မစ်ရှင်
Vol. 2 Ch. 17
"လူသေဓာတ်ပုံတိုင်းမှာ သူတို့ကို နိူးဆွမယ့် ကိုယ်ပိုင်နည်းလမ်းတွေရှိရမယ် ၊ ငါ အဲဒါကို ကျွမ်းကျင်ပြီးရင် ငါ့မိသားစုနဲ့ အရာအားလုံးကို ဝေမျှနိုင်ရမယ်”
ကောင်းမင်စားသောက်ပြီးနောက် လူသေဓာတ်ပုံများကို သူ့ပတ်ပတ်လည်တွင် ထားလိုက်သည်။
"ငါသာ ငါလိုတဲ့အချိန်တိုင်း ငါ့သရဲမိဘတွေကို ကိတ်မုန့်တွေ လာပို့ခိုင်းနိုင်ရင် သူတို့က ငါ့ကို ကာကွယ်ပေးနိုင်လိမ့်မယ် ၊ ဒါပေမယ့် ပရမ်းပတာတွေကြားမှာ ငါအကူအညီတွေ ပိုရဖို့လိုတယ် "
ကောင်းမင်စိတ်ထဲတွင် ရွှမ်ဝမ်မျက်နှာက ဖျတ်ခနဲပေါ်လာ၏။ထိုလူသတ်သမားအမျိုးသမီးသည် အမျိုးသမီးဇာတ်ကောင်ရှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး ကောင်းမင်ကို ရှာတွေ့ခဲ့သည်။သူမ၏အစီအစဉ်သည် မြန်ဆန်တိကျသည်။သူမသည် အလွန်ကြောက်စရာကောင်းသောသူဖြစ်သည်။သူမသည် ကောင်းမင်၏ဂိမ်းကြောင့် အမည်မသိကမ္ဘာ၏ လွှမ်းမိုးမှုခံရနေရခြင်းဖြစ်သည်။သူမသည် ကောင်းမင်ထံ အချစ်နှင့်အတူ ယှက်နွယ်လာခြင်းဖြစ်သည်။သို့သော်လည်း သူမသည် အမှန်တကယ် ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်သူဖြစ်သည်။သူမသည် ကောင်းမင်ကို တွန်းလှန်ရန် သူမကိုယ်သူမ သန်မာလာလိုခြင်း ဖြစ်နိုင်သည်။ရွှမ်ဝမ်သည် အလွန်ကောင်းမွန်သော 'လုပ်ဖော်ကိုင်ဖက်' တစ်ယောက်ဖြစ်သည်။ ကောင်းမင်က သူမကို ကူညီချင်သော်လည်း သူတို့သည် လုပ်ဖော်ကိုင်ဖက်များသာ ဖြစ်ကြသည်။
"ငါ့ဂိမ်းတွေထဲမှာ ရွှမ်ဝမ်လိုလူတွေ အများကြီးရှိတယ် "
ကောင်းမင်သည် ဖြစ်ရပ်မှန်မှုခင်းများအပေါ် ဒီဇိုင်းထုတ်ထားသော သူ့ဂိမ်းများကို ပြန်စဉ်းစားလိုက်သည်။
"ရာဇဝတ်မှုခင်းပေါင်း ၃၆ခုကြားမှာ နတ်ဆိုးတွေ ၊ စိတ္တဇသမားတွေ နဲ့ တဏှာရူးတွေ ရှိကြတယ် ၊ ဒါပေမယ့်လည်း သွေးစွန်းဖြစ်ရပ်တွေအထိ ဖိအားပေးခံခဲ့ရတာ လူနဲနဲပဲရှိတယ် ၊ သူတို့က လက်တွေ့ကမ္ဘာမှာ အကြမ်းဖက်မှုတွေ မလုပ်နိုင်ဘူး "
တစ်ဦးတစ်ယောက်မှ ရာဇဝတ်သားတစ်ယောက်အဖြစ် မွေးဖွားလာခြင်းမဟုတ်ပေ။များစွာသောရာဇဝတ်မှုကျူးလွန်လိုမှု ဆန္ဒများသည် အချိန်ကြာမြင့်စွာ စုပေါင်းလာပြီးမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဦးနှောက်ဓာတ်ပြုမှု မညီမျှသော အရူးအချို့သည် သူတို့၏ မိသားစုမှ ချစ်ခြင်းမေတ္တာနှင့်အတူ ထူးထူးခြားခြား ကြီးပြင်းလာကြသည်။အချို့သည် သဘာဝအားဖြင့် ကြင်နာတတ်သူများ ဖြစ်သော်လည်း ပတ်ဝန်းကျင်၏ဖိအားပေးမှုကြောင့် မကောင်းဆိုးဝါးများ ဖြစ်လာကြခြင်းဖြစ်သည်။
ဖြစ်နိုင်လျှင် ကောင်းမင်သည် သူရေးသားခဲ့သော ဖြစ်ရပ်ဆိုးတချို့ကို ပြန်လည်ပြင်ဆင်ချင်မိသည်။ကမ္ဘာကြီးသည် ကြီးမားသောကြောင့် ထိုရာဇဝတ်မှုများကို ရှာဖွေရန်မှာ ခက်ခဲပေသည်။စုံစမ်းရေးမှူး၏ဖုန်းနံပါတ်ကို ကောင်းမင်မှတ်မိသည်။ဌာန၏စွမ်းအားကို ချေးငှားရန်မှာ ကောင်းမွန်သော အကြံမဟုတ်ပေ။သို့သော် စွမ်းအားဝဲဂယက်ထဲလည်း သူဆွဲခေါ်မခံချင်ပေ။ကောင်းမင်က မိုးရေကျသံများကို နားထောင်၍ ဆိုဖာထဲ ခေါင်းမြှုပ်ထားလိုက်သည်။အလွန်နောက်ကျသည်အထိ သူအလုပ်လုပ်ခဲ့ရခြင်းဖြစ်သည်။အိပ်ခန်းထဲတွင် သူမအိပ်ဝံ့ပေ။နောက်ဆုံးတွင် သူငိုက်မြည်းလာတော့သည်။စောင်တစ်ထည်ဆွဲခြုံလိုက်ပြီး ဆိုဖာပေါ် အိပ်ပျော်သွားလေသည်။
.....
နံနက်ငါးနာရီတွင် တံခါးခေါက်သံကြောင့် သူနိူးလာခဲ့သည်။သူထိုင်လိုက်ပြီးနောက် တံခါးကို အလျင်စလို မဖွင့်လိုက်ပေ။ပြတင်းပေါက်အပြင်ဘက် သူလှမ်းကြည့်လိုက်သည်။မိုးကား သည်းထန်စွာ ရွာသွန်းနေဆဲဖြစ်သည်။
"ဒါက နိမိတ်ပြခြင်း တစ်မျိုးလား ၊ငါ နေရောင်မမြင်ရတာ ရက်အတော်ကြာနေပြီပဲ "
ကောင်းမင်က ခြေဆန့်လက်ဆန့်လုပ်လိုက်ပြီး နောက်ဆုံးတံခါးအနီး သွားလိုက်သည်။သူက တံခါးကိုမှီလိုက်ပြီး ချောင်းကြည့်ပေါက်မှ ကြည့်ရှုလိုက်သည်။
"ကောင်းမင် ရှင်နိုးပြီလား "
ရွှမ်ဝမ်သည် တံခါးရှေ့တွင် အနီရောင်ထီးတစ်ချောင်းနှင့်အတူ ပြုံးလျက် ရပ်နေ၏။
"မင်းဘာလိုချင်လို့လဲ "
ကောင်းမင်က အလျင်အမြန်အဝတ်အစား ဝတ်လိုက်သည်။
"ကျွန်မ ရှင်နဲ့ အလုပ်လုပ်မလို့လေ ၊ ဒိတ်တင်းဆင်းမ်ကို ကျွန်မတို့ အတူလုပ်ဖို့ လိုတယ် ၊ အဲ့ဒါက ကျွန်မကို သက်ရောက်မှု ရှိမရှိ မြင်ချင်လို့ပါ "
ရွှမ်ဝမ်က ချိုမြိန်စွာပြုံးလိုက်သည်။
"မင်း အရမ်းကြီး အလုပ်ကြိုးစားဖို့ လိုလို့လား ၊ ခုမှ ငါးနာရီပဲရှိသေးတယ် ၊ ရထားတွေတောင် ဖွင့်သေးမှာ မဟုတ်ဘူး ! "
ကောင်းမင်သည် ဓားတစ်ချောင်းနှင့်သူ့နောက်ပြေးလိုက်လာသော ရွှမ်ဝမ်ပုံစံကို တွေးထားသော်လည်း သူ့ကို အလုပ်လုပ်ရန် တိုက်တွန်းလာသည့်ရွှမ်ဝမ်ကို မစဉ်းစားမိပေ။
"ပြီးရင် ငါက အငှားသမားမဟုတ်ဘူး ၊ မင်းဘာသာ မင်းသွားလို့ရတယ် "
"ရှင် မသိချင်ဘူးလား?"
ရွှမ်ဝမ်က တံခါးကို ခေါက်လိုက်ပြီး
"ကျွန်မတို့ တက္ကစီနဲ့ အလုပ်သွားလုပ်လို့ရတယ်လေ ၊ ပိုက်ဆံက ပြဿနာမဟုတ်ဘူး "
"ပိုက်ဆံက ပြဿနာမဟုတ်ရင် ဘာလို့ အလုပ်လုပ်နေသေးလဲ "
ကောင်းမင်က တံခါးကို ဖွင့်လိုက်သည်။သူက ရွှမ်ဝမ်နှင့် ထီးအတူဆောင်းရမည်စိုးသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် မိုးကာအင်္ကျီဝတ်လိုက်သည်။သူတို့သည် အဆောက်အဦးမှ ထွက်လာကြပြီး တက္ကစီ ငှားစီးလိုက်ကြသည်။လမ်းမီးများက လင်းကျင်းနေဆဲဖြစ်သည်။မိုးရေများကြောင့် အလင်းရောင်သည် တွန့်လိမ်နေလေသည်။မြို့သည် ဆန်းကြယ်နေပုံရသည်။ အချိန်မလွန်သေးသောကြောင့် ရုံးရောက်ရန် သူတို့ပုံမှန်အချိန်၏ သုံးပုံတစ်ပုံခန့်သာ သုံးခဲ့ရသည်။
ရွှမ်ဝမ်က ညအလင်းရောင် ဂိမ်းစတူဒီယိုထဲ ဝင်သွားလိုက်သည်။သူမသည် ကွန်ပျူတာကို ဖွင့်ပြီး ငါတို့ရဲ့ခဏတာချစ်ခြင်းအတွက် ဇာတ်ကြောင်းကို ပြင်ဆင်လိုက်သည်။ပျင်းရိစွာ လဲလျောင်းနေသော ဖကိုင်သည် ကီးဘုတ်ရိုက်သံကြားသောကြောင့် ကောင်းမင်နောက်သို့ ခိုးကြောင်ခိုးဝှက်ရောက်လာလေသည်။သူက ကောင်းမင်၏ ဘောင်းဘီအစွန်းကို သူ့လက်သည်းဖြင့် ကုတ်ဆွဲလိုက်သည်။အရည်လဲ့နေသော သူ့မျက်လုံးများသည် 'ငါ့ကို မထားခဲ့ပါနဲ့ 'ဟု ပြောနေပုံရသည်။
"ကျွန်မတို့နှစ်ယောက်ပဲ ကျန်တော့အောင်လို့ တခြားအမျိုးသမီးဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းကို ဖြုတ်ချဖို့ ဒါမှမဟုတ် သူတို့အားလုံးကို သတ်ပစ်ဖို့ ကျွန်မစီစဉ်ထားတယ် "
ရွှမ်ဝမ့်အစီအစဉ်က အလွန်ထိရောက်သည်။ မကြာမီ သူမတွင် မူကြမ်းအသစ်တစ်ခု ရလာလေသည်။
"မင်း ငါ့ကိုပါ ဘာလို့ မသတ်လိုက်တာလဲ "
ကောင်းမင်က ဝေတယို၏ထိုင်ခုံကို ယူလိုက်ပြီး ဆက်အိပ်ရန် စီစဉ်လိုက်သည်။
"ကျွန်မတို့က ဂိမ်းကို ပြီးဖို့လိုရုံသာမကဘဲ ကစားသမားတွေကို ပိုဆွဲဆောင်ဖို့လည်း လိုတယ် ၊ သူတို့ဂိမ်းကစားတာနဲ့ ကျွန်မတို့ဇာတ်လမ်းကို သူတို့ကို သိစေဖို့လိုတယ် "
ရွှမ်ဝမ်က သက်ဆိုင်ရာ စာရွက်စာတမ်းများကို ကောင်းမင်ရှေ့တွင် တင်လိုက်ပြီး
"ဒါက ကျွန်မတို့နှစ်ယောက်လုံးအတွက် ကောင်းတယ် ၊ ကျွန်မသာ အောင်မြင်သွားရင် နောက်ထပ် ကျောက်ရှီရဲ့ ဂိမ်းကို လုပ်လို့ရတယ် "
ရွှမ်ဝမ် ၏ 'အားပေးမှု' ဖြင့် ကောင်းမင်သည် ပြန်လည်တက်ကြွလာခဲ့သည်။ သူတို့သည် လူသတ်မှုများကို စတင်ဒီဇိုင်းဆွဲလိုက်ပြီး ခြောက်ခြားဖွယ်ဓာတ်ပုံအချို့ကို ပရင့်ထုတ်လိုက်ကြသည်။
.....
မနက်ရှစ်နာရီတွင် မန်နေဂျာဂေါင်က ဦးဆုံးရောက်လာခဲ့သည်။သူသည် လုပ်ငန်းတွင် ဒုတိယအခွင့်အရေးရရန်အတွက် အမြဲကြိုးစားနေခဲ့ခြင်းဖြစ်သည်။သို့သော် ရုံးခန်းထဲတွင် ကောင်းမင်ကို တွေ့လိုက်ရသောအခါ သူထိတ်လန့်သွားသည်။
"မင်းဘယ်တုန်းက ရောက်နေတာလဲကွ "
မန်နေဂျာဂေါင်သည် ပရိုဂျက်တာ စခရင်ပေါ်တွင် ဂိမ်းအသစ်ဒီဇိုင်းနှင့် များစွာသော ခေါင်းစဉ်များကိုကြည့်မိလိုက်ပြီး သူ့မျက်လုံးများ ပြူးကျယ်သွားသည်။
"မင်းဘာလို့ ဒီရောက်နေတာလဲ ကောင်းမင် "
"မန်နေဂျာဂေါင် ကျွန်တော့်မှာ ခပ်ကြမ်းကြမ်း ဒီဇိုင်းအိုင်ဒီယာတစ်ခု ရှိတယ်ဗျ "
ရွှမ်ဝမ်က ဂိမ်းမူကြမ်းအသစ်ကို မန်နေဂျာဂေါင်ထံ လွှဲပေးလိုက်သည်။
"လက်ရှိဈေးကွက်က ပြည့်နှက်နေတာ ၊ ကျွန်မတို့ရဲ့အကန့်အသတ်ပဲရှိတဲ့ဘတ်ဂျက်နဲ့ ပုံမှန်ဂိမ်းတစ်ခုက ကျွန်မတို့ကို ကူညီနိုင်မှာ မဟုတ်ဘူးလေ၊ ကျွန်မတို့ ကြိုးတန်းပေါ်လမ်းလျှောက်နေရလိမ့်မယ် !"
"မနေ့က ဒိတ်တင်းဆင်းမ်လုပ်ဖို့ ငါတို့ဆုံးဖြတ်ထားတာ မဟုတ်ဘူးလား ၊ ဒါက ဘာအဓိပ္ပါယ်လဲ "
"သူပြောချင်တာက ကြောက်စရာအကောင်းဆုံး ဒိတ်တင်းဆင်းမ်လုပ်ဖို့ ပြောချင်တာပါ "
ကောင်းမင်ကြည့်ရသည်မှာ သရဲတစ်ကောင်နှင့်ကြုံတွေ့လာရဟန်ရှိသည်။
"မရဘူး ၊ ငါတို့ ဖောက်သည်တွေကို တာဝန်ခံဖို့လိုတယ် "
မန်နေဂျာဂေါင်က ခေါင်းခါလိုက်သည်။
"ဒါတို့ ဒါကိုလုပ်လိုက်ရင် ငါတို့ကျရှူံးသွားရင်တောင်မှာ ဒါက ဖောက်သည်တွေရဲ့ အမှားပဲ ၊ အဲဒါကို ရှောင်လိုက်ရင် ဘယ်သူက တာဝန်ယူမှာလဲ ၊ မင်းလား "
"မန်နေဂျာဂေါင် အရမ်းခေါင်းမမာပါနဲ့ဦး ၊ လူတိုင်းရဲ့အမြင်ကို ကျွန်တော်တို့ နားထောင်ဖို့ လိုတယ်လေ "
ကောင်းမင်က ဖြောင်းဖျရာတွင် ပါဝင်လိုက်သည်။
"ကျွန်တော်တို့ စတူဒီယိုမှာ ဗိုင်းရပ်စ်ဂိမ်းတစ်ခုလုပ်ဖို့ စွမ်းအား မရှိဘူးလေ ၊ ရလာဒ်ကောင်းရအောင် ကျွန်တော်တို့ နယ်ပယ်တစ်ခုထဲကို အာရုံစိုက်ဖို့လိုတယ် "
"မင်းပြောတဲ့ပုံစံက မင်းက စတူဒီယိုရဲ့ လူကျနေတာပဲ "
မန်နေဂျာဂေါင်က သူ့ဆံပင်တုကို ကုတ်ဆွဲလိုက်သည်။သူသည် ခေါင်းငုံ့၍ ရွှမ်ဝမ်နှင့်ကောင်းမင်တို့ လုပ်ဆောင်ထားသည့် ဒီဇိုင်းကို ကြည့်ရှုလိုက်သည်။ယင်းသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းပေသည်။အခြားဝန်ထမ်းများ တဖြည်းဖြည်းရောက်ရှိလာကြသည်။သူတို့ထဲမှ တချို့သည် ကော်ဖီခွက်များကိုင်၍လည်းကောင်း တချို့က နားကြပ်များတပ်၍လ ည်းကောင်း ရောက်လာကြသည်။
အားလုံးသည် သက်တောင့်သက်တာဖြစ်နေကြသော်လည်း သူတို့သည် စားပွဲပေါ်တွင် သေမင်းအစီရင်ခံစာများနှင့် ကြောက်မက်ဖွယ်ကောင်းသော ဓာတ်ပုံများကို မြင်လိုက်ရသောအခါ ချက်ချင်းနိူးကြားလာကြလေသည်။ထိုအရာများသည် ဒိတ်တင်းဆင်းမ်တစ်ခုဖြစ်ပုံမရပေ။
"ကျွန်တော် ဝေတယိုနဲ့ စကားပြောပြီးပြီ ၊ စတူဒီယိုရဲ့ လက်ရှိအခြေအနေကို ကျွန်တော်သိတယ်
အားလုံးရောက်လာသောအချိန်တွင် ကောင်းမင်က အဓိကအချက်ကို ဖြတ်ပြောလိုက်သည်။
"ခင်ဗျားတို့ဟာ ခင်ဗျားတို့မကြိုက်တဲ့ ဂိမ်းကို မလုပ်ချင်ကြဘူးဆိုတာ ကျွန်တော်သိပါတယ် ၊ ကျွန်တော်တို့ရဲ့ဒိတ်တင်းဆင်းမ်က ယှဉ်ပြိုင်စရာဖြစ်မယ်လို့ ခင်ဗျားတို့ထင်ကြလား ၊ ကျွန်တော်တို့ကျရှုံးသွားရင် ကျွန်တော်တို့မှာ နောက်ထပ်အခွင့်အရေးရှိမှာမဟုတ်တော့ဘူး "
ကောင်းမင်သည် ညအလင်းရောင်ဂိမ်းစတူဒီယိုဖြင့် အကြိမ်များစွာအလုပ်လုပ်ခဲ့ဖူးသည်။ထို့ကြောင့် ထိုစကားများကို သူပြောရဲခြင်းဖြစ်သည်။
"ဒိတ်တင်းဆင်းမ်တွေဟာ အကန့်အသတ်ရှိတဲ့ ဈေးကွက်တစ်ခုပဲ ၊ မရှင်သန်နိုင်ရင် ဘယ်သူက လမ်းကြောင်းပြောင်းမှာလဲ "
မန်နေဂျာဂေါင်သည် စတူဒီယိုအတွက် မည်သူမဆို အကောင်းဆုံးကို ပို၍အလိုရှိပေသည်။သို့သော်လည်း စျေးကွက်က ၎င်းကို ခွင့်မပြုပေ။
"ကျွန်တော်ဟာ အရင်က ဒီစတူဒီယိုရဲ့ ဒီဇိုင်နာတစ်ဝက်အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ကျွန်တော် အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးဆိုတာ ဝန်ခံပါတယ် ၊ ဒီရက်အနည်းငယ်အတွင်း လက်တွေ့လေ့လာပြီးနောက်တော့..."
ကောင်းမင်က ရွှမ်ဝမ်ဘက်လှည့်လိုက်ပြီး
"နောက်ဆုံး အစစ်အမှန်ခြောက်ခြားမှုကို ကျွန်တော်နားလည်သွားတယ် ! ကျွန်တော့်ကို အခွင့်အရေးတစ်ခု ထပ်ပေးပါ ! ခြောက်ခြားမှုကို ဆယ်ဆအထိ ကျွန်တော် မြင့်တင်ပေးနိုင်တယ် ! ဒီ ဒိတ်တင်းဆင်းမ်ကို လူတိုင်းမှတ်မိနေစေရမယ် ! "
ကောင်းမင်နောက်တွင် မစ်ရှင်တစ်ခုရှိပေသည်။သူသည် သူ့ကိုယ်ပိုင်အတွေ့အကြုံများကို သူ့ဂိမ်းများထဲ ပြောင်းလဲထည့်သွင်းချင်နေခြင်းဖြစ်သည်။ကစားသမားများသည် တူညီသောအခြေများဖြင့် ကြုံတွေ့ရပါက အနည်းဆုံး သူတို့ပြင်ဆင်နိုင်မည်ဖြစ်သည်။
သူ့စိတ်ထဲမှအတွေးဖြင့် သူပိုယုံကြည်မိသွားသည်။ နောက်ဆုံးအနေဖြင့် ဂိမ်းထုတ်လုပ်ရေးလုပ်ငန်းတစ်ခုလုံးမှာ ဂိမ်းဒီဇိုင်းဆွဲချိန်တွင် ဘယ်ဂိမ်းဖန်တီးသူက ကစားသမားတွေရဲ့ဘဝများအား ထည့်သွင်းစဉ်းစားမည်နည်း။