သရဲကိုရှာ
Vol. 2 Ch. 21
ဟန်ဟိုင်းရှိ သရဲခြောက်သည့်အိမ်များနှင့်ပတ်သက်သော အချက်အလက်အများစုကို ကောင်းမင်မှတ်သားလိုက်သည်။သူသည် အလွန်ကြိုးစားနေခြင်းဖြစ်သည်။နံရံပေါ်မှ တိုင်ကပ်နာရီကား တချက်ချက်ရွေ့လျားနေ၏။သူအပြည့်အဝ အာရုံစိုက်နေချိန်တွင် ရုံးခန်းအတွင်းမှ အလင်းရောင်များ ရုတ်တရက်ပျောက်ကွယ်သွားပြီး ပါးလွှာသောအရိပ်လွှာတစ်ခု ထွက်ပေါ်လာလေသည်။
"ဒါက..."
ကောင်းမင် အသက်ရှူရခက်ခဲလာလေသည်။အဘက်ဘက်မှ အရိပ်များသည် စတိုခန်းဆီသို့ တိုးဝှေ့သွားကြောင်း သူမြင်လိုက်ရသည်။
"ဆိုးတာပဲ ၊ ဒီအချိန်ကြီး ဘယ်ဂိမ်းကို နိူးဆွမိလိုက်တာလဲ "
ဘယ်လိုထူးထူးခြားခြားမှ ကောင်းမင် မလုပ်ခဲ့ပေ။သူသည် ငုတ်တုတ်ထိုင်နေရင်းပင် ဂိမ်းတစ်ခုထဲ ဆွဲခေါ်ခံလိုက်ရဟန်ရှိသည်။မီးရောင်မှာ မှိတ်လိုက် လင်းလိုက်ဖြင့် တဖျတ်ဖျတ်ဖြစ်နေ၏။ရုတ်တရက် သတိပေးချက်မရှိပဲ အမှောင်ကျသွားလေသည်။
ရင်းနှီးနေသော အေးစိမ့်မှုက ကောင်းမင်နှလုံးသားတဝိုက် ရစ်သိုင်းလာ၏။သူသည် သူ့လုပ်ဖော်ကိုင်ဖက်များကို ဘေးကင်းစေရန် သတိပေးမည်ပြုစဉ် ဝေတယိုက သူ့ကျောပိုးအိတ်နှင့်အတူ စားပွဲမှ ခုန်ထလိုက်သည်။
"မကြောက်ကြနဲ့ ! "
ဝေတယိုက သူ့ကျောပိုးအိတ်ကို ဖွင့်လိုက်သည်။
"ငါ့မှာ အရေးပေါ်ဓာတ်မီး တစ်လက်ရှိတယ်! "
ထို့နောက် ဝေတယို၏လက်တွင် အလင်းရောင်တစ်ချက် ထွက်ပေါ်လာလေသည်။
"အစ်ကိုတို့ အစ်မတို့ ၊ ငါ ရိုးရိုးသားသားဝန်ခံပါရစေ ၊ အရင်တုန်းက ဒါက အလုပ်မဖြစ်ဘူးလို့ ငါတကယ်ကြီးတွေးခဲ့မိပါတယ် ၊ ဒါကြောင့် ညဈေးမှာ ငါဆိူင်ခန်းလေးတစ်ခု ဖွင့်ထားခဲ့တယ် ၊ ဒီဓာတ်မီးက ငါရောင်းတဲ့ ပစ္စည်းတွေထဲက တစ်ခုပါပဲ "
ဝေတယိုက ဓာတ်မီးကို စာအုပ်ပုံပေါ်တွင် တင်လိုက်သည်။
"ငါတို့စတူဒီယိုဟာ လွန်ခဲ့တဲ့ ခုနှစ်အတွင်း မှော်ဝင်မြေပုံနည်းပညာရဲ့ နောက်ဆုံးအဆင့်မှာ ရှိနေခဲ့တယ် ၊ ခြောက်ခြားဂိမ်းတွေပေါ်မှာ ဘယ်သူမှ မျှော်လင့်ချင်မထားခဲ့ကြဘူး ၊ နှစ်ဝက်လုံးလုံး အထက်လူကြီးတွေ ကစားသမားတွေ ကျိန်ဆဲတာကို ငါခံခဲ့ရတယ် ၊ ရိုးရိုးသားသားပြောရရင် ငါမူးနေတာပါ "
ဝေတယိုက အသံမြင့်လိုက်သည်။
"အရင်တုန်းက ဒါဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ငါသိပါတယ် ၊ ဒါပေမယ့် အခု ငါတို့မှာ အခွင့်အရေးတစ်ခုရှိနေပြီ ! ၊ ဒီ ဒိတ်တင်းဆင်းမ်နဲ့ ခြောက်ခြားဂိမ်းကို ပေါင်းစပ်လိုက်ပြီးနောက် အစမ်းပုံစံကို ဒေါင်းလုဒ်လုပ်တဲ့နူန်းဟာ ငါတို့ရဲ့နောက်ဆုံးထွက်ခဲ့တဲ့ဂိမ်းထက် ပိုများနေခဲ့ပြီ ၊ မကြာခင် ငါတို့ ဒါ တွေကို ပြောင်းလဲနိုင်တော့မယ် ! "
အခြားဝန်ထမ်းများသာ်လည်း ဝေတယို၏စကားလုံးများနှင့် ထပ်တူဖြစ်သည်။ပရိုဂရမ်မာ လီကျဲ ၊ ထောက်ပံ့ရေးသမား ကျန်းဝမ်တို့ပင် မတ်တပ်ထရပ်လိုက်ကြသည်။သူတို့သည် ညအလင်းရောင်၏ ဝါရင့်ဝန်ထမ်းများဖြစ်ကြသည်။
"လူတိုင်း ပင်ပန်းနေကြမယ်ဆိုတာ ငါသိပါတယ် ဒါပေမယ့် ဒါက ရက်နည်းနည်းလောက်ပါပဲ ၊ ငါတို့အပေါ်အာရုံစိုက်နေတုန်းမှာ ဂိမ်းကို ပြီးအောင်လုပ်ရမယ် ၊ ဖောက်သည်တွေနဲ့ ကစားသမားတွေကို ငါတို့လေးစားရမယ် ! ငါတို့ကိုယ် ငါတို့ သက်သေပြရမယ် ! "
ဝေတယိုက မှာတမ်းရှည်တစ်ခု ခြွေလိုက်သည်။
"ငါ လျှပ်စစ်ပိုင်းကို တစ်ချက်သွားစစ်ကြည့်လိုက်မယ် ၊ လူတိုင်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ပေးကြပါ ! "
တယိုသည် သူ့စိတ်အားထက်သန်မှုမှလွဲ၍ ဘာမှမပါပဲ ထွက်ခွာတော့မည်ကို မြင်လိုက်ရသဖြင့် ကောင်းမင်က ချက်ချင်းပင် သူ့ကို တားလိုက်သည်။
"တယို ငါပြောတာနားထောင်ပါဦး "
"မင်းဘာပြောချင်လဲ ငါသိပါတယ် "
ဝေတယိုသည် ကောင်းမင်လက်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး
"ညီကို ဒီအချိန်မှာ ငါတို့မင်းကို နှိမ့်ချခွင့်ပြုမှာ မဟုတ်ဘူး ၊ ငါတို့ မင်းရဲ့ဂိမ်းကို ပြီးပြည့်စုံအောင် တင်ဆက်ပေးမှာပါ ! "
"အဲ့သလိုပြောချင်တာ မဟုတ်....."
"ငါတို့က သူငယ်ချင်းတွေပဲလေ ၊ စကားလုံးတွေ မလိုအပ်ပါဘူးကွာ ! "
တယိုက လက်လွတ်လိုက်သည်။ရုတ်တရက် ကောင်းမင်ဖုန်းက တုန်ခါလာ၏။သူတင်မကပဲ ရုံးထဲမှ လူတိုင်း သူတို့ဖုန်းများကို ထုတ်ကြည့်လိုက်ကြသည်။လူတိုင်းတွင် မက်ဆေ့တစ်စောင် ရောက်နေခြင်းဖြစ်သည်။
"မင်းတို့ထဲတစ်ယောက် လက်ရှိမှာ သရဲပူးကပ်ခံထားရပြီ "
"သရဲပူးနေတဲ့လူကို သတ်ပြီးမှသာ မင်းတို့ ထွက်သွားနိုင်မယ် "
"သတိပေးချက် ! မင်းတို့ဟာ အလွှာ ၁၀ ၊ ၁၁ ၊ ၁၂ နဲ့ ၁၃ ကြားမှာပဲ လှုပ်ရှားလို့ရမယ် ၊ တစ်နာရီကြာပြီးရင် သရဲက နိုးလာမှာဖြစ်ပြီး စတင်သတ်ဖြတ်လိမ့်မယ် ၊ သရဲသတ်တာ ခံလိုက်ရတဲ့လူတွေက သရဲတွေ ဖြစ်လာလိမ့်မယ် "
မက်ဆေ့သည် တိုတိုတုတ်တုတ်ပင်ဖြစ်သည်။အခြားအလုပ်သမားများက ယင်းကို ဂရုမစိုက်ကြပေ။သူတို့သည် ခြောက်ခြားဂိမ်းများတွင် အလုပ်လုပ်နေကြသူများဖြစ်သည်။ဂိမ်းကို ထုတ်လွှင့်ပြီးနောက် မှတ်ချက်များသည် ယင်းထက်ပင် ကြောက်စရာကောင်းသေးသည်။
"ဒီဂိမ်းက ဘယ်လိုပေါ်လာတာလဲ "
ကောင်းမင်က ထိုဂိမ်းကို ချက်ချင်းမှတ်မိလိုက်သည်။လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖောက်သည်တစ်ယောက်သည် အလွန်ပျင်းရိနေသောကြောင့် သူတို့သည် ဖောက်သည်အတွက် ထိုရုံးမှလွတ်မြောက်ခြင်းဂိမ်းကို ဖန်တီးခဲ့ကြသည်။ဂိမ်းကို တစ်နာရီအတွင်း ဖြေရှင်းရမည်၊ သို့မဟုတ်ပါက နောက်ထပ် သရဲများ ရှိနေမည်ဖြစ်သည်။ အကယ်၍ ကစားသမားသည် ဂိမ်းကို အနိုင်ယူလိုပါက သရဲပူးကပ်ခံထားရသော လူသားကို တိကျစွာ သတ်ပစ်ရမည်ဖြစ်သည်။တနည်းအားဖြင့် လူတစ်ယောက်သေရမည်ဖြစ်သည်။ကောင်းမင်သည် ဝေတယိုနောက်ပြေးလိုက်သွားသော်လည်း ဓာတ်လှေကားတံခါးမှာ ပိတ်သွားခဲ့ပြီဖြစ်သည်။
"တယို ! "
ကောင်းမင်သည် ဓာတ်လှေကားတံခါးခလုပ်ကို နှိပ်နေစဉ် သူ့နောက်မှ အသက်ရှူသံတစ်ခု ထွက်ပေါ်လာသည်ကို သူခံစားလိုက်ရသည်။
"ဒီနောက်ပြောင်တာက တော်တော်ပျင်းစရာကောင်းတာပဲ ၊ မင်း ဒါကို ယုံနေတယ်လို့တော့ မပြောနဲ့ "
ကောင်းမင်နောက်ဘက်မှ ရုတ်တရက် ရှရန်၏ အသံထွက်ပေါ်လာပြီး သူ့ကိုပြောလိုက်သည်။
"ဘာသံမှမထွက်ပဲ ခင်ဗျားဘယ်လို လမ်းလျှောက်လာတာလဲ "
ကောင်းမင်က ရှရန်ကို ကြည့်ရန် မီးထွန်းလိုက်သည်။
"မင်းက ငါ့ကို သရဲလို့ ထင်နေတာလား "
ရှရန်က ပြုံးလိုက်သည်။
"ဆရာရှ ဒီဂိမ်းက တကယ်သာဆိုရင် ခင်ဗျား ဘာလုပ်မလဲ "
ကောင်းမင် သက်သေယူလိုက်သည်။
"သတ်သေလိုက်မယ်နဲ့တူတယ် ၊ ငါ မသတ်ရဲဘူးလေ ပြီးတော့ နာကျင်ရမှာကို ငါကြောက်တယ် "
"ဒါပေမယ့် ဒါက ခင်ဗျားကိုယ်ခင်ဗျား သတ်သေတာလေ ၊ ခင်ဗျားလက်တွေလည်း သွေးစွန်းမှာပဲ "
ကောင်းမင် ဘာမှ ထပ်မပြောရသေးခင် နောက်ထပ် ဓာတ်လှေကားတစ်ခုက အလွှာ၁၃တွင် ရပ်တန့်သွားသည်။
တံခါးပွင့်လာ၏။ ယူနီကွန်းဂိမ်းစတူဒီယိုမှ မန်နေဂျာမာနှင့် ဆုမိုတို့ ပြေးထွက်လာကြလေသည်။သူတို့နှစ်ယောက်သည် အလွန်ကြောက်ရွံ့နေဟန်ဖြင့် တစ်ယောက်ထံမှ တစ်ယောက် ထွက်ပြေးလာကြသည်။သူတို့နှစ်ယောက်သာမက ဓာတ်လှေကားထဲတွင် အမျိုးသားအလောင်းတစ်လောင်း ရှိနေလေသည်။အလောင်း၏မျက်လုံးများသည် ထိုးဖောက်ခံထားရပြီး လက်တော့အိတ်တစ်လုံးကို ပိုက်လျက်သားဖြစ်သည်။
"သူက သရဲပဲ ! သူက အဲ့လူကို သတ်လိုက်တာ ! "
ဆုမိုက ရူးသွပ်စွာအော်ဟစ်လိုက်သည်။
"သူက သရဲပဲ ! သူ့ဆီမှာ သရဲရှိတယ် ! "
မန်နေဂျာက ပြန်အော်ဟစ်လိုက်သည် ။
"ဒီလူတွေက ဘာလို့ ဒီလောက်အသံအကျယ်ကြီး အော်နိုင်သလဲ ငါမသိဘူး "
ရှရန်က သူ့နားနှစ်ဖက်ကို အုပ်၍ ထိုလူနှစ်ယောက်ထံ မျက်မှောင်ကြုံ့၍ ကြည့်လိုက်သည်။ထို့နောက် သူက တိုးတိုးတိုးတိုးဖြင့်
"လူတစ်ယောက်တော့ သေသွားပြီ ၊ ဒါဆို မက်ဆေ့က တကယ်ဖြစ်ပုံရတယ် "
ထူးဆန်းသည့် အကြောင်းပြချက်တစ်ချို့ကြောင့် ရှရန်က ထိုစကားကိုပြောလိုက်ချိန်တွင် ပြုံးလိုက်သည်။
ကောင်းမင်သည် ဆုမိုနှင့်မန်နေဂျာမာ အား ကျော်လျှောက်လိုက်ပြီး အလောင်းကို လေ့လာလိုက်သည်။
ထိုအမျိုးသား၏ ရှပ်အင်္ကျီ ကြယ်သီးများ ပြုတ်နေပြီး ကြွက်သားများတင်းမာနေကြောင်းသူသတိပြုမိသည်။
“သေဆုံးသူဟာ လွန်ခဲ့တဲ့ ၂၄ နာရီကျော်က သေဆုံးခဲ့တာပဲ ၊ လူသတ်သမားက ဒီလူနှစ်ယောက်နဲ့ လုံးဝမတူဘူး "
"ဒါဆို သူတို့က ဘာလို့ ဓာတ်လှေကားထဲမှာ အလောင်းနဲ့အတူ ရှိနေရတာလဲ "
ရှရန်က သူ့ဖုန်းကို ကြည့်လိုက်သည်။
"သရဲက သူတို့ဆီမှာများ ပုန်းနေနိုင်မလား "
ကောင်းမင် ခေါင်းညိမ့်လိုက်သည်။
"သရဲက ဒီသေသွားတဲ့လူကို ပူးကပ်ထားခဲ့တာဖြစ်မယ် ၊ ဒီနှစ်ယောက်က အလွန်ကို သံသယဖြစ်စရာပဲ ၊ သေချာတာက သူတို့နှစ်ယောက်ကို သံသယရှိအောင် သရဲက ရည်ရွယ်ချက်ရှိရှိ ဒါကိုလုပ်ခဲ့တဲ့ ဖြစ်နိုင်ခြေတစ်ခုတော့ ရှိတယ် "
"ဒီသရဲက တော်တော် ဉာဏ်များတာပဲ "
"ဂိမ်းဒီဇိုင်နာက လူသားသဘောသဘာဝကို သိတယ် ၊ သူတို့က သူတို့ နှစ်ယောက်ကို လူအုပ်စုနဲ့ ပဋိပက္ခဖြစ်အောင် ခွဲထားတယ် ၊ အချိန်တန်ရင်တစ်ယောက်ယောက်က ဒီနှစ်ယောက်နောက်ကို လိုက်သွားလိမ့်မယ် ၊ အုပ်စုဖွဲ့ပြီး အချင်းချင်း သတ်ဖြတ်ဖို့တောင် ဖြစ်သွားနိုင်တယ် "
ကောင်းမင်သည် ထိုသို့ အလွန်ရှုပ်ထွေးသော ဂိမ်းကို ဒီဇိုင်းမဆွဲခဲ့ပေ။
"လူသားသဘာဝက အရမ်းရှုပ်ထွေးတယ် ၊ ပထမခြေလှမ်း လှမ်းပြီးရင် အောက်ခြေစည်းဟာ လူသားဆန်မှုတွေ ပျောက်ဆုံးသွားတဲ့အထိ ကျိုးပျက်သွားနိုင်တယ် "
"တချို့အကျင့်သိက္ခာမရှိတဲ့ ကုမ္ပဏီတွေက ဒါမျိုးလုပ်ဖို့ သူတို့ဝန်ထမ်းတွေကို ခိုင်းခဲ့တာပဲ "
ရှရန်သည် အကောင်းမြင်တတ်သူဖြစ်သည်။
"တခြားနည်းနဲ့ဆိုရင် သရဲက ငါတို့ စတူဒီယိုမှာ ရှိနေတယ် ၊ လူတိုင်းက အချိန်ပို ဆင်းနေကြတာ ပြီးတော့ ဘယ်သူမှ တခြားအလွှာမှာ မရှိဘူး "
"ငါတို့က ယာယီတော့ ဘေးကင်းပါတယ် ၊ ဒါပေမယ့် မက်ဆေ့ရဲ့ပြောစကားအရ သရဲက တစ်နာရီကြာပြီးရင် စတင်သတ်ဖြတ်လိမ့်မယ် ၊ ဒါပြီး ငါတို့ တစ်ယောက်ကိုမှ ယုံကြည်လို့မရတော့ဘူး "
"မှန်တယ် ၊ တစ်နာရီအတွင်း သရဲပူးခံထားရတဲ့လူကို ကျွန်တော်တို့ရှာမှ ဖြစ်မယ် "
ဆုမိုနှင့် မန်နေဂျာဂေါင်တို့သည် စကားများနေကြဆဲဖြစ်သည်။သူတို့သည် တစ်ဦးကိုတစ်ဦး သရဲဟု စွပ်စွဲနေကြသည်။
"စကားများမနေနဲ့တော့ ၊ ဖြေးဖြေးချင်း ပြောပြ "
ရှရန်သည် မယုံနိုင်ဖွယ်တည်ငြိမ်နေလေသည်။
"ကျွန်တော်က အော်ဒါပို့ပြီး ထွက်သွားမလို့လုပ်နေတာပါ ၊ ပြီးတော့ ကျွန်တော် လူသေအလောင်းနဲ့ တည့်တည့်တိုးတော့တာပဲ ! သရဲက နဂိုကတည်းက အလောင်းပေါ်မှာရှိနေတာ ၊ သူက ကျွန်တော့်ကို စကားတွေအများကြီး ပြောခဲ့တယ် ၊ သူတစ်ခုခုပြောလိုက်တဲ့ အချိန်တိုင်း ဓာတ်လှေကားက ပိုမှောင်မဲလာတယ် ! "
ဆုမိုက မျက်ရည်များကို သုတ်လိုက်သည်။
"ပြီးတော့ ဒီမန်နေဂျာမာဆိုတဲ့လူ ဓာတ်လှေကားထဲ ဝင်လာတာပဲ ၊ သေနေတဲ့လူက မန်နေဂျာမာအတွက် ထွက်လာခဲ့တာပဲ ၊ သူက မန်နေဂျာမာကို စောင့်နေခဲ့တာ ၊ သူဓာတ်လှေကားထဲ ဝင်လာတော့ သရဲက မန်နေဂျာမာကို လည်းပင်းညစ်တော့တာပဲ ပြီးတော့ သရဲက မန်နေဂျာမာရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်တယ်! "
"အဓိပ္ပါယ်မရှိတာပဲကွ ! သူလိမ်နေတာ ! "
မန်နေဂျာမာက သူ့ကော်လံကို ဖွင့်ပြလိုက်သည်။
"ကြည့် ၊ ငါ့လည်ပင်းတဝိုက်မှာ ဘာလက္ခဏာမှ မရှိဘူး ၊ ငါက မြေအောက်ကားပါကင်မှာ ဖုန်းပြောနေတာ ၊ ဓာတ်လှေကားထဲမှာ ထူးဆန်းတဲ့အသံတွေကြားလိုက်လို့ ငါလာစစ်ဆေးတာပဲ ၊ ဒါပေမယ့် တံခါးပွင့်လာတော့ ငါပါဆွဲခေါ်ခံလိုက်ရတယ် ၊ ဒီ ဒလီဗာရီကောင်ပြောတာက သူ့ကို လူတစ်ယောက်က သတ်ချင်နေတာတဲ့ ဒါပေမယ့် ဓာတ်လှေကားထဲမှာတော့ သူနဲ့ အဲ့အလောင်းကလွှဲလို့ ဘယ်သူမှ မရှိဘူး ! "