← Chapters

ပိုင်ရှောင်

Vol. 2 Ch. 30

ပိုင်ရှောင်

Vol. 2 Ch. 30

အရိပ်များ ပျောက်ကွယ်သွားပြီဖြစ်သည်။ကောင်းမင်နှင့်ချူးစီစီတို့သည် လက်တွေ့လောကသို့ ပြန်ရောက်လာကြသည်။မိုးရေများသည် သူတို့ခန္ဓာကိုယ်ပေါ်မှ တစ်စက်စက်စီးကျနေ၏။ချူးစီစီက မြေပြင်ပေါ်လဲပြိုကျသွားသည်။

နောက်ဆုံးတွင် သူမ၏တင်းထားသမျှစိတ်ကို လျှော့ချလိုက်သည်။အဆောက်အဦး ၄ သို့ ကြောင်ငေးငေးကြည့်မိလိုက်သည်။သိပ်မကြာခင်က ထိုနေရာတွင် စုံစမ်းရေးမှူးဆယ်ယောက်ရှိခဲ့သော်လည်း ယခုတွင် လူနှစ်ယောက်သာ ကျန်ရစ်ခဲ့သည်။လူတိုင်းသည် ဌာနမှ တူညီသော လေ့ကျင့်ရေးများ ပြုလုပ်ခဲ့ပြီးသားဖြစ်သည်။သူတို့၏မျက်နှာများကို သူမစိတ်ထဲတွင် တံဆိပ်ခတ်သလို စွဲစွဲမြဲမြဲ မှတ်သားထားလိုက်သည်။

"သူတို့ မသေသေးဘူး ၊ လောကရဲ့ အခြားတစ်ဖက်မှာ ပျောက်ဆုံးသွားရုံပဲ "

ကောင်းမင်သည် စိတ်ဆရာဝန်တစ်ယောက်ဖြစ်သောကြောင့် ချူးစီစီတွေးနေသည်ကို ချက်ချင်းသိလိုက်သည်။

"အရိပ်ကမ္ဘာမှာ သူတို့ရှင်သန်နိုင်ပါလိမ့်မယ် ၊ သူတို့ကို အိမ်ပြန်ခေါ်လာနိုင်ဖို့ ကျုပ်တို့တွေ အတူတကွ ပိုသန်မာလာမှ ရမယ် "

ချူးစီစီက ခေါင်းငြိမ့်လိုက်ပြီး ကောင်းမင်အား လေးစားသောအကြည့်ဖြင့် ကြည့်လိုက်သည်။ထိုလူသည် ခပ်တန်းတန်းနေတတ်ပြီး ချည်းကပ်ရန်ခက်ခဲသော်လည်း အန္တရာယ်ထဲတိုးဝင်ရန် အမြဲရှေ့ဆုံးမှာ ရောက်နေမည့်သူဖြစ်သည်။

"ကျုပ်တို့ ပြန်လာဖို့ ပြင်ဆင်ရမယ် ၊ ပစ္စည်းတွေက အဆောက်အဦးထဲမှာ ရှိနေတုန်းပဲ "

ချူးစီစီက ပုဆိန်ကို ဗန်ကား ပစ်ထည့်လိုက်သည်။ထို့နောက် ပစ္စည်းများ သိမ်းဆည်းရန် အဆောက်အဦးထဲ ပြေးဝင်သွားလေသည်။နာရီဝက်ခန့်ကြာသောအခါ ကောင်းမင်သည် ဌာနမှ လျှပ်စစ်ဆိုင်ကယ်ဖြင့် လမ်းမပေါ်ဦးတည်လိုက်သည်။ချူးစီစီက ဗန်ကားဖြင့် နောက်မှ လိုက်ပါလာလေသည်။

နောက်ဆုံးတွင် နှစ်ယောက်သား လီစန်းစုံစမ်းစစ်ဆေးရေးဌာနခွဲသို့ ရောက်ရှိလာကြသည်။ယာဉ်ပေါ်မှ မဆင်းရသေးခင် များစွာသော အေးဂျင့်များက သူတို့ကို ဝန်းရံထားလိုက်သည်။

"ကျုပ်တို့ရဲ့ အဖွဲ့တစ် ဒုခေါင်းဆောင်ရဲ့ ဆက်သွယ်ရေးစက်က အချက်ပြတာပျောက်သွားတယ် ၊ တခြားလူတွေကိုလည်း အဆက်အသွယ်မရဘူး ၊ ဘာဖြစ်ခဲ့တာလဲ "

"ဒါက အဆင့် ၁ မူမမှန်မှုလေးပဲ မဟုတ်လား ၊ ဘာလို့ လူတွေ အများကြီးပါတာလဲ "

"မင်းက ဘယ်သူလဲ "

ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် ထက်မြက်သောအရှိန်အဝါဖြင့် လူငယ်တစ်ယောက် ထွက်လာလေသည်။သူက ဗန်ကားနောက်တံခါးကို ဖွင့်ကြည့်လိုက်သောအခါ မည်သူ့ကိုမှ မတွေ့ရပေ။သူသည် ထိုနေရာတွင်သာ တိတ်ဆိတ်စွာရပ်နေလေသည်။အခြားအေးဂျင့်များက စကားပြောဆိုနေခြင်းကို ရပ်တန့်လိုက်ကြသည်။

အနည်းငယ်ကြာပြီးနောက် ငယ်ရွယ်သည့် လူငယ်က ကောင်းမင်ဘက် လှည့်လာ၏။

"ကျုပ်က လီစန်းစုံစမ်းစစ်ဆေးရေးဌာန အဖွဲ့တစ်ရဲ့ ခေါင်းဆောင် ပိုင်ရှောင်ပဲ ၊ ပိုင်ချောင်းက ကျုပ်ညီမလေးပဲ ၊ ခင်ဗျားတို့ ဘာဖြစ်ခဲ့တာလဲ "

"အန္တရာယ်နူန်းက မှားနေခဲ့တာ ၊ မင်လောင်လမ်း အဆောက်အအုံ ၄က အဆင့်၁ မူမမှန်မှုမဟုတ်ဘူး ၊ မူမမှန်မှုက အဆင့် ၂ ဒါမှမဟုတ် အဆင့်၃ တောင်ဖြစ်နိုင်တယ် "

ကောင်းမင်က ရှောင်ပုန်းမနေခဲ့ပေ။

"ဒီမူမမှန်ဖြစ်စဉ်မှာ မင်းပိုကြောက်လေလေ သေခြင်းတရားက ပိုနီးလာလေလေပဲ ၊ မင်းရဲ့အကြောက်တရားက ပိုထင်ရှားလာလိမ့်မယ် "

"ကျုပ်တို့ အရင်က ဒါမျိုးကို မကြုံတွေ့ဖူးဘူး "

ပိုင်ရှောင်က ကောင်းမင်အား အေးစက်စက်ကြည့်လိုက်သည်။

"ခေါင်းဆောင် ကောင်းမင်ပြောတာ အမှန်ပါပဲ ၊ ကျွန်မတို့ရဲ့ စိတ်ကူးယဉ်မကောင်းဆိုးဝါးက တကယ်ဖြစ်လာတာ ၊ အဲ့ဒါက ကျွန်မတို့နောက်ကို လိုက်ပါနေတဲ့ အကြောက်တရားပဲ "

ချူးစီစီ၏ ယူနီဖောင်းသည် စုတ်ပြဲနေခဲ့သည်။သူမသည် အရာများစွာကို ဖြတ်ကျော်လာခဲ့ရပြီးဖြစ်သည်။

"ဒါဆို ခင်ဗျားကျုပ်ကို ပြောတာက အဖွဲ့၁ ရဲ့ယာယီအေးဂျင့်အားလုံး အန္တရာယ်ထဲရောက်သွားတာ ပိုင်ချောင်းရဲ့အမှားလား "

ပိုင်ရှောင့်အသံမှာ အေးစက်နေသည်။သူသည် သူ့ခံစားချက်များကို ကြိုးစားထိန်းချုပ်နေခြင်းဖြစ်သည်။

"မူမမှန်ဖြစ်ရပ်တစ်ခုမှာ အပြောင်းအလဲတွေ အများကြီးရှိတယ် ၊ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး ၊ ကျုပ်တို့ပြောနိုင်တာက ကျုပ်တို့ဟာ မူမမှန်ဖြစ်ရပ်အကြောင်းကို လုံလောက်အောင် မသိခဲ့လို့ပဲ "

ကောင်းမင်က ဆိုင်ကယ်ဦးထုပ်ကို လျှပ်စစ်ဆိုင်ကယ်ပေါ်တင်လိုက်သည်။

"အရမ်း စိတ်မကောင်းမဖြစ်ပါနဲ့ သူတို့က အရိပ်တွေထဲမှာ ပျောက်ဆုံးသွားရုံပါပဲ ၊ သူတို့ ပြန်လာနိုင်မှာပါ "

ပိုင်ရှောင်၏နူတ်ခမ်းများ လှုပ်ခတ်သွားသော်လည်း ဘာမှ မပြောခဲ့ပေ။သူသည် ဗန်ကားထဲသို့ တစ်ယောက်ထဲ ဝင်သွားလေသည်။

"ကျွန်မကြားတာက ခေါင်းဆောင်ပိုင်က ကြောက်စရာကောင်းလောက်အောင် ဒေါသကြီးတဲ့လူတဲ့ ဂရုစိုက်ပါ "

ချူးစီစီက ကောင်းမင်အား တိုးတိုးပြောလိုက်သည်။ကောင်းမင်က ခေါင်းငြိမ့်ပြလိုက်သည်။သို့သော် သူသည် အမှန်တကယ်ပင် ဂရုမစိုက်ပေ။

သူတို့သည် ဌာနခွဲထဲ ဝင်လိုက်ကြသည်။ကောင်းမင်နှင့်ချူးစီစီတို့က ဆက်သွယ်ရေးကို ထုတ်လိုက်သည်။ဖြစ်စဉ်တစ်ခုလုံးကို တင်ပြလိုက်ကြသည်။ပိုင်ရှောင်နှင့်အဖွဲ့ တစ် မှ အဖွဲ့ဝင်များက ကောင်းစွာနားထောင်နေကြသည်။

တင်ပြချက် တစ်ဝက်ခန့်ပြီးသွားပြီးနောက် လီစန်းဌာနခေါင်းဆောင် ချန်းယန်ထျန်းက အမြန်ကျော်လိုက်သည်။မူမမှန်ဖြစ်ရပ်ထဲတွင် စုံစမ်းရေးမှူးရှစ်ယောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ထိုအရာကား ကိစ္စအကြီးကြီးပင်။နှစ်နာရီခန့်ကြာပြီးနောက် လူတိုင်းမှတ်စုထဲတွင် ချရေးလိုက်ကြသည်။ကောင်းမင်ပေးသော အချက်အလက်များကို ဌာနချုပ်သို့ပေးပို့လိုက်သည်။လူတိုင်း ပိုနားလည်သွားကြ၏။

"ငါ မင်းကို ပြင်ဆင်ဖို့ အချိန်သုံးရက်ပေးခဲ့တာပဲ ၊ ငါ ပြန်မလာသေးခင် မင်းက ဒီရောက်နေပြီ "

ချန်းယန်ထျန်းက ကောင်းမင်အား ထောင့်တစ်ခုသို့ ခေါ်သွား၏။

"ညက မူမမှန်ဖြစ်ရပ်က လူတိုင်းကို အံ့အားသင့်စရာနဲ့ ဖမ်းစားလိုက်တာပဲ ၊ ဘယ်သူမှ ဒါမျိုးမမြင်ချင်ကြပါဘူး ၊ ကျေးဇူးတင်ရမှာက မင်းရှိနေခဲ့လို့သာပေါ့ မဟုတ်ရင် အားလုံးသေသွားနိုင်တယ် ၊ အချက်အလက်တွေ မရခဲ့ရင် တကယ်ကို ကျရှုံးမှုပဲ "

ချန်းယန်ထျန်း၏ မျက်လုံးထဲတွင် နာကျင်မှုများရှိနေသော်လည်း သူထုတ်မပြခဲ့ပေ။

"ကောင်းမင် လုပ်တာကောင်းတယ်ကွာ ၊ မင်းမှာ နောက်နှစ်ရက် အနားယူချိန်ရှိသေးတယ် ၊ ပြီးရင် တခြားအေးဂျင့်တွေနဲ့အတူ အလုပ်ကြိုးစားပေါ့ကွာ ၊ အားလုံးထက် မူမမှန်ဖြစ်ရပ်တွေမှာ တစ်ယောက်ကို တစ်ယောက် အားကိုးဖို့လိုတယ် ၊ ယုံကြည်မှုက အရမ်းအရေးကြီးတယ်လေ "

များမကြာမီ ချန်းယန်ထျန်းထွက်သွားလေသည်။

"ကပ္ပတိန်က ဘာတွေပြောခဲ့တာလဲ "

‌ချူးစီစီက ကောင်းမင်နောက်မှ လိုက်လာလေသည်။

"သူက ကျုပ်ကို အားလုံးနဲ့ မိတ်ဆွေဖြစ်အောင်လုပ်ဖို့ပြောခဲ့တာ "

ကောင်းမင်က ဒုတိယထပ်သို့ ရောက်လာပြီး အဖွဲ့တစ်၏ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ရုံးခန်းမှာ ပြောင်ရှင်းနေပုံရသည်။ပိုင်ရှောင်မှလွှဲ၍ အနက်ရောင်ဆက်သွယ်ရေးစက်များနှင့် အေးဂျင့်သုံးယောက်သာ ရှိလေသည်။ထိုသုံးယောက်သည် မူလက စကားပြောဆိုနေကြသော်လည်း ကောင်းမင်ဝင်လာသောအခါ အသံတိတ်သွားကြသည်။

ကောင်းမင်က သူတို့ကို ဂရုမစိုက်ပေ။သူက ချင်ထျန်း၏နေရာကို ရှာဖွေလိုက်သည်။သူ ထိုင်လိုက်ပြီး သူ၏ရှာဖွေခြင်းကို စတင်လိုက်သည်။သူသည် ဘဝပျော်ရွှင်ခြင်းအတွက် ဌာနသို့ ဝင်ခဲ့ခြင်းမဟုတ်ပေ။သို့သော် တစ်ချို့အရာများကို ပြုလုပ်ရန် ဌာန၏ စွမ်းအားကို သူအသုံးပြုရန် လိုအပ်သောကြောင့်ဖြစ်သည်။

ကောင်းမင်က သူ့ခေါင်းထဲတွင် အစီအစဉ်ဆွဲနေခဲ့သည်။ရုတ်တရက် ပိုင်ရှောင်က လမ်းလျှောက်လာပြီး ခုံတစ်လုံးဆွဲကာ ကောင်းမင်ဘေးတွင် ထိုင်ချလိုက်သည်။

"ခင်ဗျားနေရာမှာ ချင်ထျန်းထိုင်ဖူးတယ် "

"ကျုပ်သိတယ် စားပွဲပေါ်မှာ စာဖိုင်တွေမှာ သူ့နာမည်နဲ့ ရှိနေတုန်းပဲ "

ကောင်းမင်က ခေါင်းမမော့ခဲ့ပေ။

"ဌာနကို ဝင်လိုက်တဲ့အခိုက်အတန့်ဟာ သူတို့သေဖို့အတွက် ပြင်ဆင်ပြီးကြလို့ပဲ ၊ ချင်ထျန်းရော ၊ ပိုင်ချောင်းရော ပြီးတော့ ကျုပ်လဲ အတူတူပဲ "

ပိုင်ရှောင့်အသံမှာ တုန်ယင်လာ၏။သူသည် သူ့ကိုယ်သူထိန်းချုပ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရခြင်းဖြစ်သည်။

"မင်းရဲ့ နာကျင်မှုအတွက် တခြားလူကို အပြစ်တင်တာက မိုက်မဲတဲ့အရာတစ်ခုပဲ ၊ ကျုပ် ခင်ဗျားကို ဘာပြောချင်တာလဲဆိုတော့ အဖွဲ့တစ်ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ခင်ဗျားဟာ အထီးကျန်မှာ သစ္စာဖောက်ခံရမှာကို စိုးရိမ်စရာမလိုဘူး ၊ ကျုပ်တို့ရဲ့ ရန်သူက မူမမှန်ဖြစ်ရပ်တွေပဲ ဒါမှသာ ဒီအဖြစ်ဆိုးကနေ လူတွေပိုပြီး ရှင်သန်နိုင်လိမ့်မယ် "

ကောင်းမင်က ခေါင်းကို ဖြည်းညင်းစွာမော့လိုက်သည်။သူသည် ပိုင်ရှောင် ထိုသို့ပြောလာမည်ဟု မမျှော်လင့်ထားပေ။

"ချင်ထျန်းနဲ့ကျုပ်က ရှင်းလုကလာခဲ့တာ ၊ ကျုပ်တို့ဟာ သေခြင်းတရားတွေကို အတူတူဖြတ်ကျော်ဖူးတယ် ၊ ကျုပ် သူ့ဆုံးဖြတ်ချက်တွေကို ယုံတယ် "

ပိုင်ရှောင်က သူ့လက်ကို ကောင်းမင်ဆီ ဆန့်တန်းလိုက်သည်။

"အဖွဲ့တစ်က ကြိုဆိုပါတယ် "

ကောင်းမင်သည် ပိုင်ရှောင်လိမ်ညာနေသည်မဟုတ်မှန်း သူ့အမူအရာသေးသေးလေးကစ ပြောနိုင်ပေသည်။ထိုအရာသည် ကောင်းမင်အား လူသားဆန်မှု၏ စွမ်းအားကို ရှင်းလင်းစွာ ခံစားမိစေသည်။သရဲများနှင့် ယှဉ်လျှင် လူသားများသည် အားသာချက်မရှိပေ။သို့သော် လူသားများသည် သေချာပေါက်အရှုံးပေးလိမ့်မည်မဟုတ်ချေ။

"အဖွဲ့ဝင်အသစ်တွေ နေ့လယ်ပိုင်းကျရင် လာလိမ့်မယ် ၊ ကျုပ်တို့က စစ်ဆင်ရေးအတွက် မြို့တော်အရှေ့ပိုင်းကို သွားကူညီပေးရမှာ ၊ ဒီညအတွက်တော့ ရုံးကို စောင့်ရှောက်ဖို့ ခင်ဗျားကို ဒုက္ခပေးရတော့မှာပဲ "

ပိုင်ရှောင်က ချူးစီစီအတွက် ယူနီဖောင်း အသစ်တစ်စုံထုတ်ပေးလိုက်သည်။

"မြို့တော်အရှေ့ပိုင်းလား "

မြို့တော်အရှေ့ပိုင်းသည် ဟန်ဟိုင်း၏ လူကုံထံစီရင်စုဖြစ်ကြောင်း ကောင်းမင်သိသည်။ဌာနသည် လူ့စွမ်းအား အများစုကို ထိုနေရာတွင်အာရုံစိုက်ရန် ရွေးချယ်ခဲ့သည်။ထိုအရာကား အလွန်ပင် ပုံမှန်ဖြစ်သည်။လူ့အသက်တိုင်းသည် တူညီသော တန်ဖိုးရှိခြင်း မဟုတ်ပေ။

"အဲ့ဒီနေရာမှာ အဆင့် ၄ မူမမှန်မှုဖြစ်နေပြီဆိုတာ သိသာတယ် ၊ ဌာနခွဲတွေအားလုံး အဲ့ဒီနေရာကို သူတို့ရဲ့ အကျွမ်းကျင်ဆုံးစုံစမ်းရေးမှူးတွေ ပို့နေကြပြီ "

ပိုင်ရှောင်က ထပ်ပြောလိုက်သည်။

"ချင်ထျန်းက မူမမှန်ဖြစ်ရပ်ထဲမှာ သေသွားခဲ့တာ "

"ကျုပ်တို့ ဘာလို့ အတူတူမသွားကြမှာလဲ "

ကောင်းမင်သည် ယုံကြည်ချက်သိပ်မရှိပေ။အဆင့်၄ မူမမှန်မှုသည် ကြောက်မက်ဖွယ်ရာများနှင့်ဆက်စပ်နေခြင်းဖြစ်သည်။၎င်းသည် ကျောက်ရှီ၏ ဂိမ်းကဲ့သို့ ဂိမ်းတစ်ခု ဟုတ်မနေပေ။

All Chapters