားသင့်သွားသည်။ သို့သော် စုံစမ်းရေးမှူးသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
"ဒါကို မင်းဘယ်လိုများ လုပ်ခဲ့တာလဲ ၊ မြန်မြန်လေး ၊ ငါဒါကို မှတ်တမ်းတင်ထားဖို့လိုတယ် ! ငါတို့က အာရုံမတက်ခင် မူမမှန်မှုကို ဖြေရှင်းလိုက်တာပဲ ! ၊ လုံးဝအဆန်းတကြယ်ဖြစ်ရပ်ပဲကွ ! "
စုံစမ်းရေးမှူးသည် ကောင်းမင်၏လက်နှစ်ဖက်လုံးကို စိတ်လှုပ်ရှားစွာဖြင့် ဆွဲကိုင်လိုက်သည်။
"အရွယ်ရောက်တဲ့သူတွေတောင် နှစ်သိမ့်ပေးတာတွေ နားလည်ပေးတာတွေ လိုအပ်တာပဲ ၊ ကျွန်တော်က သူ့မိသားစုဖြစ်ချင်ခဲ့ရုံပါ ၊ ဒါပေမယ့် သူက ထွက်သွားခဲ့တယ် "
စုံစမ်းရေးမှူးစတင်ရေးမှတ်နေသောခါ ကောင်းမင်က ချက်ချင်းရပ်တန့်လိုက်သည်။
"အကုန်လိုက်ရေးမနေနဲ့လေ ၊ ကျွန်တော်က ကျောက်ရှီနဲ့ အိမ်နီးချင်းဖြစ်ခဲ့တာကြာပြီ ၊ ဒါကြောင့် ကျွန်တော်က သူနဲ့ ဝေမျှခံစားလို့ရခဲ့တာပဲ ၊ ဒါမျိုးက ပုံတူကူးချလို့မရဘူး "
"ဒါက အရမ်းလေးစားစရာပဲကွ ၊ ငါမင်းကို ပထမဆုံးမြင်ကတည်းက မင်းက ထူးခြားတဲ့လူမှန်း သိသားပဲ "
စုံစမ်းရေးမှူးသည် လက်မလွတ်သေးပေ။
"ခင်ဗျားကျွန်တော့်ကို ပထမဆုံးတွေ့တုန်းက လျစ်လျူရှူခဲ့တာပါ "
"ဒါက အရေးမကြီးပါဘူးကွာ " စုံစမ်းရေးမှူးက ရိုးသားစွာပြောလိုက်သည်။
"မင်းစိတ်ဝင်စားမယ်ဆိုရင် ငါတို့ဆီ လာလို့ရတယ် ၊ ငါမင်းကို ထောက်ခံပေးမယ်လေ ! "
"ကျွန်တော်အလုပ်တစ်ခု မရှာနိုင်ရရင် ကျွန်တော်ဒါကို ဆုံးဖြတ်လိုက်ပါမယ် "
ကောင်းမင်က ကျောက်ရှီ၏အခန်းကို ညွှန်ပြလိုက်သည်။
"သူက သူ့အိမ်မှာအချို့သဲလွန်စတွေချန်ခဲ့နိုင်တယ် ၊ ခင်ဗျားသွားကြည့်သင့်တယ် "
စုံစမ်းရေးမှူးထွက်သွားပြီးနောက် ကောင်းမင်က ဆက်မနေခဲ့ချေ။ သူသည် အောက်ထပ်သို့ပြေးဆင်းသွားလိုက်သည်။ သူသည် ဂိမ်းကိုရှင်းလင်းပြီးနောက် ဆုလာဘ်တစ်ခုရှိပေလိမ့်မည်။ ကျောက်ရှီသည် ထွက်သွားပြီးဖြစ်သည်။ အရိပ်များသည်လည်း ပျောက်ကွယ်သွားလေပြီ။ ဝင်ပေါက်တွင် အဖြူအမည်းလူသေဓာတ်ပုံတစ်ခုရှိနေ၏။ ကောင်းမင်က ဓာတ်ပုံကိုကောက်ယူရန်ပြင်လိုက်သောအခါ သူ့ဘေးရှိဆရာယောင်က အော်ဟစ်လိုက်သည်။
"ဘာမှားနေလို့လဲ "
ကောင်းမင်က ကြည့်လိုက်ရာ ဆရာယောင်သည် သူ့လက်များကို မြောက်နေသည်။ သူ့ခန္ဓာကိုယ်သည် အမှောင်ထုနှင့်အတူ မှေးမှိန်နေခဲ့သည်။
"ငါ....ငါက ထွက်သွားလို့မရနိုင်တဲ့ပုံပါပဲ "
"ဆရာယောင် ! "
အပူချိန်သည် မြင့်တက်လာ၏။ ကော်ရစ်ဒါပေါ်ရှိအလင်းရောင်များ တဖျတ်ဖျတ်ဖြစ်လာကြသည်။ မီးများပြန်လင်းလာသောအခါ ဆရာယောင်သည် ထွက်ခွာသွားပြီဖြစ်သည်။ ထို့နောက် လူသေဓာတ်ပုံတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
ကောင်းမင်သည် ဓာတ်ပုံနှစ်ခုကို ကောက်ယူလိုက်သည်။ ဆရာယောင်၏ အဖြူအမည်းဓာတ်ပုံသည် ပုံမှန်ဖြစ်သည်။ လူအိုကြီးသည် ကင်မရာရှေ့တွင် အကူညီမဲ့စွာဖြင့်ပြုံးပြနေလေသည်။ ဓာတ်ပုံနောက်ကျောဘက်တွင် ကလေးလက်ရေးတစ်ခုလည်းရှိသည်။
"မိသားစုဓာတ်ပုံ (သေဆုံးနေသည့်လူ )
ငါ့နှလုံးသားထဲက အသံကို ငါကြားခဲ့တယ် ၊ အိပ်ရာထဲမှာသေဆုံးခြင်းကို ထိုင်စောင့်နေရပြီး လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာတို့ ဆုံးရှုံးနေရတာနဲ့ နှိုင်းယှဉ်ရရင် ဘဝကိုတွေ့ကြုံခံစားရဖို့ပဲ ငါဆန္ဒရှိတယ် "
အစစ်အမှန်ဘဝတွင် ဆရာယောင်သည် သေနိုင်လော်သောရောဂါဖြင့်နှိပ်စက်ခံနေရသည်။ သူသည် အိပ်ရာထဲကပင်ထွက်မသွားနိုင်ချေ။ ဤကမ္ဘာတွင် သူသည် အသက်ရှင်နေရသောခံစားချက်ကို ပြန်လည်တွေ့ရှိခဲ့သည်။