ကျွန်တော်နဲ့အတူတူပုန်းပါ
Vol. 2 Ch. 27
ထိုဂိမ်းကို ရှင်းလင်းရန်မှာ လွယ်လည်းလွယ် ခက်လည်းခက် နှစ်မျိုးလုံးဖြစ်သည်။လူတစ်ယောက်၏ နှလုံးသားထဲတွင် အကြောက်တရားမရှိပါက ကူးစက်ခံရလိမ့်မည် မဟုတ်ချေ။သို့သော်လည်း အကြောက်တရားမရှိခြင်းသည် လူအများစုအတွက် ခက်ခဲပေသည်။ဂိမ်း၏အဆုံးသတ်မှာ အလွန်မိုက်မဲလှသည်။ အကြောက်လွန်ရောဂါ ပြန့်ပွားခြင်းမှ ကာကွယ်ရန် မြို့တော် စီမံခန့်ခွဲရေး မှ ရောဂါဖြစ်ပွားသော ဒေသများရှိ လူတိုင်းကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သည်။ရကူးစက်မခံရသော အသက်ရှင်ကျန်ရစ်သူများသည် မြို့တော်တာဝန်ရှိသူများနှင့် တိုက်ခိုက်ကြတော့သည်။
"အဲ့ဒီဂိမ်းသာ အမှန်တကယ်ဖြစ်လာမယ်ဆို ဒုက္ခတော့ များပြီပဲ "
အကယ်၍ ဂိမ်းတွင်ဖော်ပြထားသည့်အတိုင်း ရောဂါပျံ့နှံ့မှု မြန်ဆန်ပါက ခြောက်ခြားဇာတ်လမ်းများ ပျံ့နှံ့မှုထက် ပိုမိုမြန်ဆန်မည်ဖြစ်သည်။ ထို့ကြောင့် ကောင်းမင်သည် ၎င်း၏ အရင်းအမြစ်ကို တားဆီးရမည်ဖြစ်သည်။
"ပျောက်နေတဲ့ကလေးကို ငါ ရှာမှ ဖြစ်မယ် "
ကောင်းမင်သည် စိုးရိမ်ပူပန်နေသောကြောင့် ယင်းနှင့်အတူ အခြားစိတ်ခံစားချက်များလိုက်ပါကြသည်။သူ့နဖူးတွင် ချွေးများ စီးကျလာပြီး သူ့နှလုံးသည် တလှပ်လှပ်တုန်လာကာ ဆီးသွားချင်လာ၏။ကျွမ်းကျင်သော စိတ်ဆရာဝန်တစ်ဦးအနေဖြင့် ယင်းတို့သည် အကြောက်ရောဂါ၏ အဓိကလက္ခဏာကြီးများဖြစ်ကြောင်း သူသိပေသည်။
ကောင်းမင်က မတ်တပ်ရပ်၍ အော်ဟစ်လိုက်သည်။
"သတိကပ်ထားကြ ! မင်းတို့ ဘာမြင်မြင် ဘာကြားကြား ဘာကိုမှ မယုံကြနဲ့ ! အကြောက်တရားက မင်းတို့ကို သိမ်းပိုက်မသွားစေနဲ့ ! "
သူအော်ပြောလိုက်သော်လည်း တုန့်ပြန်သူမရှိပေ။ကောင်းမင်က ဧည့်ခန်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။ထိုနေရာတွင် သူတစ်ယောက်သာ ရှိနေ၏။
"မကောင်းတော့ဘူး ၊ ငါ ထောင်ချောက်ဆင်ခံလိုက်ရပုံပဲ "
ကောင်းမင် စိုးရိမ်နေခဲ့သည်။ပိုင်ချောင်းနှင့်ဒရိုင်ဘာသည် သရဲအစစ်တစ်ကောင်မရှိသောကြောင့် ထိုမူမမှန်ဖြစ်ရပ်အား အန္တရာယ်မရှိဟု သတ်မှတ်ခဲ့ကြသည်။သူတို့သည် ယင်းကို လူသစ်လေးများအတွက် လေ့ကျင့်ရေးလို ဆက်ဆံခဲ့သည်။မူမမှန်ဖြစ်ရပ်ထဲ စုံစမ်းရေးမှူးဆယ်ယောက် ဝင်ရောက်ခဲ့သော်လည်း အရေအတွက် သက်သပ်ဖြင့် မူမမှန်မှုကို ဖြေရှင်းမရပေ။
အထီးကျန်ခြင်း ၊ အကြောက်တရားနှင့် လဲပြိုခြင်း ။အကြောက်ရောဂါတွင် သရဲတစ်ကောင်မပါလျှင်ပင် လူများစွာသည် အကြောက်တရားမှ လွတ်မြောက်ရန် ကိုယ့်ကိုယ်ကို သတ်သေရန် ရွေးချယ်ကြပေလိမ့်မည်။
"ငါ အကြောက်တရားထဲ နစ်မြှုပ်သွားလို့မရဘူး ၊ အခြားလူတွေ လွတ်မြောက်အောင် ကူညီဖို့လိုတယ် ..."
ကောင်းမင် စိတ်ရှုပ်ထွေးနေခဲ့သည်။ကြောက်ရွံ့ခြင်း ပုံမှန် စိတ်ခံစားချက်တစ်ခုပင်ဖြစ်သည်။ထိုခံစားချက်က အန္တရာယ်ကို သတိပေး၏။သို့သော် အကြောက်တရား လွန်ကဲလာသောအခါ ဘေးဥပဒ်ဖြစ်စေသော ခံစားချက်တစ်ခု ဖြစ်လာပေသည်။
သူသည် အကြောက်တရား၏ အဆိုးမြင်လွှမ်းမိုးမှုကို ရပ်တန့်ရန် အဖြေမရှာနိုင်လျှင် လူများစွာသည် အကြောက်တရားစက်ဝန်းထဲသို့ ဆွဲသွင်းခံလိုက်ရမည်ဖြစ်သည်။
ကောင်းမင် စိတ်ကို ရှင်းလင်းလိုက်သည်။အဆိုးဆုံးဖြစ်နိုင်များအား တွေးတောနေခြင်းကို သူရပ်တန့်လိုက်သည်။
"ကယ်ကြပါ ကယ်ကြပါ..."
ရုတ်တရက် ကော်ရစ်ဒါဘက်မှ လူတစ်ယောက်၏ ငိုကြွေးသံထွက်ပေါ်လာ၏။သူနောက်သို့ တစ်စုံတစ်ခုလိုက်လာသဖြင့် ပိတ်မိနေပုံရသည်။
"ငါ့ကို လွှတ်..."
တစ်စုံတစ်ရာက သူ့အားဆွဲခေါ်သွားသည်။သူသည် တခြားအထပ်သို့ ဆွဲခေါ်သွားခံရသောကြောင့် သူ့အသံမှာ တိုးတိမ်သွားသည်။ကောင်းမင်က တံခါးလက်ကိုင်ကို ကြမ်းကြမ်းတမ်းတမ်းဆွဲလှည့်လိုက်သည်။တံခါးပွင့်မလာသောကြောင့် ကန်ချက်တစ်ချက်ကျွေးလိုက်သည်။
အိုဟောင်းနေသော သစ်သားတံခါးသည် သူ့ကန်ချက်ကြောင့် ပွင့်ထွက်သွားသည်။ကောင်းမင်က အပြင်ဘက်လှမ်းကြည့်လိုက်ရာ အရိပ်မှ လွှဲ၍ ဘာမှ မမြင်ရပေ။
အော်ဟစ်သံသည် လေးလွှာရှိ အခြားအခန်းမှ ပဲ့တင်ထပ်နေခြင်းဖြစ်သည်။ကောင်းမင်သည် အလျင်အမြန်တုန့်ပြန်လိုက်ပြီး တံခါးများကို တစ်ခုပြီးတစ်ခု ကန်ဖွင့်နေတော့သည်။သူသည် စိုးရိမ်မှုနှင့် ယင်းကဲ့သို့သော ခံစားချက်များကို ဖယ်ရှားလိုကိသည်။သူသည် အကြောက်တရားကို ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သည်။
သူသည် နေရာတိုင်းကို တရကြမ်းတိုးဝင်နေပြီး အကြောက်အလန့်မရှိဖြစ်နေ၏။
"ငါက ဂိမ်းကို ဖန်တီးခဲ့တာ ၊ ဂိမ်းရဲ့ အူမချေးခါးမကျန် ငါရင်းနှီးပြီး ၊ ဘာလို့ ငါကကြောက်နေရမှာလဲ ..."
အော်ဟစ်သံများက ကောင်းမင်ကို မတုန်လှုပ်စေနိုင်ပေ။သူသည် သူ့ကိုယ်သူ အဆက်မပြတ်စကားပြောနေရင်း သရဲတစ်ကောင်ကို တွေ့လျင်တောင်မှ ပြေးဖက်မိမည်ဖြစ်သည်။
အရိပ်များ လှိမ့်ထွက်မသွားခင် ဆယ်မိနစ်သည် ကောင်းမင်အား ညှင်းပန်းနှိပ်စက်နေလေသည်။ထိုဂိမ်းသည် လူအများအတွက် ကြမ်းတမ်းသည့် သက်ရောက်မှုများရှိသော်လည်း ကောင်းမင်လို ထူးခြားသည့်လူတစ်ယောက်အတွက် အရမ်းမခက်ခဲပေ။
"ဂိမ်းက ငါ့ကို လွှတ်ပေးလိုက်ပုံရတယ် "
အကြောက်ရောဂါသည် တစ်ဦးတည်း ကစားရသော ဂိမ်းဖြစ်သည်။သင်သည် အကြောက်တရားကိုတစ်ကြိမ် ကျော်လွှားပြီးသည်နှင့် ရုန်းထွက်နိုင်လိမ့်မည်ဖြစ်သည်။
ကောင်းမင်က ရုပ်ဆိုးဆိုးအရုပ်ကို တစ်ချက်ကြည့်လိုက်ပြီး ကော်ရစ်ဒါအား စစ်ဆေးလိုက်သည်။
သူသည် ထိုအတိုင်းထွက်သွားပါက လူသစ်များသည် အန္တရာယ်တောထဲ ကျန်ရစ်ခဲ့ပေလိမ့်မည်။ကြောက်ရွံ့မှုသည် ကူးစက်နူန်းမြင့်မား၏။ကြောက်ရွံ့နေသော လူတစ်စုကို အတူစုစည်းထားလိုက်ပါက နောက်ဆက်တွဲသည် မတွေးဝံ့စရာပင်။
"ငါ သူတို့ကို ဒီမှာ ပစ်ထားခဲ့ရင် ဂိမ်းကို အထိန်းအကွပ် မဲ့အောင် လုပ်ပေးသလိုဖြစ်သွားလိမ့်မယ် "
တစ်စက္ကန့်မျှ တွေဝေနေပြီးနောက် ကောင်းမင်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
အကြောက်တရားမျိုးဆက်သည် အဆင့်လေးခု ခွဲခြားနိုင်သည်။
ပထမအဆင့်မှာ အပြုသဘောဆောင်ပြီး ဦးနှောကိက မကြာခင်ကျရောက်တော့မည့် အန္တရာယ်ကို သတိပေးသည်။
ဒုတိယအဆင့်မှာ အကြောက်တရားကို ချဲ့ထွင်ခြင်းဖြစ်သည်။အတိတ်က အတွေ့အကြုံအရ ဦးနှောက်သည် အဖြေရှာရန် ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေးသည်။အန္တရာယ်မှ မလွတ်မြောက်နိုင်ပါက အကြောက်တရားသည် တတိယအဆင့်သို့ ဝင်ရောက်သွားမည်ဖြစ်သည်။
ကြောက်ရွံ့မှုသည် စိုးရိမ်ပူပန်ခြင်း ၊ နာကျင်ခြင်း နှင့် စိတ်ပျက်အားငယ်ခြင်းတို့အဖြစ် ကြီးထွားလာကြမည်ဖြစ်သည်။
နောက်ဆုံးအဆင့်သည် ကစားသမားအား အကြောက်တရားက အပြည့်အဝ ဝါးမြိုသွားသော အဆင့်ဖြစ်သည်။
"ပထမအဆင့်မှာ ငါနေလို့ရတာပဲ ၊ ဖြစ်ရပ်နောက်ကွယ်က လူက ငါ့ကို ချောက်နက်ထဲ ပိုနက်အောင်ဆွဲချချင်ပေမယ့် မအောင်မြင်ခဲ့ဘူး "
ကောင်းမင်က ထွက်မသွားပဲ အခန်း ၄၀၅ ထံ ပြန်လှည့်လာလိုက်သည်။
"ဌာနက တခြားလူတွေတော့ အကြောက်တရားချောက်နက်ထဲ ကျနေလောက်ပြီ ၊ သူတို့ကို ကယ်တင်ဖို့ရင် အကြောက်တရားကို စိတ်ပါလက်ပါ ပွေ့ဖက်လိုက်မှ ရမယ် "
ကောင်းမင်သည် သူ့နောက်ကျောတွင် လူသေဓာတ်ပုံများဖြင့် ဖြည့်လိုက်ပြီး စောင်ထဲတွင် ခွေ၍ အိပ်ချလိုက်သည်။သူ့တာဝန်ကို လက်ခံပြီးနောက် သူ့ခံစစ်ကို လျှော့ချလိုက်သည်။
******
ချူးစီစီသည် မြို့ဟောင်းတွင် ရှားပါသော အမျိုးသမီးမီးသတ်သမားတစ်ယောက်ဖြစ်သည်။သူမသည် ယောက်ျားသားအများစုထင် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လေသည်။သူမတွင် ပျော်ရွှင်စရာ မိသားစုတစ်ခုရှိခဲ့သည်။သို့သော် လွန်ခဲ့သော သုံးရက်ခန့်က သူမ၏ယောက်ျားနှင့် ကလေးသည် မူမမှန်ဖြစ်ရပ်ထဲတွင် ပျောက်ဆုံးသွားခဲ့သည်။
စုံစမ်းစစ်ဆေးရေးဌာနအကြောင်းကို ရှာတွေ့ခဲ့ပြီးနောက် ချူးစီစီသည် ချက်ချင်းပင် ဌာနထဲ ဝင်ခဲ့ပြီး အနက်ရောင်ဆက်သွယ်ရေးစက် မရသေးသော လူသစ်စုံစမ်းရေးမှူးတစ်ယော် ဖြစ်လာခဲ့သည်။
သူမသည် သူမ၏ ယောက်ျားနှင့်ကလေးကို ရှာဖွေချင်နေခဲ့သည်။ကိုယ့်ကိုယ်ကို အဆင်သင့်ဖြစ်နေပြီဟု သူမတွေးထားခဲ့သည်။သို့သော် ထိုအရာက အမှန်တကယ်ဖြစ်လာသောအခါ သူမသည် သူမထင်ထားသလောက် မသန်မာသေးကြောင်း သဘောပေါက်မိခဲ့သည်။
သူမသည် ထုံကျင်နေသောလက်ဖြင့် ပုဆိန်တစ်လက်ကို ကိုင်၍ အခန်း ၄၀၆၏အိပ်ခန်းထဲတွင် ပုန်းနေခဲ့သည်။သူမ၏ လုပ်ဖော်ကိုင်ဖက်များသည် တစ်ယောက်ပြီးတစ်ယောက် ကော်ရစ်ဒါဘက် ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်။ညှင်းပန်းနှိပ်စက်ခံနေရသော အော်ဟစ်သံများက သူမ၏အာရုံကြောထဲတွင် စွဲထင်နေခဲ့သည်။
သူမက ခုခံရန်ကြိုးစားခဲ့သည်။သို့သော် မကောင်းဆိုးဝါးကို ခုတ်ဖြတ်ရန် ပုဆိန်မြောက်လိုက်သောအခါ သူမလုပ်ဖော်ကိုင်ဖက်များ၏ အော်ဟစ်သံကို ကြားခဲ့ရသည်။ပူနွေးနေသော သွေးများသည် သူမအပေါ် ပက်ဖြန်းသွားသည်။သွေးအိုင်ထဲတွင် သူမ၏လုပ်ဖော်ကိုင်ဖက်ကို မြင်လိုက်ရသည်ဟု ချူးစီစီထင်လိုက်သည်။
သူမသည် အလွန်ကြောက်လန့်သွားခဲ့သည်။သူမသည် စည်းမျဉ်းများကို မလိုက်နာနိုင်တော့ပေ။စည်းကမ်းများအားလုံးကို သူမမေ့သွားပြီဖြစ်သည်။သူမဦးနှောက်မှာ ဗလာဖြစ်နေတော့သည်။
"ခင်ဗျား ဒီနေရာက ထပ်ထွက်ပြေးလို့ မရတော့ပါဘူး ..."
အခန်းထဲမှ ကလေးအသံတစ်ခု ထွက်ပေါ်လာ၏။ချူးစီစီက ပုဆိန်ကို ကိုင်၍ အခန်းတံခါးကို မှီထားလိုက်သည်။
"ခင်ဗျားက ခင်ဗျားရဲ့လုပ်ဖော်ကိုင်ဖက်တွေကို သတ်ပစ်ခဲ့တဲ့ လူသတ်သမားတစ်ယောက်ပဲ ..ခင်ဗျားပြန်သွားရင်တောင်မှ အဖမ်းခံရပြီး ထောင်ထဲဝင်ရလိမ့်မယ် ...ခင်ဗျားရဲ့မိသားစုကို ဘယ်တော့မှ ထပ်တွေ့နိုင်တော့မှာ မဟုတ်ဘူး ..."
"အဲ့ဒီမှာ ဘယ်သူလဲ "
ချူးစီစီက ပုဆိန်ကို ဝေ့ယမ်းလိုက်သည်။ခဏကြာပြီးနောက် အိပ်ခန်းဗီရိုတံခါးမှာ ပွင့်လာခဲ့သည်။ဗီရိုထဲတွင် အသားအရေဖြူဆွတ်နေသော ကလေးတစ်ယောက်ပုန်းနေခဲ့သည်။
ကလေးသည် ကျိုးနေသော သူ့လက်ကို ဗီရိုထဲမှ ဆွဲထုတ်လိုက်ပြီး ချူးစီစီကို လက်ယမ်းပြလိုက်သည်။
"ခင်ဗျားကြောက်နေတာ ကျွန်တော်သိပါတယ် ...ဘာလို့ ဒီနေရာမှာ ကျွန်တော်တို့ အတူတူပုန်းလို့မရမှာလဲ ..."