ကိတ်မုန့်နဲ့မိဘတွေ
Vol. 2 Ch. 16
ကောင်းမင်သည် မိုးရွာရွာဖြင့် အိမ်သို့ပြန်ပြေးလာခဲ့သည်။ သူ့နေ့သည် အလွန်ဆန္ဒပြည့်ဝခဲ့သည်။ ထောင်ထဲတွင် အလုပ်လုပ်သည်ထက် အများကြီး ပိုစိတ်လှုပ်ရှားစရာကောင်းပေသည်။
ကောင်းမင်က တံခါးပိတ်လိုက်ပြီး လူသေဓာတ်ပုံများကို စားပွဲပေါ်တင်ထားလိုက်သည်။
"ခြောက်ခြားဂိမ်းက အစစ်အမှန်နဲ့ အပြည့်အဝပေါင်းစည်းသွားတဲ့အချိန်ကျရင် ဓာတ်ပုံထဲက လူတွေက ပြန်ရောက်လာကြမှာလား ၊ ဒါပေမယ့် သူတို့က သူတို့ပဲ ဖြစ်နေကြဦးမှာလား "
ကောင်းမင်က ဆရာယောင်ကို ကြည့်လိုက်သည်။ထိုလူအိုကြီးသည် ထိုနေရာရှိဘဝသစ်ဖြင့် မကိုက်ညီမည်ကို သူစိုးရိမ်နေခြင်းဖြစ်သည်။ခြောက်ခြားဇာတ်လမ်းများကို သူနောက်တစ်ကြိမ်လှုံ့ဆော်သည့်အချိန်ကျလျင် ကျောက်ရှီနှင့်ဆရာယောင်တို့၏ ဓာတ်ပုံကို သူနှင့်အတူ ယူဆောင်သွားပြီဖြစ်သည်။ညသည် မှင်ကဲ့သို့ မှောင်မဲနေ၏။တစ်နေ့လုံး ဘာမှ မစားရသေးသဖြင့် ကောင်းမင် ရေခဲသေတ္တာကို ဖွင့်လိုက်သည်။သို့သော်လည်း သူ့တွင် စားချင်သည့်အာသီသမရှိပေ။ပထမဂိမ်း၏ အဖြစ်အပျက်က သူ့စိတ်ထဲတွင် ကျန်နေဆဲဖြစ်သည်။
"ငါ အော်ဒါမှာစားလို့ရတာပဲ ၊ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပြီးသွားရင် ဒီလိုဇိမ်ရှိတဲ့ညတွေ ရှိတော့မှာ မဟုတ်ဘူး "
ကောင်းမင်က သူ့ဖုန်းကို ထုတ်လိုက်သည်။သူက သတိလက်လွတ်ဖြင့် ဖုန်း၏ စတင်မျက်နှာပြင်ကို စိုက်ကြည့်နေမိသည်။ သူ့ screen wallpaper သည် ရှင်းလု၏အိမ်တွင် ရိုက်ထားသောပုံဖြစ်သည်။ပုံထဲတွင် ကောင်းမင်နှင့်သူ့မိဘများသည် ညစာစားပွဲတွင်ထိုင်နေကြခြင်းဖြစ်သည်။အလုပ်အားလပ်ရက်တွင် သူအိမ်ပြန်ခဲ့ခြင်းဖြစ်သည်။
သူ့မိခင်သည် ဧပရွန်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ဟင်းပွဲများကို သယ်လာခြင်းဖြစ်သည်။သူမသည် ကောင်းမင် သူ့အလုပ်တွင် အခြေကျပြီးနောက် ရည်းစားရှာသင့်ကြောင်း ညည်းတွားနေ၏။ သူ့အမေ စိတ်ရှုပ်နေချိန်တွင် သူ့အဖေက ခိုးကြောင်ခိုးဝှက်ဖြင့် ဘီယာတစ်ကျိုက်ခိုးသောက်လိုက်သည်။ကောင်းမင်သည် အကူအညီမဲ့စွာဖြင့် အမေဖြစ်သူ တကျည်ကျည်လုပ်နေသည်ကို ခေါင်းငုံ့ခံနေရလေသည်။
ဓာတ်ပုံသည် အလွန်ပျော်ရွှင်ဖွယ်ကောင်းသော်လည်း ကောင်းမင်က သူ့ဆံပင်ကိုဆွဲလိုက်ရာ နာကျင်သွားသည်။ဓာတ်ပုံက သာမန်ပါပဲ ဒါပေမယ့်.....ဒါကို ဘယ်သူရိုက်ပေးတာလဲ ။
ဖုန်းသည် တော်တော်ဝေးဝေးတွင် ရှိနေပြီး အချိန်မှတ်သည့်ကင်မရာနှင့် ရိုက်ထားပုံမရချေ ။ထိုအချိန်က အိမ်ထဲတွင် လေးယောက်မြောက် လူရှိပုံရသော်လည်း ထိုလူသည် ဘယ်သူမှန်း ကောင်းမင် မမှတ်မိချေ။
"စုံစမ်းရေးမှုးပြောတာက မူမမှန်ဖြစ်ရပ်ထဲမှာဆိုရင် ဆက်သွယ်ရေးတွေ အကုန်ပြတ်တောက်သွားတတ်တယ်တဲ့ ဒါပေမယ့် ငါပိတ်မိနေတဲ့ သုံးရက်အတွင်း ငါ့မိဘတွေက ငါ့ကို ဖုန်းခေါ်ခဲ့တယ် ၊ သူတို့အသံကတော့ အရမ်းပုံမှန်ပါပဲ ....."
ကောင်းမင်ဆက်မတွေးဝံ့တော့ပေ။
"မူမမှန်ဖြစ်ရပ်က လွန်ခဲ့တဲ့ တစ်နှစ်ခွဲက ရှင်းလုမှာ စတင်ခဲ့တာ ၊ ငါ့ကို စကားပြောခဲ့တာက အမြဲတမ်း အခြား တစ်ယောက်ယောက်ပဲလား "
ကောင်းမင်သည် စိတ်ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူ့မိသားစုနှင့်ရင်းနှီးသည်။သူ့ကို အလွယ်တကူအရူးလုပ်လို့ မရပေ။မုန်တိုင်းက လမ်းများကို ပိတ်ဆို့နေသဖြင့် ရှင်းလုသို့ သူပြေးသွားလို့မရပေ။ ကောင်းမင်က စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ဆစ်များကို တဖျောက်ဖျောက်ချိုးနေမိသည်။အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ကောင်းမင်က ရင်းနှီးသော ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။ဖုန်းသံမှာ ခေါ်ဆို၍မရနိုင်ပါဟူ၏။
"ဘယ်သူမှ မကိုင်ဘူးလား "
ကောင်းမင်က သူ့အခန်းထဲ ခေါက်တုန့်ခေါက်ပြန်လျှောက်လိုက်သည်။သူသည် အကြိမ်များစွာ ဖုန်းခေါ်ခဲ့သော်လည်း ဘယ်သူမှ မကိုင်ကြပေ။
"ဘာလို့ ဘယ်သူမှ ဖုန်းမကိုင်တာလဲ "
ကောင်းမင် ပြန်ထိုင်လိုက်သည်။သူက မိသားစုဓာတ်ပုံကို ကြည့်၍ သူ့အိမ်ကို ခုနှစ်ကြိမ်မြောက်ဖုန်းခေါ်လိုက်သည်။
မိုးရွာသံများ တိတ်ဆိတ်သွားသည်။အေးစက်မှုသည် မြွေတစ်ကောင်ကဲ့သို့ အခန်းထဲ တွားဝင်လာ၏။အပူချိန်လျှော့ကျသွားသည်နှင့် ဓာတ်ပုံထဲမှ အမေများထဲမှ တစ်ယောက်က ပြုံးလိုက်ကြောင်း ကောင်းမင်မြင်လိုက်ရသည်။
ဖုန်းက ရုတ်တရက်ဝင်သွားလေသည်။
"ဟယ်လို "
ကောင်းမင် ထခုန်လိုက်သည်။ ဖုန်းထဲမှ အသံတစ်ခုသူကြားလိုက်ရပြီး ယင်းမှာ တစ်ခုခုကို ဆွဲထုတ်နေသည့်ဟန်ပင်။
"ဟယ်လို ကြားရလား ကျွန်တော်ပါ ကောင်းမင်လေ! "
ဧည့်ခန်းမီးများ ပြေးထွက်သွား၏။ကော်ရစ်ဒါမှ ခြေသံများထွက်ပေါ်လာလေသည်။ကောင်းမင်သည် သူ့ခန္ဓာကိုယ်အပူချိန် ထိုးဆင်းသွားကြောင်း ခံစားလိုက်ရသည်။
"မင်း ဘယ်သူလဲ "
"အဲ့ဒီမှာပဲနေ...."
သူ့မိခင်အသံက ဖုန်းမှ တဆင့်ထွက်ပေါ်လာ၏။အရိပ်သည် တစ်ခန်းလုံး လွှမ်းခြုံသွားသည်။အပူချိန် ထိုးကျသွားသည်။ကောင်းမင်က ဖုန်းချချင်သော်လည်း ရှင်းလင်းသော အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာ၏။
"အဲ့ဒီမှာနေ ! အဲ့ဒီမှာနေ ! အဲ့ဒီမှာနေ ! "
ခြောက်ခြားဖွယ်အသံသည် ကောင်းမင်၏နားစည်ကိုပင် ကွဲမတတ်ဖြစ်သွားစေသည်။သူသည် သူ့'ဖခင်များ'နှင့် သူ့ 'မိခင်များ' ထံ ပြန်ရောက်သွားချေပြီ။သူ့ခန္ဓာကိုယ်အား မမြင်ရသော လက်များဖြင့် ချုပ်နှောင်ထားသလို ခံစားနေရသည်။အရိပ်များက ကောင်းမင်ကို ဝါးမြိုမည်ပြုစဉ်တွင် လူတစ်ယောက်က တံခါးခေါက်လိုက်လေသည်။
"ခင်ဗျားရဲ့ အော်ဒါရောက်ပါပြီခင်ဗျ ! လူရှိပါသလား ၊ ကျေးဇူးပြုပြီး ဖုန်းကိုင်ပေးပါ ! "
အရိပ်၏တစ်စိတ်တစ်ပိုင်းက တံခါးဆီပြေးထွက်သွား၏။ကောင်းမင်က ရုန်းကန်လိုက်ပြီး နောက်ဆုံးတွင် ဖုန်းချနိုင်သွားသည်။အခန်းအပူချိန်ကား ချက်ချင်းမြင့်မားလာလေသည်။နွေးထွေးသောအလင်းရောင်များသည် အခန်းကို တစ်ဖန် ပြန်လည်ဖုံးလွှမ်းသွားသည်။ကောင်းမင်မှာ ရှေ့တံခါးဆီ ပြေးတော့သည်။
ဒလီဗာရီကောင်လေးသည် ကော်ရစ်ဒါသို့ ကောင်းမင်ပြုတ်ကျလာသည်ကို မြင်သောအခါ ထိတ်လန့်သွားသည်။သူ့အဝတ်အစားများသည် ဖရိုဖရဲဖြစ်နေပြီး လေကို အငမ်းမရရှုရှိုက်နေခြင်းဖြစ်သည်။
"ဘယ်အချိန်ကတည်းက ဖုန်းအလဲခံလိုက်ရတာလဲ ၊ နှစ်ဝက်လုံးလုံး ငါသရဲတွေနဲ့ ဖုန်းပြောနေခဲ့တာလား "
ကောင်းမင်၏ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှုကို ခံစားနေရသည်။သူ့လက်များ တုန်ယင်နေခြင်းမှာ ရပ်တန့်မရပေ။
ဒလီဗာရီကောင်လေးက ကြောင်အနေခဲ့သည်။သူက ကောင်းမင်ကို မကူညီရဲပေ။သူသည် မတ်တပ်ရပ်နေရင်း ထောင့်သို့ဆုတ်လိုက်ပြီး ဂရုတစိုက်ပြောလိုက်သည်။
"အစ်ကိုကြီး ....ခင်ဗျားမှာထားတဲ့ ထမင်းရောက်ပါပြီ "
"မင်းကို ဒုက္ခများစေမိလို့ အစ်ကိုတောင်းပန်ပါတယ်ကွာ "
ကောင်းမင်က ကြမ်းပြင်ပေါ်မှ ကုန်းထလိုက်ပြီး ထိုလူငယ်လေးကို ကျေးဇူးတင်စွာကြည့်လိုက်သည်။သူသာ တံခါးမခေါက်ခဲ့ပါက ဖြစ်ပျက်သွားမည့်အရာကို ဘယ်သူမှ မသိနိုင်ပေ။
"မင်းနာမည် ဘယ်လိုခေါ်လဲ ၊ တံခါးခေါက်နေတာ ဘယ်လောက်ကြာသွားပြီလဲ ၊ အစ်ကို မင်းကို နှောင့်နှေးစေခဲ့ရင် လျော်ကြေးပေးပါ့မယ် "
"ဆုမိုပါ ၊ ခင်ဗျားရီဗျူးကောင်းကောင်းလေးပေးရင် ရပါပြီဗျ "
ဒလီဗာရီကောင်လေးသည် ကောင်းမင်ထံ အစားအစာများ လှမ်းပေးလိုက်သော်လည်း ကောင်းမင်က သူ့အိတ်ထဲနိူက်၍ ယွမ် ၂၀၀ ထုတ်လိုက်သည်။သူက ပိုက်ဆံကို လူငယ်လေးဆီ ထိုးထည့်ပေးလိုက်သည်။
"အစ်ကိုကြီ ခင်ဗျား ဘာလုပ်တာလဲဗျ"
"ဒါက မင်းအတွက်ပါ "
ကောင်းမင်က သူ့အိတ်ထဲရှာဖွေလိုက်ပြီး နောက်ဆုံးသူ့ဖုန်းကို ရှာတွေ့သွားသည်။
"အစ်ကိုက ငွေသား သိပ်သုံးလေ့မရှိဘူး ၊ မင်း အစ်ကို့ကို သူငယ်ချင်းစာရင်းထဲ ထည့်လိုက်လေ ပြီးရင် ကျန်တဲ့ငွေကို အစ်ကိုပို့ပေးလိုက်မယ် "
"အဆင်ပြေပါတယ် ၊ ငါးမိနစ်ပဲကျော်သွားတာပါ ၊ မလိုပါဘူးခင်ဗျ "
လူငယ်လေးက ခေါင်းခါလိုက်သည်။သူက ပိုက်ဆံနှင့်အစားအစာကို ကောင်းမင်ထံ ပြန်ပေးချင်နေ၏။
"မင်းနဲ့ တန်ပါတယ်ကွ"
ကောင်းမင်က ပြောလိုက်သည်။
"မင်း အပြင်မှာ စောင့်နေတုန်းက ထူးထူးဆန်းဆန်း တစ်ခုခုကို မြင်မိ ကြားမိသေးလား "ကြားမိသေးလား "
"ဟင့်အင်း "
ထိုလူငယ်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းခါလိုက်သည်။
"ကြည့်ရတာ သရဲမိဘတွေက ဓာတ်ပုံထဲက ထွက်သွားမရတဲ့ပုံပဲ "
ကောင်းမင်က သူ့အိမ်ထဲရှိ စောင့်ကြည့်ရေးမှတ်တမ်းများကို စစ်ဆေးလိုက်သည်
"သရဲလား "
ဒလီဗာရီကောင်လေးသည် ရှင်းရှင်းလင်းလင်းမကြားလိုက်ရပေ။သူက ကောင်းမင်၏ဖုန်းစခရင်ကို စပ်စပ်စုစု ကြည့်လိုက်သည်။
ဗီဒီယိုထဲတွင် ကောင်းမင်သည် အိမ်သို့ပြန်လာခါစဖြစ်သည်။သူသည် တစ်စုံတစ်ယောက်ကို ခေါ်ဆိုရန် ဖုန်းကို ကောက်ကိုင်လိုက်သော်လည်း ရုတ်တရက် တသိမ့်သိမ့်တုန်လာလေသည်။ထို့နောက် သူစိတ်လွတ်သွားပုံရ၏။သူသည် သူ့လက်များကို ပတ်ပတ်လည်သို့ ရူးသွပ်စွာ ဝေ့ယမ်းနေတော့သည်။
ဒလီဗာရီကောင်လေး၏အမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။အစားအသောက်နှင့်ပိုက်ဆံကို ကိုင်ထားသော သူ့လက်သည် တုန်ယင်လာ၏။သူ့ရှေ့မှ လူကား ရူးနေခြင်းဖြစ်သည်။
အဲဒီ့နောက် ကော်ရစ်ဒါတွင် မီးများ ပြန်လင်းလာလေသည်။ ဖုန်းမှ မီးရောင်မှိန်ဖျော့ဖျော့သည် ကောင်းမင်၏ မျက်နှာတစ်ဝိုက်တွင်သာ ဖုံးလွှမ်းလျက်ရှိသည်။သူတို့ မျက်လုံးချင်း ဆုံသွားလေသည်
"...."
"....."
"အစ်ကိုကြီး ကျွန်တော့်ကို ဒီလိုကြီး မကြည့်ပါနဲ့ဗျာ ၊ ကျွန်တော်ကြောက်လို့ပါ "
လူငယ်လေးသည် ငိုချမတတ်ဖြစ်နေ၏။
"ကျွန်တော်က ဒီနားက တက္ကသိုလ်ကျောင်းသားလေးပါ ၊ ဒလီပို့တာက ကျွန်တာ့်အချိန်ပိုင်းအလုပ်ပါ ၊ အစ်ကိုကြီးကို စိတ်အနှောင့်အယှက်ဖြစ်စေတာရှိရင် ခွင့်လွှတ်ပေးပါ "
"မကြောက်ပါနဲ့ ငါက သာမန်လူတစ်ယောက်ပါပဲ "
"ဘယ်လိုသာမန်လူက သူတို့ကိုယ်သူတို့ သာမန်လူပါလို့ ပြောမှာလဲ "
ဒလီကောင်လေးသည် အလွန်ကြောက်ရွံ့နေခြင်းဖြစ်သည်။ဟိုးအရင်ကတည်းက လီကျင်းအိမ်ရာများသည် ဖုန်းရွှေမကောင်းကြောင်း သူကြားဖူးခဲ့သည်။ယင်းသည် မှန်ကန်ကြောင်း နောက်ဆုံးတွင် သူအတည်ပြုလိုက်နိုင်သည်။ကောင်းမင်ရှင်းမပြရသေးခင် လူငယ်လေးသည် အစားအသောက်များနှင့်ပိုက်ဆံများကို ပစ်ချခဲ့ပြီး အောက်ထပ်သို့ ဆင်းပြေးသွားလေတော့သည်။
"ဒီနေ့ခတ်လူငယ်တွေအားလုံး အရမ်းရှက်တတ်ကြတာလား "
ကောင်းမင်က ပိုက်ဆံနှင့်အစားအသောက်များကို ကောက်လိုက်ပြီး အခန်းထဲ ပြန်ဝင်လိုက်သည်။သူက ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်စဉ်းစားလိုက်သည်။
"ဓာတ်ပုံကိုကြည့်နေရင်း အိမ်ကို ငါဖုန်းခေါ်ခဲ့တာ ၊ ဓာတ်ပုံထဲက မိဘတွေက ပြောင်းလဲသွားပြီး အရိပ်ထဲက ထွက်လာကြတာပဲ "
"ဒါက ကြောက်စရာကောင်းတယ်ဆိုရင်တောင် ကောင်းကောင်းအသုံးချနိုင်ရင် ဝှက်ဖဲတစ်ချပ်ဖြစ်လာလိမ့်မယ် "
ကောင်းမင်၏စိတ်ထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာ၏။သူ ကျောက်ရှီနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ့သရဲမိဘများက ကိတ်မုန့်များကိုင်လျက် ဝင်လာကြသည်ဟူ၏။