← Chapters

မကြောက်ပါနဲ့

Vol. 2 Ch. 28

မကြောက်ပါနဲ့

Vol. 2 Ch. 28

"ဒီမှာ ပုန်းရမှာလား "

"ဟုတ်တယ်ဗျ ဗီရိုထဲမှာ နေရာအကျယ်ကြီးရှိတယ် "

ကောင်းလေးသည် အဝတ်များကို တွန်းဖယ်လိုက်ပြီး နေရာတစ်ခု ဖန်တီးလိုက်သည်။သူ့အရေပြားတွင် အနီရောင်အဖုများ ရှိနေ၏။

"ကျွန်တော် ခင်ဗျားကို နာကျင်အောင်မလုပ်ပါဘူး ၊ ဒီမှာ လူတွေ အများကြီး ပုန်းလို့ရတယ် "

အဝတ်ဗီရိုနောက်ဘက်မှ ထူးဆန်းသောအသံများ ထွက်ပေါ်နေ၏။အသံများသည် ကူညီရန်တောင်းဆိုနေသော ဗလုံး‌ဗထွေးအသံများနှင့်တူသည်။ချူးစီစီသည် ဗီရိုတံခါးကို ဖွင့်လိုက်သည်နှင့်သူမ၏ လုပ်ဖော်ကိုင်ဖက်များကို အဝတ်အစားများကဲ့သို့ ခေါက်ထားသည်အား မြင်ရမည်ကို စိတ်ပူနေလေသည်။

"ကျွန်တော့်မိဘတွေ အိမ်ပြန်လာခါနီးပြီဗျ သူတို့လင်မယားက အရမ်းဆိုးတာ ခင်ဗျားဝင်ပုန်းတာ ကောင်းလိမ့်မယ် "

ကောင်လေးက ညင်ညင်သာသာပြောလိုက်သည်။သူသည် သူ့အသံကို မြင့်မြင့်ပြောရန် ဘယ်တုန်းကမှ သတ္တိမရှိခဲ့ပေ။

"ကျွန်တော့်မိဘတွေ ခင်ဗျားကို ရှာတွေ့သွားရင် သူတို့က ခင်ဗျားကို ခုတ်ထစ်ကြလိမ့်မယ် "

ကောင်လေးတစ်ယောက်က ထိုကဲ့သို့ စကားများပြောသည်ကို ယုံကြည်ရန်ခက်ခဲသည်။ချူးစီစီက ပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ထိုပုဆိန်ကား သူမအတွက် လုံခြုံမှုပေးနိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။

"ကျွန်တော့်မိဘတွေက အရမ်းကြမ်းတမ်းတယ် သူတို့က အားလုံးကို ဖျက်ဆီးတတ်တယ် ပြီးတော့ သူတို့က လူတိုင်းကို သတ်ချင်နေတာဗျ "

ကောင်လေးက ချူးစီစီအား လက်ဟန်အမူအရာဖြင့် ပြလိုက်သည်။

"သူတို့က သုံးမီတာလောက်ရှည်တယ် ၊ ကျွန်တော့်အဖေကအရမ်းသန်မာတယ် အမေက ချွန်ထက်တဲ့ ပစ္စည်းတွေသုံးရတာ ကြိုက်တယ် ၊ သူတို့က တစ်ယောက်ကိုတစ်ယောက်မုန်းတီးနေကြတာ ဒါပေမယ့် သူတို့ခန္ဓာကိုယ်တွေက အတူတူဆက်နေကြတာဗျ "

ချူးစီစီ၏ စိတ်ထဲတွင် မကောင်းဆိုးဝါးတစ်ကောင်၏ ပုံသဏ္ဍာန်ပေါ်လာလေသည်။အရပ်သုံးမီတာကျော်ပြီး ရက်စက်ကြမ်းတမ်းသည့် ယောက်ျားတစ်ယောက်နှင့် ချွန်ထက်နေသော ဓားတစ်ချောင်းကို ဝေ့ယမ်းနေသည့် မိန်းမတစ်ယောက်တို့သည် အတူတကွ ပေါင်းစပ်နေပြီး သူမ၏လုပ်ဖော်ကိုင်ဖက်များကို အမဲလိုက်နေသည့်ပုံဖြစ်သည်။သူမ၏ စိတ်ထဲသို့ ထိုအတွေးဝင်လာသည်နှင့် ကော်ရစ်ဒါဘက်မှ လေးလံသော ခြေသံကြီးကို ကြားလိုက်ရသည်။

"ရှူး ....ကျွန်တော့်မိဘတွေ ပြန်လာပြီ "

ကောင်လေးက သူ့ပါးစပ်ကို အုပ်လိုက်သည်။ချူးစီစိသည် တုန်ယင်သွားပြီး အသက်ပင်ကျယ်ကျယ်မရှူဝံ့တော့ပေ။ခြေသံများ နီးကပ်လာသည်နှင့်အမျှ စကားများရန်ဖြစ်နေသော အသံများ ထွက်ပေါ်လာလေသည်။

"ခွေးမ မင်းကို ငါ လည်ပင်းညစ်သတ်မိတော့မယ် "

"ကျွန်မ မှားလို့လား ရှင်က အသုံးမကျတဲ့လူပဲ ကလေးက ရှင့်ကလေးမဟုတ်တာကိုပဲ ကျေးဇူးတင်ရမယ် "

"မင်းကို ငါသတ်ပစ်မယ် "

ဆဲရဲတိုင်းထွာနေသော စကားသံများက ချူးစီစီအား မသက်မသာဖြစ်စေ၏။ကလေးသည် ထိုစကားအားလုံးကို မည်သို့ကြားခဲ့ရသည်ကား စိတ်ကူးရန် ခက်ခဲပေသည်။

ဖိနပ်များက မှန်ကွဲစများအပေါ်တက်နင်းလိုက်သည်။အမျိုးသမီး၏ လက်သည်းများက နံရံကို ကုတ်ခြစ်နေ၏။အသံအားလုံးသည် ချူးစီစီပုန်းနေသော အခန်းကို ဖြတ်ကျော်သွားပြီးနောက် ပျောက်ကွယ်သွားသည်။သူမ၏လက်များတွင် ချွေးများစိုရွှဲလျက် ခေါင်းမော့ကြည့်လိုက်မိသည်။

ဘောင်ကွပ်ထားသော ပြတင်းတံခါးသည် ခပ်ဟဟပွင့်လာခဲ့သည်။ဆံချည်မျှင်များ အခန်းထဲ ကျဆင်းလာ၏။ချူးစီစီက သွေးဆုတ်ဖြူရော်သွားသည်။သူမသည် မတ်တပ်ထရပ်လာနီးပါး ဖြစ်သွားရသည်။ထိုခနမှာပင် အခန်းသော့ခတ်နေသံကို ကြားလိုက်ရသည်။အနက်ရောင်ဆံပင်များ ပြန်လည်ဆုတ်ခွာသွား၏။မကောင်းဆိုးဝါးက ထွက်ခွာသွားပြီဖြစ်သည်။သူမသည် ပုဆိန်ကို ဂရုတစိုက်ချလိုက်ပြီး ဖုန်းကို ထုတ်လိုက်သည်။

ချူးစီစီက တံခါးကိူ မဖွင့်ဝံ့ပေ။သူမသည် ပြတင်းပေါက်အဟကြားကို ကင်မရာဖြင့်ကြည့်လိုက်ပြီး စိတ်အေးသွားသည်။သူမသည် ခြေဖျားထောက်လိုက်ပြီး ဖုန်းစခရင်မှ တဆင့်ဖျတ်ခနဲ ကြည့်လိုက်မိသည်။အကြည့်တစ်ချက်သာ ဖြစ်သော်လည်း သူမ၏ နှလုံးခုန်သံအား ရပ်တန့်မရတော့ချေ။

ဖုန်းစခရင်က မရှင်းလင်းသော်လည်း သူမသည် အခြားအိမ်နီးချင်း၏တံခါးတစ်ဖက်ခြမ်းတွင် အရပ် သုံးမီတာခန့်မြင့်သည့် သန္ဓေပြောင်းအမျိုးသားတစ်ဦးရပ်နေသည်ကို လှမ်းမြင်နေရသည်။သူ့လက်မောင်းသည် သာမန်လူထက် အဆများစွာကြီးမားပြီး သူ့ဘေးတွင် အမျိုးသမီးတစ်ဦး တွန့်လိမ်နေ၏။သူတို့သည် အတူတကွကြီးထားနေကြခြင်းဖြစ်သည်။မျက်လုံးလေးလုံးက အစောပိုင်း အသံထွက်နေသောတံခါးကို စိုက်ကြည့်နေကြလေသည်။သူတို့သည် သတ်ဖြတ်ရန် အဆင်သင့်ဖြစ်နေ၏။

"မကောင်းဆိုးဝါးကြီး ! "

မကောင်းဆိုးဝါးသည် ချူးစီစီ၏စိတ်ထဲမှ ပုံသဏ္ဍာန်ဖြင့် ထပ်တူကျနေလေသည်။မကောင်းဆိုးဝါးသည် သူမ၏ စိတ်ကူးယဉ်ထဲမှ ထွက်လာသလို ခံစားလိုက်ရသည်။

ချူးစီစီသည် မည်သည့်အသံမှ ထွက်မလာစေရန် နူတ်ခမ်းကိုက်လိုက်သည်။သူမ နဖူးမှ ချွေးစေးများ စီးကျနေတော့သည်။သူမ ဌာနကို ဝင်ခဲ့စဉ်က သူမသည် မကောင်းဆိုးဝါးများဖြင့် ရင်ဆိုင်ရမည်ကို သိသော်လည်း ယင်းနေ့သည် သူမထံ စောလျှင်စွာရောက်လာမည်ကို မမျှော်လင့်ထားခဲ့ပေ။

သူမ၏လည်ပင်းတွင် သွေးကြောများ ‌ခုန်ပေါက်နေ၏။သူမ မလှုပ်ရှားဝံ့ပေ။

ကော်ရစ်ဒါမှာ တိတ်ဆိတ်နေလေသည်။ဘေးအိမ်တွင် ပုန်းနေသောလူသည် မကောင်းဆိုးဝါးထွက်သွားပြီဟု ထင်သဖြင့် အခြေအနေကို စစ်ဆေးကြည့်ချင်လာလေသည်။

တံခါးလက်ကိုင်ကား ဖြည်းညင်းစွာလှည့်လာ၏။အိုဟောင်းနေသောတံခါးသည် ခပ်ဟဟပွင့်လာခဲ့သည်။အထဲတွင်ရှိနေသောလူသည် တံခါးဝတွင် ချုံခိုတိုက်ခိုက်ရန်စောင့်နေသော မကောင်းဆိုးဝါးတစ်ကောင်ရှိသည်ကို မသိပေ။ချူးစီစီ၏နှလုံးသည် လည်ချောင်းဝ‌သို့ ခုန်ပေါက်လာလေသည်။

"ဘေးကင်းပြီ ထင်တယ် "

အခန်းထဲမှ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။အသံမှာ နောက်ထပ်လူသစ်တစ်ယောက်၏ အသံဖြစ်သည်။တံခါးသည် ဆက်ပွင့်လာပြီး သူမလုပ်ဖော်ကိုင်ဖက်၏မျက်နှာထွက်ပေါ်လာသည်။ကြောက်မက်ဖွယ်မကောင်းဆိုးဝါးက ‌လှုပ်ရှားလိုက်သည်။အမျိုးသမီးသည် ဓားကို ဆုပ်ကိုင်ထားခဲ့သည်။ဓားသည် သူမလုပ်ဖော်ကိုင်ဖက်၏ ခေါင်းပေါ်ဝေ့ဝဲနေလေသည်။

"သတိထား "

ချူးစီစီက ဘာမှမလုပ်ပဲ မနေနိုင်တော့ပေ။နောက်ဆုံးအခိုက်အတန့်တွင် သူမသည် ပုဆိန်ကို မြောက်၍ အော်ဟစ်လိုက်သည်။

"သရဲက တံခါးဝမှာပဲ "

အမျိုးသမီးနှင့်အမျိုးသားက တစ်ပြိုင်တည်း လှည့်ကြည့်လိုက်၏။ချူးစီစီ၏ ခြေထောက်များ ပျော့ခွေသွားသည်။သူမသည် ခုခံရန် သတ္တိမရှိခဲ့ပေ။အကြောက်တရားသည် သူမအား ပြေးလွှားစေခဲ့သည်။အခန်းထဲမှ လူက ကောင်းစွာတုန့်ပြန်လိုက်သည်။သို့သော် အလွန်နောက်ကျသွားပြီဖြစ်သည်။လူသန်ကြီးက တံခါးကို ဖြိုချပစ်လိုက်သည်။သူသည် အရက်မူးနေသကဲ့သို့ ယိမ်းထိုးနေလေသည်။ကလေး၏ဘဝတွင် ထိုလူသည် ထုံးစံအတိုင်း အိမ်‌ပြန်ရောက်လာခြင်းဖြစ်သည်။

"ငါ သူ့ကို တားထားလိုက်မယ် ...ပြေးကြတော့ "

ဒရိုင်ဘာ၏အသံက အခန်းထဲမှ ပဲ့တင်ထွက်လာသည်။ထို့နောက် မှန်စများ ကွဲကြေသံနှင့် တစ်စုံတစ်ခု ပြိုလဲများ ထွက်ပေါ်လာလေသည်။ကြွက်သားများနှင့်စုံစမ်းရေးမှူးသည် ပြတင်းပေါက်မှ ပစ်ထုတ်ခံလိုက်ရဟန်ရှိသည်။မကောင်းဆိုးဝါးကို သူအာရုံပြောင်းနေစဉ် ပိုင်ချောင်းနှင့် အခြားစုံစမ်းရေးမှူးများ ပြေးထွက်လာကြသည်။

"လူဖြန့်ပြီး ပုန်းဖို့ အခန်းတွေရှာကြ သဲလွန်စတွေပါလိုက်ရှာ ၊ မူမမှန်ဖြစ်ရပ်ကနေ ထွက်သွားဖို့ အခင်းဖြစ်တဲ့နေရာမှာ ဝှက်ထားတဲ့ နည်းလမ်းတွေ ရှိရမယ် "

ပိုင်ချောင်းက လူတိုင်းကို စိတ်တည်ငြိမ်စေလိုခြင်းဖြစ်သည်။သို့သော် အကြောက်တရားလွန်ကဲနေသော လူသစ်များသည် သူမကို ဂရုမစိုက်ကြပေ။သူတို့၏လေ့ကျင့်မှုများသည်‌ လှေကားမှ ပြေးဆင်းလာကတည်းက မေ့လျော့သွားပြီဖြစ်သည်။

"အခင်းဖြစ်တဲ့နေရာကနေ ထွက်မသွားကြနဲ့ ၊ အပြင်ဘက်က မြူခိုးတွေထဲ ဝင်သွားရင် ကိုယ်ကိုယ်ကို ပျောက်ဆုံးပြီး ဘယ်တော့မှ ပြန်လာနိုင်မှာမဟုတ်ဘူး "

ပိုင်ချောင်း၏ သတိပေးချက်များသည် ကန်းနေသော နားများကို ပြောနေရသကဲ့သို့ဖြစ်သည်။လူသစ်များသည် ထွက်ပြေးချင်နေကြသည်။ကြောက်ရွံ့မှုသည် သူတို့၏စိတ်ကို ဆုံးရှုံးသွားစေပြီဖြစ်သည်။ကော်ရစ်ဒါတွင် ငိုကြွေးမြည်တမ်းသံများနှင့် ခြေရာများရှုပ်ယှက်ခတ်နေလေသည်။လူတိုင်း အပြင်ဘက်ပြေးထွက်သွားကြသည်။

မူလက ဗီရိုထဲပုန်းနေသည့် ကလေးသည် လူအုပ်ကြီးနှင့် ပူးပေါင်းလိုက်သည်။

အသက်ရှင်ရန် ထွက်ပြေးနေသော လူသစ်များသည် သူတို့ကြားတွင် ရောနှောပါဝင်လာသော လူပိုတသ်ယောက်ကို သတိမထားမိပေ။

"ပြန်လာကြ ၊ အကြောက်တရား ရှင်တို့ကို ဝါးမြို့မသွားစေနဲ့ "

ပိုင်ချောင်းသည် လူသစ်များကို သတိပေးရန် ပြေးလိုက်သွားသည်။အဆောက်အဦးထဲတွင် ချူးစီစီတစ်ယောက်သာ ကျန်ရစ်ခဲ့လေသည်။

"အခု ဘာလုပ်ရမလဲ "

ဌာန လက်စွဲစာအုပ်၏ ပထမစာမျက်နှာတွင် မူမမှန်မှုတစ်ခုထဲ ရောက်သွားချိန်တွင် မျက်ကန်းကဲ့သို့ ဘယ်တော့မှ မပြေးလွှားရန်ဖြစ်သည်။တစ်ကြိမ်ပျောက်ဆုံးသွားသည်နှင့် ထိုလူသည် ဘယ်တော့မှ အိမ်ပြန်လမ်းကို ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။

သို့သော်ငြား သူတို့မပြေးလျှင် ဘယ်နေရာတွင်များ ပုန်းရမည်နည်း။

ချူးစီစီသည် အခန်း၏ဆန့်ကျင်ဘက်သို့ စိတ်ပျက်အားငယ်စွာ လှမ်းကြည့်လိုက်သည်။ကြမ်းတမ်းကြီးမားသော လူသန်ကြီးသည် စားပွဲခုံများ ပန်းကန်စင်များကို ရိုက်ချိုးနေလေသည်။အရာအားလုံးကို သူ့လက်ဖြင့် ဖျက်ဆီးပစ်လိုခြင်းဖြစ်သည်။သန္ဓေပြောင်းလူသန်ကြီးသည် သွေးစွန်းနေသော ကြမ်းပြင်အား တစ်လှမ်းချင်း နင်းဖြတ်လာပြီး ဘေးသို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။လူသန်ကြီးနှင့်သူ့နောက်ကျောရှိအမျိုးသမီးတို့သည် ချူးစီစီအား စိုက်ကြည့်လိုက်သည်။စိုက်ကြည့်ခံလိုက်ရသဖြင့် ချူးစီစီသည် အကြောက်တရားဖြင့် ခိုက်ခိုက်တုန်သွားသည်။မကောင်းဆိုးဝါးသည် သူမ၏ မျက်စိရှေ့တွင် ကြီးမားလာလေသည်။မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်သည် သူမ၏ ကြောက်ရွံ့မှုနှင့်အတူ ကြီးထွားလာခြင်းဖြစ်သည်။

ချူးစီစီက သူမသည် လွန်ခဲ့သော နှစ်များကို ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။သူမ ကလေးဘဝက သူမသည် မီးလောင်မှူတစ်ခုထဲ ပိတ်မိနေခဲ့ဖူးသည်။သူမပတ်လည်ရှိ အရာအားလုံးမှာ လောင်ကျွမ်းနေခဲ့သည်။အပူရှိန်သည် သူမ၏မျက်နှာကိုပင်ဟပ်နေခဲ့ပြီး သူမ၏အရေပြားများလည်း အက်ကွဲနေခဲ့သည်။

"ကယ်ကြပါဦး တစ်ယောက်ယောက်များ မရှိကြဘူးလား "

သူမ၏ အသားမာတက်နေသော လက်သည် ပုဆိန်ကို ကိုင်ထားနိုင်ရုံမျှသာ ဖြစ်နေသည်။

သို့သော်လည်း သူမအရှုံးမပေးခဲ့ချေ။သူမသည် ပုဆိန်ဖြင့် မကောင်းဆိုးဝါးကို ချိန်ရွယ်လိုက်သည်။

"ငါလုပ်နိုင်တာ ဘာမှ မရှိတော့ဘူး "

မကောင်းဆိုးဝါးသည် ချူးစီစီ၏မြင်ကွင်းအား စိုးမိုးထားခဲ့သည်။သူမ၏ စိတ်ထဲတွင် မယုံနိုင်လောက်သော စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေတော့သည်။ချူးစီစီသည် သူမလက်ထဲရှိ ပုဆိန်မှာ လေးလံလာသည်ဟု ခံစားနေရသည်။ပုဆိန်လွတ်ကျခါနီးတွင် ကော်ရစ်ဒါအဆုံးဘက်မှ သတ္တုအားပွတ်တိုက်နေသော ချိန်းကြိုးသံတစ်ခု ထွက်ပေါ်လာလေသည်။

လူသန်ကြီး၏ ဦးခေါင်းသည် သူမမျက်စိရှေ့ တည့်တည့်တွင် ဖြစ်သော်လည်း ထိုပြတ်သားသော အသံက သူမအား နိုးကြားစေသည့် အထူးမှော်ဆန်မှုတစ်ခုရှိသည်။အသံကြားရာသို့ သူမလှည့်ကြည့်လိုက်သည်။

ဌာနယူနီဖောင်းနှင့်မဟုတ်သော ငယ်ရွယ်သည့် လူငယ်တစ်ယောက်သည် ကော်ရစ်ဒါတွင်ရပ်နေခြင်းဖြစ်သည်။သူသည် သူမ၏လမ်းနှင့် အပြိုင်ဖြစ်နေသည်။အနက်ရောင်ချိန်းကြိုးများသည် သူ၏ဘယ်ဘက်လက်တွင် ဝန်းရံနေပြီး သူ့မျက်လုံးထဲတွင် အကြောက်တရားမရှိပေ။လူငယ်သည် မကောင်းဆိုးဝါး၏ နောက်ကျောကို ဆောင့်ကန်ပစ်လိုက်သည်။ချိန်းကြိုးများပေါ်က လက်နှစ်ဖက်ဖြင့် မကောင်းဆိုးဝါး၏ လည်ပင်းကိူ ဆွဲညစ်ထားလိုက်သည်။

"မကြောက်ပါနဲ့ "

ထိုအသံကို ကြားလိုက်ရသောအခါ ချူးစီစီသည် သူမခြောက်နှစ်အရွယ်ဘဝသို့ ပြန်ရောက်သွားခဲ့သည်။မီးတောက်များက သူမကို ဝါးမြိုခါနီးတွင် မီးသတ်သမားတစ်ယောက်သည် အခန်းတံခါးကို ချိုးဖျက်လိုက်ပြီး မီးတောက်ထဲ ပြေးဝင်လာခဲ့သည်။

ထို့နောက် ထိုမီးသတ်သမားသည်လည်း 'မကြောက်ပါနဲ့ 'ဟူသည့် တူညီသော စကားကို ပြောခဲ့လေသည်။

All Chapters