← Chapters

ကံကြမ္မာ

Vol. 2 Ch. 23

ကံကြမ္မာ

Vol. 2 Ch. 23

ကောင်းမင်က ယူနီကွန်းဂိမ်းစတူဒီယို၏ ပထမလုပ်သားအသုတ်၏ အဖြူအမဲ အုပ်စုဓာတ်ပုံကို သိမ်းဆည်းလိုက်သည်။သူသည် အရင်ကနှင့် မကွာခြားဟုထင်ရသော်လည်း သူ့မျက်ဝန်းများထဲဝင် ထူးခြားနက်နဲသည့် စိတ်ခံစားမှုတစ်ခု ရှိနေခဲ့သည်။

"တကယ့်ဖြစ်ရပ်ဆိုးကြီးသာ ပေါက်ကွဲသွားရင် ကိစ္စတွေက အဆိုးဆုံးဖြစ်လာရုံပဲ ရှိတော့တယ် "

အရိပ်များ အဝေးသို့ လှိမ့်ထွက်သွားသည်ကို ရွှမ်ဝမ်မြင်တွေ့ရသည်။

"ရှင်က ထောင်မှာ အလုပ်လုပ်နေတော့ ဒါမျိုးတွေနဲ့ အသားကျနေတယ်လို့ ကျွန်မထင်ခဲ့တာ "

"ငါတို့ ညအလင်းရောင်ဂိမ်းစတူဒီယိုဆီ ပြန်သွားရအောင် "

ကောင်းမင်က ဖြတ်ပြောလိုက်သည်။

"ဂိမ်းမှာ အလွှာလေးခု ပါတယ် ၊ အောက်အလွှာသုံးလွှာမှာ လူတွေ တစ်ယောက်မှ မကျန်ခဲ့တာ‌မို့ လူသတ်သမားက ၁၃လွှာမှာ ပုန်းနေတာပဲဖြစ်ရမယ် ၊ သူတို့က ညအလင်းရောင်မှာ အလုပ်လုပ်နေတဲ့လူတစ်ယောက်တောင်ဖြစ်နိုင်တယ် "

"လူတိုင်းမှာ သူတို့ကိုယ်ပိုင်ရွေးချယ်မှုတွေ ရှိကြတယ် ၊ ဘယ်သူမှ ဘာမှမလုပ်ရင်တောင် သရဲက သတ်ဖြတ်မှာပဲ ပြီးရင် ပိုများတဲ့သရဲတွေ ပေါ်လာလိမ့်မယ် ၊ အဆုံးမှာတော့ အားလုံးသေကြမှာပဲ "

ရွှမ်ဝမ် ပုခုံးတွန့်လိုက်သည်။

"အဲ့ဒီလူက သူ့ရွေးချယ်မှုလုပ်ခဲ့တာပဲ ၊ ပြီးတော့ သူ့ပန်းတိုင်ကို ပြီးအောင်လုပ်မယ့် စွမ်းအားလည်းရှိတယ်လေ "

"သရဲက ဘာမှမလုပ်ခဲ့ဘူး ဒါပေမယ့် သူက လူခုနှစ်ယောက်တောင် သတ်ပစ်ခဲ့တာ "

"ဒါပေမယ့် ကျန်တဲ့လူတွေကို သူကယ်ခဲ့တယ်လေ "

ကော်ရစ်ဒါရှိ မီးရောင်များ တဖျတ်ဖျတ်ဖြစ်နေကြသည်။မီးများပြန်လင်းလာချိန်က ဂိမ်းသည် တရားဝင်ပြီးဆုံးသွားပြီဟု ဆိုလိုခြင်းဖြစ်သည်။ယင်းသည် ကောင်းမင်၏ တတိယမြောက်ဂိမ်းနှင့် သူ့အား သက်ရောက်မှု အများဆုံးရှိစေသော ဂိမ်းဖြစ်သည်။ကောင်းမင် ညအလင်းရောင်သို့ ပြန်လာခဲ့သည်။အလုပ်သို့ လူတိုင်းပြန်ရောက်နေကြပြီဖြစ်သည်။

"ဖမ်းလိုက် ! "

ကျန်းဝမ်က ကောင်းမင်ထံ အားဖြည့်အချိုရည်တစ်ဘူး ပစ်ပေးလိုက်သည်။

"ငါက အိုနေပြီကွာ ၊ လွန်ခဲ့တဲ့ နှစ်နဲနဲလောက်ကဆိုရင် မိုးလင်းအထိ အလုပ်လုပ်နိုင်တယ်ကွ ! "

မက်ဆေ့ကို တစ်ဦးတစ်ယောက်မှ အလေးမထားကြပေ။သူတို့သည် သေခြင်းတရားနှင့်မည်မျှနီးစပ်ခဲ့ကြောင်း မသိကြပါပေ။သေမင်းသည် သူတို့ကြားတွင် ရှိနေကြောင်းလဲ မသိပေ။ကောင်းမင်က အခန်းထဲမှ လူတိုင်းကို စစ်ဆေးလိုက်သည်။သူတို့သည် ပုံမှန်အတိုင်းပင် ပြုမူနေကြသည်။

"ဆရာရှ စောနက ခင်ဗျားအောက်ထပ်ဆင်းခဲ့တာလား "

"လူတစ်ယောက် အကူညီတောင်းသံကြားလိုက်လို့ ငါသွားကြည့်လိုက်တာ ၊ ဒါပေမယ့် လုံခြုံရေးကော်ရစ်ဒါက အရမ်းမှောင်မဲနေတော့ ငါပြန်လာခဲ့လိုက်တယ် "

ရှရန်သည် ကွန်ပျူတာပေါ်တွင် နောက်ဆုံးမှုခင်းမြင်ကွင်းကို ဆေးခြယ်နေခဲ့သည်။သူ့စတိုင်များသည် နားလည်ရန် အလွန်ခက်ခဲသည်။ယင်းတွင် ပရမ်းပတာဖြစ်သော အလှတရားတစ်ခုရှိပေသည်။

"မင်းသိပါတယ် ငါက အလွယ်တကူကြောက်တတ်တယ်ဆိုတာ "

"ဒလီကောင်လေးကရော ၊ သူ့ကို စောင့်ကြည့်ထားဖို့ ကျွန်တော် ခင်ဗျားကို ပြောခဲ့တယ်မလား "

ကောင်းမင်က ထိုကောင်လေးကို မတွေ့ရတော့ပေ။

"မီးတွေ ပြန်လင်းလာတော့ သူက ရဲတွေကို ဖုန်းခေါ်ပြီး ထွက်သွားတာပဲ ၊ ဒီဖြစ်ရပ်ကြီးတစ်ခုလုံးက နောက်ပြောင်မှုလို့ ငါသံသယရှိတယ် "

ရှရန်က သူ့ကုလားထိုင်နောက်ကျောကို မှီလိုက်သည်။

"ငါတို့က ဂိမ်းဖန်တီးတဲ့သူတွေပဲကွာ ၊ စာလေးတစ်ကြောင်းအတွက်နဲ့ သူ့ကို ဖမ်းထားတာတော့ မဖြစ်သင့်ပါဘူး ဟုတ်တယ်မလား "

ကြောင်က မြောင်ဟု အော်လိုက်သည်။ရုံးခန်းတံခါးမှာ ထပ်မံပွင့်လာ၏။ဝေတယိုက ခြေသံပြင်းပြင်းနင်း၍ ဝင်လာလေသည်။

"ဒီအဆောက်အအုံရဲ့ စီမံခန့်ခွဲမှုက ရယ်စရာပဲကွ ၊အလုပ်မှာ လျှပ်စစ်နဲ့ ပတ်သက်ပြီး ကူညီမယ့်သူတစ်ယောက်မှ မရှိဘူးလား"

"တယို မင်း လျှပ်စစ်ခန်းကို သွားခဲ့တာလား "

"ငါ တံခါးကို ကန်ဖွင့်တော့မလို့ပဲဟေး ! ငါ့ဖုန်း မေ့နေခဲ့လို့သာပေါ့ မဟုတ်ရင် ဖုန်းခေါ်ပြီး တိုင်ပလိုက်တယ် ! "

ဝေတယိုသည် သူ့ခုံသို့ ပြန်သွားလိုက်ပြီး သူ့အလုပ်ကို ဆက်လုပ်နေလိုက်သည်။

ကောင်းမင်သည် ရုံးခန်းထဲရှိ လူအားလုံးနှင့်စကားပြောဆိုလိုက်သည်။ဘယ်သူမှ နေရာက ထွက်မသွားကြပေ။ထို့နောက် ရဲများ ရောက်လာကြသည်။အားလုံးကို ရုံးခန်းထဲ နေရန်ပြောပြီး ဘယ်သူ့ကိုမှ ထွက်သွားခွင့်မပြုပေ။ယင်းနောက် လူတိုင်းသည် ဆိုးဝါးသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်ကိုနားလည်သွားကြသော်လည်း အသေးစိတ်အချက်အလက်များကို မသိကြပေ။

မနက် တစ်နာရီတွင် ရဲများက မန်နေဂျာဂေါင်အား စတူဒီယိုထဲခေါ်လိုက်သည်။သူသည် ဘေးခန်းတွင် ရဲများနှင့်စကားပြောဆိုနေရသည်။

ရဲများ၏ မေးမြန်းမှုကြောင့် မန်နေဂျာဂေါင်မှာ စိတ်ရှုပ်နေလေသည်။လူတိုင်းသည် သူ၏ ကျယ်လောင်ပြီး စိတ်ရှုပ်ထွေးနေသောအသံကို ပိတ်ထားသော တံခါးမှတဆင့် ကြားနေရသည်။

"ခင်ဗျားတို့ ဘာအကြောင်းပြောနေလဲ ကျုပ်မသိဘူး ! ကျုပ် ထပ်ပြောမယ် ၊ ကျုပ်တို့က ဂိမ်းတွေ ဖန်တီးနေတာ ! ကျုပ်လူတွေ လုပ်ခဲ့တဲ့ စိတ်တိုစရာအကောင်းဆုံးအလုပ်က လိုင်းပေါ်က လူတွေနောက် လိုက်တာပဲ "

"ဒါက ကျုပ်တို့ရဲ့ အဓိက မန်နေဂျာ ဝေတယိုပဲ သူ့ကြည့်ရတာ သန်မာပုံရပေမယ့် ပိုးကောင်လေးတွေကိုတောင် ကြောက်နေတဲ့ကောင် ! သူ့ကိုယ်ထဲ မိန်းမငယ်ငယ်လေး ပုန်းနေသလိုပဲ ! ကျုပ်တို့ရဲ့ အဓိကအနုပညာရှင်ဆရာရှ ဘယ်လိုလူဆိုးမျိုးက သူ့လိုအားပျော့မှာလဲ ၊ အဒေါ်ကြီးတစ်ယောက်ကို သူ့ကို အလွယ်တကူ တွန်းလဲနိုင်တယ် "

"သူက ရွှမ်ဝမ် ၊ ကျုပ်တို့နောက်ဆုံး ငှားထားတဲ့လူပဲ ၊ သူက အရမ်းကျက်သရေရှိပြီး အရမ်းရှက်တတ်တယ် ၊ သူသာ လူခုနှစ်ယောက်ကို ပျောက်သွားအောင်လုပ်နိုင်ရင် ကျုပ်ဒီစားပွဲကို စားပစ်မယ် ! "

"ကျုပ်ကို စိတ်အေးအေးထားဖို့ လာပြောမနေနဲ့ ၊ ခင်ဗျားတို့ပဲ ကျုပ်ကို ဒီလိုဖြစ်အောင်လုပ်နေတာ ! "

လူတိုင်းမှာ စစ်ဆေးမေးမြန်းခံနေရသည်။ကောင်းမင်သည် ဆယ်လွှာရှိ အခန်းတစ်ခုထဲသို့ အခေါ်ခံလိုက်ရသည်။ရဲများသည် မှတ်တမ်းကင်မရာများကို ပိတ်၍ ထွက်ခွာသွားကြသည်။ကောင်းမင်တစ်ယောက်တည်း ကျန်ခဲ့လေသည်။နာရီဝက်ခန့်ကြာပြီးနောက် ထပ်မံ တံခါးပွင့်လာ၏။ဝင်လာသော သူများမှာ ရဲများမဟုတ်ဘဲ အနက်ရောင်ဝတ်စုံနှင့်လူများဖြစ်သည်။သူတို့အားလုံး အနက်ရောင်ဆက်သွယ်ရေးစက်များ ဝတ်ဆင်ထား၏။

"စုံစမ်းစစ်ဆေးရေးဌာနကလား "

"မစိုးရိမ်ပါနဲ့ "

ခေါင်းဆောင်ဖြစ်သူသည် အရပ် ၁.၆ မီတာထက် နည်းမည့်ပုံပေါ်သော်လည်း အထင်ကြီးစရာ အသွင်အပြင်တစ်ခု ရှိနေ၏။

"ကျုပ်က အနာဂတ်နည်းပညာဥယျာဉ်ဆက်ရှင် ၊ ဟန်ဟိုင်းမြို့တော် မြောက်ပိုင်းခရိုင်ဌာနခွဲရဲ့ ဒုဥက္ကဌ ယင်ကွမ်းပါ "

"ခင်ဗျား ကျွန်တော့်ဆီက တစ်ခုခု လိုအပ်လို့လား "

"မင်း ဒီလူကို သိလောက်မယ်ထင်တယ် "

ယင်ကွမ်းနောက်မှ အရပ်ရှည်ရှည်လူက ရှေ့ထွက်လာ၏။သူက သူ့အနက်ရောင်ဆက်သွယ်ရေးစက်မှ ဗီဒီယိုတစ်ခုကို ပရိုဂျက်တာ ထိုးပြလိုက်သည်။ဗီဒီယိုထဲတွင် မျက်နှာပျက်စီးနေသည့် စုံစမ်းရေးမှုးသည် ကောင်းမင်အား ဌာနအတွင်းသို့ ဝင်ရန် အလေးအနက် မှတ်ချက်ပေးနေခြင်းဖြစ်သည်။

"သူက ကျွန်တော်နဲ့အတူ အဆင့် ၃ မူမမှန်ဖြစ်ရပ်ကို ကြုံတွေ့ခဲ့ပြီး ဌာနအကြောင်းကို ပြောပြခဲ့ဖူးတယ် "

ကောင်းမင် မျက်မှောင်ကြုံ့လိုက်သည်။

"ခင်ဗျားတို့ ကျွန်တော့်ကို ဖမ်းဖို့ ရောက်လာကြတာလား "

အရပ်ရှည်ရှည်နှင့်လူက ခေါင်းခါလိုက်ပြီစ အသာအယာပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်နာရီက သူသေသွားခဲ့ပြီ "

"သေသွားပြီလား "

ကောင်းမင်သည် ထိုလူ့နာမည်ကိုပင် မသိသေးချေ။

"သူ့ကို မစ်ရှင်တစ်ခုအတွက် ဟန်ဟိုးမြို့တော်အရှေ့ပိုင်းကို ပြောင်းရွှေ့ခဲ့တယ် ၊ သူက အဆင့်၃ မူမမှန်ဖြစ်ရပ်တစ်ခုမှာ သေဆုံးသွားခဲ့တယ် "

အရပ်ရှည်ရှည်နှင့်လူက ထိုင်ချလိုက်သည်။အခြားနှစ်ယောက်သည်လည်း ထိုင်လိုက်သည်။

"ကျုပ်တို့ ရောက်လာတာက ခင်ဗျားကို ကျုပ်တို့ဆီ ပါဝင်ဖို့ မျှော်လင့်လို့ပဲ "

နောက်ဆုံးအေးဂျင့်တစ်ယောက်က အနက်ရောင်လက်ဆွဲသေတ္တာတစ်လုံးကို စားပွဲပေါ်တင်လိုက်သည်။သူသည် စကားဝှက်များရိုက်ထည့်၍ လက်ဆွဲသေတ္တာကို ဖွင့်လိုက်သည်။သေတ္တာထဲတွင် သွေးစွန်းနေသော အနက်ရောင်ဆက်သွယ်ရေးစက် တစ်လုံးရှိနေပေသည်။

"ချင်ထျန်းနဲ့ ကျုပ်က ရှင်းလုက လာကြတာပဲ ၊ သူက ကျုပ်အယုံကြည်ရဆုံး လူတစ်ယောက်ပဲ ၊ သူက ခင်ဗျားနဲ့ပတ်သက်တဲ့ အကြောင်းအရာအားလုံး ကျုပ်ကိုပြောပြခဲ့တယ် ၊ ခင်ဗျားဟာ မူမမှန်ဖြစ်ရပ်တွေကို ဖြေရှင်းဖို့ မွေးဖွားလာတာတဲ့လေ "

အရပ်ရှည်ရှည်နှင့် လူ၏ အသံသည် ခိုင်မာပြီးတည်ငြိမ်နေ၏။သူသည် သေခြင်းတရားနှင့် အသားကျနေပုံရသည်။

"ချင်ထျန်းဟာ ခင်ဗျားအကြောင်းကို ပြောနေတုန်းက အရမ်းစိတ်လှုပ်ရှားပြီး ပျော်နေခဲ့တာ ၊ မူမမှန်မှုတစ်ခုမှာ သူ့မိန်းမနဲ့ကလေး သေသွားပြီးကတည်းက သူပြုံးတာကို ကျုပ် ပထမဆုံးအကြိမ်မြင်ဖူးတာပဲ ၊ ခင်ဗျားဆီမှာ မျှော်လင့်ချက်ကို မြင်ခဲ့ရတယ်လို့ သူပြောခဲ့တယ် "

"အဲ့ဒီလူရဲ့ နာမည်က ချင်ထျန်းပေါ့ ...."

မူမမှန်မှုသည် ဂိမ်းတစ်ခုဖြစ်သော်လည်း ယင်းသည် ဂိမ်းတစ်ခုထက် ပိုပေသည်။ယူနီကွန်းစတူဒီယိုမှ ဝန်ထမ်းခုနှစ်ယောက်နှင့် ချင်ထျန်းသည် အခြားကမ္ဘာတွင် မြှုပ်နှံခံလိုက်ရပြီဖြစ်သည်။

"ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာနကို ဟန်ဟိုင်းမှာရှိတဲ့ ဇုန် ၁၉ခုအရ ခရိုင်ခုနှစ်ခုခွဲထားတယ် ၊ ကျုပ်တို့ရဲ့ မြို့ဟောင်းခရိုင်ကိုလည်း လူဦးရေသိပ်သည်းမှုနဲ့ မြေအနေအထားအရ ထပ်ခွဲထားသေးတယ် ၊ မြို့ဟောင်းမှာ လီစန်း ၊ ကျင်းဝမ် ၊ ဖုတင်း ၊ ပုကော် နဲ့ တဟန်ဆိုပြီး အဓိကစုံစမ်းစစ်ဆေးရေးဌာန ငါးခုရှိတယ် "

အရပ်ရှည်ရှည်လူက ကောင်းမင်ကို ကြည့်လိုက်သည်။

"ဟန်ဟိုင်းဟာ ရှင်းလုထက် လူဦးရေနှစ်ဆရှိတယ် ၊ ကွဲလွဲချက်များ ပေါ်လာပြီးနောက်၊ ကျုပ်တို့မှာ ဝန်ထမ်းအင်အား အရမ်းနည်းပါးတယ်၊ ကျုပ်တို့ရဲ့ ဝန်ထမ်းအသစ်တွေက အတွေ့အကြုံအကန့်အသတ်ရှိပြီး သေဆုံးနိုင်နူန်း အရမ်းမြင့်တယ် ၊ သူတို့ကို ဦးဆောင်နိုင်မယ် ကျွမ်းကျင်တဲ့ အဖွဲ့ဝင်တွေ အများကြီး မရှိဘူး ၊ ဒါကြောင့် မူမမှန်ဖြစ်ရပ်တစ်ခုမှာ ရှင်သန်နိုင်ခဲ့တဲ့ ခင်ဗျားလိုလူမျိုးကို ကျုပ်တို့ လိုအပ်နေတာပဲ "

"ဌာနကို ဝင်ရတာက အန္တရာယ်များပါတယ ၊ ဒါပေမယ့်လည်း ကျုပ်တို့ ဘာမှ မလုပ်ဘူးဆိုရင် ပိုကြောက်စရာကောင်းတဲ့အရာတွေ ဖြစ်ပွားလာလိမ့်မယ် "

ယင်ကွမ်းက ပြောလိုက်သည်။

"ဘယ်သူမှ အတိတ်က မလွှတ်မြောက်နိုင်ဘူး ၊ ဒါက ခင်ဗျားအတွက် ပိုကောင်းတဲ့ရွေးချယ်မှု ဖြစ်ပုံပါပဲ "

"ကျွန်တော် ဒါကို စဉ်းစားလိုက်ပါဦးမယ် "

အရာအားလုံးကို ရင်ဆိုင်ဖြေရှင်းရန် ကိုယ့်ကိုယ်ကိုသာ အားကိုးနေရခြင်းသည် ကောင်းမင်အတွက် အလွန်ခက်ခဲပေသည်။ဌာနသို့ ဝင်ရောက်ခြင်းမှာ မကောင်းသည့်ရွေးချယ်မှုတော့ မဟုတ်ပေ။သူသည် ဖြစ်ရပ်ဆိုး၏ မူလရင်းမြစ်ဖြစ်သည်။သူသည် အထက်သို့ တဖြည်းဖြည်းတက်သွားနိုင်လျှင် ဟန်ဟိုင်းစုံစမ်းစစ်ဆေးရေးဌာန၏ ဥက္ကဌဖြစ်လာမည်ဖြစ်ပြီး အမှန်တရားနှင့် နီးစပ်လာလိမ့်မည်ဖြစ်သည်။

"သာမန်လူတွေက အဆင့်၃ မူမမှန်ဖြစ်ရပ်ကို မကိုင်တွယ်နိုင်ဘူး ၊ ခင်ဗျားရဲ တည်ရှိမှုက ကျုပ်တို့ရဲ့ လူသစ်စံချိန်မှာ အမြင့်ဆုံးဖြစ်နေပြီ "

အရပ်ရှည်ရှည်လူက ရိုးသားစွာပြောလိုက်သည်။

"ကျုပ်တို့က ခင်ဗျားကို မစ်ရှင်တွေ အတင်းအကျပ်လုပ်ခိုင်းမှာမဟုတ်သလို ခင်ဗျားရဲ့ဘဝကိုလည်း နှောက်ယှက်မှာ မဟုတ်ပါဘူး ၊ ခင်ဗျားမှာ ကိုယ်ပိုင်အခွင့်အရေး အပြည့်အဝရှိနေမှာပါ "

"ကျွန်တော် ဟန်ဟိုင်းက ထွက်သွားချင်ရင်ရော "

ကောင်းမင်သည် ရှင်းလုကို သွားချင်နေသော်လည်း မိုးကြောင့် မြေပြိုပြီး လမ်းပိတ်နေခဲ့သည်။

"အနာဂတ်မှာ ယာဉ်ကြောပိတ်ဆို့မှုဖြစ်ရင်တောင် ဌာနအဖွဲ့ဝင်တစ်ဦးအနေဖြင့် ခင်ဗျား လွတ်လွတ်လပ်လပ် သွားလာလို့ရပါတယ် "

ထိုလူက ကတိပေးလိုက်သည်။

"ခင်ဗျား ကျုပ်တို့ဆီဝင်ရင် ခင်ဗျားကို လုပ်ပိုင်ခွင့် အမြင့်ဆုံးပေးမှာပါ "

"ယာဉ်ကြောပိတ်ဆို့ရင်တောင်လား "

ကောင်းမင်သည် ထိုအရာကို အလေးအနက်စဉ်းစားနေမိသည်။သူက အနက်ရောင်ဆက်သွယ်ရေးစက်ကို စိုက်ကြည့်လိုက်သည်။သွေးများဖုံးလွှမ်းနေသော အနက်ရောင်ဆက်သွယ်ရေးစက်သည် ကံကြမ္မာစက်ဝန်းထဲရှိ ခွေးသွားစိတ်တစ်ခုနှင့် တူနေလေသည်။

All Chapters