သောက်ရမ်းကောင်းတယ်
Vol. 2 Ch. 18
ညအလင်းရောင်ရောင်ဂိမ်းစတူဒီယို၏ ခြောက်ခြားဂိမ်းသည် လုံးဝလူကြိုက်များလိမ့်မည်ဟု ကောင်းမင်ယုံကြည်နေ၏။အဘယ်ကြောင့်ဆိုသော် ကစားသမားများသည် ရှင်သန်ရန်ဂိမ်းလမ်းညွှန်တစ်ခုမရှိပဲ ဂိမ်းကို မကစားနိုင်ကြောင်း နားလည်ရန်မှာ အချိန်သိပ်ကြာမည်မဟုတ်သောကြောင့်ပင်။
"ခင်ဗျားတို့ ဒါကို တကယ်စိုးရိမ်နေတယ်ဆိုရင် ကျွန်တော်တို့က ရွှမ်ဝမ်ရဲ့လိုင်းပေါ်မှာအလုပ်လုပ်လိုက်ရုံပဲ ပြီးရင် ပုံစံငယ်တစ်ခု လုပ်လိုက်လို့ရတယ် ၊ ကျွန်တော်တို့ မြေစမ်းခရမ်းပျိုး စမ်းသပ်လို့ရတယ် "
ကောင်းမင်က နောက်ဆုံးမူကြမ်းပုံစံကို ပရိုဂျက်တာဖြင့် ပြသလိုက်သည်။
"ကျွန်တော်တို့ဟာ အကောင်းဆုံးအသင်းဖြစ်တယ်လို့ ကျွန်တော်အမြဲယုံကြည်တယ် ၊ ဒါပေမယ့် ဖောက်သည်တွေက အဲ့ဒီလိုတွေးမှာ မဟုတ်ဘူး ၊ ကျွန်တော်တို့သာ ဖော်သည်တွေရဲ့တောင်းဆိုချက်အတိုင်း မျက်ကန်းလိုက်နေမယ်ဆိုရင် ကျွန်တော်တို့ဂိမ်းတွေရဲ့ ထူးခြားမှုကို ဖျက်ဆီးမိလိမ့်မယ် ၊ ဒါကြောင့် ကျွန်တော်က ပုံစံငယ်တစ်ခုကို အကြံပေးရခြင်းဖြစ်တယ် "
"ကျွန်တာ်တို့ အခုအရာအားလုံးကို ပြန်စရရင် အချိန်လောက်မှာမဟုတ်ဘူးနော် ၊ ကျွန်တော်တို့ ကောင်းမင်ရဲ့အကြံအတိုင်း ဘာလို့မလုပ်ရမှာလဲ "
ဝေတယိုသည် သူ့နားကြပ်ကို ဖြုတ်လိုက်ပြီး ရှရန်၏ ပုခုံးကို တိုက်လိုက်သည်။
"ဆရာရှ ခင်ဗျား ဘယ်လိုထင်လဲ "
"ဖောက်သည်တွေက ဒါကို ပိုက်ဆံအတွက် လုပ်နေကြတာ ၊ ငါတို့က ငါတို့ဂိမ်းတွေက ပိုက်ဆံရှာနိုင်တယ်ဆိုတာ သူတို့ကို သက်သေပြဖို့ပဲ လိုတယ် "
ရှရန်က စခရင်ကို ကြည့်လိုက်သည်။သူသည် ကောင်းမင်၏ဒီဇိုင်းကို သိသော်လည်း ပင့်သက်ရှိုက်နေရဆဲဖြစ်သည်။အရင်ဂိမ်းများနှင့် ယှဉ်လျင် ကောင်းမင်သည် သူဂိမ်းထဲသို့ သူတွေ့ကြုံခဲ့ရသော အသေးစိတ်အချက်အလက် အများအပြားကို ပေါင်းထည့်ထားခြင်းဖြစ်သည်။
"ဒီ ဒီဇိုင်းတွေထွက်လာအောင် မင်းဘယ်လိုများ လုပ်ခဲ့တာလဲကွာ "
"ကျွန်တော်က သုံးရက်လုံးလုံး ကိတ်မုန့်တွေပါလာတဲ့ ကျွန်တော့်မိဘတွေနဲ့ ရှိနေခဲ့တာလေ "
မန်နေဂျာဂေါင်သည် သူ့လူများ မည်မျှ စိတ်အားထက်သန်သည်ကို မြင်သဖြင့် တစ်ခုခုပြောရန် တုံ့ဆိုင်းနေ၏။ကျွမ်းကျင်သည့်အဖွဲ့ဝင်တစ်ယောက်အနေဖြင့် ကောင်းမင် နှင့် ရွှမ်ဝမ်တို့၏ ဒီဇိုင်းများ၏ ဆွဲဆောင်မှုကို သူမြင်နိုင်ပေသည်။သူသည်လည်း ညအလင်းရောင်သည် ခြောက်ခြားဂိမ်းများတွင် အကောင်းဆုံးဖြစ်ကြောင်း သိသည်။သို့သော်လည်း သူသည် ဈေးကွက်တွင်ကျော်ကြားနေသည့် ဒိတ်တင်းဆင်းတစ်ခုလုပ်ရန် ဖောက်သည်များကို ကတိပေးခဲ့ပေသည်။
"မန်နေဂျာဂေါင် ကျွန်တော့်ကို ယုံပါ ၊ ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ အောင်မြင်လိမ့်မယ် "
ကောင်းမင်က ရှေ့တက်၍ မတ်တပ်ရပ်လိုက်သည်။ဝေတယိုနှင့်ရွှမ်ဝမ်တို့က သူ့နောက်တွင် ရပ်လိုက်ကြသည်။ဒီဇိုင်နာ မျိုးဆက်သုံးယောက်က ထုတ်ဖော်လိုက်ကြသည်။
"ကျွန်တော်တို့ ပုံစံငယ်အတွက် ရွှမ်ဝမ်ရဲ့ ဇာတ်လမ်းကိုပဲ လုပ်မယ် ၊ အဲဒါသာ အာရုံစိုက်မခံရရင် ကျွန်တော်တို့ အဲဒါကို ဖျက်ပြီး ပုံမှန်ဒိတ်တင်းဆင်းမ်ကိုပဲ ပြန်သွားမယ် "
နောက်ဆုံးတွင် မန်နေဂျာဂေါင် သဘောတူလိုက်လေသည်။ညအလင်းရောင်စတူဒီယိုသည် ဆီကောင်းကောင်းထည့်ထားသော စက်တစ်လုံးနှင့်တူနေသော်လည်း မန်နေဂျာဂေါင်သည် ယင်းကိုကြည့်၍ မပျော်ရွှင်နိုင်ပါပေ။ကောင်းမင်သည် အမှုဟောင်းများကို ဆယ်စုံမက ကော်ပီထုတ်လိုက်သည်။မှုခင်းအခင်းအကျင်းပုံများသည် ဂိမ်းစတူဒီယိုကိုဖုံးအုပ်ထားပြီး ဒိတ်တင်းဆင်းမ်အတွက် ဆောင်ပုဒ်ကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေလေသည်။ဝန်ထမ်းများသည် မှုခင်းများကို နစ်နာသူများ၏ ရှုထောင့်ဘက်မှ လေ့လာနေကြသည်။
"တခြား ဒိတ်တင်းဆင်းမ်တွေထက်စာရင် ကျွန်တော်တို့ဂိမ်းရဲ့ ကောင်းကွက်က အမျိုးသမီးဇာတ်ကောင်ဟာ အရမ်းထူးခြားနေတာပဲ "
ကောင်းမင်သည် သူ့ဒီဇိုင်းအသစ်ကို အခြားလူများထံ ပို့လိုက်သည်။
"အခု ကျွန်တော် အသေးစားချိန်ညှိတာတွေ လုပ်တော့မှာ ဖြစ်လို့ အဓိကဇာတ်ကောင်ဟာ သရဲအစစ်တစ်ကောင်နဲ့ တူလာလိမ့်မယ် ! ဒါကြောင့် ကစားသမားတွေဟာ သရဲအစစ်တစ်ကောင်နဲ့ ကြုံတွေ့နေရသလို ခံစားရလိမ့်မယ် ! "
"မင်းဟာက ဟုတ်ပါ့မလားကွာ "
မန်နေဂျာဂေါင်က အကူညီမဲ့စွာပြောလိုက်သည်။
"အဲ့ဒီအရာက ကျွန်တော်တို့ကို ထူးခြားအောင် လုပ်ပေးမှာဗျ ! "
အစစ်အမှန်သဘာဝလွန်ဖြစ်ရပ်ကို ကြုံတွေ့ပြီးနောက်တွင် မည်သူမှ စိတ်တည်တည်ငြိမ်ငြိမ်ထားနိုင်လိမ့်မည်မဟုတ်ချေ။ကောင်းမင်သည် သူ့လှုံ့ဆော်မှုအားလုံးကို အမျိုးသားဇာတ်ကောင်ထံ သွန်းလောင်းလိုက်သည်။
"အဓိကဇာတ်ကောင်က ထွက်ပြေးဖို့ရွေးချယ်ရင် သူအသတ်ခံရမယ် ၊ သူဘာမှမလုပ်ရင်လည်း အသတ်ခံရမယ် ! သူ မခုခံနိုင်ဘူး တစ်မိနစ်အတွင်း သူဆုံးဖြတ်ချက်တစ်ခုမချနိုင်ရင်လည်း သူသေလိမ့်မယ် ! အခက်အခဲတွေကို မြင့်ပစ်လိုက်စမ်း!
"သရဲကို တိုက်ရိုက်ကြည့်လို့မရဘူး ၊ သူ့မျက်နှာက ဖြူဆွတ်နေတာမဟုတ်ပေမယ့် မှုန်ဝါးဝါးနဲ့ သွေးတွေထွက်နေရမယ် ၊ သူသေသွားတဲ့အချိန်မှာ နစ်နာသူက ကြိုးဆွဲချမယ် ၊ အမြင်အာရုံသက်ရောက်မှု လိုအပ်တယ် ၊ မင်း စားပွဲဘေးမှာ ကြောက်စရာကောင်းတဲ့ မျက်နှာနဲ့အတူ ညသန်းခေါင်မှာ မင်းအိပ်ရာက နိုးလာမယ်၊ သူက မင်းနဲ့ ၃၀ စင်တီမီတာသာရှိတော့တယ် ၊ မင်းမျက်လုံးထဲကို သွေးတွေ စီးကျလုနီးပါးဖြစ်နေပြီ! "
လူတိုင်း အသည်းအသန်ကြိုးစားနေကြသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် မန်နေဂျာဂေါင်က သူ့ဖုန်းကို ထုတ်ကာ ရင်းနှီးမြှုပ်နှံသူထံ ဖုန်းဆက်လိုက်သည်။
"စီအီးအိုကျောက် မစိုးရိမ်ပါနဲ့ ၊ လုပ်ငန်းစဉ်ကို ကောင်းကောင်းဆက်လုပ်နေပါတယ် ၊ ဒါပေမယ့် သေချာစုံစမ်းစစ်ဆေးပြီး စျေးကွက်ခွဲခြမ်းစိတ်ဖြာပြီးနောက်တော့ အပြောင်းအလဲအသေးလေးတစ်ခုလုပ်ဖို့ စီစဉ်နေပါတယ်... သေးငယ်တဲ့ဆန်းသစ်တီထွင်မှုလေး တစ်ခုပေါ့ "
မန်နေဂျာဂေါင်သည် ရုံးခန်းတံခါးကို ပိတ်လိုက်ပြီး ဖောက်သည်များကို ရှင်းပြရန် ကြိုးစားလိုက်သည်။ညနေ လေးနာရီထိုးပြီးနောက် လွတ်မြောက်ရန်ကြိုးစားနေသော အမျိုးသားဇာတ်ကောင်နှင့်အတူ ဒိတ်တင်းဆင်မ်းသည် ပြီးမြောက်သွားခဲ့သည်။ကောင်းမင်၏အစစ်အမှန်အတွေ့အကြုံများ ထိုးထည့်ထားမှုကြောင့် ကစားသမားများ မဆိုထားဘိ အခြားဝန်ထမ်းများပင် ကြောက်ရွံ့နေကြလေသည်။
"ပုံစံငယ်ကတော့ လက်တွေ့ကျကျ ပြီးသွားခဲ့ပြီ ၊ ငါတို့ စကားပြောတဲ့ပါးစပ်တွေကို လိုချင်ရင် ရင်းနှီးတဲ့ စမ်းသပ်သူအုပ်စုတစ်စု ရှာသင့်တယ် ၊ အခြေအနေ မဟန်ရင် ဖောက်သည်ကို ရှင်းပြလို့ရတယ် "
ခေါင်းဆောင်ရှ ပြောပြီးနောက် မန်နေဂျာဂေါင်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ခင်ဗျားက အရမ်းယုံကြည်ချက်မရှိဖြစ်နေတာပဲ "
ကောင်းမင်က ကွန်ပျူတာဘေးတွင် ရပ်လိုက်သည်။
"ခင်ဗျားကိုယ် ခင်ဗျား ကန့်သတ်မထားနဲ့ ! ကစားသမားတွေကို ဘာကန့်သတ်ချက်တွေမှ မပေးနဲ့ ၊ ပရိုမိုးရှင်းအတွက် ရှိသမျှ အကုန်သုံးပါ ၊ ဒီဂိမ်းကို စိတ်ဝင်စားတဲ့သူတိုင်း ကစားကြပါစေ ! လိုအပ်ရင် ကစားသမားတွေကို ဂိမ်းကစားဖို့ ပိုက်ဆံပေးလို့ရတယ် ! "
မန်နေဂျာဂေါင်ထက်စာလျင် ကောင်းမင်သည် ခေါင်းဆောင်နှင့် ပိုတူနေ၏။သူ့အတွက် ကုမ္ပဏီသည် အိမ်တစ်လုံးထက် ဘဝတစ်ခုနှင့် တူပေသည်။ကုမ္ပဏီကျရှုံးလျှင် သူသေလိမ့်မည်ဖြစ်သည်။
"အခွင့်အရေးတစ်ခုပဲရှိတယ် ၊ ငါတို့ရှိသမျှ အကုန်ပေးရမယ်!"
ကောင်းမင်သည် ဂိမ်းအမည်ကို ငါတို့ရဲ့ခဏတာချစ်ခြင်းအတွက်မှ မှ ငါတို့ရဲ့ သေဆုံးနေတဲ့ချစ်ခြင်းအတွက် ဟု ပြောင်းလဲခဲ့သည်။
ညအလင်းရောင်စတူဒီယို သည် သုံးစွဲသူများကို ကျော်လိုက်ပြီး စမ်းသပ်မှုတစ်ခုကို စတင်လိုက်သည်။မှော်ဝင်မြေပုံနည်းပညာ၏ နောက်ဆုံးအဆင့်စတူဒီယိုအနေဖြင့် သူတို့တွင် အရင်းအမြစ်များ အလွန်နည်းပါးသောကြောင့် ဂိမ်းအရည်အသွေးကိုသာ အားကိုးရန် လိုအပ်ပေသည်။
.....
ညနေ လေးနာရီတွင်
မန်နေဂျာဂေါင်သည် စီအီးအိုကျောက်ဖြင့် အချိန်အတော်ကြာ စကားပြောဆိုနေခဲ့သည်။သူတို့သည် နှစ်ပေါင်းများစွာ မိတ်ဆွေများဖြစ်ခဲ့သော်လည်း ယင်းသည် ငွေကြေးကိစ္စများပါဝင်ပေသည်။သူသည် ထိုရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ စိုးရိမ်နေပြီး ဂိမ်းကို မန်နေဂျာဂေါင်ကိုယ်တိုင် သူ့ထံလာပို့ရန် မျှော်လင့်ထားသည်။
"ညအလင်းရောင်မှာ ဂိမ်းကောင်းတစ်ခုမရှိခဲ့တာ နှစ်ပေါက်နေပြီ ၊ ဒါပေမယ့် ဂေါင်ယုဇီနဲ့ငါက သူငယ်ချင်းဟောင်းတွေပဲ ၊ ငါ့ကိုတော့ မနောက်ပြောင်လောက်ပါဘူး ဟုတ်တယ်မလား "
သူက ဖုန်းချလိုက်သည်။စီအီးအိုကျောက်သည် အကြီးဆုံးလူမှုကွန်ယက်ပေါ်တွင် ဟိုရှာဒီရှာလုပ်လိုက်သည်။သူသည် ညအလင်းရောင်စတူဒီယို၏နောက်ဆုံးသတင်းများကို ရှာဖွေချင်နေခြင်းဖြစ်သည်။ညအလင်းရောင်စတူဒီယို၏ ခြောက်ခြားဂိမ်းအပိုင်းတွင် နာမည်ကြီးနေသောခေါင်းစဉ်အနည်းငယ်ကို သူတွေ့လိုက်ရသည်။
"သူတို့ စတူဒီယိုက သေးသေးလေးပါ သူတို့က ဂိမ်းနှစ်ခုတောင် လုပ်ထားတာလား ! "
သိချင်စိတ်ဖြင့် စီအီးအိုကျောက်သည် ကြုံရာပိုစ့်တစ်ခုကို နှိပ်လိုက်သည်။ညအလင်းရောင် စတူဒီယိုသည် ပုံစံငယ်အသစ်တစ်ခု တင်ထားခြင်းဖြစ်သည်။ကစားသမားများက ရူးသွပ်စွာ စကားများနေကြသည်။ကြယ်တစ်လုံးရီဗျူးနှင့် ကြယ်ငါးလုံးရီဗျူးတို့ ညီမျှနေကြသည်။
"ဒါက စိတ်ဝင်စားစရာပဲ "
စီအီးအိုကျောက်သည် ဂိမ်းကို ဒေါင်းလုဒ်ဆွဲလိုက်ပြီး ဂိမ်းအမည်ကို စိုက်ကြည့်လိုက်ရာ တိတ်ဆိတ်သွားသည်။
"ငါတို့ရဲ့ သေဆုံးနေတဲ့ချစ်ခြင်းအတွက်တဲ့လား ၊ ဘာလို့ ငါ့အကြံကို ကော်ပီကူးထားကြတာတုန်း "
အိုတကူဇာတ်ကောင်သည် ဂိမ်းစသည်နှင့်ပေါ်ထွက်လာလေသည်။သူသည် ချိန်မြိန်သော အိမ်တစ်လုံးတွင် တစ်ယောက်ထဲနေထိုင်ဖြစ်သည်။
"ပုံမှန်ဇာတ်ကောင်ပါပဲ ၊ ဘာမှ ထူးခြားတာ မရှိဘူး "
နေဝင်သွားသည်နှင့် ငှားထားသော အိမ်သည် စတင်ပြောင်းလဲလာလေသည်။စီအီးအို ကျောက် မတုန့်ပြန်နိုင်သေးခင် သူထိန်းချုပ်ထားသော ပင်မဇာတ်ကောင်မှာ သေဆုံးသွားတော့သည်။မော်နီတာရှေ့တွင် ထိုင်နေသည့် စီအီးအိုကျောက်သည် အမျိုးသားဇာတ်ကောင်ရဲ့ ရုပ်အလောင်းကို ဆွဲထုတ်သွားသည်ကို ကြည့်ရှုရင်း ဂိမ်းကို ပြန်စတင်လိုက်သည်။
သူသည် ဆိုဖာပေါ်ထိုင်နေလျှင် သူ့နောက်ကျောမှ တစ်ခုတစ်ခုကြောင့် ခုတ်သတ်ခံရသည်။သူအိမ်သာထဲပုန်းနေလျှင် လူသတ်သမားဖောက်ဝင်လာသည်။အခြားဂိမ်းများတွင် အလုံခြုံဆုံးဖြစ်သော ဗီရိုများသည် လူသားစားမကောင်းဆိုးဝါးများဖြစ်လာသည်။သူ ကုတင်အောက်ပုန်းအောင်းရန်ကြိုးစားလျှင် လူသတ်သမားနှင့်မျက်နှာချင်းဆိုင်တွေ့ရသည်။သူမလှုပ်ရှားလျှင်ပင် အဆုံးမရှိသော သေခြင်းတရားများက သူ့ကို ခြိမ်းခြောက်နေလေ၏။
ဂိမ်းထဲတွင် ဘယ်သူ့ကိုမှ မယုံကြည်ရပေ။ မိဘများပင်လျှင် သရဲတစ္ဆေများဖြင့် ကစားနေကြသည်။ တစ်ကမ္ဘာလုံးသည် အဓိကဇာတ်ကောင်ကို သတ်ပစ်ချင်နေကြသည်။
"ယီးပဲကွာ ! "
စီအီးအိုကျောက်သည် ဂိမ်းကို မနားတမ်း မိနစ်နှစ်ဆယ်ကစားခဲ့ခြင်းဖြစ်သည်။ဂိမ်းမှာ မှော်ဆန်လှသည်။ထိုဂိမ်းသည် ကစားသမားများကို စခရင်အား ထိုးခွဲချင်စိတ်ပေါက်အောင် လုပ်နိုင်ပေသည်။ အစမ်းပုံစံငယ်ကိုသာ ခွင့်ပြုထားဆဲဖြစ်သည်။ကစားသမားများက မှတ်ချက်များ ချန်ရစ်ခဲ့ကြသည်။
"ဒိတ်တင်းဆင်းမ်ထဲမှာ ငါ ၁၇ ခါတောင် သေခဲ့တာကွ ! "
"ဒါက အရမ်းစစ်မှန်လွန်းတယ် ! ဒီဂိမ်းက အမျိုးသမီးဇာတ်ကောင်တွေကို ဖန်တီးဖို့ ရှိသမျှပိုက်ဆံအကုန် သုံးခဲ့ပုံရတယ် ! ဘယ်ရင်းနှီးမြှုပ်နှံသူက ဒီပရောဂျက်ထဲ ပိုက်ဆံတွေ ပစ်ချခဲ့တာလဲကွ ! "
"ခုနှစ်မြောက်နေ့အထိ ရှင်သန်နိုင်တဲ့ တစ်ယောက်ယောက်များ ရှိသလားဟေ့ "
ဂိမ်းသည် ပျံ့နှံ့နေဆဲဖြစ်သည်။ဒိတ်တင်းဆင်းမ်သည် ခြောက်ခြားသင်ပုန်းပေါ်တွင် စတင်ခဲ့ပြီးအကြောင်းအရာ ဖန်တီးသူလေးတချို့ထံမှ စတင်အာရုံစူးစိုက်မှု ရရှိလာခဲ့သည်။
ညနေ ငါးနာရီလေးဆယ်မိနစ်တွင်
စီအီးအိုကျောက်သည် အကြိမ်များစွာသေဆုံးခဲ့ပြီးနောက်တွင် ဆယ့်တစ်ညမြောက်အထိ ရောက်ရှိနိုင်ခဲ့သည်။လူသတ်သမားကို ဖော်ထုတ်ရန် သူကြိုးစားနေစဉ် မန်နေဂျာဂေါင်သည် ကိုးရိုကားယားအပြုံးတစ်ခုဖြင့် ရုံးခန်းထဲ ဝင်လာလေသည်။
"ကျောက်ကြီး မင်းအတွက်ငါ လက်ဖက်ခြောက်ဘူး နှစ်ဘူး ယူလာခဲ့တယ်ကွ ၊ မင်း အဲ့ဒါတွေကို ကြိုက်တယ်လေ "
မန်နေဂျာဂေါင်သည် ဂိမ်းနှင့်ပတ်သက်သည့်စကားများကို ရှောင်ရှားရန် အကောင်းဆုံးကြိုးစားနေသော်လည်း လက်ဖက်ခြောက်ဘူးများကို စားပွဲပေါ်တင်လိုက်ချိန်တွင် စီအီးအိုကျောက်၏ကွန်ပျူတာစခရင်မှ ရင်းနှီးနေသော ဂိမ်းပုံရိပ်များကို မြင်လိုက်ရသောအခါ မန်နေဂျာဂေါင်၏အပြုံးမှာ အေးခဲသွားတော့သည်။
"ငါ မင်းကိုယုံလို့ ဂိမ်းကို မင်းနဲ့ လွှဲထားခဲ့တာ ၊ ဒါပေမယ့် ဘယ်အပတ်မှ အဆင်သင့်ဖြစ်မှာလဲ ၊ ပိုက်ဆံဘယ်မှာသုံးနေလဲ ငါ့ကို ပြောပြပါဦး ၊ ဒိတ်တင်းဆင်းမ်က ဘယ်လိုဖြစ်တာလဲ"
စီအီးအို ကျောက်သည် ခေါင်းမထောင်လာဘဲ သရဲကိုရှောင်ရှားရန် အဓိကဇာတ်ကောင်အား ထိန်းချုပ်ရာတွင် အာရုံစိုက်နေခဲ့သည်။
မန်နေဂျာဂေါင်သည် နက်နက်နဲနဲတွေးလိုက်ပြီးနောက် နူးညံ့စွာပြောလိုက်သည်။
"မင်း အဲ့ဒါကို ကစားနေတာ မဟုတ်ဘူးလား "
ကီးဘုတ်ရိုက်သံ ရပ်တန့်သွားသည်။စီအီးအိုကျောက်သည် စခရင်ကို ညွှန်ပြလိုက်ပြီးနောက် သူ့ကိုယ်သူ လက်ညိုးထိုးလိုက်သည်။
"ဒါလား "
"ဟုတ်တယ်လေ..."