← Chapters

အဆင့်များ

Vol. 1 Ch. 15

အဆင့်များ

Vol. 1 Ch. 15

အနီးကပ်စစ်ဆေးကြည့်လျှင် ကျောက်ရှီ၏လူသေဓာတ်ပုံသည် တခြားပုံများနှင့်ကွဲပြားသည်။ ဓာတ်ပုံအား အရေးအကြောင်းများနှင့် မျက်ရည်မျယးက ဖုံးလွှမ်းနေသည်။ ချိန်းကြိုးပေါ်ရှိစုဆုံနေသော အမှတ်လက္ခဏာများသည် ကျောက်ရှီနှင့်ကောင်းမင်အားချည်နှောင်ထား၏။

"အနက်ရောင်ချိန်းကြိုးက ရွေ့နေသလိုပဲ ..."

ဓာတ်ပုံထဲတွင် ကျောက်ရှီသည် မှုန်ဝါးဝါးဖြစ်နေသည်။ သူသည် ချိန်းကြိုးမှတဆင့် တစ်စုံတစ်ခုအား ကောင်းမင်ဆီသို့ ပို့ပေးနေပုံရသည်။

"ဓာတ်ပုံတွေနောက်က စကားလုံးတွေက အရိပ်အမွတ်တွေဖြစ်ပုံပဲ ၊ ကျောက်ရှီရဲ့စွမ်းအားကို ရဖို့ဆိုရင် သူ့ရဲ့အတိတ်ကခါးသီးမှုတွေကို လွှတ်ချနိုင်အောင် သူ့အကြောင်းကိုလူတွေပိုသိဖို့ ငါကူညီပေးဖို့လိုတယ် "

"ဒါပေမယ့် ကျောက်ရှီရဲ့စွမ်းအားက ဘာလဲ ၊ ပြုတ်ကျတဲ့ ထိခိုက်မှုကို ဖျောက်ပေးတာလား "

"လူသေဓာတ်ပုံတွေကြားထဲမှာ ကွာခြားချက်အကြီးကြီးရှိတယ် ၊ ကြည့်ရတာ ငါအများကြီးလေ့လာဖို့လိုနေဆဲပဲ "

ကောင်းမင်သည် လူသေဓာတ်ပုံနှစ်ခုအား သိမ်းဆည်းလိုက်သည်။ သူသည် နောက်တစ်ကြိမ်ဂိမ်းထဲဝင်သည့်အခါတွင် သူနှင့်အတူလူသေဓာတ်ပုံအားကို ယူဆောင်သွားရန် စီစဉ်လိုက်သည်။ ၎င်းသည် မိသားစုအတွက် တစ်ဦးအကြောင်းတစ်ဦးသိရန် အကောင်းဆုံးအခွင့်အရေးပေ။

"ချီယန်က ခုထိသေလား ရှင်လားဆိုတာ ငါတွေးမိနေတုန်းပဲ ၊ ဒီအန္တရာယ်များတဲ့မိုးသည်းညလူသတ်သမားက အိမ်ယာထဲမှာ ပုန်းနေနတယ်ဆိုတာ ဆရာယောင်နဲ့ကျောက်ရှီကို သတိပေးထားရမယ် "

ကော်ရစ်ဒါသည် မီးရောင်များလင်းလက်လာ၏။ ကောင်းမင်သည် ငါးလွှာသို့ပြန်လာခဲ့သည်။ သူတံခါးကို တွန်းဖွင့်လိုက်သည်နှင့် ရွှမ်ဝမ်သည် သူ့ပုခုံးပေါ်မှ စုံစမ်းရေးမှူးအား ပစ်ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။

"ခင်ဗျား ဌာနက ကိုယ်ခံပညာတွေ မသင်ရဘူးလား "

စုံစမ်းရေးမှူးသည် ကောင်းမင်က သူ့အားကူညီရန်လာသည်ဟုထင်လိုက်သော်လည်း ကောင်းမင်၏စကားက သူ့အားမျက်ရည်ဝဲသွားစေသည်။

"ငါ ...ငါတို့က သာမန်လူတွေကို ထိခိုက်အောင်မလုပ်ဘူး "

"အရမ်း ဥပဒေလိုက်နာတာပဲဗျာ "

ကောင်းမင်က အခန်းထဲဝင်လိုက်ပြီး တံခါးအား လော့ခ်ချလိုက်သည်။ သူမသည် စုံစမ်းရေးမှူး၏လက်မောင်းအား ထိုးလိုက်ပြီး ကြိမ်းမောင်းလိုက်သည်။

"နင်ဘာလို့ ငါ့အိမ်ရောက်နေတာလဲ "

"ငါ သေတော့မယ် ၊ ငါ့ကိုလွတ်ပါဦး ၊ ငါမင်းကို ရှင်းပြပါ့မယ် "

စုံစမ်းရေးမှူးသည် သူမတ်တပ်မရပ်နိုင်ခင် အကြိမ်များစွာလဲကျနေသည်။

"မင်းတို့နှစ်ယောက်လုံးကို သက်သေတွေဆို ယူဆလို့ရတယ် ၊ ဒါကြောင့် အဲ့ဒါကို မင်းဆီကနေဖုံးကွယ်ထားတာက အဓိပ္ပါယ်မရှိဘူးလေ "

သူသည် သူ့လက်ကောက်ဝက်အား ပွတ်သပ်လိုက်ပြီး သူသိသမျှအားလုံးကို ဝေမျှလိုက်သည်။

"ကျွန်မ သိချင်မိတယ် ၊ ရှင်ပြောတာက ဒီထူးဆန်းတဲ့ဖြစ်ရပ်တွေက ရှင်းလုမှာ လွန်ခဲ့တဲ့နှစ်ဝက်ကတည်းက ဖြစ်ခဲ့တာဆို ၊ ဘာကြောင့် တစ်ယောက်ယောက်က ဘာကိုမှ ဘာမတွေ့ခဲ့တာလဲ "

ရွှမ်ဝမ်၏အသံသည် တေးသီဆိုနေသည့်နှယ်။ သူသာသဲကြီးမဲကြီး တိုက်ခိုက်မခံထားရလျှင် စုံစမ်းရေးမှူးသည် ရွှမ်ဝမ်အား ကျက်သရေရှိသည့် မိန်းကလေးဟုတွေးနေမိမည်ဖြစ်သည်။

"အကျွမ်းကျင်ဆုံးစုံစမ်းရေးမှူးတွေတောင်မှ မူမမှန်ဖြစ်ရပ်မှာ အသက်ရှင်နိုင်စွမ်းက ၃၀ရာခိုင်နူန်းပဲရှိတယ် ၊ သာမန်လူတွေအတွက် အသက်ရှင်နိုင်စွမ်းကတော့ ၁၀ရာခိုင်နူန်းအောက်လျော့လိမ့်မယ် ၊ ဒါတင်မကဘူး ၊ ရှင်ကျန်သူတွေက ပြင်းထန်တဲ့စိတ်ဒဏ်ရာနဲ့ ရင်ဆိုင်ရလိမ့်မယ် ၊ သူတို့ကို ဌာနရဲ့အခမဲ့ကုသရေးစင်တာဆီကို ပို့ပေးရတယ် "

စုံစမ်းရေးမှူးသည် ကောင်းမင်ဘက်သို့ လှည့်လိုက်သည်။

"ဒါကြောင့်ပဲ ငါက သူ့ကိုအရမ်းအထင်ကြီးပြီး ဌာနထဲဝင်စေချင်ရတာပဲ "

"ကျွန်တော်သဘောမတူဘူးဆိုရင် အခမဲ့ကုသခွင့်ကဝေးပြီပေါ့ "

ကောင်းမင်က ထို'စိတ်ဝင်စားဖွယ်'လူအား ကြည့်ရှူလိုက်သည်။

"မဟုတ်ဘူး " ထိုလူက အလေးအနက်ပြောလိုက်သည်။

"ဒါကနောက်ကျရင် သိလာပါလိမ့်မယ် ၊ အခု ငါတို့လုပ်နိုင်တာက သေ‌ချာပေါက်ဖြစ်လာမယ့်အရာကို နှောင့်နှေးအောင်လုပ်ပြီး လူတွေပိုပြီးပြင်ဆင်ချိန်ရအောင် လုပ်ရမှာ "

"ရှင့်ဌာနကို ဘယ်သူမဆိုဝင်လို့ရလား "

ရွှမ်ဝမ်တွင် အစီအစဉ်တစ်ခုရှိပုံရသည်။

"မင်းရဲ့ မိတ်ဆွေက အရမ်းတော်ပြီး ငါတွေ့ဖူးသမျှထဲမှာ အတော်ဆုံးပဲလေ ၊ သူသာ ဌာနကိုဝင်မယ်ဆိုရင် ပိုများတဲ့လူတွေကို ကယ်တင်နိုင်လိမ့်မယ် ၊ ဒါပေမယ့်လည်း ဒါက သူ့ကို အန္တရာယ်အများကြီးရှိစေလိမ့်မယ် "

စုံစမ်းရေးမှူးက သူ၏ကြောက်စရာအမာရွက်ကို ပွတ်သပ်လိုက်သည်။

"ဒါက မူမမှန်ဖြစ်ရပ်တစ်ခုကြောင့် ငါဖြစ်ပျက်ခဲ့တာပဲ ၊ ပြီး ငါအရမ်း‌ကံကောင်းခဲ့တယ် ၊ ဌာနကို ဝင်ခဲ့တဲ့လူတွေထဲမှာ ငါတစ်ယောက်ပဲ အသက်ရှင်ခဲ့တယ် "

"ကျွန်တော် ဒါကို စဉ်းစားလိုက်ပါမယ် "

ဖြစ်ရပ်ဆိုးကြီးပေါက်ကွဲထွက်လာမည့်အချိန်အား ကောင်းမင်မသိပါ။ ဌာနကို ဝင်ရောက်ခြင်းသည် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်ပုံရပေသည်။

"ရှေ့တန်းမှာနေဖို့က အန္တရာယ်များပေမယ့် အန္တရာယ်ရှိတဲ့အခါ၊ ငါတို့မှာ အခွင့်အာဏာတွေ အများကြီးရလိမ့်မယ် "

စုံစမ်းရေးမှူးသည် စကားလမ်းကြောင်းလွှဲလိုက်သည်။

"အနာဂတ်မှာ မင်းက မူမမှန်ဖြစ်ရပ်တွေထဲ ဝင်တိုးမိနိုင်တယ် ၊ ဒါက ငါတို့ရဲ့မပြည့်စုံသေးတဲ့ ရှင်သန်ရေးလမ်းညွှန်ပဲ ၊ ဒါကို မင်းအတွက်လက်ဆောင်ပေးလိုက်မယ် "

စုံစမ်းရေးမှူးသည် ကောင်းမင်၏ဖုန်းကို ထုတ်စေလိုက်ပြီး ဖုန်းနံပါတ်ချင်းလဲလှယ်လိုက်သည်။ ထို့နောက် ဖိုင်တစ်ခုကို ပို့လိုက်သည်။

"မူမမှန်ဖြစ်ရပ်တွေကို သူတို့ရဲ့ ပြင်းထန်မှု ၊ အန္တရာယ်နူန်းနှင့် ဖျက်ဆီးမှုတွေအပေါ်အခြေခံပြီး အဆင့်ခုနှစ်ခုခွဲထားတယ် "

စုံစမ်းရေးမှူးသည် ဖိုင်အကြောင်းကို အလေးအနက်ရှင်းပြနေ၏။

"အဆင့် (၀) - မူမမှန်မှုက ဖြစ်ပွားခဲ့တယ် ၊ ဒါပေမယ့် အန္တရာယ်နူန်းက မရှိသလောက်ပဲ "

"အဆင့် (၁) -မူမမှန်မှုက ဖြစ်ပွားခဲ့တယ် ၊ ဒါပေမယ့် အဲ့ဒါက တကယ့်ဘဝမှာ လူတွေအပေါ်သက်ရောက်မှုမရှိဘူး ၊ လူတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ်သက်ရောက်မှုမရှိဘူး "

"အဆင့် (၂)- မူမမှန်မှုက လူတွေအပေါ် ရှင်းလင်းတဲ့ပုံစံနဲ့ကူးစက်တယ် ၊ အခင်းဖြစ်တဲ့နေရာက လူတွေကို ထူးဆန်းစွာ သက်ရောက်တယ် ၊ အဲ့ဒီမှာပါဝင်ပေမယ့် ထင်ယောင်ထင်မှားဖြစ်တာတွေ ၊ ပုံရိပ်ယောင်တွေကိုမြင်ရတာတွေက ကန့်သတ်မှုမရှိဘူး ၊ မူမမှန်မှု‌ရဲ့သက်ရောက်မှုခံထားရတဲ့လူတွေဟာ မိသားစုမိတ်ဆွေတွေနဲ့ အဆင်မပြေဖြစ်နေတုန်းပဲ "

"အဆင့် (၃) သရဲအစစ်တွေက မူမမှန်မှုမှာ ပေါ်လာတတ်တယ် ၊ ပါဝင်တဲါလူသားတွေက ထိန်းချုပ်မှုကို အပြည့်အဝဆုံးရှုံးသွားကြတယ် ၊ သူတို့ဟာ သူတို့ကိုယ်သူတို့ ဒါမှမဟုတ် တခြားလူတွေကို တိုက်ခိုက်တတ်ကြတယ် ၊ သူတို့ရဲ့စိတ်က ပျက်စီးသွားခဲ့ပြီးပြီ၊ မိသားစုနဲ့မိတ်ဆွေတွေကတောင် သူတို့ကို မကယ်တင်နိုင်ဘူး "

"အဆင့်(၄) မူမမှန်ဖြစ်ရပ်က ပျံ့နှံ့တဲ့လက္ခဏာတွေပြလာမယ် ၊ အကြောက်တရားကို ဖြန့်ကျက်ပြီးရင် မူမမှန်ဖြစ်ရပ်ရဲ့ ပင်မနေရာကိုသက်ရောက်စေတဲ့သရဲက လျှင်လျှင်မြန်မြန်ကြီးထွားလာလိမ့်မယ် ၊ သူက အဆိုးမြင်စိတ်တွေ ၊ သတ်ဖြတ်လိုစိတ်တွေနှင့် သွေးထွက်သံယိုတွေကို စားသုံးလိမ့်မယ် "

"အဆင့်(၅) မူမမှန်ဖြစ်ရပ်ဟာ ကြီးမားပြီး ရောဂါပိုးတစ်ခုကို ပျံ့နှံ့တယ် ၊ သရဲတွေက အရွယ်ရောက်လာကြတယ် ၊ သူတို့ဟာ လူတွေရဲ့နှလုံးသားမှာ အမြစ်တွယ်နေပြီး သတ်ဖြတ်ရတာ အလွန်အမင်းခက်တယ် "

"အဆင့် (၆) မူမမှန်မှုဟာ ဝက်အူရစ်လို ထိန်းချူပ်မှုကနေလွတ်ထွက်သွားလိမ့်မယ် ၊ အဲ့ဒီဖြစ်ရပ်တွေကို မဖြေရှင်းနိုင်ခဲ့ရင် သူတို့ဟာ လက်တွေ့ကျတဲ့အကြောက်တရားအဖြစ် ပြောင်းလဲသွားလိမ့်မယ်၊ စုံစမ်းရေးမှူးတိုင်းက အဆင့်၆ မူမမှန်မှုမဖြစ်ပွားဖို့အတွက် အရာရာတိုင်းကို စတေးပြီးကာကွယ်ကြရလိမ့်မယ် "

"ငါတို့က အဆင့်(၃)မူမမှန်မှုကိုပဲ ကြုံခဲ့ရတာ ဘာလို့လဲဆိုတော့ အဲ့ဒီမှာ သရဲတစ်ကောင်ပဲ ရှိလို့ပဲ ၊ အရိုးသားဆုံးပြောရရင် ဒီနေရာမှာ မင်းရှိမနေခဲ့ရင် ငါသေနေလောက်ပြီ ၊ "

စုံစမ်းရေးမှူးသည် ရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားဟန်ရှိသည်။

"စကားမစပ် ငါတို့နဲ့အတူရှိနေတဲ့လူအိုကြီးကကော ဘယ်ရောက်သွားလဲ "

"သူက ပထမထပ်ကိုရောက်တော့ ပျောက်သွားတာပဲ "

ကောင်းမင်သည် လူသေဓာတ်ပုံအကြောင်းကိုပြောပြလိမ့်မည်မဟုတ်ပေ။

"ဒါက ဆိုးတာပဲ !"

စုံစမ်းရေးမှူးသည် စိတ်လှုပ်ရှားစွာပြောလိုက်ပြီးပြေးထွက်သွားသည်။

"လူအိုကြီးက မူမမှန်ဖြစ်ရပ်ထဲမှာ ထောင်ချောက်မိနေပြီဟ! "

ကောင်းမင်သည် အခန်း၂၇၀၇သို့သွားနေသောစုံစမ်းရေးမှူးနောက်သို့ လိုက်ပါသွားသည်။ ဆရာယောင်၏ ဝင်သက်ထွက်သက်သည် ရပ်တန့်နေပေပြီ။ သူ့သမီးက ဆေးရုံကားကို ခေါ်လိုက်သော်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။ ဆရာ‌ယောင်၏ ညိုးလျော်နေသော ခန္ဓာကိုယ်သည် နံရံပေါ်ရှိ ဆုတံဆိပ်များစွာနှင့် သိသိသာသာ ကွာခြားနေသည်။ သူငယ်စဉ်က ဓာတ်ပုံသည် စားပွဲဘေးတွင် ထောင်လျက်ရှိနေဆဲဖြစ်သည်။

"လူအိုကြီးက သူ့ကိုယ်ပိုင်ရွေးချယ်မှုလုပ်သွားတာပဲ"

လူအိုကြီးသည် ဤနေရာတွင်မရှိတော့သော်လည်း အခန်းသည် အေးစက်မနေချေ။ ကြည့်ရသည်မှာ သူသည် သက်သာရာကို ရှာတွေ့သွားဟန်ရသည်။ ဆေးရုံကားသည် ဆရာယာင်၏အလောင်းအား သယ်ဆောင်သွားပြီးနောက် ကောင်းမင်သည်ရွှမ်ဝမ်နှင့်အတူ အခန်း၂၅‌၀၇သို့ ပြန်လာခဲ့သည်။ နောက်ဆုံးတွင် သူတို့၏ကိုယ်ပိုင်အချိန်ရှိလာပြီဖြစ်သည်။

"ကျွန်မရဲ့ ခြောက်ခြားဂိမ်းကို ဒီဦးလေးကြီးနဲ့ ဖြေရှင်းခဲ့တာပေါ့လေ "

ရွှမ်ဝမ်က ကျက်သရေရှိသောအပြုံးဖြင့် ကောင်းမင်ကို လေ့လာလိုက်သည်။

"ဒီလိုတော့ မပြောပါနဲ့ ၊ ငါမင်းကို ခေါ်သွားချင်ပေမယ့် မင်းမှ ပေါ်မလာတာပဲ "

ကောင်းမင်က ကျောက်ရှီ၏လူသေဓာတ်ပုံကို ထုတ်လိုက်သည်။

"မင်းပေးခဲ့တဲ့ လူသေဓာတ်ပုံအလွတ်က မရှိတော့ဘူး ၊ ကြည့်ရတာ လက်မှတ်တွေက တစ်ကြိမ်ပဲ သုံးလို့ရတာထင်တယ် "

"ထူးဆန်းတယ် ၊ ဒါကြောင့် ကျွန်အ အပြင်မှာ ချုပ်နှောင်ခံထားရတာပဲ "

ရွှမ်ဝမ်က တဖြည်းဖြည်းနီးကပ်လာ၏။

"ဂိမ်းတွေက အရမ်းအန္တရာယ်များတယ် ၊ ရှင် ဒါကို ဘယ်လိုဖြေရှင်းခဲ့တာလဲ "

"စုံစမ်းရေးမှူးပြောသလိုပဲ မတော်တဆမှုက အဆင့် ၃ မှာပဲ ရှိသေးတယ် ၊ ဒါပေမယ့် ဂိမ်းထဲက သရဲက သူ့ဘာသာ ကြီးထွားလာဖို့ အလားအလာရှိတယ် "

ကောင်းမင်သည် ကျောက်ရှီဓာတ်ပုံအား ရွှမ်ဝမ်ကို ပေးရန် အစီအစဉ်မရှိသော်လည်း သူမကို ဘာမှမပေးနိုင်ခဲ့ပေ။

"ဒီပုံကို ကြည့်လိုက်ပါ ၊ မင်းကို ပိုသန်မာလာပြီး ပိုအစစ်အမှန်ဖြစ်ဖို့ ငါနောက်နည်းလမ်းတစ်ခု ရှာတွေ့ခဲ့တယ် "

"ဓာတ်ပုံထဲက ချိန်းကြိုးတွေက လှုပ်ရှားနေတယ် ၊ ဒါက ဘာလဲ "

ရွှမ်ဝမ်က ဓာတ်ပုံနှင့်ပတ်သက်၍ ထူးခြားသည့်အရာကို သတိပြုမိသည်။

"ဒါကို မိသားစုတွေကြားက စာချုပ်လို့ နားလည်လို့ရတယ် ၊ ငါ သူ့စွမ်းအားကို ရနိုင်တယ် ဒါပေမယ့် သူ့နာကျင်မှုတွေကို လူတွေ ပိုသိအောင် လုပ်ဖို့လိုတယ် ..."

ကောင်းမင်က ‌ဓာတ်ပုံနောက်ကျောကို လှန်ကြည့်လိုက်သည်။

"ငါ ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားထားတာ ရှိတယ် ၊ ကျောက်ရှီရဲ့ ဇာတ်လမ်းကို လူတွေပိုသိအောင် လုပ်နိုင်မယ်ဆိုရင် ကျောက်ရှီက အဲ့ဒီကနေ တစ်ခုခု ရနိုင်မလားပေါ့ ၊ ကမ္ဘာနှစ်ခုထပ်နေတဲ့အန္တရာယ်များတဲ့နေရာဆီ လူသားတွေခေါ်လာဖို့က မလိုအပ်ဘူး ၊ ငါတို့ ကျောက်ရှီရဲ့ဇာတ်လမ်းကို ဂိမ်းတစ်ခုအဖြစ် ပြောင်းရမယ်ထင်တယ် ၊ ဒီဂိမ်းက ကျောက်ရှီရဲ့ ဂူသင်္ချိုင်းပဲ ၊ ကစားတွေ ဂိမ်းကို ကစားတဲ့အချိန်ကျရင် သူတို့ရဲ့ခံစားချက်တွေက ကျောက်ရှီကို သက်ရောက်စေလိမ့်မယ် "

"ကျွန်မနားလည်ပြီ ဒါပေမယ့် ရှင့်ကိုတော့ တစ်ခု သတိပေးရမယ် ၊ ရှင့်ဂိမ်းတွေက ဥမင်ထဲမှာ ရှင်တစ်ခုခုနဲ့ကြုံတွေ့ခဲ့ရလို့ အစစ်အမှန်ဖြစ်လာတာ ၊ ရှင်မွေးလာကတည်းကပါလာတဲ့ စွမ်းအားတချို့ကြောင့်မဟုတ်ဘူး ၊ ရှင့်ရဲ့အနာဂတ်ဂိမ်းတွေကို အစစ်အမှန်အဖြစ်ပြောင်းလဲချင်တယ်ဆိုရင် ကျွန်မစိုးရိမ်တာက ကိစ္စတွေကို အဖြေရှာဖို့ ဥမင်ထဲ ရှင်ပြန်သွားရမှာကိုပဲ "

"ငါ ဂိမ်းတွေ ထပ်လုပ်ဖို့ မရည်ရွယ်ပါဘူး ၊ ကျောက်ရှီရဲ့ ဇာတ်လမ်းကို လူတွေကို ပိုသိလာဖို့ ဒီအကြံကို အသုံးပြုချင်ရုံပါပဲ "

ကောင်းမင်က သဘာဝကျကျ ကျောက်ရှီ၏ဓာတ်ပုံကို သိမ်းဆည်းလိုက်သည်။

"ကျောက်ရှီသာ ဒီကနေ ပြောင်းလဲခဲ့မယ်ဆိုရင် မင်းဘဝက ပိုလုံခြုံတဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာမှာပါ”

"ဘာလို့လဲ၊ ရှင် ကျွန်မကိုစားဖို့ ကြံစည်နေတာလား "

ရွှမ်ဝမ်က ကြိုးတုတ်ခံထားရသကဲ့သို့ သူမလက်များကို နောက်သို့ ပို့လိုက်သည်။

"ဒီလိုပြောနေတာတွေ ရပ်လိုက်တော့ "

ကောင်းမင်က သူ့အိတ်ကို သယ်၍ အလျင်အမြန်ထွက်သွားလိုက်ပြီး

"ငါက အဲ့လိုလူမျိုးနဲ့ တူနေလို့လား "

All Chapters