← Chapters

ကောင်းမင်၏အလုပ်သစ်

Vol. 3 Ch. 31

ကောင်းမင်၏အလုပ်သစ်

Vol. 3 Ch. 31

"ဌာနချုပ်က အတည်ကြီးလုပ်နေတာ ၊ လူတိုင်းကို စမ်းသပ်မှုအဆင့်ဆင့်နဲ့ ရွေးချယ်နေတာ ၊ မင်းမှာစွမ်းရည်ရှိရင်တောင်မှ သူတို့က ခွင့်ပြုမှာ မဟုတ်ဘူး "

ပိုင်ရှောင်သည် စားပွဲပေါ်ရှိ စာဖိုင်ကို ကောက်ယူလိုက်သည်။

"တစ်ယောက်ယောက်တော့ မင်လောင်လမ်းနဲ့လီကျင်းလမ်းကို ထိန်းထားဖို့လိုတယ် ၊ ခင်ဗျားအလုပ်က ကျုပ်တို့ထက် အရေးမကြီးပါဘူး "

ထို့နောက် ပိုင်ရှောင်သည် အခြားအေးဂျင့်သုံးယောက်နှင့်အတူ ဤညစစ်ဆင်ရေးအတွက် ဆွေးနွေးကြတော့သည်။ ခြေလှမ်းတိုင်းကို တွက်ချက်ရပေမည်။ ကောင်းမင်က သူတို့စကားဝိုင်းတွင် မပါဝင်ခဲ့ပေ။ သူသည် ချင်ထျန်း၏ ကွန်ပျူတာထဲမှ သူလိုချင်သည့်အရာများကို ရှာတွေ့ခဲ့သည်။

အတွင်းပိုင်း အချက်အလက်များအတွင်း၌ စုံစမ်းစစ်ဆေးရေးဌာနချုပ်တွင် လုပ်ငန်းအထူးကျွမ်းကျင်သူများ ရှိသည်။

ကောင်းမင်က တာဝန်ရှိပုဂ္ဂိုလ်ကို ဖုန်းခေါ်လိုက်သည်။ သူသည် သူလိုအပ်သောသူများကို ရှာဖွေရန် ဌာန၏ စွမ်းအားကို အသုံးပြုလိုခြင်းဖြစ်သည်။ ကောင်းမင်သည် ရာဇဝတ်ကောင်များ၏ အချက်အလက်များကို သူ့ဖုန်းထဲတွင် လော့ခ်ချထားလိုက်သည်။

အန္တရာယ်အရှိဆုံး လူသတ်ကောင်များက ငြိမ်သက်နေကြသည်။ သူသည် အခြားသူများနှင့် ညှိနိူင်းနိုင်ပေသည်။ ကောင်းမင်က သူတို့အားနည်းချက်များဖြင့် ရင်းနှီး၏။ သူတစ်ယောက်သာလျှင် ထိုအန္တရာယ်ရှိသော လူအုပ်စုနှင့်ဆက်သွယ်နိုင်သည့် သတ္တိအလုံအ‌လောက်ရှိပေသည်။

"ထိတ်လန့်ခြောက်ခြားစရာအကောင်းဆုံး ဇာတ်လမ်းမှာ ဘယ်လို သဘာဝလွန်ဖြစ်ရပ်မှ ပါလေ့မရှိဘူး ၊ ဒါပေမယ့် ငါက ခေတ်ရေကြီးကြောင်းထဲက ဂိမ်းဖန်တီးသူတစ်ယောက်ပဲ ၊ တချို့ကိစ္စတွေက အတိအကျကြီးတော့ မဟုတ်ဘူး ၊ ပြီးတော့ တချို့ရာဇဝတ်သားတွေမှာလည်း လူမဆန်တဲ့စွမ်းရည်တွေ ရှိကြတယ် ၊ အဲ့ဒီစွမ်းရည်တွေက အရိပ်ကမ္ဘာကြောင့် ပုံစံပြောင်းပြီးရလာတာပဲ ၊ ရွှမ်ဝမ်ဖြစ်လာတဲ့ ပုံနဲ့တူပုံရတယ် "

နာရီဝက်ခန့်ကြာသောအခါ ကောင်းမင်အား ဌာနမှ မက်ဆေ့ပို့လာခဲ့သည်။ ပထမဆုံးရာဇဝတ်သားကိုရှာတွေ့ပြီဖြစ်သည်။ ထိုရာဇဝတ်သားသည် အလွန်းဖမ်းရခက်သည်။ သူသည် လူကောင်ကြီးပြီး အလွန်သန်မာ၏။

သို့သော်လည်း သူသည် တစ်မြို့လုံး၏ကင်မရာများမှ ရှောင်ပုန်းရန် မစွမ်းနိုင်ပေ။

"မြေအောက်တိုက်ခိုက်ရေးကလပ်လား "

ဌာန၏ ဩဇာလွှမ်းမိုးနိုင်စွမ်းကြောင့် ကောင်းမင် ရှော့ခ်ရသွားသည်။ သူက မိုးကာအင်္ကျီကို ယူလိုက်ပြီး ထွက်ခွာလိုက်သည်။

"ဘယ်သွားမလို့လဲ ၊ ကျွန်မကိုလဲ လိုက်ခွင့်ပြုပါ "

ချူးစီစီက မတ်တပ်ရပ်လိုက်ပြီး ပုဆိန်ကို အမြန်ဆွဲယူလိုက်သည်။

"ကိစ္စကြီးမဟုတ်ပါဘူး ခင်ဗျား ဒီမှာနေခဲ့လို့ရတယ် "

"ကပ္ပတိန်ချန်းက ကျွန်မကို ရှင်နဲ့အတူတူနေဖို့ ပြောထားတယ် "

ချူးစီစီက သူမ၏ပုဆိန်ကို ချန်ထားခဲ့ပြီး ကောင်းမင်နောက်သို့ အပြေးလိုက်လာ၏။

"မစ်ရှင်အသစ် ရှိလို့လား "

"မိတ်ဆွေတစ်ယောက်နဲ့ သွားတွေ့မလို့ပါ "

ကောင်းမင်သည် သူမလိုက်လာခြင်းကို မငြင်းပယ်ခဲ့ချေ။ သူနှင့်ချူးစီစီတို့သည် ဌာနက စီစဉ်ပေးထားသော ကားဖြင့် မြို့တော်အရှေ့ပိုင်းသို့ ဦးတည်လိုက်ကြသည်။ ဟန်ဟိုင်းသည် လွပ်လပ်သည့် ကမ္ဘာ့ဆိပ်ကမ်းမြို့ဖြစ်သည်။ မြို့တွင် ရင်သပ်ရှုမောဖွယ်အနုပညာများနှင့် အဆိုးဝါးဆုံးသော ဒုစရိုက်မှုများ ရှိလေသည်။ ကားကို ကွင်းစ်လမ်း ၁၁လမ်းသို့ မောင်းနှင်လာခဲ့သည်။ ကောင်းမင်သည် အချိန်ကို တွက်ချက်လိုက်ပြီး ကားကို တရုတ်စားသောက်ဆိုင်တစ်ဆိုင်ဘေးတွင် ရပ်လိုက်သည်။

"ဌာနရဲ့အချက်အလက်တွေအရ ပစ်မှတ်ဟာ ဒီမှာ နေ့တိုင်း ထမင်းလာစားလေ့ရှိတယ် "

ကောင်းမင်က သူ့ဦးထုတ်ကို ခပ်ငိုက်ငိုက်ဆောင်းထားလိုက်သည်။ ကားထဲတွင် ရှိနေသောချူးစီစီအား စိတ်အေးအေးထားရန် သူလက်ပြလိုက်သည်။ မိုးက တဖြည်းဖြည်းစဲလာခဲ့သည်။ ကောင်းမင်သည် မြို့ပုံရိပ်ကို ရောင်ပြန်ဟပ်နေသော မြို့တော်ကြီးအား ငေးကြည့်နေလေသည်။

လေးလံသော ဘွတ်ဖိနပ်တစ်စုံသည် ရွံ့အိုင်ပေါ်နင်းဖြတ်လိုက်သဖြင့် ရေစက်များ ဘေးသို့ လွှင့်စင်ကုန်လေသည်။

လမ်းထောင့်တွင် ဆိုင်ချုပ်ဝတ်စုံဖြင့်နှစ်မီတာခန့်ရှိသော လူငယ်တစ်ယောက်သည် စားသောက်ဆိုင်ဆီသို့ လမ်းလျှောက်လာနေခြင်းဖြစ်သည်။ ထိုလူသည် မယုံနိုင်စရာကောင်းလောက်အောင် ကြွက်သားအဖုအထစ်များနှင့်ဖြစ်သည်။ သူ၏လှစ်ဟထားသော အရေပြားပေါ်တွင် သရဲပုံစံတက်တူးများ ရှိနေလေသည်။

"သူ့ကြည့်ရတာ င့ါစိတ်ကူးထဲက ယန်ဟွာပုံစံနဲ့ အတိအကျတူနေတာပဲ "

ကောင်းမင်သည် ထိုလူကို စိုက်ကြည့်၍ ပြုံးလိုက်သည်။ ထိုအကွာအဝေးကပင် ဖိအားကို သူခံစားနေရသည်။ ထိုလူသည် ကောင်းမင်ကို သတိမထားမိပဲ တံခါးကို တွန်းဖွင့်လိုက်သည်။ စားသောက်ဆိုင်ထဲရှိဖောက်သည်များက သူ့အတွက် အလိုအလျောက်လမ်းဖယ်ပေးလိုက်ကြသည်။

"အရင်အတိုင်းပဲ ချဟေ့ "

ထိုလူ၏ ပုံမှန်အသံသည် အားမာန်အပြည့်နှင့်ဖြစ်သည်။ သူ့အသံသည် ကြမ်းတမ်းပြီး နှေးကွေးသည်။ သူ၏ကြွက်သားများမှာ သူ့ဝတ်စုံကို ပေါက်ပြဲထွက်စေမတတ် အလွန်တင်းမာ တောင့်တင်းလျက်ရှိသည်။

စားသောက်ဆိုင်ထဲရှိလေထုမှာ တင်းကျပ်သွားသည်။ ‌အခြားဖောက်သည်များက ဖြစ်နိုင်သမျှ အမြန်ထွက်သွားချင်သောကြောင့် အမြန်စားသောက်လိုက်ကြသည်။

"သူဌေး ခေါက်ဆွဲနှစ်ပွဲ ပါဆယ်ထုပ်ပေးပါ "

ကောင်းမင်က ကောင်တာသို့ အော်ပြောလိုက်ပြီး ထိုလူ၏ မျက်နှာချင်းဆိုင် စားပွဲလွတ်တစ်လုံးတွင် ဝင်ထိုင်လိုက်သည်။

ကောင်းမင်သည် သူ့ဘာသာ ရေနွေးနှစ်ခွက်လောင်းထည့်၍ ပြောလိုက်သည်။

"ငါကြားတာက မင်း မကြာသေးခင်က မြေအောက်လက်ဝှေ့ပွဲမှာ ဝင်ထိုးခဲ့တာဆို ပြီးတော့ ၁၃ပွဲဆက်တိုက်နိုင်ထားတယ်ဆိုလားပဲ ဒါပေမယ့် ဘာလို့ မင်းနာမည်အစစ်နဲ့ စာရင်းမသွင်းခဲ့တာလဲ "

ထိုလူက မျက်မှောင်ကြုံ့လိုက်သည်။ သူ့အရေပြားများက တင်းမာသွားသည်။ သူ့ရင်ဘတ်ပေါ်ရှိ သရဲတက်တူးက ပါးစပ်ပွင့်လာပုံရသည်။

"ငါ မင်းလို လက်ဝှေ့သမားတစ်ယောက်နဲ့ သိတယ် ၊ မင်းက သူနဲ့သိပ်တူတယ် သူငယ်ငယ်တုန်းက သူ့မှာ ခက်ခဲတဲ့ဘဝတစ်ခု ရှိဖူးတယ် "

"သူ့အမေက နေမကောင်းဖြစ်နေတာ ၊ သူ့ယောက်ျားဆုံးသွားတော့ သူ့မှာ သားတစ်ယောက်နဲ့သမီးတစ်ယောက် ကျန်နေခဲ့တဲ့အတွက်ကြောင့် သူ့အမေဟာ နောက်အိမ်ထောင်ပြုခဲ့ရတယ် ၊ သူ့ပထွေးဟာ အလွန်ရန်လိုပြီး မကောင်းတဲ့‌ လောင်းကစားသမားတစ်ယောက်လေ ၊ သူအကြိုက်ဆုံးအရာက နေမကောင်းတဲ့ဇနီးနဲ့ မယားပါသားသမီးတွေရှေ့မှာ သူ့ရဲ့ညံ့ဖျင်းတဲ့ ဂုဏ်သိက္ခာကို ဂုဏ်ဆာပြတာပဲ "

"သူဟာ အပြင်ဆုံးရှုံးခဲ့တဲ့ ဂုဏ်သိက္ခာကို အိမ်မှာ ပြသချင်ခဲ့တယ် ၊ သူက သူ့ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ အကြမ်းဖက်တာထက် ပိုဆိုးတဲ့နည်းလမ်းတွေကို သုံးခဲ့တယ် "

စားပွဲက လှုပ်ခါသွားသည်။ ကောင်းမင်မှလွဲ၍ အခြားစားသုံးသူများ ထွက်သွားကြပြီဖြစ်သည်။ အဓိကအကြောင်းအရာ မစရသေးသည့်အတွက် ကောင်းမင်ထွက်သွားဦးမည်မဟုတ်ချေ။

"လောင်းကစားသမားဟာ ဖခင်ဖြစ်ဖို့ မထိုက်တန်ဘူး ၊ သူ့မိန်းမသေဆုံးသွားတော့ ကလေးနှစ်ယောက်ကို အဆိုးဝါးဆုံးဆက်ဆံခဲ့တယ် ၊ သမီးဖြစ်သူကို အိမ်မှုကိစ္စတွေအားလုံး လုပ်ခိုင်းပြီး သူဒီလိုခံစားရတိုင်း သူ့သမီးကို ရိုက်နှက်ခဲ့တယ် "

"ဒါပေမယ့် အငယ်ဆုံးသားလေးက ပိုဆိုးဝါးတယ် "

ကောင်းမင်က သူ့စကားကို တဖြည်းဖြည်း အရှိန်လျှော့လိုက်သည်။

"အငယ်ဆုံးသားက နတ်သားတစ်ပါးပဲ ၊ ဒါပေမယ့်လည်း သူ့ဘဝဟာ သူ့ပထွေးကြောင့် ပျက်စီးနေခဲ့တယ် ၊ သူဟာ ကြောက်စိတ်ကြောင့် သူ့အိပ်ရာပေါ်မှာတောင် သေးပေါက်ချခဲ့ဖူးတယ် အခုတောင်က အိပ်ရာထဲ စိုစိုစွတ်စွတ်ကို ခံစားမိနေတုန်းပဲ "

သူ့မျက်နှာချင်းဆိုင်မှာ ထိုလူ့အကြည့်သည် ပြောင်းလဲသွားခဲ့သည်။ ဝမ်းနည်းစရာ မှတ်ဉာဏ်များက သူ့အယောင်ဆောင်မှုကို ဖြိုခွဲပစ်ခဲ့သည်။

ကောင်းမင်သည် အရာအားလုံးကို မြင်လိုက်ရသည်။ သူက ဖန်ခွက်ကို ကောက်ကိုင်၍ ဖန်ခွက်ကို လှည့်လိုက်သည်။

"သားငယ်ဟာ သူ့အိပ်ရာပေါ်မှာ သေးပေါက်ချမိတိုင်း သူ့ပထွေးဟာ ဒေါသအကြီးအကျယ်ထွက်တော့တာပဲ ၊ ကောင်လေးရဲ့မျက်နှာကို သေးစိုနေတဲ့ စောင်နဲ့ အပွတ်ခံရတယ် ပြီးရင် သူ့ခေါင်းကို အိမ်သာခွက်ထဲ အနစ်ခံရတယ် သူ့ကိုပြောတာက ခွေးတွေတောင်မှ သူတို့အလေးစွန့်ရမယ့်နေရာကို သိတယ်တဲ့ "

"မင်း ပြီးပြီလား "

ထိုလူ၏ အသက်ရှူသံမှာ မြန်ဆန်လာတော့သည်။ သူ့မျက်ဝန်းများက ရဲရဲနီနေ၏။ နာကျင်စရာမှတ်ဉာဏ်များသည် သူ့နှလုံးသားကို နိူးဆွနေခဲ့သည်။ အိမ်မက်ဆိုးများက ပြန်လည်ပေါ်ထွက်လာ၏။

အနာဂတ်တွင် ယန်ဟွာသည် ရူးသွပ်နေသည့် လူသတ်သမားဖြစ်လာမည်ဖြစ်သည်။ သို့သော် သူသည် အပြည့်အဝပွင့်လန်းလာခြင်း မရှိသေးပေ။

"အဲ့ဒါကြောင့်ပဲ အိပ်ရမှာကို သူကြောက်လာခဲ့တယ် ၊ သူ့မျက်လုံးတွေပွင့်နေအောင် ညတိုင်း အတင်းအကျပ်ကြိုးစားခဲ့တယ် ၊ ဖြေးဖြေးချင်းပဲ သူဟာ မူမမှန်တဲ့ ကလေးတစ်ယောက်ဖြစ်လာတော့တယ် "

ကောင်းမင်က ခပ်သွက်သွက်ပြောလိုက်သည်။

"သူပြန်တိုက်ခိုက်ဖို့ အားကိုးရာမဲ့လေလေ အကြမ်းဖက်မှုက ပိုကြီးမားလာလေလေပဲ ၊ သူက အကြမ်းဖက်မှုဟာ အကြမ်းဖက်မှုပဲ ဖြစ်လာမှာကို သိပေမယ့် သူဟာ အမှောင်ထဲမှာ ဆက်လက်ပြောင်းလဲနေခဲ့တယ် "

ထိုလူ၏ လက်မောင်းများက ဖောင်းကြွလာ၏။ သူက တဖြည်းဖြည်းမတ်တပ်ထရပ်လိုက်သည်။ သူ့အင်္ကျီမှာ ပေါက်ပြဲပြီး ပွင့်ထွက်သွားသည်။

"ပထွေးက သူ့ကို လူတစ်ယောက်လို့ မမြင်ခဲ့ဘူး ၊ သူ့ကို မိန်းမနာမည်တောင်ပေးခဲ့သေးတယ် "

"ယန်ဟွာတဲ့ "

"တိတ်စမ်း "

ထိုလူသည် သူ့လက်သီးကြီးဖြင့် ကောင်းမင်ထံချိန်ရွယ်လိုက်သည်။

"ပြီးတော့ သူကြီးပြင်းလာခဲ့တယ် ၊ သူဟာ အရူးတစ်ယောက်လို လေ့ကျင့်ခဲ့တယ် ၊ ဒါပေမယ့် အကြောက်တရားက သူ့နှလုံးသားထဲကနေ ဘယ်တော့မှ ထွက်မသွားခဲ့ဘူး ၊ သူ့ရဲ့စိုစွတ်နေတဲ့ အိပ်ရာက ပိုဆိုးလာခဲ့တယ် "

"မင်းကို ငါပါးစပ်ပိတ်လိုက်တော့လို့ ပြောနေတယ်လေ "

ထိုလူသည် ရူးသွပ်နေသကဲ့သို့ လက်ဆစ်များကို တဖျောက်ဖျောက်ချိုးလိုက်သည်။

"ကလေးဟာ သူ့ခန္ဓာကိုယ်ကို မုန်းတီးလာပြီး ရူးသွပ်လောက်တဲ့ လေ့ကျင့်ရေးတွေနဲ့ ကိုယ့်ကိုယ်ကို ညှင်းဆဲခဲ့တယ် ၊ ဒါပေမယ့် သူလုပ်ချင်တာဟာ တစ်ခုတည်းပဲဆိုတာကို ဘယ်သူမှ မသိခဲ့ကြဘူး "

ကောင်းမင်က နောက်ဆုံးဝါကျကို ပြောလိုက်ပြီးသည်နှင့် လေးလံသော လက်သီးချက်က ကျဆင်းလာလေသည်။

"သူက သူ့ပထွေးကို သတ်ချင်နေတာပဲ "

လက်သီးချက်သည် ‌သူ့မျက်နှာဆီ မရောက်မီ ရပ်တန့်သွားသည်။ ကောင်းမင်၏ အသံသည် ထိုလူ၏ နှလုံးသားကို ဓားတစ်ချောင်းကဲ့သို့ စိုက်ဝင်သွားသည်။ အနှစ် ၂၀ကြာခဲ့သော လျှို့ဝှက်ချက်မှာ ဖော်ထုတ်ခံလိုက်ရလေသည်။

ထိုအချင်းအရာကား သူသည် ရုတ်တရက် ကိုယ်လုံးတီး ဖြစ်သွားသည်နှင့်တူ၏။

All Chapters