← Chapters

အခြေစိုက်စခန်း

Vol. 2 Ch. 29

အခြေစိုက်စခန်း

Vol. 2 Ch. 29

ကြောက်ရွံ့မှုအား အဆင့်လေးဆင့် ခွဲခြားထားပြီး မတူညီသော အဆင့်တိုင်းတွင် မတူညီသော အရာများကို မြင်တွေ့ရမည်ဖြစ်သည်။ကောင်းမင်သည် ပထမအဆင့်ကိုသာ ရောက်ခဲ့သောကြောင့် သူမြင်ခဲ့သည့်အရာများသည် လက်တွေ့ဘဝနှင့် ကွာခြားမှုမရှိပေ။ကောင်းမင်သည် အခြားလူများကို ကယ်တင်ရန် အကြောက်တရားထဲသို့ စိတ်ပါလက်ပါတိုးဝင်ခဲ့သည်။နောက်ဆုံးတွင် အရိပ်များရှိရာ အနက်ပိုင်းတွင်းသို့ ဝင်ရောက်လာခဲ့သည်။

သန္ဓေပြောင်းမိဘများသည် အတူတကွ ရစ်ပတ်တွန့်လိမ်နေပြီးမကောင်းဆိုးဝါးများ ဖြစ်လာ၏။

ကောင်းမင်က ထိုမကောင်းဆိုးဝါးအား အခန်း ၄၀၅မှ ကလေးက ဖန်တီးထားခြင်းလော သို့မဟုတ် စုံစမ်းရေးမှူးများကြောင့် ဖြစ်ပေါ်နေ‌ခြင်းလေ မပြောတတ်ပေ။

ဂိမ်းဖန်တီးသူတစ်ယောက်အနေဖြင့် ထိုဂိမ်းတွင် အစစ်အမှန်သရဲတစ်ကောင်မှ မပါဝင်ကြောင်း သူပြောနိုင်ပေသည်။သူ့ရှေ့ရှိ မကောင်းဆိုးဝါးသည် အကြောက်တရားကြောင့် အကောင်အထည်ဖြစ်ပေါ်နေခြင်းဖြစ်သည်။

အကြောက်ရောဂါတွင် လူအုပ်စုတစ်ခုကို ကြောက်ရွံ့မှုထဲ နစ်မြှုပ်သွားစေနိုင်မည့် အပြင်အဆင်တစ်ခုရှိသည်။ယင်းမှာ သူတို့ကြောက်ရွံ့နေသော အရာသည် အမှန်တကယ်ပေါ်ထွက်လာခြင်းမျိုးဖြစ်သည်။

ထိုကဲ့သို့သော မကောင်းဆိုးဝါးများနှင့်ရင်ဆိုင်ရန် လူတစ်ယောက်သည် ဆင်ခြင်တုံတရားနှင့် ကြောက်ရွံ့မှုမရှိရန် လုံးဝလိုအပ်သည်။

ရဲရင့်မှုတွင် အသေးငယ်ဆုံးအက်ကြောင်းတစ်ခု ပေါ်လာပါက ယင်းသည် မကောင်းဆိုးဝါးများအတွက် အခွင့်ကောင်းဖြစ်သွားတော့သည်။ရန်သူတစ်ယောက်သာ ရှိပါက ထိုရန်သူသည် ကစားသမားကိုယ်တိုင်သာဖြစ်သည်။

ထို့ကြောင့် ကောင်းမင်သည် တိုက်ရိုက်အကျဆုံးနှင့် ကြမ်းတမ်းသော နည်းလမ်းကို အသုံးပြခဲ့ခြင်းဖြစ်သည်။

"မကြောက်ပါနဲ့ "

ကောင်းမင်သည် အခြားစုံစမ်းရေးမှူးများ၏ အကြောက်တရားစက်ဝန်းကို ဖြတ်တောက်ချင်နေ၏။ထိုမှသာ အကြောင်တရားကို သူတို့စားသုံးနေခြင်းအား ရပ်တန့်နိုင်မည်ဖြစ်သည်။သို့သော်လည်း အလုပ်က အပြောထက်ခက်ပေသည်။ထို့ကြောင့် သူ့ကိုယ်သူ ဥပမာအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။

ရန်လိုပြီး ကြောက်စရာကောင်းသော အန္တရာယ်များသည့် မိဘများသည် ကောင်းမင်ကြောင့် ရပ်တန့်ခံလိုက်သည်။သူက အမျိုးသမီး၏ ဓားကို လျစ်လျူရှူ၍ လူသန်ကြီးကို လှဲသိပ်လိုက်သည်။တစ်ဦးတစ်ယောက်မှ သူ့ကို မတုန်လှုပ်စေနိုင်ပေ။

"စိတ်ဆရာဝန်တွေ အနေနဲ့ ကြောက်ရွံ့မှုဆိုတာ အများဆုံးရှိတတ်တဲ့ ခံစားချက်ပဲ ၊ ဒါက ငါတို့ ကိုင်တွယ်ဖို့ အလိုအပ်ဆုံး ခံစားချက်တစ်ခုလည်း ဖြစ်တယ် ဒါမှသာ လူ့နှလုံးသားရဲ့ အမှောင်ထဲကို ငါတို့ လှမ်းမြင်နိုင်မှာ "

ကျောက်ရှီ၏မှတ်ဉာဏ်များဖြင့် ပြုလုပ်ထားသော ချိန်းကြိုးများသည် အသားထဲ နစ်မြှုပ်သွားသည်။လူသန်ကြီး၏ လည်ပင်းမှာ ပုံသဏ္ဍာန်ပျက်ယွင်းသွားသော်လည်း ကောင်းမင်က မရပ်တန့်ခဲ့ပေ။သူ့ခန္ဓာကိုယ်သည် မကောင်းဆိုးဝါး၏အသားထဲသို့ နစ်ဝင်နေပုံရသည်။မကောင်းဆိုးဝါးက သူ့အားဆွဲနူတ်ရန်ကြိုးစားနေလေသည်။

"မင်းက မင်းရဲ့အမှားကို ပတ်ဝန်းကျင်က လူတွေအပြစ်တင်တယ် ၊ မင်းရဲ့ကလေးအပေါ် မင်းဒေါသတွေ ပုံချတယ် မင်းက မိဘဖြစ်ဖို့ မထိုက်တန်ဘူးကွ "

ကောင်းမင်သည် သူ့လက်၏သွေးပြန်ကြောများ ပေါက်ပြဲသွားသည်အထိ ဆွဲထုတ်နေခဲ့သည်။

"တကယ်တမ်း မင်းဘာကောင်လဲဆိုတာ သူတို့သိသွားရင် မင်းကို ဘယ်သူမှ ကြောက်တော့မှာ မဟုတ်ဘူးကွ "

ကောင်းမင်က ထိုစကားများကို မကောင်းဆိုးဝါးနှင့် ချူးစီစီအတွက် ပြောလိုက်ခြင်းဖြစ်သည်။

ကြောက်ရွံ့မှုများ ပြည့်နေသော လေထုသည့် ဆေးကြောသန့်စင်ခံလိုက်ရလေသည်။

စုံစမ်းရေးမှူးများ ထွက်သွားပြီးနောက် မကောင်းဆိုးဝါး၏ အရွယ်အစားမှာ သေးငယ်လာခဲ့သည်။ချူးစီစီးသည် မူလအခြေအနေသို့ တဖြည်းဖြည်းရောက်ရှိလာသည်။သူမသည် ပုဆိန်ကို ကိုင်ထားခဲ့သည်။သူမသည် လူများကို ကယ်တင်ရန် မီးလောင်နေသော အဆောက်အအုံထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။သူမသည် ထိုအကြောက်တရားကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။

သူမမျက်လုံးများထဲ မျှော်လင့်ချက်ပြန်ရောက်လာသည်နှင့် သူမသည် ဧရာမမကောင်းဆိုးဝါး၏ ခန္ဓာကိုယ်မှ ဆန့်ထွက်နေသော သွေးကြောတစ်ခုကို မြင်လိုက်ရသည်။ထိုသွေးကြောသည် သူမ၏ ဦးနှောက်ဖြင့် ဆက်သွယ်နေခြင်းဖြစ်သည်။

ချူးစီစီသည် ချက်ချင်းပင် ထိုသွေးကြောကို ဖြတ်တောက်ရန်ကြိုးစားလိုက်သော်လည်း အရာမထင်ပေ။သူမသည် သွေးကြောကို ဖြတ်တောက်ရန် စွန့်လွတ်လိုက်ပြီး သူမ၏ပုဆိန်ကို မကောင်းဆိုးဝါးထံ ပင့်မြောက်လိုက်သည်။သူမ၏ အကြောက်တရားကို အနိုင်ယူပြီးနောက် သွေးကြောသည် ညိုးနွမ်းခြောက်သွေ့ကာ သေဆုံးသွားတော့သည်။

အစာအရင်းအမြစ်ကို ဆုံးရှုံးသွားသည့် မကောင်းဆိုးဝါးသည် ညည်းညူမြည်တမ်းနေ၏။၎င်းသည် ကောင်းမင်၏ချိန်းကြိုးထဲ ပျော်ဝင်သွားလေသည်။ထို့နောက် ချိန်းကြိုးများက သွေးစက်များကို စုပ်ယူလိုက်သည်။

"ကျွန်မကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

ချူးစီစီက ကောင်းမင်ကို ရိုးသားစွာ ကျေးဇူးတင်လိုက်သည်။သူမကို ကယ်တင်‌ရန် ပေါ်ထွက်လာသည့် သူ့ပုံရိပ်အား သူမနှလုံးသားထဲတွင် တံဆိပ်ခတ်နှိပ်ထားလိမ့်မည်ဖြစ်သည်။

"တခြားလူတွေရော ဘယ်မှာလဲ "

ကောင်းမင်က သူ့အင်္ကျီလက်ကို ဆွဲချလိုက်သည်။သူ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။သူသည် ကြောက်ရွံ့မှု၏ အနက်ဆုံးအလွှာထဲ ဝင်ရောက်လာခြင်းဖြစ်သည်။သို့သော်လည်း ချူးစီစီမှ လွှဲ၍ တစ်ယောက်မှ မတွေ့ချေ။

"သူတို့က အဆောက်အဦးအပြင်ဘက် ထွက်ပြေးသွားကြတယ် "

"သူတို့က ထွက်ပြေးသွားကြတာလား "

ကောင်းမင်က ချက်ချင်းပင် တစ်ခုခုမှားနေသည်ကို သိလိုက်ရသည်။သူသည် လှေကားအောက်ပြေးဆင်းရန် တာစူလိုက်သည်။

"ကျုပ်နဲ့ နီးနီးကပ်ကပ်နေ "

"ခေါင်းဆောင်ပိုင်ချောင်းလဲ သူတို့နဲ့ အတူရှိနေတယ် ၊ သူတို့ အဆင်ပြေမှာပါ ဟုတ်တယ်မလား "

ချူးစီစီက ကောင်းမင်ကို ယုံကြည်နေခဲ့သည်။သူမသည် တုံ့ဆိုင်းခြင်းမရှိပဲ နောက်မှ လိုက်ပါသွားသည်။

လူမဆန်သော မိဘနှစ်ပါးကို သတ်ဖြတ်ပြီးနောက် အဆောက်အဦး ၄ ကို ဖုံးလွှမ်းနေသော အရိပ်များက မှေးမှိန်လာကြသည်။၎င်းသည် ကောင်းမင်နှင့်ချူးစီစီကို လွှတ်ပေးရန် ကြိုးစားနေခြင်းဖြစ်သည်။

ထိုထူးဆန်းသော ဖြစ်စဉ်သည် ကောင်းမင်၏ အာရုံစိုက်မှုကို ဆွဲဆောင်နေလေသည် ။ သူက မရပ်တန့်ပဲ လှေကားအောက်သို့ ဖြေးဖြေးမှန်မှန်ဆင်းနေ၏။

ကောင်းမင်သည် ပထမထပ်တွင် ပေါ်လာပြီး တံခါးကို ကန်ဖွင့်လိုက်သည်။လမ်းအပြင်ဘက်တွင် မြူခိုးများနှင့် အရိပ်များ ပေါ်လာကြသည်။၎င်းသည် သီးခြားလောကတစ်ခု ဖြစ်နေခြင်းပင်။

အကြောက်ရောဂါကူးစက်ခံထားရသော စုံစမ်းရေးမှူးများသည် အမှုမဲ့အမှတ်မဲ့ ထွက်ပြေးသွားကြခြင်းဖြစ်သည်။အကြောက်ရောဂါမှာ ပျံ့နှံ့နေလေပြီ။အရိပ်ကား ဆက်လက်ကျယ်ပြန့်နေ၏။

"ဒီမှာပဲ နေ "

ကောင်းမင်သည် အရိပ်များပြည့်နှက်နေသည့် လမ်းမကြီးကို ဖြတ်လျှောက်လိုက်သည်။

"မင်လောင်လမ်းအဆုံးမှာ လီကျင်းလမ်းရှိတယ် ၊ ငါနေတဲ့ နေရာပဲ ၊ အရိပ်ကမ္ဘာက တကယ့်ကမ္ဘာနဲ့ ထပ်တူညီနေတာလား ၊ အရိပ်ကမ္ဘာက လက်တွေ့ကမ္ဘာနဲ့ တစ်လှည့်စီဖြစ်နေတာလား "

ကောင်းမင်သည် အပြိုင်စကြာဝဠာများ၏ အကြောင်းအရာတချို့ကို ဖတ်ဖူးလေသည်။သို့သော် ထိုအခြေအနေသည် အလွယ်တကူ မရှင်းပြနိုင်ပေ။ပဟေဋိများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေခြင်းဖြစ်သည်။သူသည် မည်သည့်ဖြစ်ရပ်ဆိုးများနှင့် ဆက်နွယ်နေခြင်းမရှိသော်လည်း အမှန်တရားကို ရှာဖွေရန် လိုအပ်ပေသည်။

ကောင်းမင်သည် လမ်းပေါ်တွင် လမ်းလျှောက်နေပြီး စုတ်ပြဲနေသည့် ဌာနယူနီဖောင်းတစ်ခုကို မြင်လိုက်ရသည်။ကောင်းမင်က ယူနီဖောင်းကို ကောက်ယူလိုက်သည်

လမ်းထောင့်တွင် ဖြူဆွတ်နေသော အသားအရေဖြင့် ကလေးတစ်ယောက်မတ်တပ်ရပ်နေသည်ကို သူမြင်လိုက်ရသည်။သူသည် ကောင်းမင်အား အလန့်တကြား လက်ဝှေ့ယမ်းပြပြီး နီးကပ်လာမှုကို တားဆီးလိုက်သည်။

"ဒီကလေးက အကြောက်ရောဂါရဲ့ အရင်းအမြစ်များလား "

လုံးဝရွေ့လျားနိုင်သည့် အရင်းအမြစ်သည် ကောင်းမင်အတွက် ခေါင်းကိုက်စေသည်။သူသည် ကလေးကို ဖမ်းဆီးနိုင်ရန် ယုံကြည်ချက်မရှိပေ။

"မင်းဟာ ဖိနှိပ်ညှင်းပန်းတတ်တဲ့ အိမ်မှာ နေခဲ့ရတာကို ငါသိပါတယ် ၊ မင်း အရမ်းဂရုစိုက်ဖို့ လိုလိမ့်မယ် ၊ မင်းမှာ ကောင်းမွန်နွေးထွေးတဲ့ မိသားစုတစ်ခုကို ရှာချင်တယ်ဆိုရင် မင်းငါနဲ့လာနေလို့ရပါတယ် ၊ ငါ့မှာ မိဘတွေ အများကြီးရှိတယ်လေ ပြီးတော့ သူ့အကုန်လုံးက အရမ်းကောင်းကြတယ် "

ကောင်းမင်သည် သူ့ချိန်းကြိုးများကို ဖုံးကွယ်လိုက်ပြီး ရုပ်ဆိုးသော အရုပ်ကို ထုတ်ပြလိုက်သည်။

"ငါက လီကျင်း အိမ်ရာ ၄ က လေးလွှာမှာ နေတာ ၊ မင်းအတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ် "

ကောင်းမင်က အရုပ်အား လှုပ်ယမ်းပြလိုက်ပြီး ပြုံးပြလိုက်သည်။

"သူတို့တွေက အရမ်းကြင်နာကြတယ် ၊ စကားပြောရတာကြိုက်တဲ့ သက်ကြီးရွယ်အိုတွေ ၊ ကော့စ်ပလေးကြိုက်တဲ့ မိုးကာအင်္ကျီနဲ့ သူငယ်ချင်း ၊ ပြင်းပြင်းထန်ထန်အားကစားလုပ်ရတာကြိုက်တဲ့ ဦးလေးကြီး ၊ အဆုံးမရှိတဲ့ ကိတ်မုန့်တွေနဲ့ ..."

ကောင်းမင် ပြောလို့မပြီးသေးခင် ကလေးက ပျောက်ကွယ်သွားလေသည်။အရိပ်များသည်လည်း အဝေးတွင် မှေးမှိန်သွားကြသည်။

ကောင်းမင်က ဂိမ်းကို ရှင်းလင်းလိုက်သည်ဟု ပြောရမည့်အစား ဂိမ်းက ကောင်းမင်ကို မောင်းထုတ်နေသည်နှင့် တူနေလေသည်။

"ဒီကောင်လေးကြောင့် ဂိမ်းက ပြောင်းလဲသွားပုံရတယ် "

ကောင်းမင်က လေးလေးနက်နက် မျက်မှောင်ကြုံ့လိုက်သည်။

"ကလေးက သရဲတစ်ကောင်မဟုတ်ပဲ ကစားသမားတစ်ယောက်ဖြစ်နေလို့လား ၊ သူက ဂိမ်းကို ရှင်းလင်းခဲ့ပြီး ဂိမ်းထဲမှာ နေဖို့ရွေးချယ်လိုက်တာလား "

လမ်းအဆုံးတွင် အားနည်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။ချူးစီစီသည် မိုးရေထဲ ပြေးလွှားနေ၏။

"ကျွန်မတို့ မူမမှန်ဖြစ်ရပ်ထဲက အသက်ရှင်နိုင်ပြီထင်တယ် ၊ ဒါပေမယ့် ဘယ်လိုလုပ် တစ်ယောက်မှ ပေါ်မလာကြတာလဲ "

"ရှင်သန်ရေးလမ်းညွှန်စာအုပ်ထဲမှာ ဒါကို ရေးမထာဘူးလား အခင်းဖြစ်ပွားရာနေရာက ထွက်သွားမယ်ဆိုရင် မင်းရှုံးဖို့ လွယ်နေပြီဆိုတာ "

ကောင်းမင်က မိုးရေထဲတွင် ရပ်တန့်လိုက်သည်။အခြားစုံစမ်းရေးမှူးများမှာ အရိပ်လောကတွင် ပိတ်မိနေခြင်းဖြစ်နိုင်၏။သူတို့သည် အသက်ရှင်နေသေးသော်လည်း ရှင်သန်နိုင်ရန် ရုန်းကန်ဖို့လိုအပ်ပေသည်။

"လီကျင်းက မြို့ဟောင်းမှာ လူဦးရေအများဆုံးစီရင်စုပဲ ၊ အဲ့ဒီနေရာမှာပဲ မူမမှန်မှုတွေ ထပ်ခါ ထပ်ခါဖြစ်ပျက်နေတာ ၊ ငါသာ လီကျင်းရပ်ကွက်ကို အရိပ်လောကထဲက လူသားအခြေစိုက်နေရာတစ်ခုအဖြစ် ပြောင်းပေးနိုင်ရန် အနာဂတ်မှာ လူတွေကို ပိုကယ်တင်နိုင်လိမ့်မယ် "

ကောင်းမင်သည် လောကနှစ်ခုကြားတွင် ရပ်နေခြင်းဖြစ်သည်။သူက အဆောက်အဦးများကို ကြည့်ရှုလိုက်သဘ်။

"တန်ကြေးကတော့ အရမ်းကြီးမှာပဲ ဒါပေမယ့် ငါ လုပ်ဖို့လိုအပ်တယ် ဘာကြောင့်လဲဆိုတော့ ဒါက မှန်ကန်နေလို့ပဲ ချင်ထျန်းရဲ့အမြင်က အရမ်းမှန်တယ် ငါက အရမ်းကောင်းတဲ့ လူကောင်းတစ်ယောက်ပဲ "

All Chapters